Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLogin

|

Register

Course 1: Google Classroom အခြေခံ စတင်အသုံးပြုခြင်းနှင့် စာသင်ခန်းဖန်တီးခြင်း

4.4

(18 Reviews)

Certified

30 hour(s)

720 Enrollment(s)

1995 View(s)

Share On :

Course Description

ပညာရေးလောက အလုံးစုံအသွင်ပြောင်းလဲစေသည့် အရွေ့အပြောင်းတစ်ရပ်ကို ကြုံတွေ့လာရသည့် ယနေ့ကာလတွင် နည်းပညာ တတ်ကျွမ်းမှုများကို လူတို့ ပိုမိုလိုအပ်လာကြသည်။​ GOOGLE ဆိုသည်မှာ ရှေးရိုးစဉ်လာ စာသင်ခန်းကို အပြန်အလှန် တုံ့ပြန်ဖလှယ်မှုရှိသည့် သင်ကြားရေး ဝန်းကျင်တစ်ရပ် ဖြစ်လာအောင် အသွင်ပြောင်းနိုင်ရေးအတွက် ဆရာ၊​ ဆရာမများကို ကူညီထောက်ပံ့ပေးနေသော အမျိုးမျိုး အသုံးဝင်သည့် အွန်လိုင်းစနစ် တစ်ခု ဖြစ်ပါသည်။ Google Classroom ဆိုသည်မှာ ဆရာ၊ဆရာမများအနေဖြင့် လုပ်ငန်းတာဝန် (Assignment) များ ဖန်တီးခြင်း၊ (သင်ကြား/သင်ယူမှု) ရင်းမြစ်များ မျှဝေခြင်း၊ ကျောင်းသူကျောင်းသားများနှင့် ဆက်သွယ်ပြောဆိုခြင်း၊ သင်ယူတိုးတက်မှုကို စောင့်ကြည့်မှတ်တမ်းတင်ခြင်းတို့ကို လုပ်ဆောင်စေနိုင်သော ပညာရေးဆိုင်ရာ နည်းလမ်းကိရိယာ တစ်ရပ်ဖြစ်ပါသည်။​ Google Classroom တွင် ဆရာ၊​ ဆရာမများသည် စာသင်ခန်း တစ်ခန်းတည်းမကဘဲ စာသင်ခန်းအမျိုးမျိုးကို တစ်ပြိုင်နက် ဖန်တီးပြီး အတန်းတွင်း သင်ကြားရေး လုပ်ငန်းများကို ကျောင်းသားတစ်ဦးချင်းအတွက်သော်လည်းကောင်း၊ ကျောင်းသားများစွာအတွက်သော်လည်းကောင်း တစ်ပြိုင်နက် တာဝန်ခွဲဝေသတ်မှတ်နိုင်သည်။​

Google Classroom ကို Google Workspace for Education Standard ဟူ၍လည်း ခေါ်ကြပါသည်။​ Google Meet, Google Calendar စသည့် လုပ်ဆောင်ချက် အချို့ကိုမူ အခမဲ့ အသုံးပြုသူများအတွက် အပြည့်အဝ ပေးအပ်မထားပါ။​ သို့ရာတွင် ရသမျှ လုပ်ဆောင်ချက် အားလုံးသည် အခမဲ့ အသုံးပြုသူများအတွက် အသုံးဝင်မှုရှိပါသည်။​ ဆရာ၊​ ဆရာမများသည် ၎င်းတို့၏ သင်ကြားရေး အရင်းအမြစ်များ၊ သင်ထောက်ကူများကို တစ်နေရာတည်းတွင် စုဆောင်းသိမ်းဆည်းထားနိုင်သည်။​ အွန်လိုင်း တွေ့ဆုံရန် စီစဉ်ခြင်း၊​ ကျောင်းသားများ၏ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲခြင်း၊ တုံ့ပြန်အကြံပြုချက်ပေးခြင်း၊ ကျောင်းသားများ၏ လိုအပ်ချက်အလိုက် သင်ယူမှု အရင်းအမြစ်များ ဖြန့်ဝေခြင်းတို့ကို တစ်နေရာတည်းတွင် လုပ်ဆောင်နိုင်ပါမည်။​

Course Objectives

သင်ကြားသင်ယူမှု စီမံခန့်ခွဲမှု နည်းလမ်းကိရိယာတစ်ခုကို နားလည်သိရှိပြီး လက်တွေ့သုံးတတ်အောင် ဤသင်ရိုးက သင်ကြားလေ့ကျင့်ပေးပါသည်။​ ဤသင်ရိုး၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ကြသည်။

