မော်ဂျူး ၃။ စာသင်ခန်း စီမံခန့်ခွဲမှု (“ပန်းပျိုးသူ ဥယျာဉ်မှူး”သင်တန်းအစီအစဉ်)
5
(2 Reviews)
Certified
6 hour(s)
113 Enrollment(s)
709 View(s)

Share On :
Course Description
Course Objectives
Learning Outcomes
- ဘေးကင်းလုံခြုံမှုနှင့် ပံ့ပိုးကူညီမှုရှိသည့် အပြုသဘောဆောင်သော သင်ယူမှု ပတ်ဝန်းကျင်သည် အဘယ်ကြောင့် အရေးကြီးကြောင်း ရှင်းပြတတ်မည်။ ၎င်း၏ သွင်ပြင်လက္ခဏာများကို ဖော်ပြတတ်မည်။ ထို့ပြင် အဓိက အချက် (၅)ချက်က ကျောင်းသားများ သင်ယူမှုနှင့် ကျန်းမာသုခကို မည်သို့ မြှင့်တင်ပေးနိုင်သည့်အပေါ် ပြန်လည်သုံးသပ်တတ်မည်။
- လေးစားမှုနှင့် ပံ့ပိုးကူညီမှုရှိသည့် စာသင်ခန်းယဉ်ကျေးမှုတစ်ရပ်ကို တည်ဆောက်ရာတွင် ဆရာများ၏ အခန်းကဏ္ဍကို လေ့လာဆန်းစစ်တတ်မည်။
- စာသင်ခန်းလူမှုအသိုက်အဝန်းတစ်ခုအတွင်း ဆရာနှင့် ကျောင်းသားများ၏ ရပိုင်ခွင့်နှင့် တာဝန်များကို ဆွေးနွေးတတ်မည်။
- ဘေးကင်းလုံခြုံမှုနှင့် လူတိုင်းအကျုံးဝင်မှုရှိသည့် အပြုသဘောဆောင်သော သင်ယူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးတည်ဆောက်နိုင်ရေးတွင် စာသင်ကျောင်းများ၊ မိသားစုများနှင့် ရပ်ရွာလူမှုအသိုက်အဝန်းတို့၏ အခန်းကဏ္ဍများကို ဖော်ပြတတ်မည်။ ထို့ပြင် မိသားစုများနှင့် ရပ်ရွာလူမှုအသိုက်အဝန်းတို့ ပါဝင်နိုင်မည့် နည်းလမ်းများကို အကြံပြုတတ်မည်။
- ထိရောက်သော စာသင်ခန်းအတွင်း ပုံမှန်လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်းအတွက် အဆင့် (၃)ဆင့်ပါ လုပ်ငန်းစဉ်ကို ရှင်းပြတတ်မည်။
- အကဲစမ်းသည့် ကျောင်းသားအပြုအမူများကို ဖော်ထုတ်သတ်မှတ်တတ်မည်ဖြစ်ပြီး ဖြစ်နိုင်ခြေရှိသော အပြုအမူဆိုင်ရာ အကြောင်းရင်းများကို သတိပြုတတ်မည်။
- စာသင်ခန်းစီမံခန့်ခွဲမှု နည်းလမ်း (၁၀)ခုကို ပိုင်းခြားစိတ်ဖြာတတ်မည်ဖြစ်ပြီး သင်ခန်းစာစီစဉ်ပြင်ဆင်ရာတွင် စစ်ဆေးရန် အချက်များစာရင်းကို အသုံးပြုတတ်မည်။
- အပြုသဘောဆောင်သော သင်ယူမှုနေရာတစ်ခု ဖန်တီးမှုကို ပံ့ပိုးကူညီရန် ဤနည်းလမ်းများကို လက်တွေ့စာသင်ခန်းအခြေအနေများတွင် အသုံးချတတ်မည်။
- ပဋိပက္ခ၏ သဘောသဘာဝနှင့် ကျောင်းတွင်း ငြိမ်းချမ်းရေးယဉ်ကျေးမှုတစ်ခု ပျိုးထောင်ခြင်း၏ အဓိပ္ပာယ်ကို ရှင်းပြတတ်မည်။
- အပြုသဘောဆောင်မှု၊ ဘေးကင်းလုံခြုံမှုနှင့် ပံ့ပိုးကူညီမှုရှိသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရေးတွင် မဖြေရှင်းရသေးသည့် ပဋိပက္ခ၏ အကျိုးဆက်နှင့် ပဋိပက္ခဖြေရှင်းမှု၏ အခန်းကဏ္ဍကို ဆွေးနွေးတတ်မည်။
