အခြေခံပညာမူလတန်း သင်္ချာ သင်ကြားခြင်း
5
(1 Reviews)
Certified
8 hour(s)
196 Enrollment(s)
3851 View(s)

Share On :
Course Description
ဤသင်တန်းတွင် မူလတန်းကျောင်းသားများကို ထိရောက်စွာ သင်ကြားပေးနိုင်သည့် ဆရာတစ်ဦး ဖြစ်လာစေရန်အတွက် သင်္ချာဘာသာရပ်ဆိုင်ရာ အသိပညာများသာမက မူလတန်း ကျောင်းသားများအား သင်္ချာဘာသာရပ်ကို စိတ်ပါဝင်စားမှုရှိလာအောင် သင်ကြားပို့ချပေးနိုင်သည့် နည်းလမ်းများ၊ နည်းဗျူဟာများကိုလည်း လေ့လာရမည် ဖြစ်ပါသည်။
ဤသင်တန်းတွင် အဓိကအားဖြင့် အောက်ပါ မော်ဂျူးများကို သင်ယူရပါမည် -
- မော်ဂျူး (၁) သင်္ချာဘာသာရပ်မိတ်ဆက်
- မော်ဂျူး (၂) ပြဿနာဖြေရှင်းခြင်းနှင့် လွဲမှားသောယူဆချက်များ
- မော်ဂျူး (၃) သင်္ချာဘာသာရပ်ကိုနားလည်သဘောပေါက်ခြင်း
- မော်ဂျူး (၄) သင်္ချာကို ကျွန်ုပ်တို့ မည်သို့သင်ယူ၍ ကျွန်ုပ်တို့ မည်သို့သင်ကြားမည်နည်း
- မော်ဂျူး (၅) သင်္ချာဆိုင်ရာ နမူနာလုပ်ပြခြင်းနှင့် ကိုယ်စားပြုတင်ပြခြင်း
အဓိက အသုံးအနှုန်းများ
ကုဒ် (Code)၊ သိမှုဖွံ့ဖြိုးခြင်း (Cognitive development)၊ သင်ရိုးညွှန်းတမ်း (Curriculum)၊ တိုက်ရိုက်တိုင်းတာမှု (Direct measurement)၊ စူးစမ်းလေ့လာသင်ယူခြင်း (Enquiry-based learning)၊ အမှား (Error)၊ အတန်းလိုက် သင်ရိုးညွှန်းတမ်း (Grade-wise curriculum)၊ ဟီရစ္စတစ် (Heuristics) (သို့) ဆရာမပါ ကိုယ်တိုင်လေ့လာသင်ကြား တတ်မြောက်နည်း၊ သွယ်ဝိုက်တိုင်းတာမှု (Indirect measurement)၊ သင်္ချာပညာရပ်ဆိုင်ရာ ဘာသာစကား (Language of Mathematics)၊ သင်္ချာဆိုင်ရာ တွေးတောဆင်ခြင်မှု (Mathematical thinking)၊ အယူအဆလွဲမှားခြင်း (Misconception)၊ လွဲမှားမှု (Mistake)၊ ကိန်းဂဏန်းအယူအဆ (Number concept)၊ ပုံစံ(Pattern)၊ နေရာလိုက်တန်ဖိုး (Place value)၊ ငြမ်းဆင်သင်ကြားသင်ယူခြင်း (Scaffolding)၊ စိတ်မှန်းဖြစ်ရပ် (scenario)၊ သင်ရိုးမာတိကာ (Syllabus)
Course Objectives
ဤသင်တန်းသည် ဆရာများအား သင်္ချာဘာသာရပ်ကို အခြေခံပညာ သင်ရိုးညွှန်းတမ်းများရှိ တန်ဖိုး ထားမှုများ၊ သဘောထားများ နှင့် စံထားသည့် သင်္ချာဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကို ထိရောက် စွာသင်ကြားနိုင်ရန်အတွက် လိုအပ်သည့် ကျွမ်းကျင်တတ်မြောက်မှုများကိုရရှိရန် ရည်ရွယ်ထားပါသည်။ မူလတန်းကျောင်းသားများအား ၎င်းတို့ နေထိုင်ရာ ကမ္ဘာလောကကြီးက သဘောပေါက်နားလည်စေရန်၊ ဘဝအတွက်စွမ်းရည်များကို သင်္ချာဘာသာရပ်ဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ရန် ဖြစ်သည်။
Learning Outcomes
ဤမော်ဂျူးကို သင်ယူပြီးချိန်တွင် သင်ယူသူများသည် -
- ကမ္ဘာပေါ်ရှိ ထပ်ကျော့ပုံစံများနှင့် ပတ်သက်သော သင်္ချာပညာအကြောင်းကို မူလတန်း ကျောင်းသားများအား မည်သို့ သင်ကြားပေးနိုင်မည်ဆိုသည့် စိတ်ကူးစိတ်သန်းကို ထုတ်ဖော်တတ်မည်။
- သင်္ချာ၊ သိပ္ပံနှင့် နည်းပညာတို့အကြားမှ ကြီးမားသော ဆက်နွှယ်မှုကို ရှင်းပြတတ်ပြီး ထိုဆက်နွှယ်မှုကို မူလတန်း ကျောင်းသားများ နားလည်စေရန် မည်သို့မည်ပုံ သင်ကြားနိုင်သည်ဆိုသော စိတ်ကူးစိတ်သန်းကို ထုတ်ဖော်တတ်မည်။
