Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

မော်ဂျူး ၂။ ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး (“ပန်းပျိုးသူ ဥယျာဉ်မှူး”သင်တန်းအစီအစဉ်)

3

(1 Reviews)

Certified

7 hour(s)

322 Enrollment(s)

2059 View(s)

Share On :

Course Description

“ပန်းပျိုးသူ ဥယျာဉ်မှူး” ဟူသည့် လုပ်ငန်းခွင် အကြို ဆရာအတတ်ပညာ အွန်လိုင်း သင်တန်း အစီအစဉ်တွင် ပင်မမော်ဂျူး (၆) ခု ပါဝင်ပြီး ယခု လေ့လာရမည့် “မော်ဂျူး ၂ ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး” တွင် မြန်မာနိုင်ငံရှိ ရပ်ရွာအခြေပြုကျောင်းများနှင့် ကိုက်ညီဆီလျော်သော ခေတ်မီသင်နည်းဗေဒဆိုင်ရာ သဘောတရားများနှင့် လက်တွေ့လုပ်ငန်းများကို ဖော်ပြထားသည်။ သင်ယူမှုဆိုသည်မှာ အဘယ်နည်း၊ အဘယ်ကြောင့် အရေးကြီးသနည်း၊ မည်သို့ထိရောက်စွာ သင်ယူနိုင်သနည်း စသည့် နက်နဲသော နားလည်သဘောပေါက်မှုများအပေါ် အခြေခံထားသည့် လက်တွေ့ကျသော သင်ကြားနည်းများကို လေ့လာဆန်းစစ်ရမည် ဖြစ်ပါသည်။ ထို့အပြင် ထိုသင်ကြားနည်းများကို သင်၏ လက်တွေ့ သင်ကြား‌ရေးလုပ်ငန်းတွင် ကိုယ်တိုင် အသုံးချရန်နှင့် လေ့ကျင့်ရန် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။ ယခင်သင်ခန်းစာများတွင် ဖော်ပြခဲ့သော အခြေခံသဘောတရားများအပေါ် အခြေခံ၍ ဤမော်ဂျူးတွင် သင်ကြားရေးနှင့် သင်ယူရေးအတွက် 'မည်သို့ဆောင်ရွက်ရမည် (How)' ဆိုသည့် အချက်ကို အလေးပေးထားပါသည်။ အထူးသဖြင့် ဆရာများအနေဖြင့် ရည်ရွယ်ချက်ရှိရှိ သင်ခန်းစာဒီဇိုင်းရေးဆွဲခြင်းနှင့် ပို့ချခြင်းတို့မှတစ်ဆင့် သီအိုရီများကို လက်တွေ့လုပ်ဆောင်မှုအဖြစ် မည်သို့ပြောင်းလဲကျင့်သုံးရမည်ကို အဓိကထား ဖော်ပြထားပါသည်။

Course Objectives

သင်တန်းသားများအား ထိရောက်သော သင်ကြားမှု၊ သင်ယူမှုနှင့် စစ်ဆေးအကဲဖြတ်မှုဆိုင်ရာ အခြေခံ အသိပညာဗဟုသုတနှင့် ကျွမ်းကျင်မှုများ ပြည့်စုံစေရန် စီစဉ်ရေးဆွဲထားပါသည်။ သင်တန်းသားများအနေဖြင့် ဤအွန်လိုင်း သင်တန်းတစ်လျှောက်တွင် သင်ကြားသင်ယူမှုဆိုင်ရာ အခြေခံသဘောတရားများ၊ ပုံစံများ၊ နည်းလမ်းများနှင့်အတူ အဓိက သင်နည်းဗေဒဆိုင်ရာ အယူအဆများကို စူးစမ်းလေ့လာရမည်ဖြစ်သည်။ ထို့အပြင် ဆီလျော်သည့် စစ်ဆေးအကဲဖြတ်ခြင်းနှင့် တုံ့ပြန်အကြံပြုချက်ပေးခြင်းဆိုင်ရာ နည်းလမ်းများလည်း ပါဝင်သည်။ လက်တွေ့ပြန်လည်အသုံးချနိုင်မှု ရှိ၊မရှိကို စစ်ဆေးအကဲဖြတ်ရန်အတွက် ရိုးရှင်းလွယ်ကူသည့် rubrics များ (အကဲဖြတ် အမှတ်ပေးသည့် စံနှုန်းများ သတ်မှတ်ထားသည့် ဇယား) အသုံးပြုမှုလည်း ပါဝင်သည်။ နောက်ဆုံးသင်ခန်းစာတွင် သင်တန်းသားများအနေဖြင့် ကောင်းမွန်သော သင်ပြမှုပုံစံများ၏ စံသတ်မှတ်ချက်များအကြောင်းကို သင်ယူပြီး စမတ်(SMART)သင်ယူမှုရလဒ်များကို ရေးဆွဲရမည်ဖြစ်သည်။ ထို့အပြင် ရှင်းလင်းပြီး စနစ်တကျရှိသော သင်ပြမှုပုံစံများ ဖန်တီးရေးဆွဲရန် အစီအစဉ်ချခြင်းနှင့် အပိုင်းလိုက် ခွဲခြင်း နည်းလမ်းများကို လက်တွေ့အသုံးချနိုင်မည် ဖြစ်ပါသည်။

