Online
Google Play StoreApple App StoreAPK DownloadFacebookYouTube

မိမိ၏စာသင်ခန်းနှင့် သင့်လျော်မည့် သင်ကြားနည်းများကို ရှာဖွေဖော်ထုတ်ခြင်း

4.7

(7 Reviews)

Certified

5 hour(s)

153 Enrollment(s)

2766 View(s)

မိမိ၏စာသင်ခန်းနှင့် သင့်လျော်မည့် သင်ကြားနည်းများကို ရှာဖွေဖော်ထုတ်ခြင်း

Share On :

Course Description

ဤ ‘မိမိ၏ စာသင်ခန်းနှင့် သင့်လျော်မည့် သင်ကြားနည်းများကို ရှာဖွေဖော်ထုတ်ခြင်း’ သင်တန်းသည် သင်နည်းဗေဒ၏ အခြေခံသဘောတရားများအား ခြုံငုံလေ့လာပြီး ဆရာများကို သဘောတရားများနှင့် နမူနာပုံစံများအား စာသင်ခန်းအတွင်း လက်တွေ့အသုံးချနိုင်သော နည်းလမ်းများကို သိရှိနားလည်သွားစေရန် ကူညီပေးပါသည်။ သင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်ပါသည်။

မော်ဂျူး (၁) - သင်နည်းဗေဒဆိုင်ရာ သဘောတရားနှင့် လက်တွေ့
(၁.၁) စာသင်ခန်းအတွင်းရှိ သင်နည်းဗေဒ
(၁.၂) အကျိုးသက်ရောက်မှုမြင့်မားသော သင်ကြားနည်း (၁၀) မျိုး

မော်ဂျူး (၂) - သင်ယူမှုနမူနာပုံစံများနှင့် သင်ကြားနည်းများ
(၂.၁) သင်ယူမှုနမူနာပုံစံများ
(၂.၂) သင်ကြားနည်းများ

မော်ဂျူး (၃) - ထိရောက်သော သင်ယူမှုနည်းလမ်းများ
(၃.၁) ကျောင်းသားများ လွတ်လပ်စွာသင်ယူခွင့်ရှိခြင်းနှင့် ကိုယ်တိုင်တာဝန်ယူသင်ယူခြင်း
(၃.၂) သင်ယူသူကိုယ်တိုင်ဦးဆောင်သင်ယူခြင်းနှင့် ဆရာဦးဆောင်သင်ယူခြင်း
(၃.၃) ပူးပေါင်းပါဝင်သင်ယူခြင်း

အဓိကအသုံးအနှုန်းများ
သင်ယူသူကိုယ်တိုင်ဦးဆောင်သင်ယူခြင်း၊ ကျောင်းသားများ လွတ်လပ်စွာသင်ယူခွင့်ရှိခြင်း၊ ပူးပေါင်းပါဝင်သင်ယူခြင်း၊ သင်ယူမှုနမူနာပုံစံများ၊ သင်နည်းဗေဒ၊ ကျောင်းသားများ၏ ကိုယ်တိုင်တာဝန်ယူသင်ယူခြင်း၊ သင်ကြားနည်းများ၊ သင်ကြားရေးနည်းလမ်းများ

Course Objectives

ဤသင်တန်းသည် ၂၁ ရာစုတွင် မြန်မာနိုင်ငံ၏ နောက်ခံအခြေအနေနှင့် ဆက်စပ်နေသော သင်နည်းဗေဒဆိုင်ရာ သဘောတရားများနှင့် လက်တွေ့လုပ်ဆောင်မှုများကို နားလည် သဘောပေါက်သွားစေရန် အထောက်အကူပြုပါသည်။ ထို့ပြင် ကျောင်းသားများအား ၎င်းတို့၏ သင်ယူမှုတွင် ထိရောက်မှုရှိစေရန်နှင့် စိတ်ပါဝင်စားမှုရှိစေရန်အတွက် ဆရာများအနေဖြင့် သင်ကြားရေး နည်းလမ်းများကို သိရှိနားလည်ပြီး လက်တွေ့လုပ်ဆောင်သွားနိုင်မည်ဖြစ်ပါသည်။

