Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLogin

|

Register

အပြုသဘောဆောင်သည့် သင်ယူမှုဝန်းကျင်တစ်ခု တည်ဆောက်ခြင်း

0

(0 Reviews)

Certified

5 hour(s)

71 Enrollment(s)

611 View(s)

Share On :

Course Description

ဤသင်တန်းကို ကျောင်းသားများအား ပံ့ပိုးကူညီပေးနိုင်သော အပြန်အလှန်လေးစားမှုရှိပြီး စနစ်တကျစီမံခန့်ခွဲထားသည့် စာသင်ခန်းများကို ဖော်ဆောင်နိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုများနှင့် အသိပညာများကို ဆရာများအား ဖြည့်ဆည်းပေးရန် စီစဉ်ရေးဆွဲထားပါသည်။ ဤသင်တန်းတွင် ဘေးကင်းလုံခြုံ၍ အကျိုးဖြစ်ထွန်းစေသည့် သင်ယူမှုဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ရန်အတွက် ထိရောက်သော စာသင်ခန်း စီမံခန့်ခွဲမှုနည်းစနစ်များ၊ အပြုသဘောဆောင်သော စည်းကမ်းသတ်မှတ်မှု နည်းလမ်းများနှင့် ကျောင်းသားများအတွက် တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နည်းလမ်းများကို အလေးပေးဖော်ပြထားပါသည်။ ဤသင်တန်းတွင် စည်းမျဉ်းစည်းကမ်းများ၊ ပုံမှန်လုပ်ရိုးလုပ်စဉ်လုပ်ငန်းများနှင့် မျှော်မှန်းချက်များကို ရှင်းလင်းစွာ ချမှတ်ခြင်း၏ အရေးကြီးပုံနှင့် ၎င်းတို့ကို စာသင်နှစ်အစကပင် ကျောင်းသားများအား မည်သို့ ထိရောက်စွာ ဆက်သွယ်ပြောဆိုမည်ကို စူးစမ်းလေ့လာရမည် ဖြစ်သည်။

ယခုသင်တန်းတွင် ဆရာနှင့်ကျောင်းသားအကြား အပြုသဘောဆောင်သော ဆက်ဆံရေးများ၊ ကျောင်းသားများ၏ မိမိကိုယ်ကိုထိန်းကျောင်းခြင်း၊ စာသင်ခန်းတွင်း အနှောင့်အယှက်ပေးသည့် အပြုအမူများကို ကာကွယ်ရန် ကြိုတင်စီမံဆောင်ရွက်ထားနိုင်သည့် လုပ်ဆောင်ချက်များ စသည်တို့ကို အလေးပေးဖော်ပြသွားမည်ဖြစ်သည်။ စာသင်ခန်းတွင်း စည်းမျဉ်းစည်းကမ်းများ အားကောင်းလာစေရန်၊ ကျောင်းသားများ၏ အပြုအမူအပြောင်းအလဲများအကြား စီမံခန့်ခွဲရန်နှင့် ကျောင်းသားများ၏ တာဝန်ခံမှုနှင့် ဖွံ့ဖြိုးမှုတို့ကို မြှင့်တင်ပေးရန် မည်သို့လုပ်ဆောင်ရမည်ကို လေ့လာသင်ယူရမည် ဖြစ်သည်။ အပြန်အလှန် တုံ့ပြန်ဆက်သွယ်မှုရှိသည့် လုပ်ငန်းများ၊ ဖြစ်ရပ်လေ့လာမှုများနှင့် ပြန်လည်သုံးသပ်သည့် လေ့ကျင့်ခန်းများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု၊ သိလိုစိတ်နှင့် လေးစားမှုတို့ကို အားပေးသော ကောင်းစွာစီမံခန့်ခွဲမှုရှိသည့် စာသင်ခန်းတစ်ခု တည်ဆောက်ရန် လက်တွေ့ကျသည့်နည်းလမ်းများကို သင်ယူရမည်ဖြစ်သည်။

မော်ဂျူး (၁) စာသင်ခန်းစီမံခန့်ခွဲမှု

(၁.၁) ထိရောက်သော စာသင်ခန်းစီမံခန့်ခွဲမှု

(၁.၂) ပံ့ပိုးမှုအားကောင်းသော စာသင်ခန်းဝန်းကျင်များ

မော်ဂျူး (၂) အပြုသဘောဆောင်သည့် စည်းကမ်းဖြင့် အပြုသဘောဆောင်သည့် အပြုအမူများကို ပျိုးထောင်ခြင်း

(၂.၁) အပြုသဘောဆောင်သည့် စည်းကမ်း

(၂.၂) တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှုနှင့် မိမိကိုယ်ကိုထိန်းကျောင်းခြင်း နည်းစနစ်များ

