Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLogin

|

Register

မော်ဂျူး (၂) လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် ပထမနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း

5

(1 Reviews)

Certified

10 hour(s)

52 Enrollment(s)

539 View(s)

Share On :

Course Description

ဤသင်တန်းသည် "လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် ပထမနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း" ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ 

ဤ ပထမနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်းတွင်

  • မော်ဂျူး ၁။ သင်ယူမှုရလဒ်များ၊ အောင်မြင်မှုစံများနှင့် SMART သင်ယူမှုရလဒ်များ
  • မော်ဂျူး ၂။ ထိရောက်သော သင်ကြားမှုအတွက် ပြင်ဆင်ခြင်း
  • မော်ဂျူး ၃။ စာသင်ခန်းအတွင်း လူတိုင်းအကျုံးဝင်မှုရှိစေသည့် အလေ့အထ
  • မော်ဂျူး ၄။ စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများ
  • မော်ဂျူး ၅။ အားလုံးအကျုံးဝင်စေသော စစ်ဆေးအကဲဖြတ်ခြင်းနှင့် အကဲဖြတ်ရန် သတ်မှတ်ချက်ဇယား

ဟူ၍ မော်ဂျူး (၅) ခုပါဝင်ရာ ယခု သင်တန်းတွင် မော်ဂျူး (၂)  ကို အသေးစိတ် လေ့လာရမည်ဖြစ်ပါသည်။ မော်ဂျူး (၂) တွင် လေ့လာရမည့် အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

မော်ဂျူး (၂)

  • မော်ဂျူး (၂.၁) သင်ယူသူဗဟိုပြုချဉ်းကပ်မှု
    • သင်ယူသူဗဟိုပြုချဉ်းကပ်နည်း၏ ဝိသေသလက္ခဏာများ
    • ဆရာဗဟိုပြု သင်ခန်းစာများကို စီစဉ်ခြင်း
    • သင်ယူသူဗဟိုပြု သင်ခန်းစာများကို စီစဉ်ခြင်း
  • မော်ဂျူး (၂.၂) သင်ကြားသင်ယူမှု ချဉ်းကပ်နည်းများ၊ နည်းလမ်းများနှင့် နည်းဗျူဟာများ
    • သင်ကြားမှုဆိုင်ရာ ချဉ်းကပ်နည်းများ၊ နည်းလမ်းများ၊ နည်းဗျူဟာများနှင့် သင်ခန်းစာအစိတ်အပိုင်းများ 
    • သင်ယူမှုလုပ်ငန်းများကို ရွေးချယ်ခြင်းနှင့် စီစဉ်ခြင်း

    • မော်ဂျူး (၂.၃) စာသင်ခန်းစီမံခန့်ခွဲမှု
      • အရွယ်အစားကြီးမားသော စာသင်ခန်းများကို စီမံခန့်ခွဲမှု
      • အရွယ်အစားကြီးမားသော စာသင်ခန်းများ
      • အရွယ်အစားကြီးမားသော စာသင်ခန်းများ အတွက် သင်ခန်းစာများကို လိုက်လျောညီထွေဖြစ်အောင် စီစဉ်ခြင်း

    Course Objectives

    ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမများအနေဖြင့် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် ပထမနှစ်၊ ဒုတိယစာသင်နှစ်ဝက် သင်ရိုးညွှန်းတမ်းကို ထိရောက်စွာ သင်ကြားပေးနိုင်မည့် တတ်ကျွမ်းမှုများ ပိုမိုရရှိလာစေရန် ဖြစ်ပါသည်။

