Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLogin

|

Register

မော်ဂျူး ၁ - မသန်စွမ်းမှုနှင့် လူတိုင်းအကျုံးဝင်ပညာရေး အွန်လိုင်းသင်ခန်းစာ

4.8

(100 Reviews)

Certified

4 week(s)

816 Enrollment(s)

12720 View(s)

Share On :

Course Description

မသန်စွမ်းကလေးများသည်လည်းအခြားကလေးများနည်းတူပညာသင်ယူခွင့်ရှိကြောင်းကို လူ့အခွင့် အရေး ကြေညာချက်စာတမ်း အပိုဒ် (၂၆) တွင်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်အပိုဒ်(၂၄)တွင်လည်းကောင်း၊ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ၏ရည်ရွယ်ချက် (၄) တွင်လည်းကောင်းအသီးသီးဖော်ပြထားပါသည်။ ထို့သို့ဖော်ပြတိုက်တွန်း ချက်များရှိနေသော်လည်းမြန်မာနိုင်ငံရှိမသန်စွမ်းကလေးအများစုသည်ပညာသင်ခွင့်ဆုံးရှုံးနေဆဲဖြစ်သည်။ထိုသို့ဖြစ်နေရသည်မှာမသန်စွမ်းကလေးများအနေဖြင့်ပညာသင်ယူနိုင်စွမ်းမရှိသောကြောင့်မဟုတ်ဘဲမြန်မာနိုင်ငံတွင်မသန်စွမ်းမှုနှင့်လူတိုင်းအကျုံးဝင်ပညာရေးဆိုင်ရာအသိပညာများ ဖြန့် ဝေမှုအား နည်းနေမှုကြောင့်မသန်စွမ်းကလေးများ၏ပညာသင်ယူနိုင်မှုကိုဖြည့်ဆည်းပေးရန်အတွက် လိုအပ်နေ သော ပညာရေးစနစ်နှင့်မူဝါဒမခိုင်မာသေးသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့လူမှုအသိုင်းအဝိုင်းတွင် မှားယွင်းစွာယူဆထားခဲ့ကြသည်မှာမသန်စွမ်းကလေးများသည်သူတို့တွင်ရှိနေသောချို့ယွင်းအား နည်း ချက်များကြောင့် အခြားကလေးများကဲ့သို့ ပညာမသင်ကြားနိုင်ကြဟု ယူဆမိ တတ်ကြပါသည်။ အမှန်သည်ကားမသန်စွမ်းကလေးများပညာသင်ယူခွင့်ဆုံးရှုံးနေရသည်မှာသူတို့၏ ချို့ယွင်းအားနည်းချက်များရှိသောကြောင့်မဟုတ်ဘဲ လက်ရှိကျင့်သုံးနေသောပညာရေးစနစ်သည် သူတို့၏ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သေးသောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့် လူတိုင်းအကျုံးဝင်ပညာရေး ကို လက်တွေ့အကောင်အထည်ဖော်ရန် အားနည်းနေခြင်းကြောင့်ဖြစ်သည်။ထို့ကြောင့်  ဤသင်ခန်းစာသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ပြဌာန်းခဲ့သော ဆရာများအတွက် တတ်ကျွမ်း မှု စံသတ်မှတ်ချက် အညွှန်းဘောင်(Teacher Competencies Standard Framework) ၏ အချို့သော အညွှန်းကိန်းများကိုအခြေခံထားပါသည်။ထို အညွှန်းကိန်းများမှာ-

  • (ဂ)(၃.၁.၁) ကျောင်းသားတစ်ဦးချင်းဆီရှိ စွမ်းဆောင်ရည် အလိုက် ပြုစုပျိုးထောင်ရန် တာဝန်ယူခြင်းနှင့်ကလေးတိုင်း၏ပညာရေးဆိုင်ရာအခွင့်အလမ်းများကိုအသိအမှတ်ပြုကြောင်းပြသည်။
  • (ဂ) (၃.၁.၂) ကျောင်းသားများ၏ ကွဲပြားခြားနားသော လူမှုအခြေအနေများနှင့် နောက်ခံအကြောင်းများကို အသိအမှတ်ပြုပြီး ကျောင်းသားအားလုံးအား တန်းတူညီမျှ ဆက်ဆံသည်။ထိုကြောင့်ဤသင်ခန်းစာမှတစ်ဆင့် မသန်စွမ်းမှုဆိုင်ရာ အမြင်သစ်နှင့် လူတိုင်းအကျုံးဝင်ပညာရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများကို မျှဝေသွားမည်ဖြစ်ပါသည်။

Course Objectives

သင်ခန်းစာရည်ရွယ်ချက်

  • မသန်စွမ်းကလေးများအပါအဝင် ကလေးတိုင်းအတွက် ပညာသင်ကြားခွင့်သည် မွေးရာပါအခွင့်အရေး တစ်ရပ်ဖြစ်ကြောင်းသိရှိလက်ခံနိုင်ရန်နှင့်သင်ယူသူမသန်စွမ်းကလေးတစ်ဦးချင်းစီအား ပင်မစာသင်ခန်း အတွင်းသင့်လျော်သောကူညီပံ့ပိုးမှုများလက်လှမ်းမီရရှိနိုင်ပါက အခြားသင်ယူသူ ကလေးများနှင့် အတူ အခက်အခဲမရှိ ကောင်းစွာပညာသင်ယူနိုင်ကြောင်းသိရှိလာစေရန်။