Learning Outcomes

ဤမော်ဂျူးအပြီးတွင် သင်သည် -

  • သင်နည်းဗေဒနှင့် ဘာသာရပ်သင်ကြားရေးအတွက် သင်နည်းဗေဒဆိုင်ရာ အသိပညာ(PCK)တို့ကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
  • သင်ယူမှုအခြေခံသဘောတရား (၇)ခုက ထိရောက်သော သင်ကြားသင်ယူမှုကို မည်သို့မြှင့်တင်ပေးကြောင်း အကျဉ်းချုပ် ဖော်ပြတတ်မည်။
  • သင်ယူမှုပုံစံ (၃)မျိုးကို ဆန်းစစ်တတ်ပြီး ၎င်းတို့ကို သင်၏ လက်တွေ့သင်ကြားရေးလုပ်ငန်းတွင် မည်သို့ အသုံးချနိုင်ကြောင်း လေ့လာဖော်ထုတ်တတ်မည်။
  • အကျိုး သက်ရောက်မှု မြင့်မားသော သင်ကြားနည်းဗျူဟာ  (၁၀)ခုကို သတ်မှတ်ဖော်ထုတ်တတ်မည်။ 
  • ဘလွန်း(မ်)၏ သင်ယူမှုမျိုးခွဲပညာနှင့် အဆင့်မြင့်တွေးခေါ်မှုကို မြှင့်တင်ပေးမည့် မေးခွန်းများထုတ်ရာတွင် ၎င်း၏ အသုံးဝင်မှုကို ရှင်းပြတတ်မည်။ 
  • မိမိကိုယ်ကိုယ် စီမံခန့်ခွဲသင်ယူခြင်း အယူအဆနှင့် သင်ယူမှုအောင်မြင်ရေးကို တွန်းအားပေးရန် ၎င်းနည်းလမ်းများကို မည်သို့အသုံးချနိုင်ကြောင်း ဖော်ထုတ်သတ်မှတ်တတ်မည်။  
  • ပူးပေါင်းဆောင်ရွက် သင်ယူနည်းများနှင့် သင်ကြားသင်ယူမှု မြှင့်တင်ရေးအပေါ် ၎င်းတို့၏ သက်ရောက်မှုကို ဆွေးနွေးတတ်မည်။ 
  • အမျိုးမျိုးသော စစ်ဆေးအကဲဖြတ်မှုပုံစံများနှင့် ချဉ်းကပ်နည်းများကို နှိုင်းယှဉ်လေ့လာတတ်မည်။ 
  • မိမိကိုယ်ကိုယ်နှင့် အချင်းချင်း စစ်ဆေးအကဲဖြတ်သော နည်းဗျူဟာများ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်ကို ရှင်းပြတတ်မည်။ 
  • အပြုသဘောဆောင်သော တုံ့ပြန်အကြံပြုချက်ပေးခြင်း၏ အဓိကအင်္ဂါရပ်များနှင့် ၎င်းက ကျောင်းသားများ၏ သင်ယူမှုနှင့် စိတ်ဝင်တစားပါဝင်မှုတို့ကို မည်သို့ ကူညီပံ့ပိုးပေးကြောင်း ဖော်ပြတတ်မည်။ 
  • လက်တွေ့အသုံးချနိုင်မှုအပေါ် စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ကျောင်းသားများ၏ စွမ်းဆောင်ရည်ကို စစ်ဆေးတိုင်းတာရာတွင်  rubrics 
  • သင်ခန်းစာ စီစဉ်ခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းစဉ်ကို ရှင်းပြတတ်မည်။ 
  • ကောင်းမွန်သော သင်ပြမှုပုံစံတစ်ခုတွင် ရှိသင့်သော အဓိက စံသတ်မှတ်ချက်များကို သတ်မှတ်ဖော်ထုတ်ပြီး အသုံးချတတ်မည်။ 
  • ဘလွန်း(မ်)၏ သင်ယူမှုမျိုးခွဲပညာကို အသုံးပြု၍ စမတ်(SMART)သင်ယူမှုရလဒ်များကို ဖော်ထုတ်တတ်မည်။ 
  • Rubrics ဇယားတစ်ခုသည် သင်ယူမှုရလဒ်များနှင့် မည်သို့ ကိုက်ညီကြောင်း ပိုင်းခြားစိတ်ဖြာတတ်မည်။ 

