Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

အလယ်တန်းအထူးပြု ဓာတုဗေဒဘာသာရပ် အဆင့်မြင့်သင်ကြားခြင်း

0

(0 Reviews)

Certified

8 hour(s)

74 Enrollment(s)

891 View(s)

Share On :

Course Description

ဤသင်တန်းသည် အလယ်တန်းကျောင်းသားများ သိပ္ပံဘာသာရပ်အပေါ်တွင် စိတ်ဝင်စားမှုနှင့် လေ့လာသင်ယူမှုများကို ပံ့ပိုးကူညီနိုင်ရန် လုပ်ငန်းခွင်ဝင်စဆရာများကို ပြင်ဆင်ပေးရန် ဖြစ်သည်။ ထို့ပြင် သိပ္ပံဘာသာရပ်သင်ကြားခြင်းဆိုင်ရာ တတ်ကျွမ်းမှုများနှင့် သင်နည်းဗေဒဆိုင်ရာ အခြေခံ အသိပညာများနှင့် သိပ္ပံဆိုင်ရာ အခြေခံအသိပညာများ တိုးတက်ဖွံ့ဖြိုးလာရန် မျှော်လင့်ထားပါသည်။ ထို့ပြင် သိပ္ပံဘာသာရှိ စစ်ဆေးအကဲဖြတ်ခြင်းတို့ကိုလည်း ထည့်သွင်းရေးဆွဲထားသည်။

ဤသင်တန်းတွင် အောက်ပါ မော်ဂျူးတို့ပါဝင်ပါသည်။

မော်ဂျူး ၁။ သိပ္ပံမိတ်ဆက်နှင့် သိပ္ပံနည်းကျဆောင်ရွက်ခြင်း
      ၁.၁။ အလယ်တန်းဓာတုဗေဒဘာသာရပ်မိတ်ဆက်
         ၁.၁.၁။ အလယ်တန်းအောက်ဆင့် သိပ္ပံသင်ရိုးညွှန်းတမ်းရှိ ဓာတုဗေဒဘာသာရပ် အဓိကနယ်ပယ်များနှင့် သင်ယူမှုရည်မှန်းချက်များ
      ၁.၂။ အလယ်တန်းသိပွံဘာသာရပ်ရှိ သိပ္ပံဆိုင်ရာ ကျွမ်းကျင်မှုများ
      ၁.၃။ အလယ်တန်းသိပ္ပံဘာသာရပ်မှ ချဉ်းကပ်မှုများ
         ၁.၃.၁။ သိပ္ပံဘာသာရပ်သင်ယူရာတွင် တွေ့ရလေ့ရှိသော အယူအဆလွဲမှားမှုများ
      ၁.၄။ ဓာတ်ခွဲခန်းအတွင်းဘေးကင်းလုံခြုံရေး
မော်ဂျူး ၂။ အင်ဩဂဲနစ်ဓာတုဗေဒ (၁)
      ၂.၁။ အက်တမ်သီအိုရီ
         ၂.၁.၁။ ကွမ်တမ်နံပါတ်လေးခု
         ၂.၁.၂။ အက်တမ်ပတ်လမ်းများပေါင်းစပ်ခြင်း
         ၂.၁.၃။ ဓာတုဗေဒရှိ မော်လီကျူးပတ်လမ်းများ
         ၂.၁.၄။ ဓာတုစည်းနံပါတ်နှင့် ဓာတုစည်းတည်ငြိမ်မှု
         ၂.၁.၅။ မျိုးတူနျူကလီးယားပါ ဒွိအက်တမ်မော်လီကျူးများနှင့် မျိုးကွဲနျူကလီးယားပါ ဒွိအက်တမ် မော်လီကျူးများ
      ၂.၂။ သတ္တုမဟုတ်သော ဒြပ်စင်များ
         ၂.၂.၁။ သတ္တုမဟုတ်သော ဒြပ်စင်များ
         ၂.၂.၂။ ကြားဆက်ဒြပ်စင်များ
မော်ဂျူး ၃။ ရူပဓာတုဗေဒ (၁)
      ၃.၁။ ဓာတ်ငွေ့နိယာမများနှင့်မျှခြေ
         ၃.၁.၁။ စံနှုန်းကိုက်ဓာတ်ငွေ့နိယာမနှင့် စံနှုန်းမကိုက်ဓာတ်ငွေ့နိယာမ
      ၃.၂။ မျှခြေ၏ သဘောသဘာဝ (အရွေ့မျှခြေနှင့် ဓာတုမျှခြေ)
မော်ဂျူး ၄။ ဓာတ်ခွဲဓာတုဗေဒ (၁)
      ၄.၁။ အက်စစ်-ဗေ့စ်၊ မျှခြေနှင့် စံတိုက်ခြင်း
         ၄.၁.၁။ အက်ဆစ်ဓာတ်နှင့် အယ်ကာလီဓာတ်တို့၏ အခြေခံသဘောတရားများ
         ၄.၁.၂။ အက်ဆစ်ပျော်ရည်နှင့် ဗေ့စ်ပျော်ရည်များအတွက် မျှခြေတွက်ချက်မှုများ
         ၄.၁.၃။ စံတိုက်ခြင်းအမျိုးအစားများနှင့် အက်ဆစ်-ဗေ့စ်စံတိုက်ခြင်း
        ၄.၁.၄။ ဟိုက်ဒရိုကလိုရစ်အက်ဆစ် ပျော်ရည်တစ်ခု၏ ပြင်းအားကိုရှာသည့် စမ်းသပ်ချက်
မော်ဂျူး ၅။ ဩဂဲနစ်ဓာတုဗေဒ (၁)
      ၅.၁။ အယ်လ်ကို‌ဟော၊ အယ်လ်ဒီဟိုက်နှင့် ကီတုန်း၊ မိုနိုကာဗောက်ဆီလစ်အက်ဆစ်
         ၅.၁.၁။ သိပ္ပံပညာရပ်နယ်ပယ်အလိုက် အမည်ပေးစနစ် (Nomenclature)၊ ဖော်စပ်ခြင်းနှင့် အယ်လ်ကိုဟော၏ ဂုဏ်သတ္တိများနှင့် အသုံးပြုမှုများ
         ၅.၁.၂။ သိပ္ပံပညာရပ်နယ်ပယ်အလိုက် အမည်ပေးစနစ် (Nomenclature)၊ ဖော်စပ်ခြင်းနှင့် အယ်လ်ဒီဟိုက်နှင့် ကီတုန်း၏ဂုဏ်သတ္တိများနှင့် အသုံးပြုမှုများ
      ၅.၁.၃။ သိပ္ပံပညာရပ်နယ်ပယ်အလိုက် အမည်ပေးစနစ် (Nomenclature)၊ ဖော်စပ်ခြင်းနှင့် မိုနိုကာဗောက်ဆီလစ်အက်ဆစ်များ၏ ဂုဏ်သတ္တိများနှင့် အသုံးပြုမှုများ
မော်ဂျူး ၆။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဓာတုဗေဒ (၁)
      ၆.၁။ စိုက်ပျိုးရေးရှိဓာတုဗေဒ
         ၆.၁.၁။ အာဟာရများ၊ မြေဩဇာများနှင့် မြေဩဇာ လိုအပ်မှုများ
         ၆.၁.၂။ အင်းဆက်သတ်ဆေးများ၊ ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများနှင့် မှိုသတ်ဆေးများ
         ၆.၁.၃။ ဓာတုညစ်ညမ်းမှု (စွန့်ပစ်အမှိုက်များ)
      ၆.၂။ ရေနှင့်ဆိုင်သော ဓာတုဗေဒ
         ၆.၂.၁။ ရေရင်းမြစ်
         ၆.၂.၂။ ရေအရည်အသွေး၏ ဝိသေသလက္ခဏာများ
မော်ဂျူး ၇။ အင်ဩဂဲနစ်ဓာတုဗေဒ (၂)
      ၇.၁။ သတ္တုများနှင့် သတ္တုဗေဒ
         ၇.၁.၁။ သက်ရှိများတွင် သတ္တုများဖြစ်ပေါ်ခြင်း
         ၇.၁.၂။ သီးခြားသတ္တုများ၏ သတ္တုဗေဒ
         ၇.၁.၃။ သတ္တုရင်းမြစ်များကို အသုံးချခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း
မော်ဂျူး ၈။ ရူပဓာတုဗေဒ (၂)
      ၈.၁။ လျှပ်စစ်ဓာတုဗေဒ
         ၈.၁.၁။ လျှပ်စစ်ကူးအရည်သုံးဆဲလ်များနှင့် ဂယ်လ်ဗာနစ်ဆဲလ်များ
         ၈.၁.၂။ ဖာရာဒေး၏ လျှပ်စစ်‌ဖြင့် ဓာတ်ခွဲခြင်းနိယာမများ
         ၈.၁.၃။ စံဟိုက်ဒရိုဂျင်ငုတ်တိုင်
မော်ဂျူး ၉။ ဓာတ်ခွဲဓာတုဗေဒ (၂)
      ၉.၁။ အလေးချိန်သုံးဓာတ်ခွဲခြင်း
         ၉.၁.၁။ အလေးချိန်အသုံးပြုခြင်းဆိုင်ရာ ဓာတ်ပြုမှုများ၊ စတိုခီရိုမက်ထရီနှင့် အလေးချိန် အသုံးပြုခြင်းဆိုင်ရာ တွက်ချက်မှုများ
         ၉.၁.၂။ အလေးချိန်အသုံးပြုခြင်းဆိုင်ရာ စံတိုက်ဓာတ်ပြုခြင်း လက်တွေ့စမ်းသပ်ချက်
မော်ဂျူး ၁၀။ ဩဂဲနစ်ဓာတုဗေဒ (၂)
      ၁၀.၁။ အီသာများ၏ သိပ္ပံပညာရပ်နယ်ပယ်အလိုက် အမည်ပေးစနစ်၊ အီသာ၏ ဂုဏ်သတ္တိများနှင့် အီသာအသုံးပြုပုံများ
    ၁၀.၂။ အက်စတာများ၏ သိပ္ပံပညာရပ်နယ်ပယ်အလိုက် အမည်ပေးစနစ်၊ အက်စတာဖော်စပ်ခြင်း၊ အက်စတာ၏ ဂုဏ်သတ္တိများနှင့် အက်စတာ အသုံးပြုပုံများ
မော်ဂျူး ၁၁။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဓာတုဗေဒ (၂)
      ၁၁.၁။ အစားအစာဆိုင်ရာ ဓာတုဗေဒ
         ၁၁.၁.၁။ အစားအစာတွင်ပါဝင်သော ဓာတုပစ္စည်းများ၏ အကျိုးသက်ရောက်မှုများ
         ၁၁.၁.၂။ အစာဖြည့်စွက်ပစ္စည်းများ၊ အစားအစာကို တာရှည်ခံစေရန် ပြုလုပ်ခြင်းနှင့် ၎င်းတို့၏ အကျိုုးသက်ရောက်မှုများ
      ၁၁.၂။ ရေဆိုင်ရာဓာတုဗေဒ
         ၁၁.၂.၁။ ရေထုညစ်ညမ်းမှုကိုဖြစ်စေသည့် အကြောင်းရင်းများ
         ၁၁.၂.၂။ ရေထုညစ်ညမ်းမှုကို ဆန်းစစ်လေ့လာခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း
မော်ဂျူး ၁၂။ စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ပြမှုပုံစံရေးဆွဲခြင်း
      ၁၂.၁။ သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်း
      ၁၂.၂။ သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း
      ၁၂.၃။ သင်ပြမှုပုံစံ‌ရေးဆွဲခြင်း

