Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

မော်ဂျူး ၅။ ကျောင်းသားများ၏ ပေါက်မြောက်အောင်မြင်မှု (ပန်းပျိုးသူ ဥယျာဉ်မှူး သင်တန်းအစီအစဉ်)

0

(0 Reviews)

Certified

7 hour(s)

53 Enrollment(s)

266 View(s)

Share On :

Course Description

“ပန်းပျိုးသူ ဥယျာဉ်မှူး” ဟူသည့် လုပ်ငန်းခွင် အကြို ဆရာအတတ်ပညာ အွန်လိုင်း သင်တန်း အစီအစဉ်တွင် ပင်မမော်ဂျူး (၆) ခု ပါဝင်ပြီး ဤမော်ဂျူး (၅) - ကျောင်းသားများ၏ပေါက်မြောက်အောင်မြင်မှု မော်ဂျူးကို အထူးသဖြင့် အရင်းအမြစ်နည်းပါးသည့် (သို့) ရပ်ရွာအခြေပြု ပတ်ဝန်းကျင်များတွင် အလုပ်လုပ်နေသည့် ဆရာများ လူတိုင်းအကျုံးဝင်သော ကျောင်းသားဗဟိုပြု စာသင်ခန်းများ ဖန်တီးနိုင်ရေးအတွက် လက်တွေ့ကျသည့် နည်းဗျူဟာများဖြင့် ပြင်ဆင်ပေးရန် စီစဉ်ရေးဆွဲထားသည်။ ပါဝင်တက်ရောက်သူများအနေဖြင့် အပြန်အလှန် ချိတ်ဆက်နေသော သင်ခန်းစာ (၅) ခုမှတစ်ဆင့် ကျောင်းသားများ၏ မတူကွဲပြားသော လိုအပ်ချက်များ၊ စိတ်ဝင်စားမှုများနှင့် သင်ယူမှုပုံစံများကို မည်သို့ နားလည်ပြီး အလိုက်သင့်တုံ့ပြန်ရမည်ကို စူးစမ်းလေ့လာမည်ဖြစ်သည်။ ဤမော်ဂျူးက ကျောင်းသားဗဟိုပြု သင်နည်းဗေဒ၊ လိုက်အပ်ချက်အလိုက် ပြောင်းလဲ သင်ကြားခြင်း၊ စိတ်ဓာတ် လှုံ့ဆော်ခြင်းနှင့် ဆွဲဆောင်ခြင်းတို့အပြင် ကျောင်းသားနှင့် ဆရာ၏ ကျန်းမာသုခကဲ့သို့သော အဓိက အသိသညာများကို မိတ်ဆက်ပေးထားသည်။ ဤမော်ဂျူးသည် လက်တွေ့ဘဝစာသင်ခန်းအခြေအနေများ၌ အခြေတည်၍ ပြန်လည်သုံးသပ်ခြင်း၊ အသုံးချခြင်းနှင့် ကျောင်းသားအားလုံးကို ပံ့ပိုးကူညီသည့် အခြေအနေနှင့်ကိုက်ညီသော သင်ကြားနည်းဗျူဟာများကို အလေးထားလေ့လာသည်။

