Course 2: Google Classroom အတွင်း ထိရောက်သော သင်ထောက်ကူ ဖန်တီးမှုနှင့် စာသင်ခန်းစီမံခန့်ခွဲမှု
4.6
(7 Reviews)
Certified
30 hour(s)
461 Enrollment(s)
1123 View(s)

Share On :
Course Description
ပညာရေးလောက အလုံးစုံအသွင်ပြောင်းလဲစေသည့် အရွေ့အပြောင်းတစ်ရပ်ကို ကြုံတွေ့လာရသည့် ယနေ့ကာလတွင် နည်းပညာ တတ်ကျွမ်းမှုများကို လူတို့ ပိုမိုလိုအပ်လာကြသည်။ GOOGLE ဆိုသည်မှာ ရှေးရိုးစဉ်လာ စာသင်ခန်းကို အပြန်အလှန် တုံ့ပြန်ဖလှယ်မှုရှိသည့် သင်ကြားရေး ဝန်းကျင်တစ်ရပ်ဖြစ်လာအောင် အသွင်ပြောင်းနိုင်ရေးအတွက် ဆရာ၊ ဆရာမများကို ကူညီထောက်ပံ့ပေးနေသော အမျိုးမျိုး အသုံးဝင်သည့် အွန်လိုင်းစနစ် တစ်ခု ဖြစ်ပါသည်။ ။ Google Classroom သည် ဆရာ၊ဆရာမများအနေဖြင့် လုပ်ငန်းတာဝန် (Assignment) များ ဖန်တီးခြင်း၊ (သင်ကြား/သင်ယူမှု) ရင်းမြစ်များ မျှဝေခြင်း၊ ကျောင်းသူကျောင်းသားများနှင့် ဆက်သွယ်ပြောဆိုခြင်း၊ သင်ယူတိုးတက်မှုကို စောင့်ကြည့်မှတ်တမ်းတင်ခြင်းတို့ကို လုပ်ဆောင်စေနိုင်သော ပညာရေးဆိုင်ရာ နည်းလမ်းကိရိယာတစ်ရပ်ဖြစ်ပါသည်။ Google Classroom တွင် စာသင်ခန်း တစ်ခန်းတည်းမကဘဲ စာသင်ခန်းအမျိုးမျိုးကို တစ်ပြိုင်နက် ဖန်တီးပြီး အတန်းတွင်း သင်ကြားရေး လုပ်ငန်းများကို ကျောင်းသားတစ်ဦးချင်းအတွက်သော်လည်းကောင်း၊ ကျောင်းသားများစွာအတွက် သော်လည်းကောင်း တစ်ပြိုင်နက် တာဝန်ခွဲဝေသတ်မှတ်နိုင်သည်။
Google Classroom ကို Google Workspace for Education Standard ဟူ၍လည်း ခေါ်ကြပါသည်။ Google Meet, Google Calendar စသည့် လုပ်ဆောင်ချက် အချို့ကိုမူ အခမဲ့ အသုံးပြုသူများအတွက် အပြည့်အဝ ပေးအပ်မထားပါ။ သို့ရာတွင် ရသမျှ လုပ်ဆောင်ချက် အားလုံးသည် အခမဲ့ အသုံးပြုသူများအတွက် အသုံးဝင်မှုရှိပါသည်။ ဆရာ၊ ဆရာမများသည် ၎င်းတို့၏ သင်ကြားရေး အရင်းအမြစ်များ၊ သင်ထောက်ကူများကို တစ်နေရာတည်းတွင် စုဆောင်းသိမ်းဆည်းထားနိုင်သည်။ အွန်လိုင်း တွေ့ဆုံရန် စီစဉ်ခြင်း၊ ကျောင်းသားများ၏ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲခြင်း၊ တုံ့ပြန်အကြံပြုချက်ပေးခြင်း၊ ကျောင်းသားများ၏ လိုအပ်ချက်အလိုက် သင်ယူမှု အရင်းအမြစ်များ ဖြန့်ဝေခြင်းတို့ကို တစ်နေရာတည်းတွင် လုပ်ဆောင်နိုင်ပါမည်။
Course Objectives
သင်ကြားသင်ယူမှု စီမံခန့်ခွဲမှု နည်းလမ်းကိရိယာတစ်ခုကို နားလည်သိရှိပြီး လက်တွေ့သုံးတတ်အောင် ဤသင်ရိုးက သင်ကြားလေ့ကျင့်ပေးပါသည်။ ဤသင်ရိုး၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ကြသည်။
- နည်းပညာကို သိလိုစိတ် နှိုးဆွပေးရန်နှင့် သင်ကြားရေးခရီးစဉ် တစ်လျှောက်တွင် "စဉ်ဆက်မပြတ်သင်ယူမှု" ရှိစေရေး အားပေးရန်
- အွန်လိုင်း သင်ကြားသင်ယူမှု နည်းလမ်းကိရိယာ အသုံးပြုခြင်းဆိုင်ရာ နည်းပညာစွမ်းရည်များနှင့် အသိပညာတို့ကိုမြှင့်တင်ရန်