အဓိကအသုံးအနှုန်းများ

ဓာတုဗေဒဘာသာရပ် (Chemistry)၊ သင်ရိုးညွှန်းတမ်း (curriculum)၊ အကြောင်းအရာ ဆက်သွယ်ပြမှုပုံစံ (mind map)၊ ရုပ်ပုံဖော်ကြည့်မှု (visualisation)၊ သိမြင်ရန်ခက်ခဲသော (abstract)၊ သဘောတရားပြ ကာတွန်းများ (concept cartoons)၊ နောက်ခံအခြေအနေ (context)၊ ကိုယ်တွေ့အထောက်အထား (empirical evidence)၊ စုံစမ်းလေ့လာခြင်း (investigation)၊ မက်ခရိုစကေးလ် (macroscale)၊ အယူအဆလွဲမှားခြင်းများ (misconceptions)၊ နမူနာပုံစံများ (models)၊ အချက်များစွာကိုမေးမြန်းသော (multi-structural)၊ နာနိုစကေးလ် (nanoscale)၊ ယခင်သိရှိပြီး အသိပညာ (prior knowledge)၊ သင်္ကေတအသုံးအနှုန်း (symbolic)၊ အချက်တစ်ချက်တည်းကို မေးမြန်းသော (uni-structural)၊ ကိန်းရှင်များ (variables)၊ အော့ဖ်ဘောင်းနိယာမ(Alfbau principle)၊ အက်တမ်ပတ်လမ်းများ (atomic orbital)၊ ဓာတုစည်းနံပါတ် (bound order)၊ ဓာတုတည်ငြိမ်မှု (bound stability)၊ ဒွိအက်တမ် (diatomic)၊ ဒွိဖြစ်တည်မှု (duality)၊ အီလက်ထရွန် (electron)၊ စွမ်းအင်အဆင့်များ (energy levels)၊ ရောင်စဉ်ထုတ်လွှတ်မှုများ (emission spectra)၊ ကြိမ်နှုန်း (frequency)၊ မျိုးကွဲနျူကလီးယား (heteronuclear)၊ မျိုးတူနျူကလီးယား (homonuclea)၊ ဟန်းဒ်၏စည်းမျဉ်း (Hund’s rule)၊ ပေါင်းစပ်ရောနှောခြင်း (hybridisation)၊ လှိုင်းထပ်ခြင်း (interference)၊ မော်လီကျူးစည်းနှောင်မှုသီအိုရီ (molecular bonding theory)၊ မော်လီကျူးဂျီဩမေတြီ (molecular theory)၊ ပတ်လမ်းများ (orbitals)၊ ပေါ်လီ၏ ချန်လှပ်ခြင်းနိယာမ (Pauli exclusion principle)၊ အလှည့်ကျဇယား (periodic table)၊ ဖိုတွန် (photon)၊ စွမ်းအင်မွှား (quantised energy)၊ ကွမ်တမ်မက္ကင်းနစ် (quantum mechanics)၊ ကွမ်တမ်နံပါတ်များ (quantum numbers)၊ ကြားဆက်ဒြပ်စင်များ (transition elements)၊ ဖက်စပ်စည်းသီအိုရီ (valence bond theory)၊ လှိုင်းအလျား (wavelength)၊ အမန်တန်နိယာမ (Amonton’s Law)၊ အဗိုဂါဒရိုနိယာမ (Avogadro’s law)၊ ဘွိုင်းလ်နိယာမ (Boyle’s law)၊ ချားလ်စ်နိယာမ (Charles’ law)၊ ပျံ့နှံ့ခြင်း (diffusion)၊ စိမ့်ဝင်ခြင်း (effusion)၊ မျှခြေ (equilibrium)၊ ရှေ့ညွှန်ဓာတ်ပြုမှု (forward reaction)၊ ဂရေဟမ်နိယာမ (Graham’s law)၊ စံနှုန်းကိုက်ဓာတ်ငွေ့ (Ideal gas)၊ ကယ်လ်ဗင် (kelvin)၊ မော်လီကျူး အရွေ့သီအိုရီ (Kinetic molecular theory)၊ လီရှတ်တလီယဲရ်သဘောတရား (Le Châtelier’s principle)၊ မိုးလ်ဒြပ်ထု (molar mass)၊ စံနှုန်းမကိုက်ဓာတ်ငွေ့ (non-ideal gas)၊ တစ်ပိုင်းဖိအား (partial pressure)၊ ဖိအား (pressure)၊ ဓာတ်ပြုနှုန်း (reaction rate)၊ ပြန်လှန်ဓာတ်ပြုမှု (reverse reaction)၊ အက်စစ်- ဗေ့စ် အညွှန်းကိန်း (acid- base indicator) ၊ အက်စစ် - ဗေ့စ် စံတိုက်ခြင်း (acid- base tritration)၊ အက်စစ်ဓာတ် (acidity)၊ အယ်ကာလီဓာတ် (alkalinity)၊ အရည်တိုင်းဖန်ပြွန် (burette)၊ ဓာတ်ကွဲထွက်ခြင်း ( dissociation)၊ ဓာတ်ပြယ်ခြင်း ( neutralisation)၊ pH၊ pKa ၊ pOHအယ်လ်ကို‌‌ဟော (alcohol)၊ အယ်လ်ကိန်း (‌alkane) အယ်လ်ဒီဟိုက် (aldehyde)၊ ကာဗွန်နိုင်းလ်ဓာတ်ပြုအုပ်စု (carbony functional group)၊ ကာဗောက်ဆဲလ်ဓာတ်ပြုအုပ်စု (carboxyl functional group) ၊ ငွေ့ရည်ဖွဲ့ ဓာတ်ပြုခြင်း (condensation reaction) ၊ ဓာတ်ပြုအုပ်စု (functional group)၊ ဟိုက်ဒရိုဂျင် စည်းနှောင်မှု (hydrogen bounding) ၊ ဟိုက်ဒရောက်ဆဲလ် ဓာတ်ပြုအုပ်စု (hydroxyl functional group)၊ ဩဂဲနစ်ဒြပ်ပေါင်း (organic compound)၊ ဓာတ်တိုးခြင်း (oxidation)၊ မိုနိုကာဗောက်ဆီလစ်အက်ဆစ် (monocarboxylic acid)၊ ဗင်ဒါဝါးအားများ (van der Waals forces)၊ မြေဆွေး (compost)၊ မှိုသတ်ဆေး (fungicide)၊ ပေါင်းသတ်ဆေး (herbicide)၊ အင်းဆက်သတ်ဆေး (insecticide)၊ အာရုံကြောအဆိပ် (neurotoxin)၊ မကူးစက်နိုင်သော ရောဂါ (non- communicable disease)၊ ပိုးသတ်ဆေး (pesticide)၊ ပိုးသတ်ဆေးခံနိုင်ရည်ရှိမှု (pesticide resistance)၊ ပိုင်ရီသရိုက် (pyrethroid)၊ ဆားပါဝင်မှု၏ ဘေးဥပဒ် (salinity hazard)၊ ဆိုဒီယမ်ဆွဲကပ်မှုအချိုး (sodium adsorption ration)၊ ဆိုဒီယမ်ပါဝင်မှု၏ ဘေးဥပဒ် (sodium hazard)၊ အယ်လ်ကိုဟော ဒီဟိုက်ဒရိုဂျင်နေ့၊ လက်မှုပညာ၊ အင်အိုင်ယွန်၊ အင်အိုင်ယွန်ဖလှယ်သောကော်လံ၊ ပဋိဇီဝဆေးများ၊ သတ္တုစစ်ထုတ်ခြင်း၊ ဇီဝရေသတ္တုဗေဒ၊ စည်းနှောင်ရာနေရာ၊ ကြေမွအောင်မီးဖုတ်ခြင်း၊ ဓာတ်ကူခြင်း၊ ဓာတ်ကူပစ္စည်း၊ ကက်အိုင်ယွန်၊ ကလိုရိုဖီး၊ အမ်ဇိုင်းမ်ကူ ဓာတ်ပြုခြင်းများ၊ အင်ဇိုင်းမ်၊ ဟီမိုဂလိုဘင်၊ သတ္တု ဒြပ်ပေါင်းများ၊ စိမ့်စားခြင်း၊ အများလိုအာဟာရဓာတ်များ၊ သတ္တုစပ်၊ သတ္တုရိုင်း၊ သတ္တုပရိုတင်းများ၊ သတ္တုဗေဒ၊ အနည်းလို အာဟာရဓာတ်များ၊ မိုင်ရိုဂလိုဘင်၊ အပျက်သဘောထိန်းချုပ်မှု၊ အောက်ဆီဟီမိုဂလိုဘင်၊ အလင်းမှီစု အစာဖွဲ့စည်းခြင်း၊ အပြုသဘောထိန်းချုပ်မှု၊ လှုပ်ရှားသွားသည့် နယ်ပယ်၊ မီးပြင်းတိုက်ခြင်း၊ အမငုတ်တိုင်၊ အဖိုငုတ်တိုင်၊ ဓာတ်ခဲခြောက်၊ လျှပ်စစ်ဓာတုဗေဒ၊ လျှပ်စစ်ကူးအရည်သုံးဆဲလ်၊ လျှပ်စစ်ဖြင့်ဓတ်ခွဲခြင်း၊ လျှပ်စစ်တွန်းအား၊ သတ္တုရည်စိမ်ခြင်း၊ ဖာရာဒေး၏နိယာမ၊ ဂယ်လ်ဗာနစ်ဆဲလ်၊ ခဲအက်စစ် ဘက်ထရီ၊ လစ်သီယမ်-အိုင်ယွန် ဘက်ထရီ၊ ဓာတ်တိုးခြင်း၊ ဓာတ်တိုးလျှော့ဖြစ်စဉ်များ၊ ဓာတ်လျှော့ခြင်း၊ ဆားပေါင်းကူး၊ စံဓာတ်လျှော့ခြင်း၊ လျှပ်စစ်အတည်စွမ်းအင်၊ ဓာတ်ခွဲခံ၊ ကော်လွိုက်၊ အလေးချိန်သုံး ဓာတ်ခွဲခြင်း၊ မီးတိုက်ခြင်းကြောင့် အလေးချိန် ဆုံးရှုံးမှု (LOI)၊ မိုးလ်ဒြပ်ထု၊ အမှုန်အမွှားဆိုင်ရာ အလေးချိန်အသုံးပြုပညာ၊ အစုပြယ်စေခြင်း၊ အရည်စိမ့်စစ်ထုတ်ကိရိယာ၊ အနည်ချပစ္စည်း၊ အနည်ချသည့် ဓာတ်ကူပစ္စည်း၊ အနည်ချခြင်း၊ အနည်ချခြင်းဆိုင်ရာ အလေးချိန်အသုံးပြုပညာ၊ စတိုခီရိုမက်ထရစ်အချိုး၊ အပေါ်ယံအရည်ကြည်၊ ဩဂဲနစ်ကာဗွန် စုစုပေါင်း (TOC)၊ အလင်းပေါက်စစ်ထုတ်ကိရိယာ၊ အငွေ့ပြန်လွယ်မှု၊ အငွေ့ပြန်ခြင်းဆိုင်ရာ အလေးချိန်အသုံးပြုပညာ၊ အယ်လီဖက်တစ်အီသာ၊ ရနံ့ကဲအီသာ၊ ဇီဝလောင်စာ၊ အီသာ၊ မိုးလ်ဒြပ်ထု၊လူသားများကြောင့် ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှု (Anthropogenic)၊ ပိုးသတ်ဆေးယဉ်ပါးမှု၊ အက်ရှားရီကီးယား ကိုလိုင် (Escherichia coli)၊ E နံပါတ်များ၊ အစာဖြည့်စွက်ပစ္စည်း၊ ကလပ်ဘ်ဆီယဲလား နမိုးနီးယေး (Klebsiella pneumoniae)၊ နုန်းတင်ကျန်မှု၊ စတက်ဖီလ်လိုကိုးကပ် အော်ရီယက်စ် (Staphylococcus aureus)၊ 5Es၊ အသေးစိတ်ရှင်းပြခြင်း၊ ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ရှင်းပြခြင်း၊ စူးစမ်းလေ့လာခြင်း၊ အကဲဖြတ်သုံးသပ်ခြင်း၊ သင်ယူမှုအထောက်အထား၊ တုံ့ပြန်အကြံပြုချက်၊ သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း။