Course Objectives

ဤမော်ဂျူးအပြီးတွင် သင်တို့အနေဖြင့် ကျောင်းသားဗဟိုပြုနှင့် လိုအပ်ချက်အလိုက် ပြောင်းလဲသင်ကြားနည်းဗျူဟာများကို အသုံးချခြင်းဖြင့် ပို၍ လူတိုင်းအကျုံးဝင်မှု၊ ဆွဲဆောင်မှုနှင့် ပံ့ပိုးကူညီမှုတို့ရှိသော စာသင်ခန်းများကို ဖန်တီးနိုင်မည်ဖြစ်သည်။ ကျောင်းသားများ၏ အတွေ့အကြုံများ၊ စိတ်ဝင်စားမှုများနှင့် သင်ယူမှုဖြစ်စဉ်တွင် တက်တက်ကြွကြွ ပါဝင်မှုတို့၏ အရေးပါမှုကို အသိအမှတ်ပြုရင်း ဆရာဗဟိုပြုသင်ကြားမှုမှသည် ပို၍ ကျောင်းသားဗဟိုပြုသော ချဉ်းကပ်နည်းသို့ ပြေားလဲပုံနှင့် ပတ်သက်၍ ခြေခြေမြစ်မြစ် နားလည်သဘောပေါက်လာမည်ဖြစ်သည်။ မတူကွဲပြားသော သင်ယူမှုပုံစံများ၊ ကြိုက်နှစ်သက်မှုများ၊ အဆင်သင့်ဖြစ်မှု အတိုင်းအတာများနှင့် ကျောင်းသားများ၏ လူမှုရေးနောက်ခံများကို ဖော်ထုတ်သတ်မှတ်ပြီး အလိုက်သင့် တုံ့ပြန်ဆောက်ရွက်တတ်ရန် လေ့လာသင်ယူမည်ဖြစ်သည်။ ထို့ပြင် ဤအသိပညာဗဟုသုများကို အကြောင်းအရာ၊ သင်ကြားနည်းများ၊ စစ်ဆေးအကဲဖြတ်မှုများအပြင် စာသင်ခန်းပတ်ဝန်းကျင်တို့နှင့် လိုက်လျောညီထွေရှိသော ပြောင်းလွယ်ပြင်လွယ်ရှိသည့် သင်ခန်းစာများ စီစဉ်ရေးဆွဲရာတွင် အသုံးချတတ်ရန် လေ့လာသင်ယူမည်ဖြစ်သည်။ ဤမော်ဂျူးသည် ယဉ်ကျေးမှုအရ ဆီလျော်ပြီး စိတ်ခံစားမှုအရ ပံ့ပိုးကူညီသော စိတ်ဝင်စားမှုအခြေပြုသင်ယူမှုအတွေ့အကြုံများမှတစ်ဆင့် ဆရာများအား ကျောင်းသား စိတ်ပါဝင်စားမှုကို လှုံ့ဆော်ရန်နှင့် ထိန်းထားနိုင်ရန် လက်တွေ့ကျသော နည်းဗျူဟာများကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။ ထို့ပြင် ဆရာများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကျန်းမာမှု၊ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် သက်မွေးမှုလုပ်ငန်းဆိုင်ရာ ရေရှည်တည်တံ့နိုင်မှုကို ထိန်းသိမ်းရာတွင် အချင်းချင်း ပံ့ပိုးကူညီမှု၏ အရေးပါမှုတို့ကိုလည်း ပြန်လည်သုံးသပ်ရင်း ဘေးကင်းလုံခြုံပြီး လူတိုင်းအကျုံးဝင်သော စာသင်ခန်းတွင်း လက်တွေ့လုပ်ငန်းများမှတစ်ဆင့် ကျောင်းသားကျန်းမာသုခကို မည်သို့ အားပေးမည်ကိုလည်း စူးစမ်းလေ့လာမည်ဖြစ်သည်။ ဤမော်ဂျူးတွင် ပါဝင်သော အခြေခံသဘောတရားများနှင့် နည်းဗျူဟာများကို အသုံးချခြင်းဖြင့် ဆရာများအနေဖြင့် မတူကွဲပြားပြီး ခက်ခဲသော ပညာရေးဆိုင်ရာ အခြေအနေများရှိ ကျောင်းသားများ၏ အမျိုးမျိုးသော လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပြင်ဆင်ပေးမည်ဖြစ်သည်။

