Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

မော်ဂျူး ၄။ ပြောင်းလွယ်ပြင်လွယ်ရှိခြင်းနှင့် အလိုက်သင့် ပြောင်းလဲနိုင်ခြင်း (ပန်းပျိုးသူ ဥယျာဉ်မှူး သင်တန်းအစီအစဉ်)

5

(1 Reviews)

Certified

7 hour(s)

106 Enrollment(s)

237 View(s)

Share On :

Course Description

“ပန်းပျိုးသူ ဥယျာဉ်မှူး” ဟူသည့် လုပ်ငန်းခွင် အကြို ဆရာအတတ်ပညာ အွန်လိုင်း သင်တန်း အစီအစဉ်တွင် ပင်မမော်ဂျူး (၆) ခု ပါဝင်ပြီး ယခု လေ့လာရမည့် “မော်ဂျူး ၄။ - ပြောင်းလွယ်ပြင်လွယ်ရှိခြင်းနှင့် အလိုက်သင့် ပြောင်းလဲနိုင်ခြင်း” သင်ရိုးက မြန်မာနိုင်ငံရှိ ရပ်ရွာလူထုကျောင်းများ၏ ကွဲပြားစုံလင်သော လက်တွေ့ဘဝအခြေအနေများကို အသိအမှတ်ပြုတုံ့ပြန်သည့် လူတိုင်းအကျုံးဝင်ပြီး လိုက်လျောညီထွေ ပြုပြင်နိုင်သော သင်ကြားရေးလုပ်ငန်းများကို စူးစမ်းလေ့လာသည်။ ကျောင်းသားတိုင်း ၎င်းတို့၏ လူမှုရေးနောက်ခံ၊ စွမ်းရည် (သို့) အခြေအနေတို့ကို ပဓာနမထားဘဲ တန်ဖိုးထားမှု၊ လေးစားမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံစားရသည့် သင်ယူမှုပတ်ဝန်းကျင်များ မည်သို့ဖန်တီးမည်ကို အလေးထား၍ လူတိုင်းအကျုံးဝင်ပညာရေး၏ အခြေခံသဘောတရားများကိုလည်း လေ့လာဆန်းစစ်မည်ဖြစ်သည်။ ဤသင်ရိုးက သင်ယူသူဗဟိုပြုချဉ်းကပ်နည်းမှတစ်ဆင့် လိုက်အပ်ချက်အလိုက် ပြောင်းလဲသင်ကြားခြင်း၊ ကွဲပြားစုံလင်သော ယဉ်ကျေးမှုများကို ထည့်သွင်းစဉ်းစားသော သင်နည်းဗေဒနှင့် အသက်အရွယ်စုံ (သို့) အတန်းစုံရှိသော စာသင်ခန်းများအတွင်း သင်ကြားခြင်းအတွက် နည်းဗျူဟာများကို အလေးထားလေ့လာသည်။

ဤမော်ဂျူးက ရုပ်ဝတ္ထုဖြစ်စေ၊ ဒစ်ဂျစ်တယ် (သို့) လူသားဖြစ်စေ ရရှိနိုင်သော အရင်းအမြစ်များကို အကောင်းဆုံး အသုံးချရေးတွင်လည်း ဆရာများကို ပံ့ပိုးကူညီသည်။ အင်တာနက်ချိတ်ဆက်မှုအားနည်းသည့် ပတ်ဝန်းကျင်များမှာပင် သင်ကြားမှုနှင့် စစ်ဆေးအကဲဖြတ်မှုတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT) ပေါင်းစပ်အသုံးပြုမှုကိုလည်း စူးစမ်းလေ့လာမည်ဖြစ်သည်။ ထို့ပြင် သင်ယူမှုကို မြှင့်တင်ရန် နေ့စဉ်သုံး (သို့) ကိုယ်တိုင်လုပ် အရာဝတ္ထုများ (Do It Yourself - DIY) စီမံခန့်ခွဲနည်း၊ တီထွင်ဖန်တီးနည်းနှင့် အသုံးပြုနည်းတို့ကိုလည်း လေ့လာသင်ယူမည်ဖြစ်သည်။ ဤသင်ရိုးက ရပ်ရွာလူမှုအသိုက်အဝန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို သင်ခန်းစာအသီးသီး၌ အသားပေးဖော်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံအခြေအနေနှင့် အံဝင်ခွင်ကျဖြစ်သော ပြောင်းလွယ်ပြင်လွယ်ရှိသည့် လူတိုင်းအကျုံးဝင် သင်ရိုးညွှန်းတမ်းပုံစံကို မြှင့်တင်သည်။ .