အဓိကအသုံးအနှုန်းများ

တာဝန်ခံမှုနှင့် ကျောင်းသား၏ ဖွံ့ဖြိုးတိုးတက်မှု၊ တာဝန်ခံမှုဆိုင်ရာ စီမံဆောင်ရွက်ချက်များ၊ ဖြစ်ရပ်လေ့လာမှုများ၊ စာသင်ခန်း စီမံခန့်ခွဲမှု၊ ရှင်းလင်းသော စည်းမျဉ်းစည်းကမ်းများ၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စည်းကမ်းပိုင်းတွင် တစ်သမတ်တည်းဖြစ်ခြင်း၊ သိလိုစိတ်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အနှောင့်အယှက်ပေးသည့် အပြုအမူကို ကာကွယ်တားဆီးခြင်း၊ ထိရောက်သော ဆက်သွယ်ပြောဆိုမှု၊ အမှီအခိုကင်းစွာလုပ်ဆောင်မှုကို အားပေးမြှင့်တင်ခြင်း၊ အပြန်အလှန် တုံ့ပြန်ဆက်သွယ်မှုရှိသည့် သင်ယူမှုလုပ်ငန်းများ၊ ကျောင်းသားများ၏ အပြုအမူအပြောင်းအလဲများကို စီမံခန့်ခွဲခြင်း၊ အပြုသဘောဆောင်သည့် အပြုအမူကို အားပေးခြင်း၊ အပြုသဘောဆောင်သည့် စည်းကမ်း၊ ကြိုတင်စီမံဆောင်ရွက်ထားနိုင်သည့် စာသင်ခန်းတွင်း နည်းဗျူဟာများ၊ ပြန်လည်သုံးသပ်ခြင်း အလေ့အကျင့်များ၊ စာသင်ခန်းတွင်း စည်းမျဉ်းစည်းကမ်းများကို အားကောင်းစေခြင်း၊ အပြန်အလှန်လေးစားမှုရှိသော ဝန်းကျင်၊ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများနှင့် မျှော်မှန်းချက်များ၊ ဘေးကင်းလုံခြုံသော သင်ယူမှုရပ်ဝန်း၊ မိမိကိုယ်ကို ထိန်းကျောင်းခြင်းဆိုင်ရာ နည်းစနစ်များ၊ ကျောင်းသား၏ တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှု၊ ကျောင်းသား၏ မိမိကိုယ်ကိုထိန်းကျောင်းခြင်း၊ အားပေးပံ့ပိုးမှုရှိသော သင်ယူမှု၊ ဆရာနှင့်ကျောင်းသားအကြား ဆက်ဆံရေးများ။

Course Objectives

ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် ဆရာများတွင် စနစ်တကျစီမံခန့်ခွဲမှု၊ ပံ့ပိုးမှုနှင့် အပြန်အလှန်လေးစားမှုရှိသည့် စာသင်ခန်းများ ဖန်တီးနိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုများနှင့် နည်းဗျူဟာများ  ရရှိသွားစေရန် ရည်ရွယ်ပါသည်။ ဤသင်တန်းမှတစ်ဆင့် ထိရောက်သော စာသင်ခန်း စီမံခန့်ခွဲမှုနည်းလမ်းများ၊ အပြုသဘောဆောင်သော စည်းကမ်းသတ်မှတ်မှုဆိုင်ရာ နည်းလမ်းများနှင့် ကျောင်းသားများ၏ တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှုနှင့် မိမိကိုယ်ကို ထိန်းကျောင်းခြင်းကို အားပေးမြှင့်တင်နိုင်မည့် နည်းလမ်းများကို ပိုမိုလေးနက်စွာ နားလည်လာမည် ဖြစ်သည်။ ဤသင်တန်း အပြီးတွင် ဆရာများသည် ရှင်းလင်းသော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများနှင့် မျှော်မှန်းချက်များကို သတ်မှတ်လာနိုင်မည်ဖြစ်ပြီး ဆရာနှင့်ကျောင်းသားအကြား ကောင်းမွန်သော ဆက်ဆံရေးကို အားပေးပံ့ပိုးလာနိုင်မည်ဖြစ်သည်။ စာသင်ခန်းတွင်း အနှောင့်အယှက်ပေးသည့် အပြုအမူများမှ ကာကွယ်ရန် ကြိုတင်စီမံဆောင်ရွက်ထားနိုင်သည့် လုပ်ဆောင်ချက်များကိုလည်း အကောင်အထည်ဖော်လာနိုင်မည် ဖြစ်သည်။ ထို့ပြင် အပြန်အလှန် တုံ့ပြန်ဆက်သွယ်မှုရှိသည့် လုပ်ငန်းများ၊ ဖြစ်ရပ်လေ့လာမှုများနှင့် ပြန်လည်သုံးသပ်သည့် လေ့ကျင့်ခန်းများမှတစ်ဆင့်  သိလိုစိတ်၊ လေးစားမှုနှင့် တာဝန်ခံမှုကို အားပေးသော ကောင်းစွာစီမံခန့်ခွဲမှုရှိသည့် စာသင်ခန်းတစ်ခုကို ဖန်တီးနိုင်သည့် စွမ်းရည်များလည်း တိုးတက်လာမည် ဖြစ်ပါသည်။