- သင်္ချာပြဿနာများကို ဖြေရှင်းရန်အသုံးပြုသည့် စဉ်းစားဆင်ခြင်မှု လုပ်ငန်းစဉ်နှင့် လိုက်နာရန် စည်းကမ်း၊ လုပ်နည်းစနစ်များ (Algorithms) အကြောင်း ပြန်လည်သုံးသပ်တတ်မည်။
- ကျောင်းသားများအား သင်္ချာပညာတွင် စိတ်အားထက်သန်၍ စိတ်ဝင်စားလာအောင် မည်သို့ လှုံ့ဆော်ရမည်ဆိုသည့် စိတ်ကူးအကြံဉာဏ်များကို လက်တွေ့ ဖော်ထုတ်ပြသတတ်မည်။
- လူအများသည် သူတို့၏ နေ့စဉ်ဘဝတွင် သင်္ချာပညာရှင်များဖြစ်နေကြပုံအချို့နှင့် သင်္ချာပညာရပ်ဖြင့် လုပ်ကိုင်နိုင်သည့် သက်မွေးမှု လုပ်ငန်းအချို့ကို စူးစမ်းလေ့လာ၍ မူလတန်း ကျောင်းသားများကို စိတ်ဓာတ်လှုံ့ဆော်ပေးနိုင်မည့် စိတ်ကူးအကြံဉာဏ်များကို ဖော်ထုတ်တတ်မည်။
- သင်္ချာဘာသာရပ်ကို မူလတန်း ကျောင်းသားများအား အဘယ့်ကြောင့် သင်ကြားပေးရသည်နှင့် သူတို့သည် သင်္ချာပညာကို လက်တွေ့ဘဝတွင် မည်သို့အသုံးချနိုင်သည်ကို ရှင်းပြတတ်မည်။
- မူလတန်း သင်္ချာဘာသာရပ်၏ ပန်းတိုင်များ၊ အခြေခံပညာရေး၏ မူများနှင့် မူလတန်း သင်္ချာဘာသာရပ်၏ အတန်းလိုက် ပါဝင်သော အကြောင်းအရာများ၏ အင်္ဂါရပ်များအကြားရှိ ဆက်နွှယ်မှုကို ရှင်းပြတတ်မည်။
- မြန်မာနိုင်ငံရှိ စာသင်ကျောင်းများတွင် သင်္ချာဘာသာရပ် သင်ကြားရာတွင် လက်ရှိကြုံတွေ့နေရသော ပြဿနာများကို ဖော်ပြတတ်ပြီး ၎င်းတို့ကို ပြန်လည်သုံးသပ်ကာ ၎င်းတို့အတွက် ဖြေရှင်းနည်းအချို့ကို အဆိုပြုတင်ပြတတ်မည်။
- သင်္ချာဘာသာရပ်ကို သမားရိုးကျ သင်ကြားခြင်း၏ ပြဿနာများကို ရှင်းပြတတ်မည်။
- ကလေးများ၏ သင်္ချာစဉ်းစားတွေးခေါ်မှုစွမ်းရည် တိုးတက်ကောင်းမွန်လာစေမည့် သင်ကြားမှု နည်းလမ်းအသစ်ကို ရှင်းပြတတ်ပြီး ပြဿနာများကို ဖြေရှင်းရေးအတွက် ပိုလီယာ ၏ အဆင့်(၄)ဆင့်ကို ရှင်းပြတတ်မည်။
- ဆရာများသည် ပိုလီယာ၏ အဆင့် (၄) ဆင့်ကို သိရှိနားလည်ခြင်းဖြင့် မူလတန်း ကျောင်းသားများ၏ သင်္ချာဆိုင်ရာ စဉ်းစားတွေးခေါ်မှုကို မည်သို့မြှင့်တင်ပေးနိုင်ပုံကို သတ်မှတ်ဖော်ပြတတ်မည်။
- ဟီရစ္စတစ်သဘောတရားကို သိရှိနားလည်ပြီး မည်သို့အသုံးပြုကြောင်း ရှင်းပြတတ်မည်။
- ကော်လံအလိုက် ပေါင်းခြင်းနှင့် နုတ်ခြင်းပြုလုပ်ရာ၌ ကျောင်းသားများ ပုံမှန်ကြုံတတ်သည့် အမှားများနှင့် လွဲမှားသော ယူဆချက်တချို့ကို ဖော်ပြပြီး ကူညီပြင်ဆင်တတ်မည်။
- ကိန်းဂဏန်းများအကြောင်း လေ့လာသင်ယူသည့်အခါ မတူကွဲပြားသော လက္ခဏာသွင်ပြင်များကို သတ်မှတ်ဖော်ပြတတ်မည်။
- နေရာယူမှုဆိုင်ရာ ကိန်းဂဏန်းစနစ် (a positional number system)၊ တစ်နည်းဆိုသော် နေရာလိုက်တန်ဖိုး (place value) ပေါ်တွင် အခြေခံသည့် ကျွန်ုပ်တို့၏ ကိန်းဂဏန်းစနစ်ကဲ့သို့သော စနစ်တစ်ခု၏ အဓိကကျသော လက္ခဏာသွင်ပြင်များကို ရှင်းပြတတ်မည်။
- အခြေ ၅ နေရာယူမှုဆိုင်ရာ ကိန်းဂဏန်းစနစ် (base 5 positional number system)ဖြင့် အုပ်စုဖွဲ့စည်းခြင်း (grouping) နှင့် ပြန်လည်အုပ်စုဖွဲ့စည်းခြင်း (regrouping) အယူအဆကို သတ်မှတ်ဖော်ပြတတ်မည်။
- အပိုင်းကိန်း၏ ကွဲပြားသော အဓိပ္ပာယ်များကို နှိုင်းယှဉ်ကြည့်တတ်မည်။
- အပိုင်းကိန်းကို သရုပ်ဖော်တင်ပြရန်အတွက် သရုပ်ပြပုံစံအမျိုးမျိုးနှင့် လက်တွေ့ကျကျ အလုပ်လုပ်တတ်ပြီး မူလတန်းကျောင်းသားများ၏ နားလည်သဘောပေါက်မှုအတွက် ကူညီပေးတတ်မည်။
