Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

မော်ဂျူး(၄) ငြိမ်းချမ်းရေး နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေး၏ သင်ကြားသင်ယူရေး နည်းလမ်းများ

3.7

(3 Reviews)

Certified

5 hour(s)

129 Enrollment(s)

1229 View(s)

Share On :

Course Description

ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေး အွန်လိုင်းသင်ခန်းစာမှာ ကြိုဆိုပါတယ်။

ဤအွန်လိုင်း သင်ခန်းစာကို မော်ဂျူး ၅ ခုဖြင့် လေ့လာ နိုင်ပြီး၊ သင်ယူသူများ အနေဖြင့်(၁) ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မိတ်ဆက်ခြင်း ၊(၂)ငြိမ်းချမ်းရေး နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေး၏ အရေးပါပုံ(၃)တတ်ကျွမ်းရမည့် စံနှုန်းများ ၊ (၄)ရေရှည်ဖွံ့ဖြိုး မှု အကြောင်းအရာများကို ကျောင်းတွင် သင်ကြားခြင်းနှင့်(၅)တစ်ကျောင်းလုံး အတိုင်းအတာဖြင့် ချဉ်းကပ်နည်းတို့ကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ 

သင်ခန်းစာ တစ်ခု စီ၏ အဆုံးတွင် မိမိ၏ နားလည် သဘောပေါက် မှု ကို စစ်ဆေးပေးသည့် short quiz တွေလည်း ပါဝင်ပါသည်။ မော်ဂျူးတစ်ခုစီ၏ အဆုံးတွင် သင်ခန်းစာ ပြီးမြောက်ကြောင်း လက်မှတ် ထုတ်ယူရန် အတွက် Assessment မေးခွန်း များကို ဖြေဆိုရမည် ဖြစ်ပါသည်။

ဤအွန်လိုင်းသင်ခန်းစာများကို သင်တန်း ပြီးဆုံးသည် အထိ မိမိ နှစ်သက်ရာ အချိန်တွင် အချိန်ယူ လေ့လာနိုင်ပါသည်။ မိမိ တစ်ဦးတည်း လေ့လာနိုင်သလို လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ နှင့် လည်း Discussion Session တွင် ဆွေးနွေးပြီး လေ့လာ နိုင်ပါသည်။

Course Objectives

ဤအွန်လိုင်းသင်ခန်းစာများကို SIDA ၏ ရန်ပုံငွေ ပံ့ပိုး မှု ဖြင့် ယူနက်စကိုမှ  စီစဉ်ခဲ့ပါသည်။ သင်ခန်းစာ အချို့ကို Mote Oo Edcuation မှ ပံ့ပိုးပေးထားပါသည်။ ယေဘုယျအား ဖြင့် ဤသင်ခန်းစာများ သည်  ဆရာ၊ဆရာမများ နှင့် အခြားစိတ်ဝင်စားသူ မည်သူ မဆို ရေရှည်ဖွံ့ဖြိုးရေး ကို ပညာရေးမှ တဆင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။

Learning Outcomes

ဒီသင်ခန်းစာမှာ တော့ မော်ဂျူး(၄) ငြိမ်းချမ်းရေး နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေး၏ သင်ကြားသင်ယူရေး နည်းလမ်းများကို လေ့လာသွားရမှာ  ဖြစ် ပြီး၊ သင်ခန်းစာ အဆုံးတွင် သင်ယူသူများ အ နေဖြင့် 

  •  ငြိမ်းချမ်းရေး နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေး၏ သင်ကြားသင်ယူမှု  ချဉ်းကပ်နည်းများကိုနားလည်သဘောပေါက်မည်
  • ငြိမ်းချမ်းရေး နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေး၏ သင်ယူမှု ရည်မှန်းချက်များ ချမှတ်တတ်လာမည်
  • ငြိမ်းချမ်းရေး နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေး၏ သင်ကြားသင်ယူရေး နည်းလမ်း များကို ဖော်ထုတ်တတ်မည်။
  • ငြိမ်းချမ်းရေး နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေးဆိုင်ရာ သင်ယူမှုကို အကဲဖြတ် တတ်လာမည်။

Please login to take this course

Multiple Choice

Matching

Short Question

Matching

Short Question

ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် သင်ကြားနည်းများ (၁)

Short Question

Assignment

Short Question

Short Question

Multiple Choice

Short Question

ဆွေးနွေးကြမယ်

Related Courses

chatGPTicon