- စာနာမှု၊ အာရုံစိုက်၍ နားထောင်ပေးခြင်း၊ ပြဿနာဖြေရှင်းခြင်းနှင့် အပြုသဘောဆောင်သော အပြန်အလှန်ဆွေးနွေးခြင်းတို့သည် ပဋိပက္ခဖြေရှင်းမှုဆိုင်ရာ ကျွမ်းကျင်မှုများ၏ အနှစ်သာရအဖြစ် မည်သို့ လုပ်ဆောင်ကြောင်း ဖော်ပြတတ်မည်။
- စာသင်ခန်းတွင်း သဘောထားကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ထိန်းကျောင်းပဲ့ပြင်ရန် ဤကျွမ်းကျင်မှုများနှင့် စတေဗင်(STABEN)ချဉ်းကပ်နည်းကို အသုံးချတတ်မည်။
Please login to take this course
Lectures
ပါဝင်သော သင်ခန်းစာများ
သင်ခန်းစာ ၃.၁။ အပြုသဘောဆောင်သော သင်ယူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်း
သင်ခန်းစာအကြို လုပ်ဆောင်မှု - တွေး-တွဲ-မျှဝေသင်ယူခြင်းနှင့် ဉာဏ်ဖွင့်စဉ်းစားခြင်း
၃.၁.၁။ ဘေးကင်းလုံခြုံမှုနှင့် ပံ့ပိုးကူညီမှုရှိသည့် အပြုသဘောဆောင်သော သင်ယူမှုပတ်ဝန်းကျင်
ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်
လူမှုရေးပိုင်းဆိုင်ရာ ပတ်ဝန်းကျင်
စိတ်ခံစားမှုဆိုင်ရာ ပတ်ဝန်းကျင်
သင်ယူမှုပတ်ဝန်းကျင် အရေးကြီးရခြင်း အကြောင်းရင်း
အပြုသဘောဆောင်သော သင်ယူမှုပတ်ဝန်းကျင်နှင့် အပျက်သဘောဆောင်သော သင်ယူမှုပတ်ဝန်းကျင်တို့၏ ဝိသေသလက္ခဏာများ
ဘေးကင်းလုံခြုံမှုနှင့် ပံ့ပိုးကူညီမှုရှိသည့် သင်ယူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးမှုအက် အချက် (၅)ချက်
မတူကွဲပြားမှုနှင့် လူတိုင်းအကျုံးဝင်မှုကို လေးစားခြင်း
မှား/မှန်ရောထွေး အမှန်ရွေး မေးခွန်းများ
သင်ယူမှုလုပ်ငန်း။ ယှဉ်တွဲခြင်း - သင်ယူမှုပတ်ဝန်းကျင်
သင်ယူမှုလုပ်ငန်း။ အမျိုးအစားခွဲခြင်း - အပြုသဘောဆောင်သော သင်ယူမှုပတ်ဝန်းကျင်နှင့် အပျက်သဘောဆောင်သော သင်ယူမှုပတ်ဝန်းကျင်
၃.၁.၂။ ဆရာနှင့် ကျောင်းသားများ၏ အခန်းကဏ္ဍ
ကျောင်းသားများနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးများနှင့် ယုံကြည်မှု တည်ဆောက်ရန် နည်းလမ်းများ
စံနမူနာပြပုဂ္ဂိုလ်များဖြစ်သည့် ဆရာများ
သင်ယူမှုပတ်ဝန်းကျင်တစ်ခုရှိ ကျောင်းသားများ၏ ရပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများ
နမူနာဖြစ်ရပ်အသီးသီးကို ဖတ်ပါ။ ဆရာက အပြုသဘောဆောင်သော စံနမူနာပြပုဂ္ဂိုလ်တစ်ဦးဖြစ်လျှင် "မှန်"၊ မဖြစ်လျှင် "မှား" ဟု ဖြေဆိုပါ။
ဖော်ပြချက်အသီးသီးကို သေချာစွာ ဖတ်ပါ။ ကျောင်းသားနှင့် ဆရာတို့၏ အခန်းကဏ္ဍများနှင့် တာဝန်ဝတ္တရားများအကြောင်း လေ့လာသင်ယူခဲ့သည် တို့ကို အခြေခံ၍ အကောင်းဆုံးအဖြေကို ရွေးပါ။
၃.၁.၃။ အတူတကွရွက်ဆောင်ခြင်း - ကျောင်းများ၊ မိသားစုများနှင့် ရပ်ရွာလူမှု အသိုက်အဝန်းများ
လူတိုင်းအကျုံးဝင်သော ကျောင်းများ၏ သွင်ပြင်လက္ခဏာများ