- အပိုင်းကိန်းနှင့် ပတ်သက်သည့် အယူအဆလွဲမှားမှုများကို နားလည်လာပြီး ကျောင်းသားများ၏ နားလည်မှုလွဲမှားခြင်းကို ဖြေရှင်းပေးတတ်မည်။
- ပိုင်းခြေတူအပိုင်းကိန်းများ ပေါင်းခြင်းနုတ်ခြင်းနှင့် ပိုင်းခြေမတူသော အပိုင်းကိန်းများကို ပေါင်းရန်နှင့် နုတ်ရန်အတွက် ရုပ်ပုံဖြင့် ပြသသည့်နည်းလမ်းနှင့် စိတ်တွက်နည်းလမ်းများ အသုံးပြုသော သင်ခန်းစာများ၏ အပိုင်းများကို ဆက်လက်လုပ်ဆောင်ရန် ကြံစည်စီစဉ်တတ်မည်။
- အပိုင်းကိန်းများကို ကိန်းပြည့်နှင့် မြှောက်ခြင်း၊ အပိုင်းကိန်းအချင်းချင်းမြှောက်ခြင်းတို့ကို သိရှိလာမည်။
- သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော တိုင်းတာမှုသဘောများကို သင်ကြားရာတွင် အသုံးပြုနိုင်သည့် တိုင်းတာမှုစနစ်များကို ဖော်ပြတတ်မည်။
- အလျား၊ အမြင့်နှင့် အကွာအဝေးတို့တိုင်းတာခြင်းကို ကျောင်းသားအတွက် အခက်မကြုံစေရန် မည်သို့သင်ကြားရမည်ကို သရုပ်ပြတတ်မည်။
- မက်ထရစ်၊ ဗြိတိသျှနှင့် မြန်မာယူနစ်များအကြောင်းကို သိရှိလာမည်။
- အလေးချိန်အတွက် အတိုင်းအတာစနစ်အမျိုးမျိုးကို သိရှိပြီး သင်ကြားရန် လက်တွေ့ကျသော စိတ်ကူးအကြံဉာဏ်များကို သရုပ်ဖော်ပြတတ်မည်။
- မူလတန်းကျောင်းသားများစံအလေးချိန်ကို သတ်မှတ်ရန်၊ တိုင်းတာရန်နှင့် နှိုင်းယှဉ်ရန်အတွက် လက်တွေ့ကိရိယာများကို ဖန်တီးပြုလုပ်တတ်မည်။
- ရုပ်ဝတ္ထုပစ္စည်းများ၏ သိပ်သည်းမှုအယူအဆကို သိရှိနားလည်အောင် ရှင်းလင်းပြပုံနှင့် ပတ်သက်၍ စိတ်ကူးအကြံဉာဏ်များကို တင်ပြတတ်မည်။
- မြန်မာနိုင်ငံတွင်အသုံးပြုလျက်ရှိသည့် ထုထည်အတွက် တိုင်းတာမှုစနစ်များကို ရှင်းပြတတ်မည်။
- ယူနစ်များဖြင့် တိုင်းတာမှုကို သင်ကြားရာတွင်အသုံးပြုရန် လက်တွေ့သင်ခန်းစာများကို ဖန်တီးပြုလုပ်တတ်မည်။
- ထောင့်နှင့်ပတ်သက်၍ ကျောင်းသားများ၏ ဖြစ်လေ့ရှိသော နားလည်မှုလွဲမှားခြင်းများကို အနည်းဆုံး ဖြစ်စေမည့် ထောင့်အတိုင်းအတာအကြောင်း သင်ခန်းစာများကို ကြိုတင်စီစဉ်ပြင်ဆင်တတ်မည်။
- ထောင့်များ၏ လှုပ်ရှားပြောင်းလဲမှုဆိုင်ရာ (dynamic) သဘောတရားနှင့် မရွှေ့မပြောင်း တည်ငြိမ်မှုဆိုင်ရာ (static) သဘောတရားတို့ကို ဆက်စပ်ပေးတတ်မည်။
- အတန်းငယ်ကျောင်းသားများအား သင်ကြားသည့်အခါ သင်္ချာဘာသာ စကားအား ထည့်သွင်းစဉ်းစားခြင်း၏ အရေးပါပုံကို ဖော်ပြတတ်မည်။
- အတန်းငယ်ကျောင်းသားများအား သင်္ချာဆိုင်ရာ တွေးခေါ်မှုစွမ်းရည်နှင့် ပြဿနာဖြေရှင်းမှုစွမ်းရည် ဖွံ့ဖြိုးလာအောင် ကူညီပေးရာတွင် အသုံးဝင်သော ပြဿနာအမျိုးအစားများကို ရှင်းပြတတ်မည်။
- ပြဿနာများကို ဖြေရှင်းရန်အတွက် ကွဲပြားခြားနားသော လုပ်ငန်းစဉ်များကို စစ်ဆေးလေ့လာတတ်မည်။
- ကျောင်းသားများအတွက် ပြဿနာအမျိုးအစားများကို အမျိုးအစားခွဲခြားသတ်မှတ်ကာ အလားတူ နမူနာများကို ရေးသားပြုစုတတ်မည်။
- လက်တွေ့ဘဝအခြေအနေများတွင် အတွက်အချက် ကျွမ်းကျင်မှုများနှင့် သင်္ချာဆိုင်ရာ စဉ်းစားတွေးခေါ်မှုတို့ကို မည်သို့ အသုံးပြုပုံကို သရုပ်ဖော်ပြသရန် အလားတူလက်တွေ့ သင်ခန်းစာများကို ရေးသားပြုစုတတ်မည်။
