Online
Google Play StoreApple App StoreAPK DownloadFacebookYouTube

မော်ဂျူး၃- ငြိမ်းချမ်းရေး နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေး၏ တတ်ကျွမ်းမှု စံနှုန်းများ

4.6

(8 Reviews)

Certified

4 week(s)

193 Enrollment(s)

2180 View(s)

Share On :

Course Description

လက်ရှိ ကျွန်ုပ်တို့ကမ္ဘာကြီးက ရာသီဥတုဖောက်ပြန်မှု အန္တရာယ်ကျရောက်လွယ်သည်သာမက သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ ပဋိပက္ခများနှင့် ရင်ဆိုင်တွေ့ကြုံ နေရပါတယ်။ များမကြာမီ အချိန်ကပင် အရှိန်အဟုန် ဖြင့် ပြောင်းလဲနေတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနဲ့အတူ လူမှုရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ရိုက်ခတ်မှုများကိုလည်း ကြုံ တွေ့နေရပါတယ်။ရေရှည်တည်တံ့ခိုင်မြဲသော လူ့အဖွဲ့အစည်းတစ်ရပ်ကိုတည်ဆောက်ဖို့ ပညာရေးမှတဆင့် လုပ်ဆောင်ရန် အရေးကြီးလာသလို ၎င်းကိုအကောင်အထည်ဖော်ရာမှာ ဆရာ၊ ဆရာမ များသည် အဓိကဗဟိုချက်ဖြစ်လာပါတယ်။ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကြောင်းအရာ ဗဟုသုတနှင့် ရှုမြင်သုံးသပ်မှုများ စသော စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်စေရန်ဤအွန်လိုင်းသင်ခန်းစာများကို ဆရာ၊ဆရာမ များ နှင့် အခြားစိတ်ဝင်စားသူများအတွက် ရည်ရွယ်ရေးဆွဲ ထားပါတယ်။

Course Objectives

ဆရာ၊ဆရာမများအနေဖြင့် ကျောင်းသင်ခန်းစာများနှင့် ပြင်ပသင်ရိုးလှုပ်ရှားမှုများတွင် ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအကြောင်းအရာများကို မည်သို့ထည့်သွင်းသင်ကြားနိုင်ကြောင်း နှင့်ပတ်သက်၍ လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်များကို ကူညီပံ့ပိုးနိုင်စေရန် ရည်ရွယ်ပါတယ်။ 

Learning Outcomes

မော်ဂျုး သင်ခန်းစာ လေ့လာမှုအပြီးတွင် ဆရာ၊ ဆရာမ များ အနေဖြင့်

• ငြိမ်းချမ်းရေး နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေး၏ တတ်ကျွမ်းမှု စံနှုန်းများ ကိုနားလည်သဘောပေါက်မည်။

• စနစ်အခြေပြု စဉ်းစား တွေးခေါ်ခြင်းကို သင်ခန်းစာများတွင် အသုံးပြုတတ်မည်။

• အနာဂတ် မျှော်မှန်းချက် တတ်ကျွမ်းမှုကို သင်ခန်းစာများတွင် အသုံးပြုတတ်လာမည်။

မော်ဂျုးတွင်

သင်ခန်းစာ ၁_  EPSD တတ်ကျွမ်းမှု စံနှုန်း ၈ခု


သင်ခန်းစာ ၂_ စနစ်အခြေပြု စဉ်းစား တွေးခေါ်ခြင်း တတ်ကျွမ်းမှု မိတ်ဆက်

သင်ခန်းစာ ၃_ အနာဂတ် မျှော်မှန်းချက် တတ်ကျွမ်းမှု မိတ်ဆက်

တို့ကိုလေ့လာကြပါမည်။ 

Please login to take this course

Related Courses

chatGPTicon
;