Learning Outcomes

ဤမော်ဂျူးအပြီးတွင် သင်သည် -
  • ကျောင်းသားဗဟိုပြု သင်ယူမှု၏ အဓိက အခြေခံသဘောတရားများကို ရှင်းပြတတ်ပြီး ၎င်းတို့ကို ဆရာဗဟိုပြု ချဉ်းကပ်နည်းများနှင့် နှိုင်းယှဉ်ကြည့်တတ်မည်။
  • ကျောင်းသားဗဟိုပြု သင်နည်းဗေဒကို ထင်ဟပ်သည့် စာသင်ခန်းတွင်း လက်တွေ့လုပ်ငန်းများနှင့် နည်းဗျူဟာများကို ဖော်ထုတ်သတ်မှတ်တတ်မည်။
  • ကိုယ်ပိုင်သင်ကြားမှု အခြေအနေအတွက် အံဝင်ခွင်ကျဖြစ်သော ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်းများကို အသုံးပြု၍ သင်ယူမှုလုပ်ငန်းတစ်ခုကို စီစဉ်ရေးဆွဲတတ်မည်။
  • မတူညီသော သင်ယူမှုပုံစံများကို ဖော်ပြတတ်ပြီး မိမိကိုယ်ကိုယ်နှင့် မိမိကျောင်းသားများကို ပိုမိုနားလည်ရန် ၎င်းသင်ယူမှုပုံစံတို့ကို မည်သို့ ဖော်ထုတ်သတ်မှတ်ပြီး အသုံးချမည်ကို ပြန်လည်သုံးသပ်တတ်မည်။
  • သင်ယူမှုပုံစံများအပြင် အမျိုးမျိုးသော သင်ယူမှုဆိုင်ရာ ကြိုက်နှစ်သက်မှုများကို ရှင်းပြတတ်ပြီး မတူကွဲပြားသော ကျောင်းသားများ၏လိုအပ်ချက်များကို ဖြေရှင်းပေးသည့် သင်ခန်းစာများ စီစဉ်ရေးဆွဲနည်းကို အကဲဖြတ်တတ်မည်။
  • သင်၏ ကိုယ်ပိုင်သင်ကြားမှု အခြေအနေတွင် အမျိုးမျိုးသော သင်ယူမှုပုံစံများနှင့် ကြိုက်နှစ်သက်မှုများကို ထည့်သွင်းစဉ်းစားပြီး ဖြည့်ဆည်းနေရာချပေးသည့် သင်ယူမှုလုပ်ငန်းတစ်ခုကို စီစဉ်ပြင်ဆင်တတ်မည်။
  • လိုက်အပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်ခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုတတ်ပြီး ကျောင်းသားများ၏ မတူကွဲပြားသော လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ၎င်း၏ အရေးပါမှုကို ရှင်းပြတတ်မည်။
  • ကျောင်းသားများ၏ အားသာချက်များ၊ လိုအပ်ချက်များနှင့် သင်ယူမှုပုံစံများကို အခြေခံ၍ လိုအပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်ခြင်း နည်းဗျူဟာများ ပေါင်းစပ်ထားသည့် သင်ပြမှုပုံစံတစ်ခု ဖန်တီးတတ်မည်။
  • အမျိုးမျိုးသော စွမ်းရည်များနှင့် စိတ်ဝင်စားမှုများရှိသည့် သူများအပါအဝင် ကျောင်းသားအားလုံးကို ပံ့ပိုးကူညီရန်နှင့် ဆွဲဆောင်ရန် လက်တွေ့ကျသော လိုအပ်ချက်အလိုက်ပြောင်းလဲပြင်ဆင်ခြင်း နည်းဗျူဟာများကို အသုံးချတတ်မည်။
  • ပင်ကိုနှင့် ပင်ကိုမဟုတ်သော စိတ်အားထက်သန်မှု၊ စိတ်အားထက်သန်မှု ဖြစ်စဉ်နှင့် Maslow ၏ လိုအင်အဆင့်ဆင့် အပါအဝင်ကျောင်းသားစိတ်အားထက်သန်မှု၏ သဘောတရားများကို ရှင်းပြတတ်မည်။
  • စိတ်ခံစားမှုအရ လုံခြုံပြီး စိတ်အားထက်သန်အောင် လှုံဆော်ပေးနေသော သင်ယူမှုပတ်ဝန်းကျင်တစ်ခု၏ သွင်ပြင်လက္ခဏာများကို ဖော်ပြတတ်ပြီး ၎င်းကို ပံ့ပိုးကူညီရန် ကိုယ်တိုင်လက်တွေ့ လုပ်ဆောင်နိုင်သော နည်းဗျူဟာများကို ဖော်ထုတ်သတ်မှတ်တတ်မည်။
  • ကျောင်းသားစိတ်ဝင်စားမှုနှင့် စိတ်ဝင်တစား ပါဝင်သင်ယူမှုကို အစပျိုးရန်နှင့် ထိန်းထားရန် နည်းဗျူဟာများ အသုံးချတတ်မည်။
  • ကျောင်းသား စိတ်အားထက်သန်မှု အခြေခံသဘောတရားများနှင့် စိတ်ပါဝင်စားမှု နည်းဗျူဟာများကို သင့်ကိုယ်ပိုင်သင်ကြားမှု အခြေအနေတွင် ပေါင်းစပ်အသုံးပြုထားသည့် သင်ပြမှုပုံစံတစ်ခုကို ဖော်ထုတ်တတ်မည်။
  • ရပ်ရွာလူထုကျောင်းပတ်ဝန်းကျင်အခြေအနေများအတွင်း ကျောင်းသားများ၏ စိတ်ခံစားမှု၊ ရုပ်ပိုင်း၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာသုခကို မြှင့်တင်ပေးသည့် လက်တွေ့လုပ်ငန်းများကို ဖော်ထုတ်သတ်မှတ်တတ်မည်ဖြစ်သည်။
  • ဆရာ့ကျန်းမာသုခ၏ အရေးပါမှုကို အသိအမှတ်ပြုတတ်ပြီး စိန်ခေါ်မှုရှိသော သင်ကြားရေးအခြေအနေများအတွင်း ကိုယ်ပိုင် ကြံ့ကြံ့ခံနိုင်စွမ်း၊ စိတ်ကျန်းမာရေးနှင့် သက်မွေးမှုလုပ်ငန်းဆိုင်ရာ ရေရှည်တည်တံ့နိုင်မှုတို့ကို ပံ့ပိုးကူညီသည့် နည်းဗျူဟာများကို ဖော်ထုတ်သတ်မှတ်တတ်မည်။