Learning Outcomes

ဤမော်ဂျူးကို သင်ယူပြီးချိန်တွင် သင်သည် -

  • သင်နည်းဗေဒ၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို သိရှိနားလည်နိုင်မည်။
  • သင်နည်းဗေဒနှင့် သဘောတရားနှင့် လက်တွေ့တို့၏ ဆက်စပ်မှုကို ရှင်းပြတတ်မည်။
  • အကျိုးသက်ရောက်မှုမြင့်မားသော သင်ကြားနည်း (၁၀) မျိုးကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • အကျိုးသက်ရောက်မှုမြင့်မားသော သင်ကြားရေးနည်းလမ်း (၁၀) မျိုးကို ဥပမာများနှင့် ယှဉ်တွဲတတ်မည်။
  • သင်ယူမှုနမူနာပုံစံများတွင် သင်ယူမှုအဆင့်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ဒေသဆိုင်ရာ အကြောင်းအရာများနှင့် သက်ဆိုင်သည့် အခြေခံ သင်ယူမှုနမူနာပုံစံများကို လေ့ကျင့်တတ်မည်။
  • မတူညီသော သင်ကြားနည်းများ၏ အားသာချက်များနှင့် အားနည်းချက်များကို အကဲဖြတ်စစ်ဆေးတတ်မည်။
  • ဥပမာများဖြင့် သင်ကြားနည်းများကို မှတ်သားနိုင်မည်။
  • သင်ယူမှုတွင် ကျောင်းသားများ လွတ်လပ်စွာသင်ယူခွင့်ရှိခြင်းနှင့် ကိုယ်တိုင်တာဝန်ယူသင်ယူခြင်း၏ အရေးပါပုံကို ရှင်းပြတတ်မည်။
  • သင်ယူသူကိုယ်တိုင် ဦးဆောင်သင်ယူခြင်းနှင့် ဆရာဦးဆောင်သင်ယူခြင်းကို ပြန်လည်ဆန်းစစ်တတ်မည်။
  • သင်ပြမှုပုံစံရေးဆွဲခြင်းတွင် သင်ယူသူကိုယ်တိုင် ဦးဆောင်သင်ယူခြင်းကို အကောင်အထည်ဖော်နိုင်ရန် အဆင့်များကို ခွဲခြားသတ်မှတ်နိုင်မည်။
  • ပူးပေါင်းပါဝင်သင်ယူခြင်းတွင် အပြုသဘောဆောင်သော အပြန်အလှန်မှီခိုမှုနှင့် တစ်ဦးချင်းတာဝန်ခံမှုတို့အကြား ဆက်နွှယ်မှုကို နားလည်နိုင်မည်။

Please login to take this course

သင်တန်းမိတ်ဆက်

မော်ဂျူး (၁)။ သင်နည်းဗေဒဆိုင်ရာ သဘောတရားနှင့် လက်တွေ့

မော်ဂျူး (၁)။ မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ

၁.၁။ စာသင်ခန်းအတွင်းရှိ သင်နည်းဗေဒ

သင်နည်းဗေဒဆိုင်ရာ သဘောတရားနှင့် လက်တွေ့

မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန် လုပ်ငန်း (၁)

မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး ၂။ သင်ယူမှုနမူနာပုံစံများနှင့် သင်ကြားနည်းများ

မော်ဂျူး (၂)။ မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ

၂.၁။ သင်ယူမှုနမူနာပုံစံများ

ကျွမ်းကျင်ပိုင်နိုင်မှုကို အလေးပေးသော သင်ယူမှုပုံစံ

မော်ဂျူး (၂.၁) အတွက် ဗီဒီယို သင်ခန်းစာ (၂)

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန် လုပ်ငန်း (၁)

မော်ဂျူး (၂.၁) အတွက် ဗီဒီယို သင်ခန်းစာ (၃)

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

ပြဿနာအခြေပြု သင်ယူမှုပုံစံ

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၄)

၂.၂။ သင်ကြားနည်းများ

မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန် လုပ်ငန်း (၂)

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူး (၃)။ ထိရောက်သော သင်ယူမှုနည်းလမ်းများ

မော်ဂျူး (၃) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်းလုပ်ငန်း

၃.၁။ ကျောင်းသားများ လွတ်လပ်စွာသင်ယူခွင့်ရှိခြင်းနှင့် ကိုယ်တိုင်တာဝန်ယူသင်ယူခြင်း

မော်ဂျူး (၃.၂) အတွက် လေ့ကျင့်ရန် လုပ်ငန်း

သင်ယူသူကိုယ်တိုင်ဦးဆောင်သင်ယူခြင်းအတွက် အဆင့်များ

၃.၃။ ပူးပေါင်းပါဝင်သင်ယူခြင်း

မော်ဂျူး (၃.၃) အတွက် လေ့ကျင့်ရန် လုပ်ငန်း (၂)

မော်ဂျူး (၃) အနှစ်ချုပ်

သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများနှင့် ရင်းမြစ်များ

Related Courses

chatGPTicon
;