Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

ဘာသာစကားစုံပညာရေး (Multilingual Education - MLE) ဖြင့် သင်ယူမှုအတွေ့အကြုံများကို အဓိပ္ပာယ်ပြည့်ဝစေခြင်း

5

(6 Reviews)

Certified

5 hour(s)

99 Enrollment(s)

1405 View(s)

Share On :

Course Description

ဤ "ဘာသာစကားစုံ ပညာရေး (Multilingual Education - MLE) ဖြင့် သင်ယူမှုအတွေ့အကြုံများကို အဓိပ္ပါယ်ပြည့်ဝစေခြင်း" သင်တန်းတွင် ဘာသာစကားစုံပညာရေး (MLE) နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံ ပညာရေး (Mother tongue-based multilingual education - MTB-MLE) တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ၎င်းတို့ကို စာသင်ခန်းတွင် လက်တွေ့ အကောင်အထည်ဖော်နိုင်မည့်နည်းလမ်းများကို ခြုံငုံ၍ ဖော်ပြသွားမည်ဖြစ်သည်။ သင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်သည် —

မော်ဂျူး (၁) MLE နှင့် ၎င်း၏ အရေးပါပုံကို နားလည်သဘောပေါက်ခြင်း

(၁.၁) MLE နှင့် MTB-MLE ကို စူးစမ်းလေ့လာခြင်း

(၁.၂) MLE ၏ အရေးပါပုံ

(၁.၃) ဘာသာစကားတတ်မြောက်မှုသီအိုရီဖြင့် MLE ကို နားလည်ခြင်း

မော်ဂျူး (၂) MLE နှင့် MTB-MLE ကို လက်တွေ့ကျင့်သုံးခြင်း

(၂.၁) MLE နှင့် MTB-MLE နည်းလမ်းများ

(၂.၂) MLE နှင့် MTB-MLE ဆိုင်ရာ သင်ကြားသင်ယူမှုရင်းမြစ်များ

အဓိကအသုံးအနှုန်းများ

MTB-MLE၊ မိခင်ဘာသာစကား၊ ဘာသာစကားစုံပညာရေး၊ ကျောင်းသုံးဘာသာစကား၊ သင်ကြားသင်ယူမှုသုံး ဘာသာစကား၊ ဘာသာစကားတတ်မြောက်မှုသီအိုရီ

Course Objectives

ဤသင်တန်းမှတစ်ဆင့် ဘာသာစကားစုံ ပညာရေး (MLE) နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေး (MTB-MLE) တို့ကို ပိုမိုနားလည်သဘောပေါက်လာပြီး MLE ကို ပံ့ပိုးပေးသော ဘာသာစကားတတ်မြောက်မှုသီအိုရီများကိုလည်း သိရှိနားလည်စေရန် ရည်ရွယ်သည်။ ထို့ပြင် MLE နည်းလမ်းများ၊ လက်တွေ့ ကျင့်သုံးနည်းများကို သိရှိနားလည်လာပြီး စာသင်ခန်းတွင် ကျောင်းသားများနှင့် လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်လည်း ရည်ရွယ်ပါသည်။

Learning Outcomes

ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -

  • MLE နှင့် MTB-MLE ကို အဓိပ္ပါယ်ဖွင့်ဆိုတတ်မည်။
  • MLE ဖြင့် ဖြေရှင်းနိုင်သော စိန်ခေါ်မှုများကို သိရှိလာမည်။
  • MLE သည် အရေးကြီးကြောင်း ရှင်းလင်းချက်များ ပေးနိုင်မည်။
  • ဘာသာစကားတတ်မြောက်မှု သီအိုရီ (၃) ခု (အခြေခံတူညီသော တတ်ကျွမ်းမှုသီအိုရီ၊ လူမှုယဉ်ကျေးမှုသီအိုရီ၊ ဘာသာစကားဖလှယ်နိုင်မှုသီအိုရီ) နှင့် ၎င်းတို့နှင့် MLE ၏ ဆက်နွှယ်ပုံကို နားလည်သဘောပေါက်လာမည်။
  • MTB-MLE ကို အကောင်အထည်ဖော်နိုင်သည့်နည်းလမ်း အဆင့်ဆင့်ကို နားလည် သဘောပေါက်လာမည်။
  • MTB-MLE နှင့် MLE ကို အကောင်အထည်ဖော်နိုင်သည့် နည်းလမ်းဥပမာများကို ဖော်ထုတ်တတ်မည်။
  • MTB-MLE အတွက် သင်ကြားသင်ယူမှုဆိုင်ရာ ရင်းမြစ်များကို လိုက်လျောညီထွေ ဖန်တီးတတ်မည်။

Please login to take this course

သင်တန်းမိတ်ဆက်

မော်ဂျူး ၁။ MLE နှင့် ၎င်း၏အရေးပါပုံကို နားလည်သဘောပေါက်ခြင်း

မော်ဂျူး ၁ မျှော်မှန်းထားသော သင်ယူမှု ရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ

၁.၁။ MLE နှင့် MTB-MLE ကို စူးစမ်းလေ့လာခြင်း

MLE နှင့် MTB-MLE ဆိုသည်မှာ အဘယ်နည်း။

၁.၂။ MLE ၏ အရေးပါပုံ

မော်ဂျူး ၁.၂ - အဆက်

မော်ဂျူး (၁.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး ၁။ အနှစ်ချုပ်

မော်ဂျူး ၂။ MLE နှင့် MTB-MLE ကို လက်တွေ့ကျင့်သုံးခြင်း

မော်ဂျူး ၂ မျှော်မှန်းထားသော သင်ယူမှု ရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ

၂.၁။ MLE နှင့် MTB-MLE နည်းလမ်းများ

မော်ဂျူး ၂.၁ အတွက် လေ့ကျင့်ရန်လုပ်ငန်း ၁

မော်ဂျူး ၂.၁ အတွက် လေ့ကျင့်ရန်လုပ်ငန်း ၂

မော်ဂျူး ၂.၁ အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း

မော်ဂျူး ၂.၁ အတွက် လေ့ကျင့်ရန်လုပ်ငန်း ၃

၂.၂။ MLE နှင့် MTB-MLE ဆိုင်ရာ သင်ကြားသင်ယူမှု ရင်းမြစ်များ

မော်ဂျူး ၂.၂ အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၂) အနှစ်ချုပ်

သင်တန်းအဆုံးပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများနှင့် ရင်းမြစ်များ

Related Courses

chatGPTicon