- မူလတန်း သင်္ချာသင်ရိုးညွှန်းတမ်းဖွဲ့စည်းပုံကို ဖော်ပြနိုင်ပြီး အဓိကကျသော သင်ယူမှု နယ်ပယ်များသည် ဆက်စပ်လွှမ်းခြုံနေသော ဘာသာရပ်ရည်မှန်းချက်များနှင့် မည်သို့ ဆက်သွယ်၍ ဆက်စပ်နေပုံကို ရှင်းပြတတ်မည်။
- သင်ရိုးညွှန်းတမ်းတွင် ပါဝင်သော နှစ်အလိုက် ဘာသာရပ် အကြောင်းအရာ နှင့် နယ်ပယ်တို့ကို မူလတန်းဖတ်စာအုပ်တွင် မည်သို့ဖော်ပြထားပုံကို ရှင်းပြတတ်မည်။
- သင်ယူမှုရလဒ်များ အောင်မြင်ရရှိစေရန် သင့်လျော်သော သင်ကြားမှုနှင့် သင်ယူမှု နည်းလမ်းများကို အသုံးပြု၍ သင်ခန်းစာများ၏ အစီအစဉ်ထားရှိမှုကို ဖွဲ့စည်းတည်ဆောက်တတ်မည်။
- မူလတန်းပညာရေးနှင့် သက်ဆိုင်သော စိတ်ဓာတ်လှုံ့ဆော်ရေးဆိုင်ရာ စိတ်ပညာသီအိုရီကို ရှင်းပြတတ်မည်။
- သင်္ချာစာသင်ခန်းတွင် ထည့်သွင်းစဉ်းစားရန်နှင့် လက်တွေ့ကျင့်သုံးရန် အချက်အချို့ကို ဖော်ပြတတ်မည်။
- ကလေးများ၏ စဉ်းစားတွေးခေါ်ပုံ ဖွံ့ဖြိုးမှုနှင့် ၎င်းတို့ မည်သို့ လေ့လာသင်ယူပုံအကြောင်း အဓိက အယူအဆအချို့ကို ဖော်ပြတတ်မည်။
- မူလတန်းကျောင်းသား ကလေးငယ်များ၏ သိမှုဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် သင်္ချာလေ့လာသင်ယူခြင်း နှင့် စဉ်းစားတွေးခေါ်ခြင်းသည် မည်သို့ အထူးအရေးကြီးပုံကို ရှင်းပြတတ်မည်။
- ထိရောက်သော သင်ကြားမှုနှင့် သင်ယူမှုအတွက် မူလတန်းကျောင်းသားများကို စိတ်ဓာတ်လှုံ့ဆော်ပေးရန် နည်းလမ်းများကို ဆွေးနွေးပြောဆိုတတ်မည်။
- သင်ကြားမှုနှင့် သင်ယူမှုဆိုင်ရာ ရင်းမြစ်များ (လက်ကမ်းစာစောင်များ၊ လုပ်ငန်းပေးစာရွက်များ၊ ဇယားများ၊ နမူနာပုံစံများ၊ ကိုယ်စားပြုပုံစံများ၊ ပစ္စည်းအစစ်များ စသည်တို့ကဲ့သို့) ကို အမျိုးအစား ခွဲတတ်မည်။
- သင်ကြားခြင်းနှင့် သင်ယူခြင်းဆိုင်ရာ ရင်းမြစ်များကို ပြင်ပနေရာများနှင့် အင်တာနက်တွင် မည်သို့ရရှိနိုင်ပုံ (သို့မဟုတ်) ၎င်းတို့အား မည်သို့ပြုလုပ်ရမည်ကို သရုပ်ပြသင်ကြားတတ်မည်။
- လုပ်ငန်းတူအဖွဲ့အစည်းအကြောင်းနှင့် ၎င်းတို့က ဆရာများကို လူမှုကွန်ရက် အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ရင်းမြစ်များ မျှဝေခြင်းနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်စေမည့် နည်းလမ်းများကို ဖော်ပြတတ်မည်။
- မူလတန်းသင်္ချာတွင် သင်ယူမှုအတွက်နှင့် သင်ယူမှုအား စစ်ဆေးအကဲဖြတ်ခြင်းအကြောင်း ဆွေးနွေးတတ်မည်။
- ဒုတိယတန်း နှင့် ပဉ္စမတန်း မူလတန်း သင်္ချာဘာသာရပ်အတွက် သင်ယူစဉ်နှင့် သင်ယူပြီး စစ်ဆေး အကဲဖြတ်ခြင်းနည်းလမ်း ကိရိယာများကို ဖန်တီးဖော်ထုတ်တတ်မည်။
- အက္ခရာသင်္ချာဆိုင်ရာ စဉ်းစားတွေးခေါ်နည်းကို ဖော်ပြတတ်ပြီး အက္ခရာသင်္ချာ စာလုံးများ/ကိန်းရှင်များကို မသင်ကြားမီ ပထမတန်းကပင် စတင်၍ အက္ခရာသင်္ချာဆိုင်ရာ စဉ်းစားတွေးခေါ်နည်းကို စောလျင်စွာ ဖွံ့ဖြိုးစေရန် ပြုစုပျိုးထောင်နိုင်ကြောင်း ရှင်းပြတတ်မည်။
- ညီမျှခြင်းသင်္ကေတနှင့် ညီမျှမှုတို့ကို သဘောတရားအရ ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်သဘောပေါက်မှုသည် အက္ခရာသင်္ချာ၏ အရေးကြီးသည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဖော်ပြတတ်ပြီး ဂဏန်းသင်္ချာလုပ်ငန်းစဉ်အချို့သည် ညီမျှမှုကို သဘောတရားအရ နားလည်ခြင်းအား ဖွံ့ဖြိုးစေနိုင်ကြောင်း ဖော်ပြတတ်မည်။