Course Objectives

မတူကွဲပြားပြီး အရင်းအမြစ်နည်းပါးသည့် ပညာရေးဆိုင်ရာ နောက်ခံအခြေအနေများတွင် ထိရောက်စွာသင်ကြားနိုင်ရန်အတွက် လိုအပ်သော အသိပညာဗဟုသုတ၊ ကျွမ်းကျင်မှုများနှင့် အတွေးအမြင်များကို ဆရာများအား ဖြည့်ဆည်းပေးရန် ဤသင်ရိုးကို စီစဉ်ရေးဆွဲထားသည်။ ဤသင်ရိုးအပြီးတွင် ဆရာများအနေဖြင့် လူတိုင်းအကျုံးဝင်သော သင်ယူမှုအတွေ့အကြုံများကို ဖန်တီးရေးဆွဲနိုင်မည်ဖြစ်သည်။ ၎င်းတို့သည် ကျောင်းသားများ၏ မတူကွဲပြားမှုကို ထည့်သွင်းစဉ်းစားပြီး ပူးပေါင်းပါဝင်မှုအတွက် အတားအဆီးများကို ကိုင်တွယ်ဖြေရှင်းပေးသည့်အပြင် ကျောင်းသားအားလုံး၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် သင်ကြားမှုကို ညှိနှိုင်းပြင်ဆင်သည်။ လူတိုင်းအကျုံးဝင်ပညာရေး၏ အခြေခံသဘောတရားများကို လက်တွေ့အသုံးချနည်း၊ ICT ကို သင့်လျော်စွာ ပေါင်းစပ်သင်ကြားနည်းနှင့် သင်ကြားသင်ယူမှု အရင်းအမြစ်များကို တီထွင်ဖန်တီးမှုရှိရှိ စီမံခန့်ခွဲနည်းတို့ကို လေ့လာသင်ယူရမည် ဖြစ်သည်။

အပြန်အလှန်တုံ့ပြန်ဆက်သွယ်မှုရှိသော လုပ်ငန်းများ၊ ပြန်လည်သုံးသပ်ခြင်းအပြင် အခြေအနေနှင့်ကိုက်ညီသော သင်ခန်းစာ စီစဉ်ပြင်ဆင်ခြင်းတို့မှတစ်ဆင့် ဆရာများသည် လိုအပ်ချက်အလိုက်ပြောင်းလဲသည့် သင်ကြားနည်းဗျူဟာများ၊ ပြောင်းလွယ်ပြင်လွယ်ဖြစ်သော သင်ရိုးညွှန်းတမ်း ညှိနှိုင်းပြင်ဆင်ချက်များနှင့် ရပ်ရွာလူထုအခြေပြု အရင်းအမြစ်များကို အသုံးပြုရာတွင် ယုံကြည်မှုရှိလာမည်ဖြစ်သည်။ ဤသင်ရိုးက မြန်မာနိုင်ငံရှိ ကျောင်းသားလုံးအတွက် သာတူညီမျှဖြစ်သော သင်ယူမှု အခွင့်အလမ်းများကို အာမခံချက်ပေးရင်း အနာဂတ်ဆရာများကို လုပ်ရည်ကိုင်ရည်ရှိပြီး အလိုက်သင့်တုံ့ပြန်ဆောင်ရွက်တတ်သူများ ဖြစ်လာစေရန်နှင့် ၎င်းတို့၏ သင်ကြားရေးလုပ်ငန်းများတွင် လူတိုင်းအကျုံးဝင်မှုရှိစေရန် ရည်ရွယ်သည်။