ဆရာများ၊ ကျောင်းများ၊ မိသားစုများနှင့် ရပ်ရွာလူမှုအသိုက်အဝန်းများကြား ညှိနှိုင်းဆောင်ရွက်ခြင်း
ဖော်ပြချက်အသီးသီးကို သေချာစွာဖတ်ပြီး တစ်ခုချင်းစီအတွက် မှန် (သို့) မှားကို ရွေးချယ်ပါ။
သင်ယူမှုလုပ်ငန်း။ ကွက်လပ်ဖြည့် - လူတိုင်းအကျုံးဝင်သော ကျောင်းအညွှန်းဘောင်
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - အပြီးသတ်လုပ်ငန်း - တွေး-တွဲ-မျှဝေသင်ယူခြင်း
သင်ခန်းစာ (၃.၁) အနှစ်ချုပ်
သင်ခန်းစာ ၃.၂။ စာသင်ခန်းအတွင်း ကျောင်းသား၏ အပြုအမူကို ထိန်းကျောင်းပဲ့ပြင်ခြင်း
သင်ခန်းစာအကြို လုပ်ဆောင်မှု - မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်း
၃.၂.၁။ ပုံမှန်လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများ ဖန်တီးခြင်း
အဆင့် (၃)ဆင့်ပါ လုပ်ငန်းစဉ်
စာသင်ခန်းတွင်း ပုံမှန်လုပ်ငန်းစဉ် အမျိုးအစားများ
စတင်ခြင်း - စာသင်ခန်းတွင်း စည်းကမ်းများနှင့် ပုံမှန်လုပ်ငန်းစဉ်များ ဖန်တီးခြင်းအတွက် အကြံပြုချက် (၉)ချက်
ပုံမှန်လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများအကြောင်း လေ့လာသင်ယူခဲ့သည်တို့ကို အခြေခံ၍ အကောင်းဆုံး အဖြေကို ရွေးချယ်ပါ။
သင်ယူမှုလုပ်ငန်း။ နမူနာဖြစ်ရပ် - ပုံမှန်လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများ
၃.၂.၂။ အကဲစမ်းသည့် အပြုအမူများနှင့် ၎င်း၏ အရင်းခံအကြောင်းများကို နားလည်ခြင်း အကဲစမ်းသည့် အပြုအမူပုံစံများ
အပြုမူအဆိုင်ရာ ယေဘုယျ အရင်းခံအကြောင်းများ
အကဲစမ်းသည့် အပြုအမူများ
အပြုအမူပုံစံတစ်ခုချင်းစီကို သေချာစွာဖတ်ပြီး ၎င်းတို့အတွက် မှန်ကန်သည့် သာဓကကို ရွေးချယ်ပါ။ အဖြေမှန် တစ်ခုထက်ပို၍ ပါနိုင်သည်။
ဖော်ပြချက်အသီးသီးကို သေချာစွာဖတ်၍ မှန်/မှား ဖြေဆိုပါ။
ဖော်ပြချက်အသီးသီးကို သေချာစွာဖတ်ပြီး ကွက်လပ်များကို မှန်ကန်သော စကားလုံးများဖြင့် ဖြည့်ပါ။
၃.၂.၃။ ကြိုတင်ပြင်ဆင်မှုရှိသော အပြုအမူဆိုင်ရာ ထိန်းကျောင်းပဲ့ပြင်မှု နည်းဗျူဟာများ
ကြိုတင်ပြင်ဆင်မှုရှိသော အပြုအမူဆိုင်ရာ ထိန်းကျောင်းပဲ့ပြင်မှု နည်းဗျူဟာများ
ကြိုတင်ပြင်ဆင်မှုရှိသော အပြုအမူဆိုင်ရာ ထိန်းကျောင်းပဲ့ပြင်မှု နည်းဗျူဟာ (၁၀)ခု
ချမ့်စ် (CHAMPS) ကို အသုံးပြုခြင်း
ချမ့်စ် (CHAMPS) ဇယား နမူနာများ
နည်းဗျူဟာများကို သင်ခန်းစာ စီစဉ်ခြင်းနှင့် ပြင်ဆင်ခြင်းတို့တွင် အသုံးပြုခြင်း
သင်ယူမှုလုပ်ငန်း။ အပြုအမူဆိုင်ရာ အရင်းခံ အကြောင်းများအတွက် စာသင်ခန်းတွင်း နည်းဗျူဟာများ
သင်ယူမှုလုပ်ငန်း။ ဖြစ်ရပ်လေ့လာမှု - ကြိုတင်ပြင်ဆင်မှုရှိသော နည်းလမ်းများနှင့် CHAMPS