- ပုံစံများကို မတူညီသည့်နည်းလမ်းများဖြင့် ကိုယ်စားပြုတင်ပြနိုင်ကြောင်း ဖော်ပြတတ်ပြီး မတူညီသော ကိုယ်စားပြုမှုများသည် မြင်နိုင်သော ပုံစံတစ်ခု၏ မတူညီသော ရှုထောင့်များကို ဖြစ်ပေါ်စေကြောင်း သရုပ်ပြသင်ကြားတတ်မည်။
- မူလတန်းကျောင်းသားများအား ထောင့်မှန်များ၊ ထောင့်မတ်မျဉ်း၊ မျဉ်းပြိုင်များအကြောင်း၊ ထောင့်မှန်များ၊ ထောင့်မတ်မျဉ်း၊ မျဉ်းပြိုင်များကို စက္ကူဖြင့် ခေါက်ခြင်းအကြောင်းနှင့် ထောင့်မတ်မျဉ်း၊ မျဉ်းပြိုင်များ ဆွဲခြင်းအကြောင်းတို့ကို သင်ကြားတတ်မည်။
- စက်ဝိုင်းကို အဓိပ္ပာယ်သတ်မှတ်ပုံနှင့် စက်ဝိုင်းတစ်ခု၏ အစိတ်အပိုင်းများအား အမည်ပေးပုံကို ရှင်းပြတတ်ပြီး စက်ဝိုင်းများကို ထောက်စူးချွန်နှင့်/ သို့မဟုတ် ထောက်စူးချွန်မပါဘဲ ဆွဲသားနိုင်ပြီး စက်ဝိုင်းများဆွဲ၍ ပုံစံများပြုလုပ်တတ်မည်။
- တြိဂံများကို ၎င်းတို့၏ ထောင့်အရွယ်အစားများအလိုက်လည်းကောင်း၊ သက်ဆိုင်ရာ အနားများ၏ နှိုင်းရအလျားများအလိုက်လည်းကောင်း အမျိုးအစားခွဲခြား၍ အမည်ပေးတတ်ပြီး သတ်မှတ်ထားသော တြိဂံများကို ထောင့်မှန်ကူမျဉ်းကွက်များပါသော စာရွက်ပေါ်တွင် သို့မဟုတ် ထောက်စူးချွန်တစ်စုံဖြင့် သို့မဟုတ် စက်ဝိုင်းပြားဖြင့် ဆွဲတတ်မည်။
- စတုဂံများကို အမျိုးအစားခွဲခြား၍ အမည်ပေးတတ်ပြီး အမျိုးမျိုးသော စတုဂံများအကြား ဆက်နွှယ်မှုများကို ရှင်းပြတတ်မည်။
- နည်းလမ်းအမျိုးမျိုး (စက္ကူခေါက်ခြင်း၊ စက်ဝိုင်းဆွဲထောက်စူးချွန် သို့မဟုတ် စက်ဝိုင်းပြုလုပ်သည့် ကတ်ပြား) ကို အသုံးပြု၍ ပဉ္စဂံများနှင့် ဆဋ္ဌဂံများကို ပြုလုပ်တတ်ပြီး ပဉ္စမတန်းကျောင်းသားများကို ပဉ္စဂံများနှင့် ဆဋ္ဌဂံများအကြောင်း သင်ကြားတတ်မည်။
- တြိဂံတစ်ခု၏ အတွင်းထောင့်များပေါင်းလဒ်ကို ရှာတတ်ပြီး ထိုသို့ရှာဖွေခြင်း နည်းလမ်းကို မူလတန်းကျောင်းသားများအား သင်ပြတတ်မည်။
- သင်္ချာဘာသာရပ်တွင် မသိသေးသော အချက်အလက်များကို ရှာဖွေရန် သိပြီးသောအချက်အလက်များ အသုံးပြုခြင်း၏ အရေးပါပုံကို ရှင်းပြတတ်ပြီး မူလတန်း သင်ရိုးညွှန်းတမ်း၏ ကဏ္ဍအသီးသီးကို သင်ကြားရာတွင် ရုပ်ပိုင်းဆိုင်ရာ သင်္ချာဘာသာရပ်အား မည်သို့အသုံးပြုရမည်ကို သိရှိနားလည်လာမည်။
- လက်တွေ့လေ့ကျင့်ခန်းများ/ကျောင်းသားငယ်များအား ရေတွက်ခြင်းနှင့် ဗဟုဂံအမျိုးမျိုး ပြုလုပ်ခြင်းတို့ကို အထောက်အကူပြုသည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ သင်ခန်းစာများကို တိုးတက်အောင် ဖန်တီးပြုလုပ်တတ်ကာ အပြုသဘောဆောင်သည့် ပူးပေါင်းလုပ်ဆောင်သော သင်ယူမှုနည်းလမ်း အတွေ့အကြုံ ရရှိလာမည်။
- ငယ်ရွယ်သည့် ကလေးငယ်များအား အချိန်၏ သဘောတရားကို သင်ကြားသည့် နည်းလမ်းအချို့ တိုးတက်လာမည်။
- အခြားဘာသာရပ်များတွင် အသုံးပြုသော ဂရပ်ပုံများ ဖန်တီးပြုလုပ်ရန် လိုအပ်သည့် ကိန်းဂဏန်းနှင့် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်ကို သိရှိနားလည်လာကာ သတင်းဆောင်းပါးများနှင့် အစီရင်ခံစာများတွင် ပါဝင်သော ဂရပ်ပုံစံဖြင့် တင်ပြချက်များကို ခွဲခြမ်းလေ့လာ ဖတ်ရှုတတ်မည့် ကျွမ်းကျင်မှုများ တိုးတက်လာပြီး ဂရပ်ပုံစံတင်ပြမှုများဖြင့် သရုပ်ခွဲလေ့လာ၊ စိစစ်ပိုင်းခြားသည့် သဘောတရားကို ကျောင်းသားငယ်များအား သင်ကြားရန်အတွက် နည်းလမ်းအချို့ကို ဖန်တီး ဖော်ထုတ်တတ်မည်။
