ကစားခြင်းအခြေပြု သင်ယူမှု
4
(2 Reviews)
Certified
5 hour(s)
89 Enrollment(s)
678 View(s)

Share On :
Course Description
ကစားခြင်းအခြေပြုသင်ယူမှုသည် မူလတန်းကြိုနှင့် မူလတန်းအောက်ဆင့် ကျောင်းသားများအတွက် ထိရောက်မှုမြင့်မားသော သင်ကြားသင်ယူမှု နည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းက သင်ယူမှုနယ်ပယ် အမျိုးမျိုးတွင် တက်ကြွစွာ ပူးပေါင်းပါဝင်သင်ယူမှု၊ သိလိုစိတ်၊ လက်တွေ့စူးစမ်းရှာဖွေမှု၊ သင်ယူမှုအပေါ်မြတ်နိုးစိတ်ကို ပျိုးထောင်ပေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထောက်ပံ့အားပေးသည်။ ဤ ကစားခြင်းအခြေပြုသင်ယူမှု သင်တန်းတွင် ကျောင်းသားများအနေဖြင့် ကစားခြင်းအခြေပြုသင်ယူမှု၌ အောင်မြင်စွာ ပါဝင်လေ့လာသင်ယူနိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုများကိုသာမက ကျောင်းသားများ၏ ပညာရေးတစ်လျှောက် ထိုကျွမ်းကျင်မှုများ ဖွံ့ဖြိုးအောင် ဆရာများအနေနှင့် မည်သို့ ထောက်ပံ့ ကူညီပေးနိုင်ကြောင်းကိုပါ ဖော်ထုတ်သိရှိမည်ဖြစ်ပေသည်။ အထူးသဖြင့် မူလတန်းကြို ဆရာများကို မူလတန်းကြိုနှင့် မူလတန်းအောက်ဆင့် စာသင်ခန်းများ၌ ကျောင်းသားများ စိတ်ဝင်တစားပါဝင်ဆောင်ရွက်မှုရှိစေရန် ထိရောက်သော မူဝါဒများ၊ အလေ့အကျင့်များနှင့်အတူ ကစားခြင်းအခြေပြုသင်ယူမှုအား အသုံးပြုသင်ကြားနိုင်ရန် ရည်ရွယ်ပါသည်။
မော်ဂျူး (၁) ကစားခြင်းအခြေပြု သင်ယူမှု
(၁.၁) ကစားခြင်းအခြေပြု သင်နည်းဗေဒများ
(၁.၂) ကစားခြင်းအခြေပြုသင်ယူမှု၏ အဓိကလက္ခဏာရပ်များ
မော်ဂျူး (၂) အပြန်အလှန်တုံ့ပြန်ဆက်သွယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ခြင်း
(၂.၁) အပြန်အလှန်တုံ့ပြန်ဆက်သွယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ခြင်းအတွက် နည်းလမ်းများ
(၂.၂) အပြန်အလှန်ဆက်သွယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ရာ၌ ဆရာ၏ အခန်းကဏ္ဍ
Course Objectives
Learning Outcomes
ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -
- ကစားခြင်းအခြေပြုသင်ယူမှု သင်နည်းဗေဒများနှင့် ပတ်သက်သည့် ဥပမာများကို ဖော်ထုတ်လေ့လာနိုင်မည်။
- ကစားခြင်းအခြေပြုသင်ယူမှု၏ အဓိကဝိသေသလက္ခဏာများကို သတ်မှတ်ဖော်ထုတ်နိုင်မည်။
- ကစားခြင်းအခြေပြုသင်ယူမှု၏ အင်္ဂါရပ်များကို သိရှိနားလည်လျက် သင်ကြား၊ သင်ယူမှု လုပ်ငန်းများကို ခွဲခြမ်းစိတ်ဖြာ လေ့လာတတ်မည်။
- သင်ကြားသင်ယူမှုလုပ်ငန်းများ၌ အပြန်အလှန်တုံ့ပြန်ဆက်သွယ်ရပြီး ပူးပေါင်းဆောင်ရွက်ရသော သင်ယူမှုချဉ်းကပ်နည်းများကို စူးစမ်းလေ့လာနိုင်မည်။
- အပြန်အလှန် တုံ့ပြန်ဆက်သွယ်ရပြီး ပူးပေါင်းဆောင်ရွက်ရသော သင်ယူမှုလုပ်ငန်းများကို ပံ့ပိုးရာ၌ ဆရာတစ်ဦး၏ အခန်းကဏ္ဍများနှင့် တာဝန်ဝတ္တရားများကို သတ်မှတ်ဖော်ထုတ်နိုင်ခြင်းဖြင့် သင်ကြား သင်ယူမှုလုပ်ငန်းများကို ခွဲခြမ်းစိတ်ဖြာတတ်မည်။
- ဆရာတစ်ဦးအနေဖြင့် သင်ပြမှုပုံစံတစ်ခုကို ချမှတ်ပုံ နှင့် အပြန်အလှန်တုံ့ပြန်ဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်သင်ယူမှုများကို အားပေး မြှင့်တင်ရန် မိမိတို့၏ တာဝန်၊ ဝတ္တရားများကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ပုံတို့အကြား ချိတ်ဆက်နားလည်တတ်မည်။
Please login to take this course
Lectures
သင်တန်းမိတ်ဆက်
မော်ဂျူး ၁။ ကစားခြင်းအခြေပြုသင်ယူမှု
မော်ဂျူး ၁။ မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ
၁.၁။ ကစားခြင်းအခြေပြု သင်နည်းဗေဒများ
မော်ဂျူး (၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း (၁)
မော်ဂျူး (၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း (၂)
၁.၂။ ကစားခြင်းအခြေပြုသင်ယူမှု၏ အဓိကလက္ခဏာရပ်များ
မော်ဂျူး (၁.၂) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)
မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
ကစားခြင်းအခြေပြုသင်ယူမှုအတွက် အကျိုးကျေးဇူးများ
မော်ဂျူး (၁.၂) အတွက် ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူး ၂။ အပြန်အလှန်တုံ့ပြန်ဆက်သွယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ခြင်း
မော်ဂျူး ၂။ မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ
၂.၁။ အပြန်အလှန်တုံ့ပြန်ဆက်သွယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ခြင်းအတွက် နည်းလမ်းများ
မော်ဂျူး (၂.၁) အတွက် ဗီဒီယိုသင်ခန်းစာ (To insert video)
မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၂.၁) အတွက် ဉာဏ်စမ်းမေးခွန်း
၂.၂။ အပြန်အလှန်တုံ့ပြန်ဆက်သွယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ရာ၌ ဆရာ၏ အခန်းကဏ္ဍ
မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)
ကစားခြင်းအခြေပြုသင်ယူမှုတွင် ဆရာများ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ
မော်ဂျူး (၂.၂) အတွက် ဗီဒီယိုသင်ခန်းစာ (To insert video)
မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)
မော်ဂျူး (၂) အနှစ်ချုပ်
Summary
သင်တန်းအဆုံးပြန်လည်သုံးသပ်ချက်
သင်တန်းအနှစ်ချုပ်
ဆက်လက်ဖတ်မှတ်စရာများ/ထပ်ဆောင်းရင်းမြစ်များ
Related Courses