လူတိုင်းအကျုံးဝင် သင်နည်းဗေဒများနှင့် စာသင်ခန်းအလေ့အကျင့်များ
4.2
(13 Reviews)
Certified
5 hour(s)
63 Enrollment(s)
777 View(s)

Share On :
Course Description
ဆရာများအနေဖြင့် လူတိုင်းအကျုံးဝင်ပညာရေး အလေ့အကျင့်များကို အားပေးပံ့ပိုးရန်၊ ၎င်းတို့၏ စာသင်ခန်းများအတွင်းမှ ကွဲပြားစုံလင်သည့် သင်ယူမှုလိုအပ်ချက်များကို ထိရောက်စွာ အလေးထား ဖြေရှင်းနိုင်ရန်နှင့် သင်ယူမှုအတားအဆီးများကို ကျော်လွှားနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ကျွမ်းကျင်မှုများနှင့် အသိပညာများကို အသုံးပြုနိုင်စေရန် ယခုသင်တန်းကို ဖန်တီးရေးဆွဲထားပါသည်။ ဆရာများအနေဖြင့် လူတိုင်းအကျုံးဝင်ပညာရေးနှင့် လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သော အခြေခံစည်းမျဉ်းများအကြောင်း နက်ရှိုင်းစွာ နားလည်သဘောပေါက်လာမည်ဖြစ်ပြီး ကျောင်းသားများအားလုံးအတွက် ပညာရေးကို ပိုမိုလက်လှမ်းမီ၍ ပံ့ပိုးမှုအားကောင်းသော သင်ကြားရေးရပ်ဝန်းများကို ဖန်တီးလာနိုင်မည်ဖြစ်သည်။သင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်သည် -
မော်ဂျုး (၁) လူတိုင်းအကျုံးဝင်ပညာရေး
(၁.၁) လူတိုင်းအကျုံးဝင်ပညာရေး၏ သဘောတရားကို နားလည်သဘောပေါက်ခြင်း
(၁.၂) ပညာရေးကဏ္ဍများတွင် လူတိုင်းအကျုံးဝင်မှုဆိုင်ရာ အတားအဆီးများကို သတ်မှတ်ဖော်ထုတ်ခြင်း
(၁.၃) ကွဲပြားစုံလင်မှုနှင့် လူတိုင်းအကျုံးဝင်မှု နည်းလမ်းများကို သိရှိနားလည်ခြင်း
မော်ဂျူး (၂) လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်ခြင်း
(၂.၁) လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်ခြင်း၏ အခြေခံစည်းမျဉ်းများကို နားလည်သဘောပေါက်ခြင်း
(၂.၂) ကွဲပြားစုံလင်သော သင်ယူသူများကို ပံ့ပိုးကူညီပေးနိုင်သည့် တစ်ဦးချင်းစီနှင့်ကိုက်ညီသော သင်ပြမှုပုံစံရေးဆွဲခြင်း
Course Objectives
ဆရာများအတွက် မတူကွဲပြားမှုပုံစံအမျိုးမျိုးနှင့် လူတိုင်းအကျုံးဝင်မှု နည်းလမ်းအမျိုးမျိုးကို သိရှိနားလည်ခြင်းအပါအဝင် လူတိုင်းအကျုံးဝင်ပညာရေးကို ကျယ်ပြန့်စွာ နားလည်သဘောပေါက်ခြင်းဖြင့် ပံ့ပိုးပေးရန်အတွက် ယခုသင်တန်းကို ရည်ရွယ်ထားပါသည်။ ဆရာများသည် ပညာရေးကဏ္ဍများတွင် လူတိုင်းအကျုံးဝင်မှုအတွက် အတားအဆီးဖြစ်နေသည့် အရာများကိုလည်း ခွဲခြားသတ်မှတ်လာနိုင်မည် ဖြစ်သည်။ ထို့ပြင် ယခုသင်တန်းသည် လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်ခြင်းကိုလည်း အလေးပေးထားသောကြောင့် ဆရာများသည် လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်ခြင်း၏ အခြေခံစည်းမျဉ်းများကို သင်ယူလာနိုင်မည်။ တစ်ဦးချင်းစီနှင့်ကိုက်ညီသည့် သင်ပြမှုပုံစံများရေးဆွဲခြင်းအတွက် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာပြီး ကွဲပြားစုံလင်သည့် သင်ယူသူများကို ထိရောက်စွာ ပံ့ပိုးပေးနိုင်မည့် နည်းလမ်းများကိုလည်း အသုံးပြုလာနိုင်မည် ဖြစ်သည်။
Learning Outcomes
ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည်
- လူတိုင်းအကျုံးဝင်ပညာရေး၏ သဘောတရားနှင့် သာတူညီမျှမှုရှိပြီး ပံ့ပိုးကူညီမှုရှိသော သင်ယူမှုဝန်းကျင်များ ဖန်တီးရာတွင် ၎င်း၏ အရေးပါမှုကို နားလည်သဘောပေါက်လာမည်။
- စာသင်ခန်းတွင် ရှိနေသည့် ယဉ်ကျေးမှုဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ၊ သင်ယူမှုဆိုင်ရာ ကွဲပြားခြားနားချက်များ စသည့် အမျိုးမျိုးသော မတူကွဲပြားမှုနှင့် လူတိုင်းအကျုံးဝင်မှုကို အားပေးပံ့ပိုးပေးနိုင်မည့် နည်းလမ်းအမျိုးမျိုးအကြောင်း သိရှိနားလည်လာမည်။
- ပညာရေးကဏ္ဍများအတွင်း လူတိုင်းအကျုံးဝင်မှုဆိုင်ရာ အတားအဆီးများကို သတ်မှတ်ဖော်ထုတ်ပြီး ၎င်းတို့ကို ထိရောက်စွာ အလေးထားဖြေရှင်းနိုင်ရန်အတွက် နည်းလမ်းများကို ဖန်တီးရေးဆွဲတတ်မည်။
- ကွဲပြားစုံလင်သည့် နောက်ခံအခြေအနေများနှင့် စွမ်းဆောင်ရည်များရှိသည့် ကျောင်းသားများကို အားပေးပံ့ပိုးသည့် လူတိုင်းအကျုံးဝင်မှုနှင့် သင်ယူမှုတွင် ၎င်းတို့ အပြည့်အဝပါဝင်နေကြောင်း သေချာစေနိုင်သော လက်တွေ့နည်းလမ်းများကို အသုံးပြုတတ်မည်။
- လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်ခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုပြီး စာသင်ခန်းအတွင်း ကွဲပြားစုံလင်သည့် သင်ယူမှု လိုအပ်ချက်များကို ဖြေရှင်းရာတွင် ၎င်း၏ အရေးပါပုံကို ရှင်းပြတတ်မည်။
- ကျောင်းသားတစ်ဦးချင်းစီ၏ အားသာချက်များ၊ လိုအပ်ချက်များနှင့် သင်ယူမှုပုံစံများအရ လိုအပ်ချက်အလိုက် ပြောင်းလဲသင်ကြားခြင်း နည်းလမ်းများကို ထည့်သွင်းအသုံးပြုသည့် သင်ပြမှုအစီအစဉ်များကို ရေးဆွဲပြင်ဆင်တတ်မည်။
- မတူညီသည့် စွမ်းဆောင်ရည်နှင့် စိတ်ဝင်စားမှုများ ရှိသူများအပါအဝင် ကျောင်းသားများအားလုံးကို ထိရောက်စွာ ပံ့ပိုးပြီး ပါဝင်ဆောင်ရွက်စေမည့် လိုအပ်ချက်အလိုက် ပြောင်းလဲသင်ကြားခြင်းနည်းလမ်းများကို လက်တွေ့ အကောင်အထည်ဖော်တတ်မည်။
- မတူညီသော သင်ယူမှုလိုအပ်ချက်များကို အသိအမှတ်ပြုပြီး ကျောင်းသားများအားလုံး အောင်မြင်ရန် အခွင့်အရေး တန်းတူညီမျှစွာ ရရှိကြောင်း သေချာစေရန်အတွက် သင်ကြားရေးနည်းလမ်းများကို လိုက်လျောညီထွေ ပြောင်းလဲတတ်မည်။
Please login to take this course
Lectures
သင်တန်းမိတ်ဆက်
မော်ဂျူး ၁။ လူတိုင်းအကျုံးဝင်ပညာရေး
မော်ဂျူး (၁) မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ
၁.၁။ လူတိုင်းအကျုံးဝင်ပညာရေး၏ သဘောတရားကို နားလည်သဘောပေါက်ခြင်း
မော်ဂျူး (၁.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း
မော်ဂျူး (၁.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၁.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း - အဆက်
မော်ဂျူး (၁.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း - အဆက်
၁.၂။ ပညာရေးကဏ္ဍများတွင် လူတိုင်းအကျုံးဝင်မှုဆိုင်ရာ အတားအဆီးများကို သတ်မှတ်ဖော်ထုတ်ခြင်း
မော်ဂျူး ၁.၂ အတွက် ဉာဏ်စမ်းမေးခွန်း ၁
မော်ဂျူး ၁.၂ အတွက် ဉာဏ်စမ်းမေးခွန်း ၂
မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
၁.၃။ ကွဲပြားစုံလင်မှုနှင့် လူတိုင်းအကျုံးဝင်မှု နည်းလမ်းများကို သိရှိနားလည်ခြင်း
မော်ဂျူး (၁.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း ၁
မော်ဂျူး (၁.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
လူတိုင်းအကျုံးဝင် သင်ကြားခြင်း
မော်ဂျူး ၁.၃ အတွက် ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူး ၂။ လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်ခြင်း
မော်ဂျူး (၂) မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ
၂.၁။ လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်ခြင်း၏ အခြေခံစည်းမျဉ်းများကို နားလည်သဘောပေါက်ခြင်း
မော်ဂျူး (၂.၁) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး ၂.၁ အတွက် ဉာဏ်စမ်းမေးခွန်း
လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်ခြင်းအတွက် ကိုးကားဖော်ပြချက်များ
မော်ဂျူး (၂.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်းလုပ်ငန်း
မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၂.၁) အတွက် ဉာဏ်စမ်းမေးခွန်း
၂.၂။ ကွဲပြားစုံလင်သော သင်ယူသူများကို ပံ့ပိုးကူညီပေးနိုင်သည့် တစ်ဦးချင်းစီနှင့် ကိုက်ညီသော သင်ပြမှုပုံစံရေးဆွဲခြင်း
မော်ဂျူး (၂.၂) - အဆက်
မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
တစ်ဦးချင်းသင်ယူမှုပုံစံများအတွက် လက်တွေ့ နည်းလမ်းများ
လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်ခြင်းဆိုင်ရာ လုပ်ငန်းများ
မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၂.၂) အတွက် ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၂) အနှစ်ချုပ်
Summary
သင်တန်းအဆုံးပြန်လည်သုံးသပ်ချက်
သင်တန်းအနှစ်ချုပ်
ဆက်လက်ဖတ်မှတ်စရာများ / ထပ်ဆောင်းရင်းမြစ်များ
Related Courses