မော်ဂျူး(၃) အိတ်ချ်အိုင်ဗီ အေအိုင်ဒီအက်(စ်) အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်၊ လိင်မှု နှင့် မျိုးဆက်ပွား ကျန်းမာရေး
1.7
(89 Reviews)
Certified
4 week(s)
662 Enrollment(s)
6673 View(s)
Share On :
Course Description
အိတ်ချ်အိုင်ဗီ အေအိုင်ဒီအက်(စ်) လိင်မှု နှင့် မျိုးဆက်ပွား ကျန်းမာရေး အွန်လိုင်သင်ခန်းစာမှ ကြိုဆိုပါသည်။ဤအွန်လိုင်းသင်ခန်းစာကို United Budget Result and Accountability Framework ၏ ရန်ပုံငွေ ပံ့ပိုး မှု ဖြင့် ယူနက်စကိုမှ စီစဉ်ခဲ့ပြီး၊ ကျန်းမာရေး အ ကြံပေး ဒေါက်တာ နေဝင်း ဟောပြော ပို့ချ သည့် သင်ခန်းစာများ ပါရှိပါသည်။ သင်ခန်းစာကို အောက်ဖော်ပြပါ မော်ဂျူး ၃ ခု ဖြင့် ဖွဲ့စည်းထားပြီး၊ နိုင်ငံတကာ လိင်မှုပညာရေး လမ်းညွှန်ချက်များ နှင့် ကိုက်ညီစွာ ပြုစုထားပါသည်။
မော်ဂျူး(၁) ကျန်းမာ ပျော်ရွှင် ဘဝသံစဉ်
မော်ဂျူး(၂) လိင်မှုနှင့် မျိုးဆက်ပွားကျန်းမာရေး
မော်ဂျူး(၃) အိတ်ချ်အိုင်ဗီ အေအိုင်ဒီအက်(စ်)
မော်ဂျူး တစ်ခုစီ၏ အဆုံးတွင် သင်တန်း ပြီးမြောက်ကြောင်း လက်မှတ် ထုတ်ယူရန် အတွက် မေးခွန်းများကို ဖြေဆိုရမှာ ဖြစ်ပါသည်။
ဤအွန်လိုင်းသင်တန်းကို သင်တန်း ပြီးဆုံးသည် အထိ မိမိ နှစ်သက်ရာ အချိန်တွင် အချိန်ယူ လေ့လာနိုင်ပါသည်။ မိမိ တစ်ဦးတည်း လေ့လာနိုင်သလို လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းများ နှင့် လည်း Discussion Session တွင် ဆွေးနွေးပြီး လေ့လာ နိုင်ပါသည်။
Course Objectives
ယေဘုယျအား ဖြင့် ဤသင်တန်း သည် လူငယ်လူရွယ်များနှင့် ဆရာ၊ဆရာမများ အတွက် အခြေခံ လိင်မှု နှင့် မျိုးဆက်ပွားဆိုင်ရာ ဗဟုသုတများ ရရှိစေရန် ၊ လိင်မှု နှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပြသနာများမှ ရှောင်ရှားနိုင်စေရန် နှင့် လူကြီးဘဝကို ကျန်းမာ ပျော်ရွှင်စွာ ပုံဖော်နိုင်စေရန် ရည်ရွယ်ပါသည်။
Learning Outcomes
မော်ဂျူး (၃) ပြီးဆုံးပါက သင်ယူသူများသည်
- အိတ်ချ်အိုင်ဗီ အေအိုင်ဒီအက်(စ်)၏ သဘောသဘာဝကို သိရှိနားလည်မည်။
- အိတ်ချ်အိုင်ဗီ ပိုးစစ်ဆေးခြင်းနှင့် ကြားကာလ အကြောင်းကို သိရှိနားလည်မည်။
- အိတ်ချ်အိုင်ဗီ ပိုးမကူးစက်အောင် မည်သို့ ကာကွယ်ရမည်ကို သိရှိနားလည်မည်။
- အိတ်ချ်အိုင်ဗီကို ကုသခြင်းနှင့် တန်ပြန်တိုက်ခိုက်ခြင်းများအတွက် ဗဟုသုတ ရရှိမည်။
- အိတ်ချ်အိုင်ဗီပိုးရှိသူနှင့် အေအိုင်ဒီအက်စ် ဝေဒနာသည်များအပေါ် ကောင်းမွန်သော သဘောထားများ ထားရှိတတ်မည်။
Please login to take this course
Lectures
Lectures
အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ်
ကြားကာလ (Window Period)
အိတ်ချ်အိုင်ဗီပိုး မကူးစက်အောင်ကာကွယ်ခြင်း
အိတ်ချ်အိုင်ဗီကို ကုသခြင်းနှင့် တန်ပြန်တိုက်ခိုက်ခြင်း
အိတ်ချ်အိုင်ဗီပိုးရှိသူနှင့် အေအိုင်ဒီအက်စ် ဝေဒနာသည်များအပေါ် သဘောထား
Course Live Sessions/Zoom
Course Live Sessions/Zoom
Virtual Discussion Session with Dr Ne Win
Virtual Discussion Session with Dr Ne Win
Virtual Discussion Session with Dr.Ne Win
Virtual Discussion Session with Dr.Ne Win
Related Courses