Please login to take this course

ပါဝင်သော သင်ခန်းစာများ

သင်ခန်းစာ ၅.၁။ ကျောင်းသားဗဟိုပြု သင်ယူမှု

၅.၁.၁။ ကျောင်းသားဗဟိုပြု သင်ယူမှု၏ အခြေခံသဘောတရားများ

ကျောင်းသားဗဟိုပြု သင်ယူမှုနှင့် ဆရာဗဟိုပြု သင်ယူမှု

ကျောင်းသားဗဟိုပြု သင်ခန်းစာတစ်ခုကို စီစဉ်ရေးဆွဲခြင်း

သင်ယူမှုလုပ်ငန်း။ မှား/မှန်ရောထွေး အမှန်ရွေး မေးခွန်းများ – ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်းများ

သင်ယူသူဗဟိုပြု ချဉ်းကပ်နည်းများဖြင့် အရေးအဖတ် သင်ကြားခြင်း

ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်းများဖြင့် အတွက်အချက် သင်ကြားခြင်း

သင်ယူမှုလုပ်ငန်း။ သင်ယူမှုလုပ်ငန်းတစ်ခု စီစဉ်ရေးဆွဲခြင်း - အရေးအဖတ် (သို့) အတွက်အချက် သင်ကြားရန် ကျောင်းသားဗဟိုပြု သင်နည်းဗေဒ

ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - ဆရာဗဟိုပြုနှင့် ကျောင်းသားဗဟိုပြုကို ပြန်လည်လေ့လာခြင်း

သင်ခန်းစာ (၅.၁) အနှစ်ချုပ်

သင်ခန်းစာ ၅.၂။ မတူညီသော သင်ယူမှုပုံစံများနှင့် ကြိုက်နှစ်သက်မှုများ

သင်ခန်းစာ အကြို လေ့ကျင့်မှု လုပ်ငန်း - တစ်ဦးချင်း (သို့) အုပ်စုငယ်အလိုက် ပြန်လည်သုံးသပ်ခြင်း

ကော့ဗ် (Kolb) ၏ အဆင့် (၄) ဆင့်ပါ သင်ယူမှုဖြစ်စဉ်

သင်ခန်းစာ စီစဉ်ပြင်ဆင်ရာတွင် သင်ယူမှုပုံစံများနှင့် ဉာဏ်ရည်အမျိုးမျိုးကို အသုံးပြုခြင်း