Learning Outcomes

ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -

  • စနစ်တကျစီမံခန့်ခွဲမှုနှင့် ပံ့ပိုးမှုရှိသော သင်ယူမှုဝန်းကျင်တစ်ခုကို တည်ဆောက်ရန်အတွက် စည်းမျဉ်းစည်းကမ်းများ၊ ပုံမှန်လုပ်ရိုးလုပ်စဉ်လုပ်ငန်းများနှင့် မျှော်မှန်းချက်များကို ရှင်းလင်းစွာ ချမှတ်ခြင်းနှင့်သက်ဆိုင်သည့် ထိရောက်သော စာသင်ခန်းစီမံခန့်ခွဲမှု နည်းလမ်းများကို စူးစမ်းလေ့လာနိုင်မည်။
  • အပြန်အလှန် လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ကျောင်းသား၏ စိတ်ဝင်တစား ပါဝင်ဆောင်ရွက်မှုကို အားပေးမြှင့်တင်ပေးနိုင်သည့် ဆရာနှင့်ကျောင်းသားအကြား အပြုသဘောဆောင်သော ဆက်ဆံရေးကို မည်သို့တိုးတက်စေနိုင်ကြောင်း နားလည်သဘောပေါက်လာမည်။
  • ကျောင်းသားများ မသင့်လျော်သည့် အပြုအမူများကို မပြုလုပ်မိစေရန် အခြားဆရာများ အသုံးပြုနေသော  ကြိုတင်စီမံဆောင်ရွက်သည့် နည်းလမ်းများကို သတ်မှတ်ဖော်ထုတ်ပြီး စနစ်တကျစီမံခန့်ခွဲမှုရှိသည့် လူတိုင်းအကျုံးဝင်သော စာသင်ခန်းရပ်ဝန်းတစ်ခုကို ဖန်တီးတတ်မည်။
  • သင့်လျော်သည့် အပြုအမူ၊ တာဝန်ခံမှုနှင့် တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစေသည့် အပြုသဘောဆောင်သော စည်းကမ်းသတ်မှတ်မှုဆိုင်ရာ နည်းလမ်းများကို စူးစမ်းလေ့လာနိုင်မည်။
  • ကျောင်းသားများကို ၎င်းတို့၏ စိတ်ခံစားချက်များနှင့် အပြုအမူများကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်စေရန် မိမိကိုယ်ကို ထိန်းကျောင်းခြင်း နည်းစနစ်များနှင့် အမှီအခိုကင်းပြီး တာဝန်ယူမှုရှိသူများဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးနိုင်သော နည်းစနစ်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ကျောင်းသားများကို မိမိကိုယ်ကို ပြန်လည်သုံးသပ်မှုနှင့် ဖွံ့ဖြိုးမှုတို့အားကောင်းလာအောင် လုပ်ဆောင်ပေးနိုင်သည့် နည်းလမ်းများကို စီစဉ်ရေးဆွဲ၊ အကောင်ထည်ဖော်နိုင်ပြီး တစ်သမတ်တည်းရှိ၍ ပံ့ပိုးမှု အားကောင်းသော စာသင်ခန်းဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်မည်။

Please login to take this course

သင်တန်းမိတ်ဆက်

မော်ဂျူး ၁။ စာသင်ခန်းစီမံခန့်ခွဲမှု

မော်ဂျူး ၁။ မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ

မော်ဂျူး (၁.၁) အတွက် ဗီဒီယိုသင်ခန်းစာ

စာသင်ခန်းစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့် ပုံမှန်လုပ်ရိုးလုပ်စဉ်လုပ်ငန်းများ

မော်ဂျူး (၁.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း (၁)

မော်ဂျူး (၁.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၁.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း (၂)

မော်ဂျူး (၁.၂) အတွက် ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး (၂) အပြုသဘောဆောင်သည့် စည်းကမ်းဖြင့် အပြုသဘောဆောင်သည့် အပြုအမူများကို ပျိုးထောင်ခြင်း

မော်ဂျူး ၂။ မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ

၂.၁။ အပြုသဘောဆောင်သည့် စည်းကမ်း

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၂.၁) အတွက် ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၂.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း (၂)

မော်ဂျူး (၂.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း (၃)

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

မော်ဂျူး (၂.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း (၄)

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၄)

၂.၂။ တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှုနှင့် မိမိကိုယ်ကို ထိန်းကျောင်းခြင်း နည်းစနစ်များ

မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

အပြုသဘောဆောင်သည့် စည်းကမ်းအတွက် နည်းစနစ်များ

မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၂.၂) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၂) အနှစ်ချုပ်

သင်တန်းအဆုံးပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများ/ထပ်ဆောင်းရင်းမြစ်များ

Related Courses

chatGPTicon