Please login to take this course

ပါဝင်သော သင်ခန်းစာများ

သင်ခန်းစာ ၂.၁။ ထိရောက်သော သင်ကြားရေး နည်းဗျူဟာများ

သင်ခန်းစာအကြို လုပ်ဆောင်မှု - မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်း

PK၊ CKနှင့် PCK တို့နှင့် ပတ်သက်ပြီး သင်ယူခဲ့သည်များကို အခြေခံ၍ မှန်/မှား ဖြေဆိုပါ။

၂.၁.၂။ သင်ယူမှုအခြေခံသဘောတရားများနှင့် သင်ယူမှုပုံစံများ

သင်ယူမှုသဘောတရားများ

ဗီဒီယို သင်ခန်းစာ - သင်ယူမှု ပုံစံများ

အောက်တွင် ဖော်ပြထားသော "တတ်ကျွမ်းမှုအခြေပြု သင်ယူမှုပုံစံ" ၏ ဥပမာများကို သက်ဆိုင်ရာ သင်ကြားမှု အဆင့်များနှင့် ယှဉ်တွဲပါ။

ယှဉ်တွဲပါ - ပြဿနာဖြေရှင်းမှုအခြေပြု သင်ယူမှု(PBL)ပုံစံ

အောက်ပါ နမူနာများကို ဖတ်၍ သင်ခန်းစာတစ်ခုစီအတွက် အသုံးပြုထားသော သင်ကြားနည်းများနှင့် ယှဉ်တွဲပါ။

သင်ခန်းစာအဆုံး ပြန်လည် သုံးသပ်မှု

သင်ခန်းစာ (၂.၁) အနှစ်ချုပ်

သင်ခန်းစာ ၂.၂။ ထိရောက်သော သင်ကြားပို့ချမှု နည်းလမ်းများ

သင်ခန်းစာအကြို လုပ်ဆောင်မှု - တွေး-တွဲ-မျှဝေ သင်ယူခြင်း

ဗီဒီယို သင်ခန်းစာ - ဘလွန်း (မ်) ၏ သင်ယူမှု မျိုးခွဲပညာ

အောက်ပါ ဖော်ပြချက် နမူနာအသီးသီးကို ဖတ်ရှုပါ။ ဖော်ပြချက် တစ်ခုချင်းစီအတွက် ဘလွန်း(မ်)သင်ယူမှုမျိုးခွဲပညာ၏ သိမှု၊ ခံစားမှု (သို့) ကျွမ်းကျင်မှုနယ်ပယ်တို့အနက်မှ ကိုယ်စားပြုသည့် နယ်ပယ်ကို ယှဉ်တွဲပါ။

ဘလွန်း(မ်)၏ သင်ယူမှုမျိုးခွဲပညာဖြင့် သင်ယူမှုရလဒ်များ ရေးသားခြင်း

မေးခွန်းအမျိုးအစားများ - အပိတ်နှင့် အဖွင့်မေးခွန်းများ

သင်ယူမှုလုပ်ငန်း - အပိတ်နှင့် အဖွင့်မေးခွန်းများ

သင်ယူမှုအတွက် ကိုယ်တိုင်တာဝန်ယူခြင်း၏ အရေးပါပုံ

မေးခွန်းတို - သင်ယူရေးတွင် ကိုယ်တိုင် တာဝန်ယူခြင်း

ပူးပေါင်းဆောင်ရွက် သင်ယူမှုအတွင်း ဆရာနှင့် ကျောင်းသား၏ အခန်းကဏ္ဍ

မှား/မှန်ရောထွေး အမှန်ရွေး - မိမိကိုယ်ကိုယ် စီမံခန့်ခွဲသင်ယူခြင်း နှင့် ပူးပေါင်းဆောင်ရွက်သင်ယူခြင်း

သင်ခန်းစာအဆုံး ပြန်လည် သုံးသပ်မှု

သင်ခန်းစာ (၂.၂) အနှစ်ချုပ်

သင်ခန်းစာ ၂.၃။ စစ်ဆေးအကဲဖြတ်ခြင်းနှင့် တုံ့ပြန်အကြံပြုချက်ပေးခြင်း နည်းလမ်းများ

ပညာရေးစနစ်အတွင်းရှိ စစ်ဆေးအကဲဖြတ်မှု အဆင့်များ

အားနည်းချက်ရှာ စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း

စစ်ဆေးအကဲဖြတ်မှုပုံစံများ

အသုံးများသော စစ်ဆေးအကဲဖြတ်မှု နည်းလမ်းများ

စစ်ဆေးအကဲဖြတ်မှု အခြေခံသဘောတရား (၇) ရပ်

ဖြစ်ရပ်လေ့လာမှု - စစ်ဆေးအကဲဖြတ်မှုကို လက်တွေ့ နားလည်ခြင်း

ဖော်ပြချက်အသီးသီးကို သေချာစွာ ဖတ်ပါ။ စစ်ဆေးအကဲဖြတ်ခြင်းနှင့် ပတ်သက်၍ သင်ယူခဲ့သည့်အရာကို အခြေခံပြီး ၎င်းသည် မှန်သည် (သို့) မှားသည်ကို ဆုံးဖြတ်ပါ။