Learning Outcomes

ဤမော်ဂျူးအပြီးတွင် သင်သည် -
  • လူတိုင်းအကျုံးဝင် ပညာရေး၏ အခြေခံသဘောတရားများကို ဖော်ပြတတ်ပြီး မြန်မာနိုင်ငံ၏ ကွဲပြားစုံလင်သော အခြေအနေများအတွင်း ၎င်းတို့၏ ဆီလျော်မှုကို ရှင်းပြတတ်မည်။ 
  • သင်ယူမှုတွင် ကျောင်းသားများ အပြည့်အဝ ပါဝင်ခြင်းမှ တားဆီးထားသည့် အတွေ့ရများသော အတားအဆီးများကို သတ်မှတ်ဖော်ထုတ်တတ်ပြီး ၎င်းအတားအဆီးများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဖယ်ရှားရန် နည်းဗျူဟာများကို ဖော်ပြတတ်မည်။
  • ပြောင်းလွယ်ပြင်လွယ်ရှိသည့် လူတိုင်းအကျုံးဝင် သင်ရိုးညွှန်းတမ်းပုံစံနှင့် မတူကွဲပြားသော သင်ယူမှုလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားသည့် သင်ကြားနည်းဗျူဟာများကို လေ့လာဆန်းစစ်ပြီး အကဲဖြတ်တတ်မည်။
  • သင်ယူသူများ၏ မတူကွဲပြားမှုကို အဓိပ္ပာယ်ဖွင့်ဆိုတတ်ပြီး သင်ကြားမှုနှင့် သင်ယူမှုအပေါ် ၎င်း၏ သက်ရောက်မှုကို ရှင်းပြတတ်မည်။
  • ကွဲပြားစုံလင်သော ယဉ်ကျေးမှုများကို ထည့်သွင်းစဉ်းစားသောပညာရေးက ကျောင်းသား သင်ယူမှုနှင့် ရလဒ်များကို မည်သို့ တိုးတက်စေကြောင်း ဆွေးနွေးတတ်မည်။
  • မသန်စွမ်းမှုများနှင့် သင်ယူမှုအခက်အခဲရှိသူများ အပါအဝင် ကျောင်းသားအားလုံး၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိအောင် သင်ကြားမှုချဉ်းကပ်နည်းများကို ပြင်ဆင်ညှိနှိုင်းတတ်မည်။
  • ထိရောက်သော သင်ကြားမှုနှင့် စာသင်ခန်းစီမံခန့်ခွဲမှု နည်းဗျူဟာများကို အသက်အရွယ်စုံ (သို့) အတန်းစုံသော အခြေအနေတွင် အသုံးချတတ်မည်။
  • ပညာရေးတွင် ICT ၏ အခန်းကဏ္ဍကို ဆွေးနွေးတတ်ပြီး ဒစ်ဂျစ်တယ်ဆိုင်ရာ တတ်သိနားလည်မှုနှင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ တတ်သိနားလည်မှု (MIL) တို့က ကျောင်းသားများ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စေရန်နှင့် ဒစ်ဂျစ်တယ်အကြောင်းအရာများကို စဉ်းစားချင့်ချိန်၍ အသုံးပြုနိုင်စေရန် မည်သို့ကူညီပေးကြောင်း ရှင်းပြတတ်မည်။
  • သင်ကြားမှုနှင့် စစ်ဆေးအကဲဖြတ်မှုတို့တွင် တိုးတက်သည့် နည်းလမ်းဖြစ်သော အပြန်အလှန်တုံ့ပြန်ဆက်သွယ်မှုကို အသုံးပြုနိုင်ရန် ဒစ်ဂျစ်တယ်ကိရိယာများနှင့် နည်းပညာများကို ဖော်ထုတ်သတ်မှတ်ပြီး ပြန်လည်ပြောပြတတ်မည်။
  • နည်းပညာကို ထိထိရောက်ရောက် ပေါင်းစပ်အသုံးပြုသည့် သင်ခန်းစာများ စီစဉ်ပြင်ဆင်ရန် တီပက်ခ် (TPACK) နှင့် ဆမ်မာ (SAMR) ပုံစံတို့ကို အသုံးပြုတတ်မည်။
  • အရင်းအမြစ်ပုံစံ အမျိုးမျိုး (ရုပ်ဝတ္ထုနှင့် လူသား) ကို ဖော်ထုတ်သတ်မှတ်ပြီး အရင်းအမြစ်နည်းပါးသည့် ပတ်ဝန်းကျင်အခြေအနေများအတွင်း ၎င်းတို့ကို စီမံခန့်ခွဲရေး နည်းဗျူဟာများကို ဆွေးနွေးတတ်မည်။
  • သင်ကြားသင်ယူမှုကို ရရှိနိုင်သည့် ပစ္စည်းများနှင့် ပံ့ပိုးကူညီရာတွင် ဒေသတွင်း ရပ်ရွာလူထုပါဝင်ရန် နည်းလမ်းများကို ဖော်ပြတတ်မည်။
  • သင်ကြားသင်ယူမှု အထောက်အကူပစ္စည်းများအဖြစ် အသုံးပြုနိုင်သည့် နေ့စဉ်သုံးအရာဝတ္ထုများ၏ နမူနာများ ပေးတတ်မည်။
  • ရိုးရှင်းသည့် ကိုယ်တိုင်လုပ်(DIY) သင်ကြားသင်ယူမှုအထောက်အကူများကို သတ်မှတ်ဖော်ထုတ်ပြီး တီထွင်ဖန်တီးတတ်မည်။
  • သင်ယူမှုအခွင့်အလမ်းများ သာတူညီမျှ ရရှိစေရန် အင်တာနက်ကို အကန့်အသတ်နှင့်သာ ရရှိသည့် ချိတ်ဆက်မှု အားနည်းသော ဒေသများအတွင်း ICT အသုံးပြုမှုအတွက် နည်းဗျူဟာများကို လေ့လာဆန်းစစ်တတ်မည်။
  • သင်၏ သင်ကြားမှုအခြေအနေအတွင်း တိကျသေချာသည့် သင်ယူမှုရလဒ်များကို ပံ့ပိုးကူညီရန်နေ့စဉ်သုံး (သို့) DYI ပစ္စည်းများ အသုံးပြုသည့် သင်ယူမှုလုပ်ငန်းတစ်ခုကို စီစဉ်ပြင်ဆင်တတ်မည်။

