Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

မော်ဂျူး ၂ - ကိုယ်အင်္ဂါချို့ယွင်းချက်ရှိသော မသန်စွမ်းကလေးများအား လူတိုင်းအကျုံးဝင်နည်းဖြင့် လေ့ကျင့်သင်ကြားပေးခြင်း အွန်လိုင်းသင်ခန်းစာ

4.9

(16 Reviews)

Certified

4 week(s)

573 Enrollment(s)

10859 View(s)

Share On :

Course Description

မသန်စွမ်းကလေးများသည်မသန်စွမ်းမဟုတ်သောကလေးများနှင့်အတူတူသင်ကြားမှု၊သင်ယူမှု ဖြစ် စဉ်တွင်ပါဝင်ခွင့်ရှိကြောင်းနိုင်ငံတကာလူ့အခွင့်အရေးကြေငြာချက်စာတမ်းများတွင်ဖော်ပြထားကြပါသည်။သို့ပါသော် လည်းမသန်စွမ်းကလေးများသည်မသန်စွမ်းမှုကိုဖြစ်စေသော အတားအဆီးများ ကြောင့်ပညာသင်ယူခွင့်များဆုံးရှုံးနေကြပါသည်။ထိုအတားအဆီးများထဲတွင်မသန်စွမ်းကလေးများ၏မတူကွဲပြားသောခန္ဓာကိုယ်ပိုင်းဆိုင် ရာလုပ်ဆောင်မှုအခြေအနေများကြောင့်ပေါ်ပေါက်လာသော သီးခြားလိုအပ်ချက်ပေါ်မူတည်၍မသင်ကြားပေးနိုင်ခြင်းသည်မသန်စွမ်းကလေးများနှင့်ဆရာ၊ဆရာမများကြုံတွေ့နေရသောအတားအဆီးတစ်ခုဖြစ်သည်။မြန် မာနိုင်ငံတွင်ပြုလုပ်ခဲ့သောမသန်စွမ်းမှု ဆိုင်ရာလူတိုင်းအကျုံးဝင်ပညာရေးသုတေသနစာတမ်းများတွင်လည်းမသန်စွမ်း ကလေးများ ကိုလေ့ကျင့်သင်ကြားပေးရာတွင် ဆရာ၊ဆရာမများအနေဖြင့် အခက်အခဲရှိကြောင်း တွေ့ရှိရပါသည်။ဤ“ကိုယ်အင်္ဂါချို့ယွင်းချက်ရှိသောမသန်စွမ်းကလေးများအားလူတိုင်းအကျုံးဝင်နည်းဖြင့် လေ့ ကျင့်သင်ကြားပေးခြင်းအွန်လိုင်းသင်ခန်းစာ”သည်မသန်စွမ်းကလေးများနှင့်ဆရာ၊ဆရာမများအနေဖြင့် သင် ကြား၊သင်ယူမှုဖြစ်စဥ်တွင်ကြုံတွေ့နေရသောအတားအဆီး၊အခက်အခဲများကိုတစ် စိတ်တစ်ပိုင်းကျော်လွှားဖြေရှင်းရန်ရည်ရွယ်သည်။ဤသင်ခန်းစာပါအကြောင်းအရာများသည်ပင်မ စာသင်ကျောင်းများတွင် အတွေ့များသော ချို့ယွင်းမှုအမျိုးအစားများဖြစ် သည့်သူငယ်နာအကြော တင်း(စီပီ)၊ မွေးရာပါကိုယ်အင်္ဂါပုံပျက်ယွင်းမှုနှင့် အခြားကိုယ်အင်္ဂါမသန် စွမ်း ကလေးများအား လူတိုင်းအကျုံးဝင်နည်းဖြင့် ပင်မစာသင် ခန်းများတွင် သင်ကြားရမည့် နည်းလမ်းအချို့ကို ဦးတည် ထားပါသည်။