- အချက်အလက်များစုဆောင်းမှုနှင့် စီစဉ်မှု”နှင့် “အချက်အလက်များ သရုပ်ခွဲဆန်းစစ် လေလ့ာမှု" ကဏ္ဍများတွင် မူလတန်းကျောင်းသားများအနေဖြင့် သင်ကြားရမည့် အရာများကို ရှင်းပြတတ်ပြီး ကလေးငယ်များအား ထိုသဘောတရားများကို သင်ကြားသည့် နည်းလမ်းအချို့ကို ဖန်တီး ဖော်ထုတ်တတ်မည်။
Please login to take this course
Lectures
သင်ယူမှုမျှော်မှန်းချက်များ
မော်ဂျူး (၁) သင်္ချာဘာသာရပ် မိတ်ဆက်
မော်ဂျူး (၁.၁) သင်္ချာဘာသာရပ်၏ သဘောသဘာဝများနှင့်ရည်ရွယ်ချက်များ
မော်ဂျူး (၁) သင်ယူမှု လုပ်ငန်း (၁)၊ (၂) နှင့် (၃)
မော်ဂျူး (၁) သင်ယူမှုလုပ်ငန်း (၄) နှင့် (၅)
မော်ဂျူး (၁) သင်ယူမှုလုပ်ငန်း (၆)
မော်ဂျူး (၁) သင်ယူမှုလုပ်ငန်း (၇)
မော်ဂျူး (၁.၂) အခြေခံပညာသင်ရိုးညွန်းတမ်းတွင် ပါဝင်သော သင်္ချာဘာသာရပ်
မော်ဂျူး (၁) သင်ယူမှုလုပ်ငန်း (၈)
မော်ဂျူး (၁) သင်ယူမှုလုပ်ငန်း (၉) နှင့် (၁၀)
မော်ဂျူး (၁) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၁)
မော်ဂျူး (၁) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၂)
မော်ဂျူး (၁) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၃)
မော်ဂျူး (၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် အဖြေများ
မော်ဂျူး(၁) အကျဉ်းချုပ်
မော်ဂျူး (၂) ပြဿနာဖြေရှင်းခြင်းနှင့် လွဲမှားသောယူဆချက်များ
မော်ဂျူး (၂.၁) စူးစမ်းမှုအခြေပြု သင်ယူခြင်း
မော်ဂျူး (၂.၁) သင်ယူမှု လုပ်ငန်း (၁) နှင့် (၂)
မော်ဂျူး (၂.၁) သင်ယူမှု လုပ်ငန်း (၃) နှင့် (၄)
မော်ဂျူး (၂.၁) သင်ယူမှု လုပ်ငန်း (၅)
မော်ဂျူး (၂.၁) သင်ယူမှုလုပ်ငန်း (၆)
မော်ဂျူး (၂.၁) သင်ယူမှုလုပ်ငန်း (၇)
မော်ဂျူး (၂.၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၂.၂) သင်္ချာဘာသာရပ်တွင် သုတေသနလုပ်ခြင်း
အမှားများ (errors)၊ အလွဲများ (mistakes) နှင့် လွဲမှားသောယူဆချက်များ (misconceptions)
ကျောင်းသားပြုလုပ်သော အမှားအကြောင်း တွေးခေါ်စဉ်းစားခြင်းဖြင့် မည်သည့်အရာကို သင်ယူနိုင်သနည်း။
မော်ဂျူး (၂.၂) သင်ယူမှုလုပ်ငန်း (၁)၊ (၂)၊ (၃) နှင့် (၄)
မော်ဂျူး (၂.၂) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၂) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၁-၃)
မော်ဂျူး (၂) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၄)
မော်ဂျူး(၂) အနှစ်ချုပ်
မော်ဂျူး (၃) သင်္ချာဘာသာရပ်ကို နားလည်သဘောပေါက်ခြင်း
မော်ဂျူး (၃.၁) ကိန်းဂဏန်းများ
မတူညီသော ကိန်းစနစ်ကို စစ်ဆေးခြင်းဖြင့် နေရာအလိုက်ကိန်းထားသိုခြင်း၊ နေရာအလိုက်တန်ဖိုးနှင့် ပေါင်းခြင်းကို နားလည်သိရှိခြင်း
အခြေ ၅
ပေါင်းစည်းခြင်း - နုတ်ခြင်းဂုဏ်သတ္တိများအကြောင်းတွေးခေါ်ခြင်း
မော်ဂျူး (၃.၁) သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၃.၁) သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၃.၁) သင်ယူမှုလုပ်ငန်း (၃)
မော်ဂျူး (၃.၁) သင်ယူမှုလုပ်ငန်း (၄)
အပိုင်းကိန်းများဆိုင်ရာ သဘောတရား (၁)