Please login to take this course

ပါဝင်သော သင်ခန်းစာများ

သင်ခန်းစာ ၄.၁။ လူတိုင်းအကျုံးဝင် သင်ကြားရေးလုပ်ငန်းများ

သင်ခန်းစာအကြို လုပ်ဆောင်မှု - မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်းနှင့် နှစ်ယောက်တစ်တွဲ မျှဝေခြင်း

လူတိုင်းအကျုံးဝင်သော စာသင်ခန်း

မြန်မာနိုင်ငံ၏ လူတိုင်းအကျုံးဝင် ပညာရေး

သင်ယူမှုလုပ်ငန်း။ မေးခွန်းများ – လူတိုင်းအကျုံးဝင် ပညာရေး

လူတိုင်းအကျုံးဝင် သင်ကြားရေးလုပ်ငန်းများကို ကျင့်သားရစေရန် အတားအဆီးများကို ဖယ်ရှားနည်း

သင်ယူမှုလုပ်ငန်း - အတားအဆီးများကို ဖယ်ရှားရန် နည်းဗျူဟာများ

ဗီဒီယို သင်ခန်းစာ

အရည်အသွေးပြည့် သင်ရိုးညွှန်းတမ်းကောင်းတစ်ခုသည် အောက်ပါအတိုင်းဖြစ်သင့်သည်။

သင်ရိုးညွှန်းတမ်းကို စာသင်ခန်းများအတွင်း လိုက်လျောညီထွေရှိအောင် ပြင်ဆင်ညှိနှိုင်းရသည့် အကြောင်းအရင်းနှင့် ပြင်ဆင်ညှိနှိုင်းပုံ

သင်ရိုးညွှန်တမ်း ညှိနှိုင်းပြင်ဆင်မှုအတွက် နယ်ပယ် (၄) ရပ်

ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ

သင်ခန်းစာ (၄.၁) အနှစ်ချုပ်

သင်ခန်းစာ ၄.၂။ မတူကွဲပြားသော ကျောင်းသားများကို သင်ကြားခြင်း

သင်ခန်းစာအကြို လေ့ကျင့်မှု လုပ်ငန်း - မိမိကိုယ်ကိုယ်/အချင်းချင်း ပြန်လည်သုံးသပ်ခြင်း - သင်ယူသူများ၏ မတူကွဲပြားမှုကို နားလည်သဘောပေါက်ခြင်း

၁။ လူဦးရေစာရင်းအင်းဆိုင်ရာ မတူကွဲပြားမှု

သိမှုဆိုင်ရာ မတူကွဲပြားမှု

၃။ ရုပ်ပိုင်းဆိုင်ရာ မတူကွဲပြားမှု

၄။ လူမှု-စိတ်ခံစားမှုဆိုင်ရာ မတူကွဲပြားမှု

သင်ယူမှုပုံစံများ - ဂါ(ထ်)နာ၏ ဉာဏ်ရည်အမျိုးမျိုး

သင်ကြားခြင်းအပေါ် သက်ရောက်မှု - တစ်ဦချင်းလိုအပ်ချက်နှင့် ကိုက်ညီသော သင်ယူမှုနှင့် ကျောင်းသား၏ profile (အချက်အလက်များ စုစည်းထားသည့် ကိုယ်ရေး မှတ်တမ်း)

