Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

မော်ဂျူး၁-ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုမိတ်ဆက်ခြင်း

4.7

(18 Reviews)

Certified

4 week(s)

327 Enrollment(s)

3344 View(s)

Share On :

Course Description

လက်ရှိ ကျွန်ုပ်တို့ကမ္ဘာကြီးသည် ရာသီဥတုဖောက်ပြန်မှု အန္တရာယ်ကျရောက်လွယ်သည်သာမက သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ ပဋိပက္ခများနှင့် ရင်ဆိုင်တွေ့ကြုံ နေရသည်။ များမကြာမီ အချိန်ကပင် အရှိန်အဟုန် ဖြင့် ပြောင်းလဲနေသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ လူမှုရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ရိုက်ခတ်မှုများကိုလည်း ကြုံ တွေ့နေရသည်။ ရေရှည်တည်တံ့ခိုင်မြဲသော လူ့အဖွဲ့အစည်းတစ်ရပ်ကိုတည်ဆောက်ရန် ပညာရေးမှတဆင့် လုပ်ဆောင်ရန် အရေးကြီးလာပါသည်။၎င်းကိုအကောင်အထည်ဖော်ရာတွင် ဆရာ၊ ဆရာမ များသည် အဓိကဗဟိုချက်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကြောင်းအရာ ဗဟုသုတနှင့် ရှုမြင်သုံးသပ်မှုများ စသော စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်စေရန်ဤအွန်လိုင်းသင်ခန်းစာများကို ဆရာ၊ဆရာမ များ နှင့် အခြားစိတ်ဝင်စားသူများအတွက် ရည်ရွယ်ရေးဆွဲ ထားပါသည်။ 

Course Objectives

ဆရာ၊ဆရာမများအနေဖြင့် ကျောင်းသင်ခန်းစာများနှင့် ပြင်ပသင်ရိုးလှုပ်ရှားမှုများတွင် ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအကြောင်းအရာများကို မည်သို့ထည့်သွင်းသင်ကြားနိုင်ကြောင်း နှင့်ပတ်သက်၍ လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်များကို ကူညီပံ့ပိုးနိုင်စေရန် ရည်ရွယ်ပါသည်။ 

Learning Outcomes

သင်ခန်းစာ လေ့လာမှုအပြီးတွင် ဆရာ၊ ဆရာမ များ အနေဖြင့် 

  • ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရှင်းပြတတ်မည်။
  • ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ၏ မဏ္ဍိုင်လေးရပ် နှင့် ပတ်သက်ဆက်နွယ်မှု ကို ဖော်ထုတ်တတ်မည်။
  • ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ၏ နောက်ခံသမိုင်းကို သိရှိ နားလည်မည်။
  • လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို ရေရှည်ဖွံဖြိုးတိုးတက်မှုပန်းတိုင်များနှင့် ချိတ်ဆက်နိုင်မည်။

Please login to take this course

Related Courses

chatGPTicon