Course Objectives

ဤသင်တန်းသည် လုပ်ငန်းခွင်ဝင်ရောက်စ ဆရာများအား သိပ္ပံနည်းကျလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ လေးနက်စွာဆန်းစစ် ဝေဖန်စဉ်းစားနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်များ၊ ပြဿနာဖြေရှင်းခြင်း၊ မေးခွန်းများ မေးမြန်းခြင်းဆိုင်ရာ စွမ်းရည်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် စွမ်းရည်များ ဖွံ့ဖြိုးလာရန် ရည်ရွယ်၍ ပြင်ဆင်ထားခြင်းဖြစ်သည်။ ထို့ပြင် နေ့စဉ်ဘဝအတွေ့အကြုံများနှင့် ချိတ်ဆက်၍လည်း သင်ခန်းစာများကို စနစ်တကျစီစဉ်တတ်မည်ဖြစ်သည်။ ဤသင်တန်းမှတစ်ဆင့် အလယ်တန်း ကျောင်းသားများ၏ နားလည်မှုကို စစ်ဆေးရန်နှင့် တုံ့ပြန်အကြံပြုချက်များ ပေးရန်အတွက် အမျိုးမျိုးသော စစ်ဆေးအကဲဖြတ်မှုလုပ်ငန်းများကို စနစ်တကျ စီစဉ်ရေးဆွဲ၍ လက်တွေ့အသုံးပြုနည်းများကိုလည်း လေ့လာသင်ယူရမည်ဖြစ်သည်။