သင့်ကျောင်းသားများကို နားလည်စေရန် အခြားသော နည်းဗျူဟာများ

သင်ယူမှုလုပ်ငန်း။  ကျောင်းသား၏ profile

သင်ယူမှုလုပ်ငန်း ။ ယှဉ်တွဲခြင်း – ဟော်ဝါ့ဒ်ဂါထ်နာ၏ ဉာဏ်ရည်အမျိုးမျိုး

မြန်မာနိုင်ငံတွင် CRP အရေးကြီးရခြင်း အကြောင်းအရင်း

မြန်မာနိုင်ငံရပ်ရွာလူထု ကျောင်းစာသင်ခန်းများအတွင်း CRP အကောင်အထည်ဖော်ဆောင်ရေး နည်းဗျူဟာများ

သင်ယူမှုလုပ်ငန်း။ ဗီဒီယို - လက်တွေ့သင်ကြားမှုလုပ်ငန်းထဲမှ CRP

သင်ယူမှုဆိုင်ရာ ယေဘုယျ စိန်ခေါ်မှုပုံစံများ

မသန်စွမ်းမှု အမျိုးအစားများ - ၁။ ကိုယ်ခန္ဓာ မသန်စွမ်းမှု

မသန်စွမ်းမှု အမျိုးအစားများ - ၂။ သိမှု/ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နှောင့်နှေးခြင်းများ

မသန်စွမ်းမှု အမျိုးအစားများ - ၃။ လူမှု-စိတ်ခံစားမှုဆိုင်ရာ စိန်ခေါ်မှုများ

၎င်းအခက်အခဲများက သင်ယူမှုနှင့် ပူးပေါင်းပါဝင်မှုတို့အပေါ် သက်ရောက်ပုံ

စာသင်ခန်းထဲတွင် အဆိုပါ လက္ခဏာရပ်များကို ဖော်ထုတ်သတ်မှတ်ခြင်း

ရိုးရှင်းသည့် နည်းပညာများအသုံးပြုသော အခြေအနေများအတွင်း အဆင်ပြေချောမွေ့မှု အစီအစဉ်များနှင့် အထောက်အကူပြု ကိရိယာများ

စာသင်ခန်းတွင်း အဆင်ပြေချောမွေ့မှု အစီအစဉ် နမူနာများ

ရိုးရှင်းသည့် နည်းပညာအသုံးပြုထားသော အထောက်အကူပြု ကိရိယာ နမူနာများ

လူတိုင်းအကျုံးဝင်မှု ရှိစေရေးအတွက် လုပ်ဆောင်ရမည့် ရိုးရှင်းသော အဆင့်များ

သင်ယူမှုလုပ်ငန်း။ အဆင်ပြေချောမွေ့မှု အစီအစဉ်များနှင့် အထောက်အကူပြု ကိရိယာများ

အသက်အရွယ်စုံ/အတန်းစုံရှိသော စာသင်ခန်းများ၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများ

အသက်အရွယ်စုံ/အတန်းစုံရှိသော စာသင်ခန်းများအတွက် ထိရောက်သော သင်ကြားနည်းဗျူဟာများ

သင်ယူမှုလုပ်ငန်း။ မှား/မှန်ရောထွေး အမှန်ရွေး - အသက်အရွယ်စုံ/အတန်းစုံရှိသော အခြေအနေများ

ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ

သင်ခန်းစာ (၄.၂) အနှစ်ချုပ်

သင်ခန်းစာ အကြို လုပ်ဆောင်မှု - သဘောတရားများ ချိတ်ဆက်မှု ပြပုံနှင့် အုပ်စုလိုက် ဆွေးနွေးခြင်း

၂၁ ရာစု တက်ကြွသောသင်ယူမှုဆိုင်ရာ စာသင်ခန်းတွင် အပြန်အလှန်အကျိုးပြုနေသည့် အဓိကပုံစံ (၄) မျိုး

ဒစ်ဂျစ်တယ်ဆိုင်ရာ တတ်သိနားလည်မှုနှင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ တတ်သိနားလည်မှု (MIL)