ဖော်ပြချက်အသီးသီးကို သေချာစွာ ဖတ်ပြီး သင်ယူမှုပုံစံများနှင့် ပတ်သက်၍ လေ့လာသင်ယူခဲ့သည်တို့ကို အခြေခံကာ မှန်/မှား ဖြေဆိုပါ။

ကမ္ဘာတစ်ဝန်းလုံးဆိုင်ရာ သင်ယူမှုပုံစံ (UDL)

သင်ယူသူပုံစံများနှင့် ကြိုက်နှစ်သက်မှုများအပေါ် ပြန်လည်သုံးသပ်သည့် သင်ပြမှု ပုံစံတစ်ခု ဖန်တီးခြင်း

သင်ပြမှု ပုံစံတစ်ခု ဖန်တီးခြင်း (အဆက်)

သင်ခန်းစာ (၅.၂) အနှစ်ချုပ်

သင်ခန်းစာ ၅.၃။ လိုအပ်ချက်အလိုက် ပြောင်းလဲသင်ယူခြင်း

သင်ခန်းစာ အကြို လေ့ကျင့်မှုလုပ်ငန်း - တွေး-တွဲ-မျှဝေ သင်ယူခြင်း

လိုအပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်ခြင်း၏ အခြေခံသဘောတရားများ

သင်ကြားမှုလုပ်ငန်းများတွင် သာတူညီမျှမှုနှင့် တန်းတူညီမျှမှု

သင်ယူမှုလုပ်ငန်း။ လိုအပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်ခြင်း၏ အခြေခံသဘောတရားများ

ကျောင်းသားများ၏ အဆင်သင့်ဖြစ်မှု၊ စိတ်ဝင်စားမှုများနှင့် သင်ယူမှုကိုယ်ရေးအကျဉ်း

ကျောင်းသားအဆင်သင့်ဖြစ်မှု၊ စိတ်ဝင်စားမှုများနှင့် သင်ယူမှုကိုယ်ရေးအကျဉ်းများကို အခြေခံ၍ လိုအပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်ခြင်း

မြန်မာနိုင်ငံရှိ ရပ်ရွာလူထုကျောင်းများတွင် လိုအပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်‌သော သင်ခန်းစာများနှင့် လုပ်ငန်းများ စီစဉ်ပြင်ဆင်ခြင်း

ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - ကျွန်ုပ်၏ စာသင်ခန်းအတွင်း လိုအပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်ခြင်း

သင်ခန်းစာ (၅.၃) အနှစ်ချုပ်

၅.၄။ ကျောင်းသားများကို စိတ်အားထက်သန် အောင် လှုံ့ဆော်ခြင်းနှင့် စိတ်ပါဝင်စားအောင် ဆွဲဆောင်ခြင်း

သင်ငန်းစာ အကြို လေ့ကျင့်မှု လုပ်ငန်း - တွေး-တွဲ-မျှဝေ သင်ယူခြင်း

စိတ်အားထက်သန်သော ကျောင်းသားများနှင့် စိတ်အားမထက်သန်သော ကျောင်းသားများ

ပင်ကို စိတ်အားထက်သန်မှုနှင့် ပင်ကို မဟုတ်သော စိတ်အားထက်သန်မှု၏ နမူနာများနှင့် သင်္ကေတများ

စိတ်အားထက်သန်မှု ဖြစ်စဉ်

Maslow ၏ လိုအင်အဆင့်ဆင့် သီအိုရီ

သင်ယူမှုလုပ်ငန်း။ ယှဉ်တွဲခြင်း - စိတ်အားထက်သန်မှု ဖြစ်စဉ်

စီးမျောမှုလမ်းကြောင်း

သင်ယူမှုအပေါ် နက်နက်နဲနဲ ချဉ်းကပ်နည်းနှင့် အပေါ်ယံ ချဉ်းကပ်နည်း

သင်ယူမှုလုပ်ငန်း။ အမျိုးအစားခွဲခြားခြင်း - အပေါ်ယံ သင်ယူမှုနှင့် နက်နက်နဲနဲ သင်ယူမှု