    Learning Outcomes

    ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမများသည်-

    • သင်ယူသူဗဟိုပြုချဉ်းကပ်နည်း၏ ဝိသေသလက္ခဏာများကို ခွဲခြားဖော်ထုတ်တတ်မည်။
    • သင်ယူသူဗဟိုပြုချဉ်းကပ်နည်း၏ ကောင်းကျိုးများနှင့် စိန်ခေါ်မှုများကို ခွဲခြားဖော်ထုတ်တတ်မည်။
    • ဆရာဗဟိုပြုချဉ်းကပ်နည်းနှင့် သင်ယူသူဗဟိုပြု ချဉ်းကပ်နည်းတို့၏ ခြားနားချက်များကို နှိုင်းယှဉ်တတ်မည်။
    • လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာသင်ရိုးညွှန်းတမ်းအတွက် သင်ကြားသင်ယူမှုနည်းလမ်းများကို စုစည်းပေးထားသော သင်ထောက်ကူသေတ္တာနှင့် သင်ပြမှုပုံစံတို့ကို ပြန်လည်သုံးသပ်တတ်မည်။
    • သင်ကြားမှုချဉ်းကပ်နည်းများ၊ သင်ကြားမှုနည်းလမ်းများနှင့် သင်ကြားနည်းဗျူဟာများကို ခွဲခြားတတ်မည်။
    • ဘာသာရပ်အမျိုးမျိုး၏ သင်ပြမှုပုံစံများတွင် သင်ကြားမှုချဉ်းကပ်နည်းများ၊ သင်ကြားမှုနည်းလမ်းများနှင့် သင်ကြားနည်းဗျူဟာများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
    • သင်ခန်းစာတစ်ခုတွင်ပါဝင်သော အစိတ်အပိုင်းများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
    • သင်ခန်းစာ၏ အစိတ်အပိုင်းအမျိုးမျိုးအတွက် သင့်လျော်သော သင်ကြားမှုချဉ်းကပ်နည်းများ၊ သင်ကြားမှုနည်းလမ်းများနှင့် သင်ကြားနည်းဗျူဟာများကို ရွေးချယ်တတ်မည်။
    • အရွယ်အစားကြီးမားသော စာသင်ခန်းများအတွက် သင့်လျော်မည့် စာသင်ခန်းစီမံခန့်ခွဲမှုဗျူဟာများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
    • သင်ခန်းစာများကို အရွယ်အစားကြီးမားသော စာသင်ခန်းများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလုပ်ဆောင်တတ်မည်။

    Please login to take this course

    သင်ယူသူဗဟိုပြုချဉ်းကပ်နည်း၏ ဝိသေသလက္ခဏာများ

    ကျောင်းသားဗဟိုပြု သင်ခန်းစာများပြင်ဆင်ခြင်း

    မော်ဂျူး (၂.၁) ဉာဏ်စမ်းမေးခွန်း

    မော်ဂျူး (၂.၁) အနှစ်ချုပ်

    မော်ဂျူး (၂.၁) အတွက် ပို့ချချက်အပြည့်အစုံ

    သင်ကြားမှုချဉ်းကပ်နည်းများ၊ သင်ကြားမှုနည်းလမ်းများနှင့် သင်ကြားနည်းဗျူဟာများ

    ကာတွန်းများအသုံးပြု၍ နားလည်သဘောပေါက်မှုကို စစ်ဆေးခြင်း

    သင်ကြားနည်းဗျူဟာများနှင့် သင်ခန်းစာအပိုင်းများ

    မော်ဂျူး (၂.၂) ဉာဏ်စမ်းမေးခွန်း

    မော်ဂျူး (၂.၂) အနှစ်ချုပ်

    မော်ဂျူး (၂.၂) အတွက် ပို့ချချက်အပြည့်အစုံ

    ကြီးမားသော စာသင်ခန်းများကို စီမံခန့်ခွဲရန် အကြံပြုချက်များ

    လေ့ကျင့်ရန်ကဏ္ဍ - အရွယ်အစားကြီးမားသော စာသင်ခန်းများနှင့် လိုက်လျောညီထွေမှုရှိအောင် သင်ခန်းစာများကိုပြင်ဆင်ခြင်း

    မော်ဂျူး (၂.၃) အနှစ်ချုပ်

    မော်ဂျူး (၂.၃) အတွက် ပို့ချချက်အပြည့်အစုံ

    မော်ဂျူး (၂) အနှစ်ချုပ်

    Related Courses

    chatGPTicon