ဖော်ပြချက်အသီးသီးကို သေချာစွာ ဖတ်ရှုပါ။

PATS သဘောတရား 

တုံ့ပြန်အကြံပြုချက် ပုံစံများ

တုံ့ပြန်အကြံပြုချက် ပုံစံများ - အဆက်

အောက်ပါ စာသင်ခန်းအခြေအနေအသီးသီးကို ဖတ်ရှုပါ။ မည်သည့် အခြေအနေ၌ ဆရာသည် တုံ့ပြန်အကြံပြုချက်၏ မည်သည့်အခြေခံသဘော သဘာဝကို အသုံးပြုနေကြောင်း ဆုံးဖြတ်ပါ။

သင်ယူမှုလုပ်ငန်း - တုံ့ပြန်အကြံပြုချက် ပုံစံအမျိုးမျိုး အသုံးပြုခြင်း၏ အရေးပါမှု

လက်တွေ့အသုံးချနိုင်မှုကို စစ်ဆေးအကဲဖြတ်ခြင်းအတွက် rubrics ကို အသုံးပြုခြင်း

လက်တွေ့အသုံးချနိုင်မှုကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် rubrics ဇယားတို့အကြောင်း သင်ယူခဲ့သည်တို့ကို အခြေခံ၍ အဖြေမှန်ကို ရွေးချယ်ပါ။

သင်ခန်းစာအဆုံး ပြန်လည် သုံးသပ်မှု

သင်ခန်းစာ (၂.၃) အနှစ်ချုပ်

သင်ခန်းစာ ၂.၄။ သင်ခန်းစာပြင်ဆင်ခြင်း

သင်ခန်းစာအကြို လုပ်ဆောင်မှု

ကောင်းမွန်သော သင်ပြမှုပုံစံတစ်ခု၏ စံသတ်မှတ်ချက်များ

သင်ခန်းစာ ရေးဆွဲပြင်ဆင်ခြင်း လုပ်ငန်းစဉ်

သင်ယူမှုလုပ်ငန်း ၁။ ကောင်းစွာ စီစဉ်ပြင်ဆင်ထားသော သင်ခန်းစာများနှင့် ပြင်ဆင်မှု အားနည်းသော သင်ခန်းစာများ

သင်ယူမှုလုပ်ငန်း ၃။ နမူနာ ဖြစ်ရပ်များ - သင်ပြမှုပုံစံများ

စမတ်(SMART)သင်ယူမှုရလဒ်များ

အောက်တွင် စမတ်(SMART) ဖြစ်သော သင်ယူမှုရလဒ်၏ နမူနာပုံစံတစ်ခုကို ဖော်ပြထားပါသည်။

သင်ယူမှုလုပ်ငန်း - စမတ်(SMART)သင်ယူမှုရလဒ်များ

သင်ယူမှုလုပ်ငန်း - ဘလွန်း(မ်)၏ သင်ယူမှုမျိုးခွဲပညာကို အသုံးပြု၍ စမတ်(SMART) သင်ယူမှု ရလဒ်များဖော်ထုတ်ခြင်း

သင်ယူမှုလုပ်ငန်း - ဘလွန်း(မ်)၏ သင်ယူမှုမျိုးခွဲပညာကို အသုံးပြု၍ စမတ် (SMART) သင်ယူမှုရလဒ်များ ဖော်ထုတ်ခြင်း

Rubrics ဇယားပါ အစိတ်အပိုင်းများ

ကောင်းစွာ စီစဉ်ရေးဆွဲထားသည့် rubric တစ်ခု၏ အစိတ်အပိုင်းများ

သင်ယူမှုလုပ်ငန်း - rubrics ဇယားကို သင်ယူမှု ရလဒ်များနှင့် ချိန်ညှိခြင်း

သင်ယူမှုလုပ်ငန်း - rubric ဇယား ရေးသားခြင်း (ဤသင်ယူမှု လုပ်ငန်းကို အတန်းတွင်း ဆွေးနွေး၍ လုပ်ဆောင်နိုင်ပါသည်)

မှန်/မှား ဖြေဆိုပါ - rubrics ဇယား

သင်ခန်းစာအဆုံး ပြန်လည် သုံးသပ်မှု

သင်ခန်းစာ (၂.၄) အနှစ်ချူပ်

Related Courses

chatGPTicon
;