ထို့အပြင်ဤသင်ခန်းစာသည်၂၀၂၀ပြည့်နှစ်စက်တင်ဘာလတွင်ပြဌာန်းခဲ့သောဆရာများ အတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်အညွှန်းဘောင်(Teacher Competencies Standard Framework) နှင့်ကိုက်ညီမှုရှိသည့်အချို့သော အညွှန်းကိန်းများကို အခြေခံထားပါသည်။ထို အညွှန်းကိန်းများမှာ-

  • (က)(၁.၂.၁) ပိုမိုကောင်းမွန် စွာသင်ယူနိုင်ရေး အတွက်အထူးသင်ယူမှု လိုအပ်ချက်ရှိသော သင်ယူသူများ အပါအဝင် နောက်ခံ အကြောင်းအရာ အမျိုးမျိုး(ကျား၊မ၊ တိုင်းရင်းသား မျိုး နွယ်စု၊ယဉ်ကျေးမှု) နှင့် စွမ်းရည် အမျိုးမျိုး ရှိသော ကျောင်းသားများအား ပံ့ပိုး ကူညီနိုင်မည့် သင်နည်းအမျိုးမျိုး ကိုဖော်ထုတ်သတ်မှတ်မည်။
  • (ခ)(၃.၁.၁) သင်ယူမှု လုပ်ငန်းများတွင် ကျောင်းသားအားလုံး ပါဝင် ဆောင်ရွက်မှုအသေ အချာ ရှိစေရေး အတွက်စာသင်ခန်းနေရာအနေအထား၊ အတန်း တွင်းရှိ ပစ္စည်းများနှင့် အရင်းအမြစ်များကို စီမံ အသုံးပြုသည်။
  • (ဂ)(၃.၂.၃)ကျောင်းသားတစ်ဦးချင်းစီ၏ နောက်ခံ အကြောင်းအရင်းများနှင့် လိုအပ်ချက်များ ကိုသိရှိရန် လေ့လာသင်ယူသည်။ကျောင်းသားအားလုံးနှင့် အပြန်အလှန် ပြောဆိုဆက်သွယ် သည်။ တို့ ဖြစ်ကြပါသည်။

Course Objectives

သင်ခန်းစာရည်ရွယ်ချက်

  • ပင်မကျောင်းများတွင် အတွေ့ရအများဆုံးဖြစ်သည့် သူငယ်နာအကြောတင်းကလေးများနှင့် မွေးရာပါကိုယ်အင်္ဂါပုံပျက်ယွင်းမှုရှိသောမသန်စွမ်းကလေးများအားလူတိုင်းအကျုံး ဝင်နည်း ဖြင့် ပင်မစာသင် ခန်းများတွင် သင်ကြားရမည့် နည်းလမ်းများကို သိရှိ ပြီး လက်တွေ့ အသုံးချတတ်စေရန်။

Learning Outcomes

  • စာသင်ခန်းများတွင်အတွေ့ရများသည့်ကိုယ်အင်္ဂါချို့ယွင်းမှုအမျိုးအစားများနှင့်၎င်းတို့၏ပုံစံအနေအ ထား များကို သိရှိစေရန်။
  • သူငယ်နာအကြောတင်း ဖြစ်ပွါးရသော အကြောင်းအရင်းများ၊ အမျိုးအစားများ၊ သွင်ပြင် လက္ခဏာများနှင့်စာသင်ခန်းအတွင်းကြုံတွေ့ရနိုင်သော အတားအဆီးများ၊ထိုအတားအဆီး များ ကို ဖြေရှင်းပြီး ခက်ခဲမှုအလိုက် လေ့ကျင့်သင်ကြားပေးနည်း များ ကိုသိရှိစေရန်။
  • မွေးရာပါကိုယ်အင်္ဂါပုံပျက်ယွင်းမှုဆိုင်ရာချို့ယွင်းမှုအမျိုးအစားများ၊သွင်ပြင်လက္ခဏာများနှင့် စာသင် ခန်း အတွင်းကြုံတွေ့ ရနိုင်သော အတားအဆီးများ၊ထိုအတားအဆီး များ ကို ဖြေရှင်းပြီး ခက်ခဲမှုအလိုက် လေ့ကျင့်သင်ကြားပေးနည်း များ ကိုသိရှိစေရန်။
  • ဆရာတစ်ဦး၏အတွေ့အကြုံမျှဝေမှုမှကိုယ်အင်္ဂါမသန်စွမ်းကလေးအားမိမိတို့ပြန်လည်အသုံး ပြုနိုင်မည့် နည်းလမ်းများနှင့်  စိတ်ဓါတ် ခွန်အားများရရှိစေရန်။ 

