Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

သင်ယူမှုအောင်မြင်ရေးအတွက် SMART

4.6

(5 Reviews)

Certified

5 hour(s)

141 Enrollment(s)

2468 View(s)

Share On :

Course Description

သင်ယူမှုအောင်မြင်ရေးအတွက်  SMART သင်တန်းသည် ဆရာများ အတွက် ၎င်းတို့ ရရှိထားသော တတ်ကျွမ်းမှုများကို အသုံးချနိုင်စေရန်ရည်ရွယ်၍ ပြုစုရေးဆွဲထားပါသည်။ ထို့အပြင် ကျောင်းသားများကို ၂၁ ရာစုကျွမ်းကျင်မှုများ ရရှိသွားစေရန် ပြင်ဆင်ပေးနိုင်မည့် စိတ်ဝင်စားစရာကောင်းပြီး ထိရောက်သော သင်ခန်းစာများကို ဖန်တီးနိုင်မည့် နည်းလမ်းကောင်းများရရှိသွားစေရန် ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်သည်။ ဤသင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်ပါသည်။

၁။ ဘလွန်းမ်၏ သင်ယူမှုမျိုးခွဲပညာ (Bloom’s Taxonomy)

၁.၁။ စဉ်းစားတွေးခေါ်မှုအနည်းငယ်သာ လိုအပ်သော တွေးခေါ်မှုစွမ်းရည်များ နှင့် အဆင့်မြင့် တွေးခေါ်မှုစွမ်းရည်များ

၁.၂။   ဘလွန်းမ်၏ သင်ယူမှုမျိုးခွဲပညာ၏  လုပ်ဆောင်မှုပြကြိယာများ

၂။ SMART သင်ယူမှုရလဒ်များ ရေးဆွဲခြင်း

၂.၁။ သင်ယူမှုရလဒ်များ၊ လုပ်ငန်းများနှင့် အကဲဖြတ်စစ်ဆေးခြင်း

၂.၂။ SMART သင်ယူမှုရလဒ်များ

၂.၃။ SMART သင်ယူမှုရလဒ်များကို သတ်မှတ်ဖော်ပြခြင်း၊ အကဲဖြတ်ခြင်းနှင့် ပြုစုရေးဆွဲခြင်း

အဓိကအသုံးအနှုန်းများ

လုပ်ဆောင်မှုပြကြိယာများ (action verbs)၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့် (autonomy)၊  ဘလွန်းမ်၏ သင်ယူမှုမျိုးခွဲပညာ (Bloom’s Taxonomy) ၊ အဆင့်မြင့် တွေးခေါ်မှုစွမ်းရည်များ (higher order thinking skills)၊  စဉ်းစားတွေးခေါ်မှုအနည်းငယ်သာ လိုအပ်သော တွေးခေါ်မှုစွမ်းရည်များ (lower order thinking skills)၊ SMART သင်ယူမှုရလဒ်များ (SMART learning outcomes)၊ ၂၁ ရာစု ကျွမ်းကျင်မှုများ (21st century skills)။

Course Objectives

ဤသင်တန်းသည် ဆရာများအား SMART သင်ယူမှုရလဒ်များကို ပြုစုရေးဆွဲနိုင်ရန်အတွက် နည်းဗျူဟာများကို နားလည်နိုင်ရန်နှင့် လက်တွေ့ လေ့ကျင့်ရန် ကူညီပေးမည်ဖြစ်သည်။ ထို့အပြင် သင်ခန်းစာများကို ထိရောက်မှုအမြင့်မားဆုံးဖြစ်အောင် လုပ်ဆောင်ပေးပြီး ကျောင်းသားများ လက်တွေ့အခြေအနေကို ရင်ဆိုင်ရာတွင် ၄င်းတို့အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများရရှိစေရန် ကူညီပေးပါသည်။

Learning Outcomes

ဤသင်တန်းပြီးဆုံးချိန်တွင် ဆရာ/ဆရာမ များသည် -

  • စဉ်းစားတွေးခေါ်မှုအနည်းငယ်သာ လိုအပ်သော တွေးခေါ်မှုစွမ်းရည်များ နှင့် အဆင့်မြင့် တွေးခေါ်မှုအဆင့်များအကြား ပိုင်းခြားနိုင်မည်။
  • ဥပမာသင်ခန်းစာများတွင် မည်သည့်တွေးခေါ်မှုအဆင့်ကို အသုံးပြုထားကြောင်း ခွဲခြား သတ်မှတ်ဖော်ပြနိုင်မည်။
  • ဆရာများသည် ၎င်းတို့၏ သင်ခန်းစာများကို စီစဉ်ရာတွင် ဘလွန်းမ်၏ သင်ယူမှုမျိုးခွဲပညာကို အသုံးပြုရန် အဘယ်ကြောင့်လိုအပ်ကြောင်း ရှင်းပြနိုင်မည်။
  • တွေးခေါ်မှုအဆင့်တိုင်းနှင့် ဆက်စပ်သော လုပ်ဆောင်မှုပြကြိယာများကို သတ်မှတ် ဖော်ပြနိုင်မည်။
  • တွေးခေါ်မှုအဆင့် တစ်ဆင့်ချင်းစီနှင့် ဥပမာလုပ်ငန်းများကို ယှဉ်တွဲနိုင်မည်။
  • သင်ယူမှုရလဒ်များ၊ သင်ယူမှုလုပ်ငန်းများနှင့် စစ်ဆေးအကဲဖြတ်ခြင်းတို့အကြား ဆက်စပ်မှုကို ရှင်းပြတတ်မည်။
  • မတူညီသော ဘာသာရပ်များအတွက် SMART သင်ယူမှုရလဒ်များကို ခွဲခြားသတ်မှတ်ပြီး စစ်ဆေးအကဲဖြတ်တတ်မည်။
  • သင်ခန်းစာတစ်ခု၌ ထိရောက်မှုအမြင့်မားဆုံးရရှိစေရန်အတွက်  ဘလွန်းမ်၏ သင်ယူမှုမျိုးခွဲခြင်း လုပ်ဆောင်မှုပြ ကြိယာများကိုလည်း အသုံးပြုနိုင်သည့် SMART သင်ယူမှုရလဒ်များကို ရေးဆွဲတတ်မည်။

Please login to take this course

မိတ်ဆက်

မော်ဂျူး (၁) မျှော်မှန်းထားသော သင်ယူမှုရလဒ်များ နှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ

ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်း - ဆက်ရန်

ဘလွန်းမ်၏ သင်ယူမှုမျိုးခွဲပညာ- ဆက်ရန်

မော်ဂျူး (၁) အတွက် ဉာဏ်စမ်းခွန်းများ

မော်ဂျူး (၁) အတွက် ဉာဏ်စမ်းခွန်းများ

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး (၂) မျှော်မှန်းထားသော သင်ယူမှုရလဒ်များ နှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ

မော်ဂျူး ၂.၁။ သင်ယူမှုရလဒ်များ၊ သင်ယူမှုလုပ်ငန်းများနှင့် အကဲဖြတ်စစ်ဆေးခြင်း

SMART အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်း လေ့ကျင့်ခန်း

မော်ဂျူး ၂.၂။ SMART သင်ယူမှုရလဒ်များ

မော်ဂျူး ၂.၃။ SMART သင်ယူမှုရလဒ်များကို သတ်မှတ်ဖော်ပြခြင်း၊ အကဲဖြတ်စစ်ဆေးခြင်းနှင့် တည်ဆောက်ခြင်း

မော်ဂျူး (၂) အနှစ်ချုပ်

သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများနှင့် ရင်းမြစ်များ

Related Courses

chatGPTicon