Learning Outcomes

ဤသင်တန်းကို တက်ရောက်ပြီးချိန်တွင် သင်သည် - 

  • အခြေခံပညာ ဆမတန်းနှင့် သတ္တမတန်း သိပ္ပံသင်ရိုးညွှန်းတမ်း၏ မည်သည့်နေရာတွင် ဓာတုဗေဒအခန်းရှိကြောင်း ဆန်းစစ်တတ်မည်။
  • လူတိုင်းအကျုံးဝင်သော ရှုထောင့်တစ်ခုမှနေ၍ သိပ္ပံနည်းကျလုပ်ဆောင်ရန်နှင့် လိုအပ်သောကျွမ်းကျင်မှုများ တိုးတက်စေရန် အလယ်တန်းကျောင်းသားများကို အထောက်အပံ့ပေးနိုင်ပုံ ဥပမာများကို စာရင်းပြုစုတတ်မည်။
  • အလယ်တန်းသိပ္ပံသင်ရိုးညွှန်းတမ်းတွင်ရှိသော ဓာတုဗေဒအကြောင်းအရာနှင့် ပတ်သက်၍ ကျောင်းသားများ၏ အတွေ့များသော အယူအဆလွဲမှားမှုများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ဓာတုဗေဒဓာတ်ခွဲခန်းအတွင်း ဘေးအန္တရာယ်စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ်များမှတစ်ဆင့် ဘေးဥပဒ်များကို သတ်မှတ်ထုတ်ဖော်တတ်ပြီး ဘေးအန္တရာယ် နည်းနိုင်သမျှ အနည်းဆုံးဖြစ်စေရန် နည်းလမ်းများကို ဖော်ထုတ်နိုင်မည်။
  • ဓာတုဗေဒဓာတ်ခွဲခန်းအတွင်း ဘေးအန္တရာယ် နည်းနိုင်သမျှအနည်းဆုံးဖြစ်အောင်ပြုလုပ်ခြင်းဆိုင်ရာ နားလည်သဘောပေါက်မှုကို အသုံးပြုခြင်းအားဖြင့် ပေးထားသောဖြစ်ရပ်များ၊ အခြေအနေများနှင့် ဥပမာများကို ဆန်းစစ်လေ့လာပြီး အကဲဖြတ်သုံးသပ်တတ်မည်။
  • ကွမ်တမ်နံပါတ်လေးခုကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
  • ကွမ်တမ်နံပါတ်ဆိုင်ရာ အသိပညာကိုအသုံးပြုပြီး ပုစ္ဆာများဖြေရှင်းတတ်မည်။
  • အက်တမ်ပတ်လမ်းပုံများ ရေးဆွဲတတ်မည်။
  • အက်တမ်ပတ်လမ်းများ ပေါင်းစပ်ခြင်းအတွက် အခြေအနေများကို ဖော်ပြတတ်မည်။
  • စည်းနှောင်မှုရှိ မော်လီကျူးပတ်လမ်းနှင့် စည်းနှောင်မှုလျော့ မော်လီကျူးပတ်လမ်းအကြား ကွဲပြားခြားနားချက်ကို ရှင်းပြတတ်မည်။
  • မော်လီကျူးပတ်လမ်းများဖြည့်ခြင်းအတွက် စည်းမျဉ်းများကို ဖော်ပြတတ်မည်။
  • ဒွိအက်တမ်မော်လီကျူးများတွင် ဓာတုစည်းနံပါတ်များကို မည်သို့ဆုံးဖြတ်ရကြောင်း သိရှိလာမည်။
  • ဓာတုစည်းနံပါတ်နှင့် ဓာတုစည်းတည်ငြိမ်မှုအကြား ဆက်နွှယ်မှုကို ရှင်းပြတတ်မည်။
  • မျိုးတူနျူကလီးယားပါ ဒွိအက်တမ်မော်လီကျူးများနှင့် မျိုးကွဲနျူကလီးယားပါ ဒွိအက်တမ်မော်လီကျူးများကို ခွဲခြားသိရှိမည်။
  • နိုက်ထရိုဂျင်နှင့် ၎င်း၏ဒြပ်ပေါင်းများ၏ ဂုဏ်သတ္တိများကို ရှင်းပြတတ်မည်။
  • သက်ဆိုင်ရာဒြပ်ပေါင်းများတွင် နိုက်ထရိုဂျင်၏ ဓာတ်တိုးခြေကို တွက်ချက်တတ်မည်။
  • ကြားဆက်ဒြပ်စင်များဖြစ်ကြသော ပလက်တီနမ်၊ တိုင်တေနီယမ်၊ ကိုဘော့ထ်နှင့် ကက်ဒမီယမ်တို့၏ဂုဏ်သတ္တိများနှင့် အသုံးပြုမှုများကို ဖော်ပြတတ်မည်။
  • နေ့စဉ်ဘဝတွင် တွေ့ရလေ့ရှိသော ကြားဆက်ဒြပ်စင်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ဓာတ်ငွေ့နိယာမများတွင်အသုံးပြုသော ယူဆချက်များကိုသတ်မှတ်ဖော်ထုတ်တတ်မည်။
  • ဓာတ်ငွေ့နိယာမများ (စံနှုန်းကိုက်ဓာတ်ငွေ့နိယာမနှင့် စံနှုန်းမကိုက်ဓာတ်ငွေ့နိယာမ၊ ဓာတ်ငွေ့၏ရွေ့လျားမှုသီအိုရီ၊ ဂရေဟမ်၏ ပျံ့နှံ့ခြင်းနှင့် စိမ့်ဝင်ခြင်းနိယာမ) ကို လက်တွေ့ဘဝတွင် အသုံးပြုနိုင်မည်။
  • ဓာတ်ပြုမှုတစ်ခုတွင် ဓာတုမျှခြေတစ်ခု၏ ပြောင်းလဲသော သဘောသဘာဝသည် မည်သို့ဖြစ်သွားကြောင်း ဆွေးနွေးတတ်မည်။
  • ကိန်းသေဓာတ်ပြုနှုန်းများ (ဓာတုအရွေ့) နှင့် မျှခြေအကြား ဆက်သွယ်ချက်ကို ဆန်းစစ်လေ့လာတတ်မည်။
  • အက်ဆစ်ဓာတ်နှင့် အယ်ကာလီဓာတ်တို့၏ အခြေခံသ‌ဘောတရားနှင့် pH စကေးလ်ကို ဖော်ပြတတ်မည်။
  • နေ့စဉ်ဘဝတွင် တွေ့ကြုံနေရသော အက်ဆစ်နှင့် ဗေ့စ်ဥပမာများကို သတ်မှတ် ဖော်ထုတ်တတ်မည်။
  • ပြင်းအားနှင့် pH အကြား ဆက်သွယ်ချက်ကို ရှင်းပြတတ်မည်။
  • အက်ဆစ်ပျော်ရည်များနှင့် ဗေ့စ်ပျော်ရည်များအတွက် မျှခြေပြင်းအားကို တွက်ချက်နိုင်မည်။
  • အက်ဆစ်ကြားခံပျော်ရည်နှင့် ဗေ့စ်ကြားခံပျော်ရည်များဖော်စပ်ရန်အတွက် လုပ်ထုံးလုပ်နည်းများကို ရှင်းပြတတ်မည်။
  • စံတိုက်ခြင်း၏ အခြေခံသဘောတရားများကို ရှင်းပြတတ်မည်။
  • စံတိုက်ခြင်းဆိုင်ရာ ဒေတာအချက်အလက်ဥပမာကို အသုံးပြုပြီး ပျော်ရည်တစ်ခု၏ ပြင်းအားကို ဆုံးဖြတ်တတ်မည်။
