Course 3: Google Classroom အတွင်း စာမေးပွဲမေးခွန်းလွှာများ ဖန်တီးခြင်းနှင့် အမှတ်ပေးခြင်း
5
(4 Reviews)
Certified
30 hour(s)
445 Enrollment(s)
1111 View(s)

Share On :
Course Description
ပညာရေးလောက အလုံးစုံအသွင်ပြောင်းလဲစေသည့် အရွေ့အပြောင်းတစ်ရပ်ကို ကြုံတွေ့လာရသည့် ယနေ့ကာလတွင် နည်းပညာ တတ်ကျွမ်းမှုများကို လူတို့ ပိုမိုလိုအပ်လာကြသည်။ GOOGLE ဆိုသည်မှာ ရှေးရိုးစဉ်လာ စာသင်ခန်းကို အပြန်အလှန် တုံ့ပြန်ဖလှယ်မှုရှိသည့် သင်ကြားရေး ဝန်းကျင်တစ်ရပ် ဖြစ်လာအောင် အသွင်ပြောင်းနိုင်ရေးအတွက် ဆရာ၊ ဆရာမများကို ကူညီထောက်ပံ့ပေးနေသော အမျိုးမျိုး အသုံးဝင်သည့် အွန်လိုင်းစနစ် တစ်ခု ဖြစ်ပါသည်။ Google Classroom ဆိုသည်မှာ ဆရာ၊ဆရာမများအနေဖြင့် လုပ်ငန်းတာဝန် (Assignment) များ ဖန်တီးခြင်း၊ (သင်ကြား/သင်ယူမှု) ရင်းမြစ်များ မျှဝေခြင်း၊ ကျောင်းသူကျောင်းသားများနှင့် ဆက်သွယ်ပြောဆိုခြင်း၊ သင်ယူတိုးတက်မှုကို စောင့်ကြည့်မှတ်တမ်းတင်ခြင်းတို့ကို လုပ်ဆောင်စေနိုင်သော ပညာရေးဆိုင်ရာ နည်းလမ်းကိရိယာ တစ်ရပ်ဖြစ်ပါသည်။ Google Classroom တွင် ဆရာ၊ ဆရာမများသည် စာသင်ခန်း တစ်ခန်းတည်းမကဘဲ စာသင်ခန်းအမျိုးမျိုးကို တစ်ပြိုင်နက် ဖန်တီးပြီး အတန်းတွင်း သင်ကြားရေး လုပ်ငန်းများကို ကျောင်းသားတစ်ဦးချင်းအတွက်သော်လည်းကောင်း၊ ကျောင်းသားများစွာအတွက်သော်လည်းကောင်း တစ်ပြိုင်နက် တာဝန်ခွဲဝေသတ်မှတ်နိုင်သည်။ ဤတတိယမြောက် သင်တန်းတွင် အခြား Google အက်ပလီကေးရှင်းများနှင့် Google Classroom ကို ပေါင်းစပ်သုံးစွဲပြီး ကျောင်းသူကျောင်းသားများအတွက် စစ်ဆေးအကဲဖြတ်ခြင်းများ ဖန်တီးရေးဆွဲပုံနည်းလမ်းများကို သင်ယူရမည်ဖြစ်ပါသည်။ ကျောင်းသူကျောင်းသားများ၏ သင်ယူမှု ရလဒ်များကို တစ်နေရာတည်းတွင် ထည့်သွင်း ခွဲခြမ်းစိတ်ဖြာရန် စာမေးပွဲမေးခွန်းလွှာများ ဖန်တီးခြင်း၊ စုဆောင်းသိမ်းဆည်းခြင်း၊ အမှတ်ပေးပြီး မှတ်တမ်းတင်ခြင်း၊ ထုတ်ပြန်ခြင်း၊ ကျောင်းသားများဆီ သင်ယူမှု အကဲဖြတ်ဆန်းစစ်ချက်ရလဒ်များ ပြန်ပေးအပ်ခြင်းနည်းလမ်းတို့ကိုလည်း ထည့်သွင်းလေ့လာရမည်ဖြစ်ပါသည်။
Google Classroom ကို Google Workspace for Education Standard ဟူ၍လည်း ခေါ်ကြပါသည်။ Google Meet, Google Calendar စသည့် လုပ်ဆောင်ချက် အချို့ကိုမူ အခမဲ့ အသုံးပြုသူများအတွက် အပြည့်အဝ ပေးအပ်မထားပါ။ သို့ရာတွင် ရသမျှ လုပ်ဆောင်ချက် အားလုံးသည် အခမဲ့ အသုံးပြုသူများအတွက် အသုံးဝင်မှုရှိပါသည်။ ဆရာ၊ ဆရာမများသည် ၎င်းတို့၏ သင်ကြားရေး အရင်းအမြစ်များ၊ သင်ထောက်ကူများကို တစ်နေရာတည်းတွင် စုဆောင်းသိမ်းဆည်းထားနိုင်သည်။ အွန်လိုင်း တွေ့ဆုံရန် စီစဉ်ခြင်း၊ ကျောင်းသားများ၏ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲခြင်း၊ တုံ့ပြန်အကြံပြုချက်ပေးခြင်း၊ ကျောင်းသားများ၏ လိုအပ်ချက်အလိုက် သင်ယူမှု အရင်းအမြစ်များ ဖြန့်ဝေခြင်းတို့ကို တစ်နေရာတည်းတွင် လုပ်ဆောင်နိုင်ပါမည်။
Course Objectives