Please login to take this course

Introduction

ဖြေကြည့်ပါ။

ဗွီဒီယို သင်ခန်းစာ - ကိုယ်အင်္ဂါချို့ယွင်းမှု အမျိုးအစားများ 

Matching

အောက်ပါတို့မှ အဖြေမှန် ရွေးပါ။( အဖြေမှန်တစ်ခုနှင့်မက ရွေးနိုင်သည်)

Matching

ဖြေကြည့်ပါ။

ဗွီဒီယို သင်ခန်းစာ- သူငယ်နာအကြောတင်းကလေးများအား လူတိုင်း အကျုံးဝင်နည်းဖြင့် ပင်မစာသင်ခန်းများ တွင် သင်ကြား ရမည့် နည်းလမ်းများ(အပိုင်း ၁)

အောက်ပါမေးခွန်းများကို ဖြေဆိုကြည့်ပါ။

ထပ်ဆောင်းလေ့လာ ဖတ်ရှုရန်-စီပီကလေးများ၏အခြားချို့ယွင်းချက်များ 

ထပ်ဆောင်းလေ့လာ ဖတ်ရှုရန်-စီပီကလေးများ၏အခြားချို့ယွင်းချက်များ 

ထပ်ဆောင်းလေ့လာ ဖတ်ရှုရန်- အခြားကလေးများနှင့် စာသင်ကျောင်းများတွင် ပညာသင်ကြားရာ၌ စီပီ ကလေးများ၏တွေ့ကြုံရသော အတားအဆီးများ

ဖြေကြည့်ပါ။

ဗွီဒီယို သင်ခန်းစာ - သူငယ်နာအကြောတင်းကလေးများအား လူတိုင်း အကျုံးဝင်နည်းဖြင့် ပင်မစာသင်ခန်းများတွင် သင်ကြားရမည့် နည်းလမ်းများ (အပိုင်း ၂)

ထပ်ဆောင်းလေ့လာ ဖတ်ရှုရန် - သူငယ်နာအကြောတင်းကလေးများအား သင်ကြားရာတွင် ဆောင်ရွက်ရမည့်အဆင့်၅ဆင့် 

အသေးစိတ်ရှင်းလင်းချက် 

အသေးစိတ်ရှင်းလင်းချက်

အသေးစိတ်ရှင်းလင်းချက်

အဖြေမှန်ရွေးပေးပါ။

Matching

ဖြေကြည့်ပါ။

ဗွီဒီယို သင်ခန်းစာ - မွေးရာပါကိုယ်အင်္ဂါ ပုံပျက်ယွင်းမှုရှိသော မသန်စွမ်း ကလေးများအား လူတိုင်းအကျုံးဝင်နည်းဖြင့် ပင်မစာသင်ခန်းများတွင် သင်ကြားရမည့် နည်းလမ်းများ

အဖြေမှန်ရွေးချယ်ပါ။

ဖြစ်စဉ်များကိုလေ့လာကြည့်ပါ။

ဗွီဒီယို သင်ခန်းစာ - သင်ကြားပို့ချပေးရာတွင် တိုးတက်အောင်မြင်ခဲ့သည့် ဖြစ်ရပ်အား လေ့လာခြင်းဆရာတစ်ဦးအနေဖြင့် မသန်စွမ်းကလေးများအား သင်ကြားပို့ချ ပေးခဲ့မှုများ၊ ထိုမှတစ်ဆင့် မည်သို့ တိုးတက်အောင်မြင်ခဲ့မှုများအား လေ့လာခြင်း

Matching

ဆွေးနွေးကြမယ်

Training request form

Related Courses

chatGPTicon