အပိုင်းကိန်းများဆိုင်ရာ သဘောတရား (၁) သင်ယူမှုလုပ်ငန်း (၂)
အပိုင်းကိန်းများဆိုင်ရာ သဘောတရား (၂)
အပိုင်းကိန်းများဆိုင်ရာ သဘောတရား (၂) သင်ယူမှုလုပ်ငန်း (၁)
အပိုင်းကိန်းများဆိုင်ရာ သဘောတရား (၂) သင်ယူမှုလုပ်ငန်း (၂)
အပိုင်းကိန်းများဆိုင်ရာ သဘောတရား (၂) သင်ယူမှုလုပ်ငန်း (၃)
အပိုင်းကိန်းများဆိုင်ရာ သဘောတရား (၂) သင်ယူမှုလုပ်ငန်း (၄)
မော်ဂျူး (၃.၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူးငယ် (၃.၂) အတိုင်းအတာ
မော်ဂျူး (၃.၂) ရပ်တန့်၍ စဉ်းစားပါ
အလေးချိန်၊ ထုထည်၊ အလျားကို တောင်နှင့် ထွာ၊ အလေးချိန်ကို ပိဿနှင့် ကျပ်သားတို့ဖြင့် တိုင်းတာခြင်း
မော်ဂျူး (၃.၂) သင်ယူမှုလုပ်ငန်း (၂)
ထောင့်များကို တိုင်းတာခြင်း
ထောင့်များကို တိုင်းတာခြင်း - သင်ယူမှုလုပ်ငန်း
မော်ဂျူး (၃.၂) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၃.၃) သင်္ချာဘာသာရပ်ဆိုင်ရာ ဘာသာစကား
သင်္ချာဘာသာရပ်ဆိုင်ရာ ဘာသာစကား - ဗီဒီယို သင်ခန်းစာ
ဒုတိယဘာသာစကားသင်ယူသူ ကလေးများအတွက် သင်္ချာဘာသာရပ်ဆိုင်ရာ ဘာသာစကား သင်ကြားခြင်း
မော်ဂျူး (၃.၃) သင်ယူမှုလုပ်ငန်း
တတိယတန်းအဆင့် ပုစ္ဆာများ ဖြေရှင်းခြင်း
ဆဋ္ဌမတန်းအဆင့် ပုစ္ဆာများ ဖြေရှင်းခြင်း
မော်ဂျူး (၃.၃) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၃.၄) လက်တွေ့ဘဝတွင်ရှိသော သင်္ချာ
စိုက်ပျိုးမွေးမြူရေးနှင့် စားနပ်ရိက္ခာဆိုင်ရာ စီမံချက် ဖြစ်ရပ်များ
အတန်း၏ လေ့လာရေးခရီးစဉ်အတွက် အစီအစဉ်ရေးဆွဲခြင်း
ရာသီဥတုအား ရုပ်ပုံဖြင့် ဖော်ပြခြင်း
ရာသီဥတုအား ရုပ်ပုံဖြင့် ဖော်ပြခြင်း - သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၃.၄) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် အဖြေများ
မော်ဂျူး (၃) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၁)
မော်ဂျူး (၃) ဉာဏ်စမ်းမေးခွန်းများ - အဖြေမှန်ကိုရွေးပါ
မော်ဂျူး(၃)အနှစ်ချုပ်
မော်ဂျူး (၄) သင်္ချာကို ကျွန်ုပ်တို့ မည်သို့ သင်ယူ၍ ကျွန်ုပ်တို့ မည်သို့ သင်ကြားမည်နည်း။
မော်ဂျူး (၄.၁) သင်္ချာသင်ရိုးညွှန်းတမ်း (မူလတန်း)
သင်ယူမှုအခန်းများ၏ ဖွဲ့စည်းပုံနှင့် အကြောင်းအရာများကို သိရှိနားလည်ခြင်း
အပြည့်ကိန်း၊ အပိုင်းကိန်းများနှင့် ဒသမကိန်းများ၏ နှစ်အလိုက် ဘာသာရပ် အကြောင်းအရာနှင့် နယ်ပယ်များ
ဂျီဩမေတြီ
အတိုင်းအတာနှင့် သင်္ချာဆိုင်ရာ ဆက်သွယ်ချက်များနှင့် အပြည့်ကိန်းများ၊ အပိုင်းကိန်းများနှင့် ဒသမကိန်းများကို ပြန်လည်သုံးသပ်ခြင်း
မော်ဂျူး (၄.၁) သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၄.၁) သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၄.၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၄.၂) သင်ယူမှုကို ကြိုတင်စီစဉ်ခြင်း
မော်ဂျူး (၄.၂) သင်ယူမှုလုပ်ငန်း (၁) နှင့် (၂)
မော်ဂျူး (၄.၂) သင်ယူမှုလုပ်ငန်း (၃)
မော်ဂျူး (၄.၂) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၄.၃) စိတ်ဓာတ်လှုံ့ဆော်မှု
စိတ်ဓာတ်လှုံ့ဆော်မှုကို နားလည်သဘောပေါက်ခြင်း - အပိုင်း (၂)