Learning Outcomes

  • လက်ရှိကမ္ဘာ့ရေစီးကြောင်းတွင်လက်ခံထားကြသည့် မသန်စွမ်းမှုဆိုင်ရာလူမှုရေးအမြင်အရ မသန်စွမ်း မှု (Disability)၊ ချို့ယွင်းမှု (Impairment)၊ အတားအဆီး (Barrier)နှင့် လက်လှမ်းမီခြင်း Accessibility)တို့၏သဘောတရားများ၊ဆိုလိုရင်းများကိုသိရှိစေရန်နှင့် မသန်စွမ်းကလေးများ အားပင်မကျောင်းများတွင်သင်ကြားပေးခြင်းသည်ကလေးတိုင်း၏မွေးရာပါပညာရေး ဆိုင်ရာ အခွင့်အရေးကိုအကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း သိရှိနိုင် စေရန်။
  • မသန်စွမ်းကလေးများ၏ပညာသင်ယူခွင့်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြိုးစားဖေါ်ဆောင် လာခဲ့ သည့် ပညာရေးစနစ် (၃) မျိုးနှင့် ၎င်းတို့၏အကျိုးသက်ရောက်မှုကို သိရှိစေရန် နှင့် လူတိုင်းအကျုံးဝင်ပညာရေးသည် လက်တွေ့ကျသော စနစ်တစ်ခု အဖြစ်သိ မြင်လာစေရန်။
  • လူတိုင်းအကျူုံးဝင်ပညာရေး၏အယူအဆ၊ အခြေခံမှုများနှင့် လက်တွေ့ အကောင်အထည်ဖော်ရာတွင် ကြုံ တွေ့ နေရသည့် အတားအဆီးများကို သိရှိစေရန်။ 
  • သင်ကြားမှု၊သင်ယူမှုဖြစ်စဉ်တွက်မသန်စွမ်းကလေးများပါဝင်သင်ယူနိုင်သော လူတိုင်းအကျုံး ၀င်သင်ယူပျော်ပတ်ဝန်းကျင် ဖန်တီးလာနိုင်ရန်အတွက် စိတ်ကူးစိတ်သန်းများ ရရှိစေရန်နှင့် လက်တွေ့ အသုံးချနိုင်စေရန်။
  • မသန်စွမ်းကလေးတစ်ဦး၏ ပညာသင်ယူမှုတွင် မိဘများ၊ ဆရာ/ဆရာမများ၊ သူငယ်ချင်းများ၏ ပံ့ပိုးကူညီအားပေးမှုများက မည်မျှ အရေးကြီးကြောင်းသိရှိစေရန်။

Please login to take this course

Introduction

ဗွီဒီယို သင်ခန်းစာ-မသန်စွမ်းမှုဆိုင်ရာ သိမှတ်ဖွယ်ရာများ

မသန်စွမ်းမှုဆိုင်ရာအမြင်အမျိုးမျိုး

မသန်စွမ်းမှုဆိုင်ရာအမြင်အမျိုးမျိုး

မသန်စွမ်းမှုဆိုင်ရာအမြင်အမျိုးမျိုး

Matching

ဗွီဒီယို သင်ခန်းစာ-မသန်စွမ်းမှုဆိုင်ရာ ပညာရေး ၃ မျိုး

မသန်စွမ်းကလေးများအတွက် ပညာရေး(၃)မျိုး

မသန်စွမ်းကလေးများအတွက် ပညာရေး(၃)မျိုး

မသန်စွမ်းကလေးများအတွက် ပညာရေး(၃)မျိုး

မသန်စွမ်းကလေးများအတွက် ပညာရေး(၃)မျိုး

အောက်ဖော်ပြပါအနက်မှ မှန်ရာကို ရွေးပါ။

True/False

ဗွီဒီယို သင်ခန်းစာ-လူတိုင်းအကျုံးဝင်ပညာရေး

UNESCO ၏အကျုံး၀င်သင်ကြားနည်းဆိုင်ရာ အချက် ၉ချက်

UNESCO ၏အကျုံး၀င်သင်ကြားနည်းဆိုင်ရာ အချက် ၉ချက်

UNESCO ၏အကျုံး၀င်သင်ကြားနည်းဆိုင်ရာ အချက် ၉ချက်

UNESCO ၏အကျုံး၀င်သင်ကြားနည်းဆိုင်ရာ အချက် ၉ချက်

UNESCO ၏အကျုံး၀င်သင်ကြားနည်းဆိုင်ရာ အချက် ၉ချက်

UNESCO ၏အကျုံး၀င်သင်ကြားနည်းဆိုင်ရာ အချက် ၉ချက်

UNESCO ၏အကျုံး၀င်သင်ကြားနည်းဆိုင်ရာ အချက် ၉ချက်

UNESCO ၏အကျုံး၀င်သင်ကြားနည်းဆိုင်ရာ အချက် ၉ချက်

UNESCO ၏အကျုံး၀င်သင်ကြားနည်းဆိုင်ရာ အချက် ၉ချက်

UNESCO ၏အကျုံး၀င်သင်ကြားနည်းဆိုင်ရာ အချက် ၉ချက်

UNESCO ၏အကျုံး၀င်သင်ကြားနည်းဆိုင်ရာ အချက် ၉ချက်

အောက်ပါတို့အနက်မှ အဖြေမှန်ရွေးပါ။

ဗွီဒီယို သင်ခန်းစာ-သင်ယူပျော်စာသင်ခန်းနှင့် ကျောင်းပတ်ဝန်းကျင်ဖန်တီးခြင်း

ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေချောမွေ့မှု ရှိစေရေးအတွက် စစ်ဆေးမှုပုံစံ

Matching

ဗွီဒီယို သင်ခန်းစာ-လက်တွေ့လေ့လာခြင်း

Matching

ဆွေးနွေးကြမယ်

Training request form

Related Courses

chatGPTicon