Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

မော်ဂျူး ၅- ငြိမ်းချမ်းရေး နဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို တစ်ကျောင်းလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ခြင်း

5

(4 Reviews)

Certified

3 hour(s)

187 Enrollment(s)

1211 View(s)

Share On :

Course Description

ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေး အွန်လိုင်း သင်ခန်းစာမှာ ကြိုဆိုပါတယ်။ ဤအွန်လိုင်း သင်ခန်းစာကို မော်ဂျူး ၅ ခုဖြင့် လေ့လာ နိုင်ပြီး၊ သင်ယူသူများ အနေဖြင့်(၁)တစ်ကျောင်းလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ခြင်း (၂)ကျောင်းအုပ်ချုပ်ရေး(၃)သင်ကြားသင်ယူရေး (၄) ကျောင်းဝင်း(၅)ရပ်ရွာမိတ်ဖက်များ နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ သင်ခန်းစာ တစ်ခု စီ၏ အဆုံးတွင် မိမိ၏ နားလည် သဘောပေါက် မှု ကို စစ်ဆေးနိုင်သည့် short quiz / assignments တွေလည်း ပါဝင်ပါသည်။ မော်ဂျူးတစ်ခုစီ၏ အဆုံးတွင် သင်ခန်းစာ ပြီးမြောက်ကြောင်း လက်မှတ် ထုတ်ယူရန် အတွက် Assessment မေးခွန်း များကို ဖြေဆိုရမည် ဖြစ်ပါသည်။ ဤအွန်လိုင်းသင်ခန်းစာများကို သင်တန်း ပြီးဆုံးသည် အထိ မိမိ နှစ်သက်ရာ အချိန်တွင် အချိန်ယူ လေ့လာနိုင်ပါသည်။ မိမိ တစ်ဦးတည်း လေ့လာနိုင်သလို လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ နှင့် လည်း Discussion Session တွင် ဆွေးနွေးပြီး လေ့လာ နိုင်ပါသည်။

Course Objectives

ဆရာ၊ဆရာမများအနေဖြင့် ကျောင်းသင်ခန်းစာများနှင့် ပြင်ပသင်ရိုးလှုပ်ရှားမှုများတွင် ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအကြောင်းအရာများကို မည်သို့ထည့်သွင်းသင်ကြားနိုင်ကြောင်း နှင့်ပတ်သက်၍ လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်များကို ကူညီပံ့ပိုးနိုင်စေရန် ရည်ရွယ်ပါသည်။

Learning Outcomes

ဒီသင်ခန်းစာမှာ တော့ မော်ဂျူး(၅) ငြိမ်းချမ်းရေး နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို တစ်ကျောင်းလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်ခြင်းကို လေ့လာသွားရမှာ  ဖြစ် ပြီး၊ သင်ခန်းစာ အဆုံးတွင် သင်ယူသူများ အနေဖြင့် 

  • တစ်ကျောင်းလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ခြင်း၏ အဓိပ္ပါယ် နှင့် ဆောင်ရွက်ရမည့် ကဏ္ဍများကို သိရှိလာမည်။
  • တစ်ကျောင်းလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ရာတွင် ကျောင်းအုပ်ချုပ်ရေး၏ အခန်း ကဏ္ဍများကို နားလည် သဘောပေါက်မည်။
  • ကျောင်းအုပ်ချုပ်ရေး အနေဖြင့် သင်ကြားသင်ယူရေး တွင် ပံ့ပိုး နိုင်သည်များကို နားလည် သိရှိမည်။
  • ကျောင်းဝင်းကို တစ်ကျောင်းလုံးအတိုင်းအတာ ချဉ်းကပ်နည်းတွင် မည်သို့ အသုံးပြုနိုင်သည်ကို နားလည်သိရှိမည်။
  • တစ်ကျောင်းလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ရာတွင် ရပ်ရွာမိဘများနှင့် မိတ်ဖက် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို သိရှိမည်။

Please login to take this course

Related Courses

chatGPTicon
;