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - အပြီးသတ်လုပ်ငန်း - မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်း
သင်ခန်းစာ (၃.၂) အနှစ်ချုပ်
သင်ခန်းစာ ၃.၃။ ပဋိပက္ခ ဖြေရှင်းရေး နည်းဗျူဟာများ
သင်ခန်းစာ အကြို လုပ်ဆောင်မှု - ပြန်လည်သုံးသပ်ခြင်း
၃.၃.၁။ ငြိမ်းချမ်းရေး ယဉ်ကျေးမှုနှင့် ကျောင်းတွင်းပဋိပက္ခ
ငြိမ်းချမ်းရေးယဉ်ကျေးမှုဆိုသည်မှာ အဘယ်နည်း။
ငြိမ်းချမ်းရေး ယဉ်ကျေးမှုဆိုင်ရာ အဓိက အခြေခံမူများတွင် အောက်ပါတို့ ပါဝင်သည်။
ကျောင်းတွင်း ငြိမ်းချမ်းရေး ယဉ်ကျေးမှု
ငြိမ်းချမ်းရေးနှင့် လေးစားမှု မြှင့်တင်ရေး၌ ဆရာများ၏ အခန်းကဏ္ဍ
ကျောင်းတွင်းပဋိပက္ခကို နားလည်ခြင်း
ဤပဋိပက္ခများသည် အောက်ပါတို့ အပါအဝင် အကြောင်းအမျိုးမျိုးမှ ဖြစ်ပေါ်လာနိုင်သည်။
ငြိမ်းချမ်းရေးယဉ်ကျေးမှုနှင့် ကျောင်းတွင်း ပဋိပက္ခအကြောင်း လေ့လာသင်ယူခဲ့သည်များကို အခြေခံ၍ အဖြေမှန် တစ်ခုကို ရွေးချယ်ပါ။
သင်ယူမှုလုပ်ငန်း။ နမူနာဖြစ်ရပ် - စာသင်ခန်းတွင်း ငြိမ်းချမ်းရေးယဉ်ကျေးမှု
၃.၃.၂။ ပဋိပက္ခ တုံ့ပြန်ဖြေရှင်းမှုများ
တိုက်ခိုက်ခြင်း၊ တိမ်းရှောင်ခြင်း၊ အလိုက်သင့် လုပ်ဆောင်ခြင်း (Fight, Flight, Flow)
အပြုသဘော (သို့) အပျက်သဘောဆောင်သော ပဋိပက္ခတုံ့ပြန်ဖြေရှင်းမှုများ
ပဋိပက္ခဖြေရှင်းရေးတွင် စိတ်ခံစားမှုများနှင့် စာနာမှုတို့၏ အခန်းကဏ္ဍ
စိတ်ခံစားမှုဆိုင်ရာ တတ်သိနားလည်မှုကို ပျိုးထောင်ခြင်း
စိတ်ခံစားမှုဆိုင်ရာ တတ်သိနားလည်မှုအတွက် လက်တွေ့နမူနာများ
သင်ယူမှုလုပ်ငန်း။ ယှဉ်တွဲခြင်း - တိုက်ခိုက်ခြင်း၊ တိမ်းရှောင်ခြင်း (သို့) စီးမျောခြင်း
သင်ယူမှုလုပ်ငန်း။ နမူနာဖြစ်ရပ် - စိတ်ခံစားမှုဆိုင်ရာ တတ်သိနားလည်မှု စွမ်းရည်များ
၃.၃.၃။ ပဋိပက္ခဖြေရှင်းနည်းများ
ပဋိပက္ခဖြေရှင်းနည်း (၅)မျိုးမှာ -
ပဋိပက္ခဖြေရှင်းနည်းများ (အဆက်)
စတေဗင်(STABEN)ချဉ်းကပ်နည်း
နမူနာဖြစ်ရပ် ၁ - ကျောင်းသားအုပ်စုများအတွင်း စီမံချက်လုပ်ဆောင်နေကြစဉ် ပဋိပက္ခ ဖြစ်ပေါ်ခြင်း
နမူနာဖြစ်ရပ် ၂ - စာသင်ခန်းတွင်း ပဋိပက္ခနှင့် စိတ်ခံစားမှုဆိုင်ရာ အရင်းခံအကြောင်း
အောက်ပါ ဖော်ပြချက်အသီးသီးကို သေချာစွာဖတ်ပါ။ ထို့နောက် မှန်ကန်သော ပဋိပက္ခဖြေရှင်းနည်းပုံစံကို ရွေးချယ်ပါ။
သင်ယူမှုလုပ်ငန်း။ သရုပ်ဆောင် သင်ကြား၊ သင်ယူခြင်း - စတေဗင်(STABEN)ချဉ်းကပ်နည်း
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - သင်ခန်းစာအဆုံး ပြန်လည်သုံးသပ်ခြင်း
သင်ခန်းစာ (၃.၃) အနှစ်ချုပ်
Related Courses