နှစ်သက်မှု ဦးဆောင်သော သင်ယူမှု

ကစားနည်းအခြေပြုနှင့် မြူးထူးကစားခြင်းအခြေပြု သင်ယူမှု

အရင်းအမြစ်နည်းပါးသော စာသင်ခန်းများအတွင်း တက်တက်ကြွကြွသင်ယူမှုအတွက် ကစားနည်းနမူနာများ (အရေးအဖတ်)

အရင်းအမြစ်နည်းပါးသော စာသင်ခန်းများအတွင်း တက်တက်ကြွကြွသင်ယူမှုအတွက် ကစားနည်းနမူနာများ (အတွက်အချက်)

ပုံပြောခြင်းနှင့် ယဉ်ကျေးမှုအရ ဆီလျော်သော ဥပမာများ

ယဉ်ကျေးမှုအရ ဆီလျော်သော သင်ကြားမှု

ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - နမူနာဖြစ်ရပ်အခြေပြု ပြန်လည်သုံးသပ်မှု

သင်ခန်းစာ (၅.၄) အနှစ်ချုပ်

သင်ခန်းစာ ၅.၅။ ကျောင်းသားများနှင့် ဆရာများကို ပံ့ပိုးကူညီခြင်း

၅.၅.၁။ ကျောင်းသား၏ ကျန်းမာသုခနှင့် စိတ်ခံစားမှုဆိုင်ရာ ဘေးကင်းလုံခြုံမှု

ကျောင်းသားကျန်းမာသုခကို ခြိမ်းခြောက်မှု - ဗိုလ်ကျအနိုင်ကျင့်ခြင်းနှင့် ဆိုက်ဘာအနိုင်ကျင့်ခံရခြင်း

ကျောင်းသားကျန်းမာသုခံကို ပံ့ပိုးကူညီရေးအတွက် ဆရာ့တတ်ကျွမ်းမှုများ

ကျောင်းသား၏ စိတ်ဖိစီးမှုကို နားလည်ခြင်းနှင့် ၎င်းကို ဖော်ထုတ်သတ်မှတ်နည်း

စိတ်ဖိစီးနေသော ကျောင်းသားများကို ဆရာများက ပံ့ပိုးကူညီနိုင်မည့်နည်းလမ်း

လူမှု-စိတ်ခံစားမှုဆိုင်ရာ သင်ယူမှု (SEL)နှင့် လူမှုစိတ်ဓာတ်ရေးရာ ပံ့ပိုးကူညီမှု လုပ်ငန်းများ

လူမှု-စိတ်ခံစားမှုဆိုင်ရာ သင်ယူမှု (SEL)နှင့် လူမှုစိတ်ဓာတ်ရေးရာ ပံ့ပိုးကူညီမှု လုပ်ငန်းများအတွက် နမူနာများ

သင်ယူမှု လုပ်ငန်း။ ကာတွန်းများ – စိတ်ခံစားမှုများကို နားလည်ခြင်းနှင့် တုံ့ပြန်ဖြေရှင်းခြင်း

မြန်မာနိုင်ငံအတွင်း ဆရာ့ကျန်းမာသုခ

ဆရာ့ကျန်းမာသုခကို ပံ့ပိုးကူညီခြင်းအတွက် အခြေခံသဘောတရား (၃) ခု

အခြေခံသဘောတရား (၁) ဆရာများ၏ MHPSS လက်လှမ်းမီရရှိနိုင်ရေးကို မြှင့်တင်ပါ။

အခြေခံသဘောတရား (၂) ဆရာများအတွက် အထောက်အကူပေးသည့် လုပ်ငန်းပတ်ဝန်းကျင်များ ဖန်တီးပေးပါ။

အခြေခံသဘောတရား (၃) ဆရာ့ သဘောထား၊ စွမ်းဆောင်ရည်နှင့် ခေါင်းဆောင်မှုတို့ကို မြှင့်တင်ပါ။

ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - မိမိ၏ နှစ်မြှုပ်ဆောင်ရွက်မှုအပေါ် ပြန်လည်သုံးသပ်ခြင်း

သင်ခန်းစာ (၅.၅) အနှစ်ချုပ်

Related Courses

chatGPTicon
;