Online
Google Play StoreApple App StoreAPK DownloadFacebookYouTube

ရှင်သန်နေသောအမွေအနှစ်များကိုစာသင်ခန်းသို့ယူဆောင်လာခြင်း

5

(6 Reviews)

Certified

4 week(s)

110 Enrollment(s)

5698 View(s)

ရှင်သန်နေသောအမွေအနှစ်များကိုစာသင်ခန်းသို့ယူဆောင်လာခြင်း

Share On :

Course Description

ရှင်သန်နေသောအမွေအနှစ်များကိုစာသင်ခန်းသို့ယူဆောင်လာခြင်းအွန်လိုင်းသင်ခန်းစာမှ ကြိုဆိုပါသည်။

ယဉ်ကျေးမှုဆိုင်ရာ အသိအမြင်နှင့် ဓလေ့ထုံးတမ်းများသည် ကလေးများနှင့် လူငယ်များအား အပြုသဘောဆောင်သော အမှတ်သညာကို ဖွံ့ဖြိုးစေပြီး မိမိကိုယ်ကို လေးစားမှု တည်ဆောက်ရန် ကူညီပေးရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဤငါးနာရီကြာသော အွန်လိုင်း မော်ဂျူးကို ဆရာ၊ဆရာမ များ နှင့် အခြားစိတ်ဝင်စားသူများအတွက် ရည်ရွယ်ရေးဆွဲ ထားပါသည်။

ဤအွန်လိုင်း မော်ဂျူးကို သင်ယူသူများ အနေဖြင့်

သင်ခန်းစာ ၁ _ ယဥ်ကျေးမှုဆိုင်ရာ သဘောတရားများ

သင်ခန်းစာ ၂_ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်အမျိုးအစား ၃ မျိုး

 သင်ခန်းစာ ၃_ရှင်သန်နေသော အမွေအနှစ်များကို သင်ကြားသင်ယူခြင်း

သင်ခန်းစာ ၄_ရှင်သန်နေသော အမွေအနှစ်များကို စာသင်ခန်းများတွင် သင်ကြားခြင်း

ကို ဗီဒီယို သင်ခန်းစာ ပို့ချမှုများနှင့် လေ့လာနိုင်မှာ ဖြစ်ပါသည်။ ထို့မိမိ၏ နားလည် သဘောပေါက် မှု ကို စစ်ဆေးနိုင်သည့် short quiz များကို ဖြေဆိုရမှာဖြစ်ပြီး မော်ဂျူး၏ အဆုံးတွင်  ပြီးမြောက်ကြောင်း  လက်မှတ် ထုတ်ယူရန် အတွက် Assessment မေးခွန်း များကို ဖြေဆိုရမည် ဖြစ်ပါသည်။

Course Objectives

ဆရာ၊ဆရာမများအနေဖြင့်ရှင်သန်နေသောအမွေအနှစ်များကို ကျောင်းသင်ခန်းစာများနှင့် ပြင်ပသင်ရိုးလှုပ်ရှားမှုများတွင် ထည့်သွင်းသင်ကြားနိုင်ရန်အတွက် လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်များကို ကူညီပံ့ပိုးနိုင်ရန် ရည်ရွယ်ပါသည်။ 

Learning Outcomes

မော်ဂျုး  သင်ခန်းစာ လေ့လာမှုအပြီးတွင် ဆရာ၊ ဆရာမ များ အနေဖြင့် 

o   ယဉ်ကျေးမှု၏အဓိပ္ပာယ်၊ ယဉ်ကျေးမှုအမွေအနှစ် အမျိူးအစားသုံးမျိူး ကိုရှင်းပြနိုင်ပါမည်။

o   ယဉ်ကျေးမှုနှင့် ရေရှည်တည်တံ့မှု တို့၏ဆက်စပ်မှု ကို ဖော်ထုတ်နိုင်ပါမည်။

o   ယဉ်ကျေးမှုအကြောင်းကိုစာသင်ခန်းထဲတွင် ထည့်သွင်းသင်ကြားဖို့ပြင်ဆင်လာနိုင်ပါမည်။

o   ယဉ်ကျေးမှု အမွေအနှစ်များကို ပညာရေးတွင် ထည့်သွင်းသင်ကြားခြင်း အဆင့် ၆ ဆင့်ကို အသုံးပြုနိုင်ပါမည်။

o   အမွေအနှစ် များအသုံးပြုပြီး သင်ခန်းစာ အစီအစဥ်တစ်ခုရေးဆွဲလာနိုင်မည်။ 

Please login to take this course

Related Courses

chatGPTicon
;Use the site language menu