  • နည်းပညာကို သိလိုစိတ် နှိုးဆွပေးရန်နှင့် ဆရာသက်တမ်း တစ်လျှောက်တွင် "စဉ်ဆက်မပြတ်သင်ယူမှု" ရှိစေရေး အားပေးရန်
  • အွန်လိုင်း သင်ကြားသင်ယူမှု နည်းလမ်းကိရိယာ အသုံးပြုခြင်းဆိုင်ရာ နည်းပညာစွမ်းရည်နှင့် အသိပညာတို့ကို မြှင့်တင်ရန်
  • Google Classroom ကဲ့သို့သော အွန်လိုင်း သင်ကြားသင်ယူမှု စီမံခန့်ခွဲမှုစနစ်များကို အချိန်မရွေး၊ နေရာမရွေး လက်လှမ်းမီ အသုံးပြုနိုင်ကြောင်း အသိအမြင် မြှင့်တင်ရန်
  • Google Classroom ကို အသုံးပြုပြီး စာသင်ခန်းတစ်ရပ် မည်သို့ ဖန်တီးနိုင်ကြောင်း ရှင်းလင်းတင်ပြရန်
  • Google Classroom ကို အခြားဆရာ၊​ ဆရာမများနှင့် ပူးတွဲသင်ကြားခြင်း၊ အတူတကွ ရယူအသုံးပြုခြင်းတို့အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းတင်ဆက်ရန်
  • Google Form ကို အသုံးပြုပြီး စာရင်းသွင်းရန် ပုံစံ ဖန်တီးသည့် လုပ်ဆောင်ဖွယ် အဆင့်ဆင့်ကို ရှင်းပြရန်

Learning Outcomes

ဤသင်တန်းပြီးဆုံးပါက သင့်အနေနှင့် အောက်ပါတို့ကို လုပ်ဆောင်တတ်သွားမည်ဖြစ်သည်။

  • အတန်းအဆင့်အသီးသီးနှင့် ဘာသာရပ် အမျိုးမျိုးအတွက် Google Classroom များ ဖန်တီးခြင်း
  • အွန်လိုင်း သင်ကြားသင်ယူမှု စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အခြေခံအယူအဆများကို နားလည်ခြင်း
  • Google Classroom ပေါ်တွင် စာသင်ခန်းနှင့် ကျောင်းသားစာရင်းသွင်းသည့်ပုံစံတို့ကို ဖန်တီးခြင်း
  • ကျောင်းသားများ၏ သင်ယူခြင်း တိုးတက်မှုကို မှတ်တမ်းတင်ခြင်း၊ သင်ယူမှုဆိုင်ရာ အရင်းအမြစ်များ ပေးခြင်းနှင့် တစ်ဦးချင်းအလိုက် တုံ့ပြန်အကြံပြုချက်များပေးခြင်း
  • စာသင်ခန်းအတွင်း နည်းပညာကို ထိရောက်စွာ ထည့်သွင်းပေါင်းစပ်ခြင်းအားဖြင့် သင်ကြားသင်ယူမှုအရည်အသွေးကို မြှင့်တင်ခြင်း
  • အပြန်အလှန် တုံ့ပြန်ဖလှယ်မှုရှိသော ပညာရေး ဝန်းကျင်တစ်ရပ် ဖန်တီးရန်အတွက် အခြားဆရာ၊​ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

Please login to take this course

သင်ရိုးအကြောင်း ရှင်းလင်းချက်

မရှိမဖြစ် အခြေခံ လိုအပ်ချက်များ

သင်ရိုး၏ ကန့်သတ်ချက်များ

How to create a class & invite students on Google Classroom

How to post announcements & create a registration form using Google Forms

General Knowledge about Class Management on Google Classroom

How to create a class, invite students, post announcements and class management on a mobile device

Resources 

ဉာဏ်စမ်းမေးခွန်း (၁)

ဉာဏ်စမ်းမေးခွန်း (၂)

ဉာဏ်စမ်းမေးခွန်း (၃)

ဉာဏ်စမ်းမေးခွန်း (၄)

ဉာဏ်စမ်းမေးခွန်း (၅)

ဉာဏ်စမ်းမေးခွန်း (၆)

Related Courses

chatGPTicon