  • ဟိုက်ဒရိုကလိုရစ်အက်ဆစ်ပျော်ရည်တစ်ခု၏ ပြင်းအားကိုရှာရန် စမ်းသပ်ချက်တစ်ခုကို လုပ်ဆောင်တတ်မည်။
  • အယ်လ်ကိုဟော၏ ရူပဂုဏ်သတ္တိနှင့် ဓာတုဂုဏ်သတ္တိများကို ဖော်ပြတတ်မည်။
  • ရိုးရှင်းသော အယ်လ်ကိုဟောများအတွက် အသုံးပြုသည့် အမည်ပေးစနစ် (Nomenclature) ကို အကျဉ်းချုပ်ဖော်ပြတတ်မည်။
  • နည်းစနစ်ကျသော အမည်များအသုံးပြုပြီး အယ်လ်ကိုဟောအချို့ကို စာရင်းပြုစုတတ်မည်။
  • အယ်လ်ကိုဟောအချို့ဖော်စပ်ခြင်းအတွက် ဓာတုညီမျှခြင်းများ ချရေးတတ်မည်။
  • အိမ်သုံး/ ကျန်းမာရေး ရည်ရွယ်ချက်များအတွက် အသုံးပြုသော အယ်လ်ကိုဟောအချို့ကို ဖော်စပ်တတ်မည်။
  • အယ်လ်ဒီဟိုက်နှင့် ကီတုန်းတို့၏ ရူပဂုဏ်သတ္တိများနှင့် ဓာတုဂုဏ်သတ္တိများကို ဖော်ပြတတ်မည်။
  • ရိုးရှင်းသော အယ်လ်ဒီဟိုက်နှင့်ကီတုန်းတို့အတွက် အသုံးပြုသည့် အမည်ပေးစနစ်ကို အကျဉ်းချုပ်ဖော်ပြတတ်မည်။
  • နည်းစနစ်ကျသောအမည်များအသုံးပြုပြီး အယ်လ်ဒီဟိုက်နှင့် ကီတုန်းအချို့ကို စာရင်းပြုစုတတ်မည်။
  • အယ်လ်ဒီဟိုက်နှင့် ကီတုန်းအချို့ဖော်စပ်ခြင်းအတွက် ဓာတုညီမျှခြင်းများ ချရေးတတ်မည်။
  • အစားအစာတာရှည်ခံစေရန်ပြုလုပ်ခြင်း (သို့မဟုတ်) အိမ်သုံးရည်ရွယ်ချက်များအတွက် အသုံးပြုသော အယ်လ်ဒီဟိုက်နှင့် ကီတုန်းအချို့ကို ဖော်စပ်တတ်မည်။
  • မိုနိုကာဗောက်ဆီလစ်အက်စစ်၏ ရူပဂုဏ်သတ္တိများနှင့် ဓာတုဂုဏ်သတ္တိများကို ဖော်ပြတတ်မည်။
  • ရိုးရှင်းသော မိုနိုကာဗောက်ဆီလစ်အက်စစ်အတွက် အသုံးပြုသည့် အမည်ပေးစနစ်ကို အကျဉ်းချုပ် ဖော်ပြတတ်မည်။
  • မရှိမဖြစ်လိုအပ်သော အာဟာရအမျိုးအစားများ (သတ္တုဓာတ်များနှင့် သတ္တုဓာတ် မဟုတ်သည်များကို) ကို သတ်မှတ်ဖော်ထုတ်မည်။
  • လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရများကို အမျိုးအစားခွဲတတ်မည်။
  • စွန့်ပစ်အစားအစာများမှ မြေဩဇာကို မည်သို့ဖော်စပ်ရကြောင်း ဖော်ပြတတ်မည်။
  • အင်းဆက်သတ်ဆေးများ၊ ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများနှင့် မှိုသတ်ဆေးများ၏ ဥပမာများနှင့် ဝိသေသလက္ခဏာများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ဓာတုညစ်ညမ်းမှု ဥပမာများနှင့် ရင်းမြစ်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ရပ်ရွာအပေါ် ဓာတုညစ်ညမ်းမှု၏ သက်ရောက်မှုများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • နေအိမ်ထွက် စွန့်ပစ်အမှိုက်များ၏ ပေါင်းစပ်ဖွဲ့စည်းပုံနှင့် ဝိသေသလက္ခဏာများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • နေအိမ်ထွက် စွန့်ပစ်အမှိုက်များစွန့်ပစ်ခြင်းကို မည်သို့ ကိုင်တွယ်ထိန်းချုပ်ရကြောင်း ကြည့်ရှုလေ့လာတတ်မည်။
  • ရေရင်းမြစ်အမျိုးမျိုး၏ ဝိသေသလက္ခဏာများ၊ ဂုဏ်သတ္တိများနှင့် အသုံးပြုပုံများကို နှိုင်းယှည်တတ်မည်။
  • ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော သတ္တုအိုင်ယွန်များကို သတ်မှတ် ဖော်ထုတ်တတ်မည်။
  • သက်ရှိများတွင်ရှိသော သတ္တုအိုင်ယွန်များ၏ လုပ်ဆောင်ချက်များကို ရှင်းပြတတ်မည်။
  • သတ္တုတူးဖော်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဖော်ပြတတ်မည်။
  • သတ္တုဗေဒဆိုင်ရာ လုပ်ငန်းစဉ်များကို ဆန်းစစ်လေ့လာရာတွင် သင်္ချာနည်းလမ်းများကို အသုံးပြုတတ်မည်။
  • သတ္တုဗေဒဆိုင်ရာ လုပ်ငန်းစဉ်များတွင်ရှိသော အန္တရာယ်ရှိသည့် အရာဝတ္ထုများနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာ ရင်းမြစ်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • သတ္တုဗေဒရှိ နည်းပညာအသစ်များ၏ ဥပမာများကို ဖော်ပြတတ်မည်။
  • ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သည့် သတ္တုရင်းမြစ်များ၏ သတင်းအချက်အလက်နှင့် ဒေတာများကို အကဲဖြတ်သုံးသပ်တတ်မည်။
  • လျှပ်စစ်ကူးအရည်သုံးဆဲလ်များနှင့် ဂယ်လ်ဗာနစ်ဆဲလ်များကို နှိုင်းယှဉ်တတ်မည်။
  • လျှပ်စစ်ကူးအရည်သုံးဆဲလ်များနှင့် ဂယ်လ်ဗာနစ်ဆဲလ်များ၏ ဥပမာများကို ဖော်ပြတတ်မည်။
  • ဖာရာဒေး၏လျှပ်စစ်ဖြင့် ဓာတ်ခွဲခြင်းနိယာမ အသုံးပြုပုံကို သရုပ်ပြသင်ကြားတတ်မည်။