- Google Classroom ကဲ့သို့သော အွန်လိုင်း သင်ကြားသင်ယူမှု စီမံခန့်ခွဲမှုစနစ်များကို အချိန်မရွေး၊ နေရာမရွေး လက်လှမ်းမီ အသုံးပြုနိုင်ကြောင်း အသိအမြင် မြှင့်တင်ရန်
- Google Classroom ကို အသုံးပြုပြီး သင်ကြားသင်ယူမှု အထောက်အကူများကို မည်သို့ ဖန်တီး မျှဝေနိုင်ကြောင်း ရှင်းလင်းတင်ပြရန်
- ဉာဏ်စမ်း၊ အမေးအဖြေနှင့် အခြား လုပ်ဆောင်ဖွယ် လုပ်ငန်းတာဝန်များ မည်သို့ ဖန်တီးတင်ဆက်ထားနိုင်ကြောင်း သရုပ်ပြရန်
- Google Classroom တွင် အခြားဆရာ၊ ဆရာမများနှင့် ပူးတွဲသင်ကြားခြင်း၊ အတူတကွ ရယူအသုံးပြုခြင်းတို့အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းတင်ဆက်ရန်
Learning Outcomes
ဤသင်ရိုးအတွင်း သင့်အနေဖြင့် အောက်ပါတို့ကို သင်ယူရရှိသွားမည် ဖြစ်သည်။
- အတန်းအဆင့်အသီးသီးနှင့် ဘာသာရပ် အမျိုးမျိုးအတွက် Google စာသင်ခန်းများ ဖန်တီးခြင်း
- အွန်လိုင်း သင်ကြားသင်ယူမှု စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ ရှုပ်ထွေးနက်နဲသော အခြေခံအယူအဆများကို နားလည်ခြင်း
- Google Classroom ပေါ်တွင် သင်ထောက်ကူနှင့် လုပ်ငန်းတာဝန်များကို ဖန်တီးတင်ဆက်ခြင်း
- ကျောင်းသားများ၏ သင်ယူခြင်း တိုးတက်မှုကို မှတ်တမ်းတင်ခြင်း၊ သင်ယူမှုဆိုင်ရာ အရင်းအမြစ်များ မျှဝေခြင်းနှင့် တစ်ဦးချင်းအလိုက် တုံ့ပြန်အကြံပြုချက်များပေးခြင်း
- စာသင်ခန်းအတွင်း နည်းပညာကို ထိရောက်စွာ ထည့်သွင်းပေါင်းစပ်ခြင်းအားဖြင့် သင်ကြားသင်ယူမှုအရည်အသွေးကို မြှင့်တင်ခြင်း
- အပြန်အလှန် တုံ့ပြန်ဖလှယ်မှုရှိသော ပညာရေး ဝန်းကျင်တစ်ရပ် ဖန်တီးရန်အတွက် အခြားဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
Please login to take this course
Lectures
သင်ရိုးအကြောင်း ရှင်းလင်းချက်
မရှိမဖြစ် အခြေခံ လိုအပ်ချက်များ
သင်ရိုး၏ ကန့်သတ်ချက်များ
How to use “Classwork” features on Google Classroom to manage classroom activities
How to Schedule an Announcement, Organise Live Session Using Google Meet and Google Calendar
How to create materials, questions and assignments, reuse posts and organize live sessions using Google Meet on a mobile device
Resources
Course Quizzes
ဉာဏ်စမ်းမေးခွန်း (၁)
ဉာဏ်စမ်းမေးခွန်း (၂)
ဉာဏ်စမ်းမေးခွန်း (၃)
ဉာဏ်စမ်းမေးခွန်း (၄)
ဉာဏ်စမ်းမေးခွန်း (၅)
ဉာဏ်စမ်းမေးခွန်း (၆)
ဉာဏ်စမ်းမေးခွန်း (၇)
ဉာဏ်စမ်းမေးခွန်း (၈)
ဉာဏ်စမ်းမေးခွန်း (၉)
ဉာဏ်စမ်းမေးခွန်း (၁၀)
ဉာဏ်စမ်းမေးခွန်း (၁၁)
ဉာဏ်စမ်းမေးခွန်း (၁၂)
ဉာဏ်စမ်းမေးခွန်း (၁၃)
ဉာဏ်စမ်းမေးခွန်း (၁၄)
ဉာဏ်စမ်းမေးခွန်း (၁၅)
Related Courses