မော်ဂျူး (၄.၃) ရပ်တန့်၍ စဉ်းစားပါ။
မော်ဂျူး (၄.၃) သင်ယူမှုလုပ်ငန်း (၁)၊ (၂) နှင့် (၃)
မော်ဂျူး (၄.၃) သင်ယူမှုလုပ်ငန်း (၄)
မော်ဂျူး (၄.၃) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၄.၄) သင်ယူခြင်းနှင့် သင်ကြားခြင်းဆိုင်ရာ ရင်းမြစ်များ
မော်ဂျူး (၄.၄) သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၄.၄) သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၄.၄) သင်ယူမှုလုပ်ငန်း (၃) နှင့် (၄)
မော်ဂျူး (၄.၄) သင်ယူမှုလုပ်ငန်း (၅)
မော်ဂျူး (၄.၄) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၄.၅) သင်ယူမှုအတွက်စစ်ဆေးခြင်း နှင့် သင်ယူမှုအား စစ်ဆေးခြင်း
မော်ဂျူး (၄.၅) သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၄.၅) သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၄.၅) သင်ယူမှုလုပ်ငန်း (၃) နှင့် (၄)
မော်ဂျူ: (၄.၅) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် အဖြေများ
မော်ဂျူး (၄) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၁)
မော်ဂျူး (၄) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၂ နှင့် ၃)
မော်ဂျူး (၄) အနှစ်ချုပ်
မော်ဂျူး (၅) သင်္ချာဆိုင်ရာ နမူနာလုပ်ပြခြင်းနှင့် ကိုယ်စားပြုတင်ပြခြင်း
မော်ဂျူး (၅.၁) အက္ခရာသင်္ချာ
မော်ဂျူး (၅.၁) ရပ်တန့်၍ စဉ်းစားပါ
အက္ခရာနှင့် ပတ်သက်၍ ကျောင်းသားများ ကြုံတွေ့ရသည့် အခက်အခဲများကို လျှော့ချခြင်း
အက္ခရာသင်္ချာ ဆိုသည်မှာ အဘယ်နည်း။
ပုံစံများကို ဖော်ပြခြင်း
မော်ဂျူး (၅.၁) သင်ယူမှု လုပ်ငန်း (၁)၊ (၂) နှင့် (၃)
မော်ဂျူး (၅.၁) သင်ယူမှု လုပ်ငန်း (၄)
မော်ဂျူး (၅.၁) သင်ယူမှု လုပ်ငန်း (၅)
မော်ဂျူး (၅.၁) သင်ယူမှု လုပ်ငန်း (၆)
မော်ဂျူး (၅.၁) သင်ယူမှု လုပ်ငန်း (၇)
မော်ဂျူး (၅.၁) သင်ယူမှု လုပ်ငန်း (၈)
မော်ဂျူး (၅.၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၅.၂) ဂျီသြမေတြီ
မော်ဂျူး (၅.၂) သင်ယူမှုလုပ်ငန်း (၁) နှင့် (၂)
ဗီဒီယို (၂)
စတုဂံများလုပ်ဆောင်နည်း
မော်ဂျူး (၅.၂) သင်ယူမှုလုပ်ငန်း (၃) နှင့် (၄)
မော်ဂျူး (၅.၂) သင်ယူမှုလုပ်ငန်း (၅)
ပဉ္စဂံများ၊ ဆဋ္ဌဂံများ၊ ဗဟုဂံများ၏ အတွင်းထောင့်များ ပေါင်းလဒ် သင်ကြားခြင်းအကြောင်း ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၅.၂) သင်ယူမှုလုပ်ငန်း (၆) နှင့် (၇)
မော်ဂျူး (၅.၂) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၅.၃) အချိန်နှင့် နေရာ
မော်ဂျူး (၅.၃) သင်ယူမှုလုပ်ငန်း
မော်ဂျူး (၅.၃) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၅.၄) အချက်အလက်များကို ကိုင်တွယ်ခြင်း
မော်ဂျူး (၅.၄) သင်ယူမှုလုပ်ငန်း
မော်ဂျူး (၅.၄) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် အဖြေများ
မော်ဂျူး (၅) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၁)
မော်ဂျူး (၅) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၂ နှင့် ၃)
မော်ဂျူး (၅) အနှစ်ချုပ်
Summary
မော်ဂျူးအဆုံးပြန်လည်သုံးသပ်ခြင်း
ဆက်လက်ဖတ်မှတ်စရာများ
Related Courses