  • လျှပ်စစ်ဖြင့်ဓာတ်ခွဲခြင်းကို အသုံးပြုပြီး ထုတ်လုပ်ထားသော အသုံးများသည့် ပစ္စည်းဥပမာများကို ဖော်ပြတတ်မည်။
  • စံဟိုက်ဒရိုဂျင်ငုတ်တိုင် (SHE) ၏ အသုံးဝင်ပုံကို ဖော်ပြတတ်မည်။
  • SHE ၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများကို စာရင်းပြုစုတတ်မည်။
  • လက်တွေ့ဘဝတွင် SHE ကို မည်သို့ပြုလုပ်ပြီး အသုံးပြုကြောင်း သရုပ်ပြ သင်ကြားတတ်မည်။
  • အလေးချိန်သုံးဓာတ်ခွဲနည်း၏ ယေဘုယျကျသော အခြေခံသဘောတရားများကို ဖော်ပြတတ်မည်။
  • ကွဲပြားခြားနားသော အလေးချိန်သုံးဓာတ်ခွဲနည်းဆိုင်ရာ နည်းလမ်းများကို နှိုင်းယှဉ်တတ်မည်။
  • အလေးချိန်သုံးဓာတ်ခွဲနည်းကို အသုံးပြုသည့် ဓာတ်ပြုမှုများအတွက် မျှခြေဖြစ်သော ဓာတုညီမျှခြင်းများကို သတ်မှတ်တတ်မည်။
  • အလေးချိန်အသုံးပြုမှုဆိုင်ရာ အချက်များကို သုံး၍ အလေးချိန်အသုံးပြုခြင်းဆိုင်ရာပုစ္ဆာများကို ဖြေရှင်းတတ်မည်။
  • ဒြပ်နှောတစ်ခုအတွင်းရှိ ဆိုဒီယမ်ကလိုရိုက်ဒြပ်ထုကို ရာခိုင်နှုန်းဖြင့်ရှာရန် စမ်းသပ်ချက်တစ်ခု လုပ်ဆောင်တတ်မည်။
  • အီသာများ၏ ရုပ်ဂုဏ်သတ္တိများနှင့် ဓာတ်ဂုဏ်သတ္တိများကို ဖော်ပြတတ်မည်။
  • ရိုးရှင်းသော အီသာများအတွက် အသုံးပြုသည့် အမည်ပေးစနစ် (Nomenclature) ကို အကျဉ်းချုပ်ဖော်ပြတတ်မည်။
  • စနစ်ကျသော အမည်များအသုံးပြုပြီး အီသာအချို့ကို စာရင်းပြုစုတတ်မည်။
  • အီသာအချို့ ဖော်စပ်ခြင်းအတွက် ဓာတုညီမျှခြင်းများ ချရေးတတ်မည်။
  • အက်စတာများ၏ ရုပ်ဂုဏ်သတ္တိများနှင့် ဓာတ်ဂုဏ်သတ္တိများကို ဖော်ပြတတ်မည်။
  • ရိုးရှင်းသော အက်စတာများအတွက် အသုံးပြုသည့် အမည်ပေးစနစ်ကို အကျဉ်းချုပ် ဖော်ပြတတ်မည်။
  • စနစ်ကျသော အမည်များအသုံးပြုပြီး အက်စတာအချို့ကို စာရင်းပြုစုတတ်မည်။
  • အလှကုန်ပစ္စည်းများနှင့် အစားအစာတွင် အနံ့အရသာထည့်ခြင်း ရည်ရွယ်ချက်များအတွက်အသုံးပြုသော အက်စတာများကို ဖော်စပ်တတ်မည်။
  • အက်စတာအချို့ ဖော်စပ်ခြင်းအတွက် ဓာတုညီမျှခြင်းများကို ချရေးတတ်မည်။
  • ကျွန်ုပ်တို့၏ အစားအစာတွင် ပါဝင်သည့် ဘေးကင်းသော ဓာတုပစ္စည်းများနှင့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ၏ ဥပမာများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ဓာတုပစ္စည်းများ၏ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုဆိုင်ရာ အချက်အလက်များကို အသုံးပြုပြီး မည်သည့် ဓာတုပစ္စည်းများကို အစားအစာများတွင် အသုံးပြုခြင်းမှ တားမြစ်သင့်ကြောင်း ဆုံးဖြတ်တတ်မည်။
  • အစာဖြည့်စွက် ပစ္စည်းများကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန်အတွက် နည်းလမ်းများကို အကဲဖြတ် သုံးသပ်တတ်မည်။
  • လူသားများ၏ ကျန်းမာရေးနှင့်ပတ်သက်၍ အစားအစာတာရှည်ခံစေရန်ပြုလုပ်ခြင်း၏ ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများကို အကဲဖြတ်သုံးသပ်တတ်မည်။
  • ရေထုညစ်ညမ်းမှုကို ဖြစ်စေသည့် အကြောင်းရင်းများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • လူသားများ၏ ကျန်းမာရေးအပေါ် သက်ရောက်နေသော ရေထုညစ်ညမ်းမှုကို လျှော့ချရန်နည်းလမ်းများကို အကဲဖြတ်သုံးသပ်တတ်မည်။
  • ရေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်ပြီး ထိန်းချုပ်နိုင်မည့် နည်းလမ်းများကို အကဲဖြတ်သုံးသပ်တတ်မည်။
  • ကျန်းမာရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် ရေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းအတွက် နည်းလမ်းများအား ဆန်းစစ်လေ့လာတတ်မည်။
  • အလယ်တန်းသိပ္ပံဘာသာရပ်ရှိ ဓာတုဗေဒသင်ခန်းစာများတွင် သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းများ၏ သက်ရောက်မှုများကို အကဲဖြတ်သုံးသပ်တတ်မည်။
  • စူးစမ်းလေ့လာမှုဆိုင်ရာ သင်ခန်းစာများ ပြင်ဆင်ရေးဆွဲရာတွင် 5E နမူနာပုံစံ၍ အခြေခံ၍ ပြင်ဆင်ရေးဆွဲတတ်မည်။
  • အလယ်တန်းသိပ္ပံဘာသာရပ်ရှိ ဓာတုဗေဒသင်ခန်းစာများတွင် သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများ၏ သက်ရောက်မှုကို အကဲဖြတ်သုံးသပ်တတ်မည်။