သင်ကြားသင်ယူမှု စီမံခန့်ခွဲမှု နည်းလမ်းကိရိယာတစ်ခုကို နားလည်သိရှိပြီး လက်တွေ့သုံးတတ်အောင် ဤသင်ရိုးက သင်ကြားလေ့ကျင့်ပေးပါသည်။ ဤသင်ရိုး၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ကြသည်။
- နည်းပညာကို သိလိုစိတ် နှိုးဆွပေးရန်နှင့် ဆရာသက်တမ်း တစ်လျှောက်တွင် "စဉ်ဆက်မပြတ်သင်ယူမှု" ရှိစေရေး အားပေးရန်
- အွန်လိုင်း သင်ကြားသင်ယူမှု နည်းလမ်းကိရိယာ အသုံးပြုခြင်းဆိုင်ရာ နည်းပညာစွမ်းရည်များနှင့် အသိပညာတို့ကို မြှင့်တင်ရန်
- Google Classroom ကဲ့သို့သော အွန်လိုင်း သင်ကြားသင်ယူမှု စီမံခန့်ခွဲမှုစနစ်များကို အချိန်မရွေး၊ နေရာမရွေး လက်လှမ်းမီ အသုံးပြုနိုင်ကြောင်း အသိအမြင် မြှင့်တင်ရန်
- Google Classroom ကို အသုံးပြုပြီး စာမေးပွဲမေးခွန်းလွှာများကို မည်သို့ ဖန်တီး မျှဝေနိုင်ကြောင်း ရှင်းလင်းတင်ပြရန်
- Google Classroom တွင် အခြားဆရာ၊ ဆရာမများနှင့် ပူးတွဲသင်ကြားခြင်း၊ အတူတကွ ရယူအသုံးပြုခြင်းတို့အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းတင်ဆက်ရန်
- တုံ့ပြန်အကြံပြုချက်ပေးနည်း၊ လုပ်ငန်းတာဝန် (Assignment) များကို အမှတ်ပေးပြီး၊ ကျောင်းသူကျောင်းသားများအား ရလဒ်ပြန်ပေးအပ်နည်းများကို သရုပ်ပြရန်
Learning Outcomes
ဤသင်ရိုးအတွင်း သင့်အနေနှင့် အောက်ပါတို့ကို လုပ်ဆောင်တတ်သွားမည်ဖြစ်သည်။
- အတန်းအဆင့်အသီးသီးနှင့် ဘာသာရပ် အမျိုးမျိုးအတွက် Google စာသင်ခန်းများ ဖန်တီးခြင်း
- အွန်လိုင်း သင်ကြားသင်ယူမှု စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ ရှုပ်ထွေးနက်နဲသော အခြေခံအယူအဆများကို နားလည်ခြင်း
- စာမေးပွဲမေးခွန်းများ၊ လုပ်ငန်းတာဝန် (assignment) များကို ဖန်တီးခြင်းနှင့် ကျောင်းသူကျောင်းသားများ၏ လုပ်ဆောင်ချက်များကို အမှတ်ပေးခြင်း
- ကျောင်းသားများ၏ သင်ယူခြင်း တိုးတက်မှုကို မှတ်တမ်းတင်ခြင်း၊ ကျောင်းသူကျောင်းသားများကို တစ်ဦးချင်းအလိုက် တုံ့ပြန်အကြံပြုချက်များပေးခြင်း
- စာသင်ခန်းအတွင်း နည်းပညာကို ထိရောက်စွာ ထည့်သွင်းပေါင်းစပ်ခြင်းအားဖြင့် သင်ကြားသင်ယူမှုအရည်အသွေးကို မြှင့်တင်ခြင်း
- အပြန်အလှန် တုံ့ပြန်ဖလှယ်မှုရှိသော ပညာရေး ဝန်းကျင်တစ်ရပ် ဖန်တီးရန်အတွက် အခြားဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
Please login to take this course
Lectures
သင်ရိုးအကြောင်း ရှင်းလင်းချက်
မရှိမဖြစ် အခြေခံ လိုအပ်ချက်များ
သင်ရိုး၏ ကန့်သတ်ချက်များ
သင်ရိုးပါ အဓိက ဝေါဟာရများ
How to create exam papers using Google Documents
How to create a gradebook
How to return grades
Collaborating and Reporting from Google Forms Assessments
How to create and grade exam papers on a mobile device
Resources
Course Quizzes
ဉာဏ်စမ်းမေးခွန်း (၁)
ဉာဏ်စမ်းမေးခွန်း (၂)
ဉာဏ်စမ်းမေးခွန်း (၃)
ဉာဏ်စမ်းမေးခွန်း (၄)
ဉာဏ်စမ်းမေးခွန်း (၅)
ဉာဏ်စမ်းမေးခွန်း (၆)
ဉာဏ်စမ်းမေးခွန်း (၇)
Related Courses