သတင်းမှား၊ လုပ်ကြံသတင်းနှင့် မသမာသတင်း 

သင်ယူမှုလုပ်ငန်း။ မှား/မှန်ရောထွေး အမှန်ရွေး - ပညာရေး ICT

သင်ယူမှုလုပ်ငန်း။ နမူနာဖြစ်ရပ်များ - မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ တတ်သိနားလည်မှု (MIL)

တီပက်ခ် - TPACK အညွှန်းဘောင်

ဆမ်မာ - SAMR (အစားထိုးခြင်း၊ တိုးပွားမြှင့်တင်ခြင်း၊ ပြုပြင်မွမ်းမံပြောင်းလဲခြင်း၊ အဓိပ္ပာယ် ပြန်လည်ဖွင့်ဆိုခြင်း)

SAMR ပုံစံကို ကောင်းစွာ အသုံးချနိုင်ရန်

TPACK အညွှန်းဘောင်နှင့် ဆမ်မာ SAMR ပုံစံကို ပေါင်းစပ်၍ အသုံးပြုရန် စီစဉ်ထားသော ကိရိယာ

TPACK  နမူနာများ

သင်ယူမှုလုပ်ငန်း ၄။ သင်ပြမှုပုံစံငယ် - TPACK နှင့် SAMR ကို အသုံးပြု၍ နည်းပညာထည့်သွင်းပေါင်းစပ်ခြင်း

စစ်ဆေးအကဲဖြတ်ခြင်းအတွက် အသုံးဝင်သော ICT နည်းကိရိယာများ

သင်ယူမှုလုပ်ငန်း။ နမူနာဖြစ်ရပ် –သင်ကြားမှုနှင့် စစ်ဆေးအကဲဖြတ်မှုအတွက် ICT နည်းကိရိယာများ

သင်ယူမှုလုပ်ငန်း။ မှန်/မှား – သင်ကြားခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း တို့အတွက် ICT နည်းကိရိယာများ

ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - အပြီးသတ် - ၃-၂-၁ ပြန်လည်သုံးသပ်ခြင်း

သင်ခန်းစာ (၄.၃) အနှစ်ချုပ်

သင်ခန်းစာ အကြို လေ့ကျင့်မှုလုပ်ငန်း - သင်ကြားမှုအတွက် နေ့စဉ်သုံးအရာဝတ္ထု

အရင်းအမြစ်များကို စနစ်တကျ စုစည်းခြင်းနှင့် ထိန်းသိမ်းခြင်း

အရင်းအမြစ်များ မျှဝေအသုံးပြုရန် နည်းလမ်းများ

သင်ယူမှုလုပ်ငန်း။ တစ်ဦးချင်းလုပ်ငန်း – စာသင်ခန်းတွင်း အရင်းအမြစ်များ ရှာဖွေဖော်ထုတ်ခြင်း

ကိုင်တိုင်လုပ် နေ့စဉ်သုံး သင်ကြားမှုအရင်းအမြစ် နမူနာများ

အဆင့်လိုက်လမ်းညွှန်ချက် - သင်ခန်းစာများကို ဒေသတွင်းအရင်းအမြစ်များနှင့် စီစဉ်ပြင်ဆင်ခြင်း

သင်ယူမှုလုပ်ငန်း ၂။ မှန်/မှား - ကုန်ကျစရိတ်နည်းသော ကိုင်တိုင်လုပ် နေ့စဉ်သုံး ပစ္စည်းများ

သင်ယူမှုလုပ်ငန်း။ နမူနာဖြစ်ရပ် – ကုန်ကျစရိတ်နည်းသော ကိုင်တိုင်လုပ် နေ့စဉ်သုံး ပစ္စည်းများ

ရိုးရှင်းသည့် နည်းပညာသုံးသော/နည်းပညာ မသုံးသော ICT ကိရိယာများ

ICT ကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် မျှဝေအသုံးပြုခြင်းတွင် ရပ်ရွာလူထု ပါဝင်မှု

သင်ယူမှုလုပ်ငန်း။ နမူနာဖြစ်ရပ်- အင်တာနက်ချက်ဆက်မှု အားနည်းပြီး အရင်းအမြစ် နည်းပါးသည့် ပတ်ဝန်းကျင်များရှိ ICT

ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ

သင်ခန်းစာ (၄.၄) အနှစ်ချုပ်

Related Courses

chatGPTicon
;