Please login to take this course

သင်တန်းမိတ်ဆက်

မော်ဂျူး (၁.၁) ရပ်တန့်၍ စဉ်းစားပါ

၁.၁။ အလယ်တန်းဓာတုဗေဒဘာသာရပ်မိတ်ဆက်

၁.၁.၁။ အလယ်တန်းအောက်ဆင့် သိပ္ပံသင်ရိုးညွှန်းတမ်းရှိ ဓာတုဗေဒဘာသာရပ် အဓိကနယ်ပယ်များနှင့် သင်ယူမှုရည်မှန်းချက်များ

ရုပ်ပုံဖော်ကြည့်မှုများ - စာသားအဓိပ္ပာယ် ဖြည်ထုတ်ခြင်းနှင့် စာအဓိပ္ပာယ်ဖွင့်ဆိုခြင်း

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

မော်ဂျူး (၁.၂) အတွက် ဉာဏ်ဖွင့်မေးခွန်းများ

မက်ခရိုစကေးလ်၊ နာနိုစကေးလ်နှင့် သင်္ကေတအသုံးအနှုန်းဆိုင်ရာ ရှုထောင့်များ

မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

၁.၃။ အလယ်တန်းသိပွံဘာသာရပ်မှ ချဉ်းကပ်မှုများ

၁.၃.၁။ သိပ္ပံဘာသာရပ်သင်ယူရာတွင် တွေ့ရလေ့ရှိသော အယူအဆလွဲမှားမှုများ

မော်ဂျူး (၁.၃) အတွက် သင်ယူမှုလုပ်ငန်း

မော်ဂျူး (၁.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း

စူးစမ်းလေ့လာမှုအမျိုးအစားများ

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

၁.၄။ ဓာတ်ခွဲခန်းအတွင်း ဘေးကင်းလုံခြုံရေး

အန္တရာယ်ဖြစ်နိုင်ခြေနှင့် ထိန်းချုပ်ရေးအစီအမံ

ထိန်းချုပ်မှုအစီအမံများ

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူးအဆုံးပြန်လည်သုံးသပ်ချက်

၂.၁။ အက်တမ်သီအိုရီ

မော်ဂျူး (၂.၁) ရပ်တန့်၍ စဉ်းစားပါ (၁)

၂.၁.၁။ ကွမ်တမ်နံပါတ်လေးခု

ပုံသဏ္ဌာန်များကို အဓိပ္ပာယ်သတ်မှတ်ခြင်း

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

အက်တမ်ပတ်လမ်းများမှ အီလက်ထရွန်များ၏စည်းမျဉ်းများ

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

၂.၁.၂။ အက်တမ်ပတ်လမ်းများပေါင်းစပ်ခြင်း

ပေါင်းစပ်ရောနှောခြင်း

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

မော်ဂျူး (၂.၁) ရပ်တန့်၍ စဉ်းစားပါ (၂)

၂.၁.၃။ ဓာတုဗေဒရှိ မော်လီကျူးပတ်လမ်းများ

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

မော်ဂျူး (၂.၁) ရပ်တန့်၍ စဉ်းစားပါ (၂)

မော်လီကျူးပတ်လမ်းနည်းဖြင့် ဓာတုစည်းနံပါတ် သတ်မှတ်ခြင်း

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

မော်ဂျူး (၂.၁) ရပ်တန့်၍ စဉ်းစားပါ (၃)

မျိုးတူနျူကလီးယား

မျိုးကွဲနျူကလီးယား

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၂.၂) ရပ်တန့်၍ စဉ်းစားပါ

၂.၂.၁။ သတ္တုမဟုတ်သောဒြပ်စင်များ

မော်ဂျူး (၂.၂) အတွက် ဗီဒီယိုသင်ခန်းစာ

နိုက်ထရိုဂျင်ဒြပ်ပေါင်းများ

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၃။ ရူပဓာတုဗေဒ (၁)

မော်ဂျူး (၃.၁) ရပ်တန့်၍ စဉ်းစားပါ

၃.၁.၁။ စံနှုန်းကိုက်ဓာတ်ငွေ့နိယာမနှင့် စံနှုန်းမကိုက်ဓာတ်ငွေ့နိယာမ

မော်လီကျူးအရွေ့သီအိုရီ၏အခြေပြုအဆိုများ

ဓာတ်ငွေ့နိယာမများနှင့်ဆက်နွှယ်နေသည့်ကိန်းရှင်များ

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

၃.၂။ မျှခြေ၏သဘောသဘာဝ (အရွေ့မျှခြေနှင့် ဓာတုမျှခြေ)

မော်ဂျူး (၃.၂) အတွက် သင်ယူမှုလုပ်ငန်း (၁)

လီရှတ်တလီယဲရ်သဘောတရား

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

မော်ဂျူး (၃.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၄။ ဓာတ်ခွဲဓာတုဗေဒ (၁)

မော်ဂျူး (၄.၁) ရပ်တန့်၍ စဉ်းစားပါ

pH စူးစမ်းလေ့လာခြင်း

နေ့စဉ်သုံးဝတ္ထုပစ္စည်းများနှင့် pH

မော်ဂျူး (၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

အမှုန်ကိုယ်စားပြုဖော်ပြချက်

မော်ဂျူး (၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

၄.၁.၂။ အက်စစ်ပျော်ရည်နှင့် ဗေ့စ် ပျော်ရည်များအတွက် မျှခြေတွက်ချက်မှုများ

မော်ဂျူး (၄.၁) အတွက် သင်ယူမှုလုပ်ငန်း (၁)

မျှခြေနှင့် ကြားခံပျော်ရည်များ

မော်ဂျူး (၄.၁) အတွက် သင်ယူမှုလုပ်ငန်း (၃)

မော်ဂျူး (၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

၄.၁.၃။ စံတိုက်ခြင်း အမျိုးအစားများနှင့် အက်စစ်-ဗေ့စ်စံတိုက်ခြင်း

အက်စစ်-ဗေ့စ် စံတိုက်ခြင်းလုပ်ငန်းစဉ်

ဆာလ်ဖျူရစ်အက်စစ်နှင့် ဆိုဒီယမ်ဟိုက်ဒရောဆိုက်ဒ်တို့ကို စံတိုက်ခြင်း

စံတိုက်ခြင်းမျဉ်းကွေးများ

မော်ဂျူး (၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၅)

မော်ဂျူး (၄.၁) အတွက် သင်ယူမှုလုပ်ငန်း (၆)

မော်ဂျူး (၄) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၅။ ဩဂဲနစ်ဓာတုဗေဒ (၁)

၅.၁.၁။ သိပ္ပံပညာရပ်နယ်ပယ်အလိုက် အမည်ပေးစနစ် (Nomenclature)၊ ဖော်စပ်ခြင်းနှင့် အယ်လ်ကိုဟော၏ ဂုဏ်သတ္တိများနှင့်အသုံးပြုမှုများ

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၅.၁) အတွက် သင်ယူမှုလုပ်ငန်း (၁)

ဟိုက်ဒရိုဂျင်စည်းနှောင်မှု

အောက်ပါတို့ကို မှား/မှန်‌ ရွေး၍ဖြေဆိုပါ။

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

မော်ဂျူး (၅.၁) အတွက် သင်ယူမှုလုပ်ငန်း (၃)၏ အဆက်

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၄)

၅.၁.၂။ သိပ္ပံပညာရပ်နယ်ပယ်အလိုက် အမည်ပေးစနစ် (Nomenclature)၊ ဖော်စပ်ခြင်း၊ အယ်လ်ဒီဟိုက်များနှင့် ကီတုန်း၏ ဂုဏ်သတ္တိများနှင့် အသုံးပြုမှုများ

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၅)

မော်ဂျူး (၅.၁) အတွက် သင်ယူမှုလုပ်ငန်း (၄)

အယ်လ်ဒီဟိုက်များနှင့် ကီတုန်းများ၏ အသုံးပြုပုံများ

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၆)

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

အောက်ပါတို့ကို မှား /မှန် ရွေး၍ဖြေဆိုပါ။

ကာဗောက်ဆီလစ်အက်စစ်များ၏ ဓာတ်ပြုခြင်းဂုဏ်သတ္တိများ

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၇)

မော်ဂျူး (၅) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၆။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဓာတုဗေဒ (၁)

မော်ဂျူး (၆.၁) ရပ်တန့်၍ စဉ်းစားပါ (၁)

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

မော်ဂျူး (၆.၁) အတွက် သင်ယူမှုလုပ်ငန်း (၁)

မော်ဂျူး (၆.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၆.၁) အတွက် သင်ယူမှုလုပ်ငန်း (၂)

မော်ဂျူး (၆.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၆.၁) ရပ်တန့်၍ စဉ်းစားပါ (၂)

အင်းဆက်သတ်ဆေးအမျိုးအစား (၁)

အင်းဆက်သတ်ဆေးအမျိုးအစား (၂)

အင်းဆက်များ၏ ပိုးသတ်ဆေးဒဏ်ခံနိုင်ရည်အား

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

မော်ဂျူး (၆.၁) ရပ်တန့်၍ စဉ်းစားပါ (၃)

ဆိုဒီယမ်ဘေးဥပဒ်နှင့် ဆားဓာတ်ပါဝင်မှု ဘေးဥပဒ်

မော်ဂျူး (၆.၁) အတွက် သင်ယူမှုလုပ်ငန်း (၃)

စွန့်ပစ်အမှိုက်များ၏ ပေါင်းစပ်ဖွဲ့စည်းပုံနှင့် ဝိသေသလက္ခဏာရပ်များ

မော်ဂျူး (၆.၁) အတွက် သင်ယူမှုလုပ်ငန်း (၄)

မော်ဂျူး (၆.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၅)

၆.၂.၁။ ရေရင်းမြစ်

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

၆.၂.၂။ ရေအရည်အသွေး၏ ဝိသေသလက္ခဏာများ

ရေကို စစ်ဆေးသည့်အတိုင်းအတာများ

ရေအရည်အသွေး ဆန်းစစ်လေ့လာခြင်း

မော်ဂျူး (၆.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၆) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၇။ အင်ဩဂဲနစ် ဓာတုဗေဒ (၂)

မော်ဂျူး (၇.၁) ရပ်တန့်၍ စဉ်းစားပါ

၇.၁.၁။ သက်ရှိများတွင် သတ္တုများဖြစ်ပေါ်ခြင်း

ပဋိဇိဝဆေးယဉ်ပါးခြင်း

အောက်ဆီဂျင် သယ်ဆောင်သူများ

အပင်များအတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင်များ

အနည်းလို အာဟာရဓာတ် အဆိပ်သင့်ခြင်း

တူးဖော်ထုတ်ယူခြင်းဆိုင်ရာ သတ္တုဗေဒ

ဇီဝရေသတ္တုဗေဒ

မော်ဂျူး (၇) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၈။ ရူပဓာတုဗေဒ (၂)

၈.၁။ လျှပ်စစ်ဓာတုဗေဒ

၈.၁.၁။ လျှပ်စစ်ကူးအရည်သုံးဆဲလ်များနှင့် ဂယ်လ်ဗာနစ်ဆဲလ်များ

မော်ဂျူး (၈.၁) ရပ်တန့်၍ စဉ်းစားပါ

စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်း

ဖာရာဒေး၏ လျှပ်စစ်ဖြင့် ဓာတ်ခွဲခြင်း ပထမနိယာမ

ဖာရာဒေး၏ လျှပ်စစ်ဖြင့်ဓာတ်ခွဲခြင်း ဒုတိယနိယာမ

ဖာရာဒေး (Faraday) ကိန်းသေ

၈.၁.၃။ စံဟိုက်ဒရိုဂျင်ငုတ်တိုင်

စစ်ဆေးအကဲဖြတ်ခြင်း

လက်တွေ့ဘဝနှင့်ဆက်စပ်၍ စူးစမ်းလေ့လာခြင်း

မော်ဂျူး (၈.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

မော်ဂျူး (၈) အနှစ်ချုပ်

မော်ဂျူးအဆုံးပြန်လည်သုံးသပ်ချက်

မော်ဂျူး ၉။ ဓာတ်ခွဲဓာတုဗေဒ (၂)

၉.၁.၁။ အလေးချိန် အသုံးပြုခြင်းဆိုင်ရာ ဓာတ်ပြုမှုများ၊ စတိုခီရိုမက်ထရီနှင့် အလေးချိန် အသုံးပြုခြင်းဆိုင်ရာ တွက်ချက်မှုများ

အမှုန်အမွှားဆိုင်ရာ အလေးချိန် အသုံးပြုပညာ - တိုက်ရိုက် အလေးချိန်ခြင်း

မော်ဂျူး (၉.၁) အတွက် ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၉.၁) ရပ်တန့်၍ စဉ်းစားပါ

အနည်ချခြင်းဆိုင်ရာ အလေးချိန်အသုံးပြုပညာ

အငွေ့ပြန်ခြင်းဆိုင်ရာ အလေးချိန် အသုံးပြုပညာ

၉.၁.၂။ အလေးချိန်အသုံးပြုခြင်းဆိုင်ရာ စံတိုက်ဓာတ်ပြုခြင်း လက်တွေ့ စမ်းသပ်ချက်

မော်ဂျူး (၉) အနှစ်ချုပ်

မော်ဂျူးအဆုံးပြန်လည်သုံးသပ်ချက်

၁၀.၁။ အီသာများ (Ethers) ၏ သိပွံပညာရပ်နယ်ပယ်အလိုက် အမည်ပေးစနစ်၊ အီသာ၏ ဂုဏ်သတ္တိများနှင့် အီသာအသုံးပြုပုံများ

အီသာများကို အသုံးပြုပုံ

ရနံ့ကဲအီသာများနှင့် စက်ဝန်းအီသာများ

အီသာများကို အမည်ပေးခြင်း

အီသာများကို IUPAC စနစ်ဖြင့် အမည်ပေးခြင်း

မော်ဂျူး (၁၀.၁) အတွက် သင်ယူမှုလုပ်ငန်း (၁)

အီသောက်ဆီအီသိန်း အသုံးပြုပုံ

၁၀.၂။ အက်စတာများ (Esters) ၏ သိပွံပညာရပ်နယ်ပယ်အလိုက် အမည်ပေးစနစ်၊ အက်စတာ ဂုဏ်သတ္တိများနှင့် အသုံးပြုပုံများ

မော်ဂျူး (၁၀.၁) အတွက် သင်ယူမှုလုပ်ငန်း (၂)

အောက်ပါတို့မှ အဖြေမှန်ကို ရွေးချယ်ပါ။

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

မော်ဂျူး (၁၀) အနှစ်ချုပ်

မော်ဂျူး ၁၁။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဓာတုဗေဒ (၂)

မော်ဂျူး (၁၁.၁) ရပ်တန့်၍ စဉ်းစားပါ

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

မော်ဂျူး (၁၁.၁) အတွက် ဗီဒီယိုသင်ခန်းစာ

ပိုးသတ်ဆေးယဉ်ပါးမှု မြင့်တက်လာခြင်း

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

အစာဖြည့်စွက်ပစ္စည်း လုပ်ဆောင်ချက်အမျိုးအစားများ

မော်ဂျူး (၁၁.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၅)

E-နံပါတ်နှင့် ဖြည့်စွက်ပစ္စည်းများ

မော်ဂျူး (၁၁.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၆)

မော်ဂျူး (၁၁.၂) ရပ်တန့်၍ စဉ်းစားပါ

၁၁.၂.၁။ ရေထုညစ်ညမ်းမှုကို ဖြစ်စေသည့် အကြောင်းရင်းများ

မော်ဂျူး (၁၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

နုန်းတင်ကျန်ခြင်းနှင့် သစ်တောပြုန်တီးမှု

၁၁.၂.၂။ ရေထုညစ်ညမ်းမှုကို ဆန်းစစ်လေ့လာခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း

မော်ဂျူး (၁၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

ပြဿနာအခြေပြုသင်ယူခြင်း

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

မော်ဂျူး (၁၁) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး (၁၂.၁) ရပ်တန့်၍ စဉ်းစားပါ (၁)

၁၂.၁။ သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း

မော်ဂျူး (၁၂.၁) အတွက် ဉာဏ်ဖွင့်မေးခွန်း

မော်ဂျူး (၁၂.၁) ရပ်တန့်၍ စဉ်းစားပါ (၂)

စူးစမ်းလေ့လာမှုများဆိုင်ရာ အ‌ထောက်အထားများအား ဝေဖန်အကဲဖြတ်ခြင်း (အဆက်)

မော်ဂျူး (၁၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

တုံ့ပြန်အကြံပြုချက်ပေးခြင်း

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

အောက်ပါတို့မှ အဖြေမှန်ကို ရွေးချယ်ပါ။

မော်ဂျူး (၁၂.၃) အတွက် အိမ်စာလုပ်ငန်း

အောက်ပါတို့မှ အဖြေမှန်ကိုရွေးချယ်ပါ။

မော်ဂျူး (၁၂) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

Answer short question

သင်တန်းအနှစ်ချုပ်

သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်

ဆက်လက်ဖတ်မှတ်စရာများနှင့် ထပ်ဆောင်းရင်းမြစ်များ

Related Courses

chatGPTicon
;