အခြေခံပညာမူလတန်း မြန်မာစာ သင်ကြားခြင်း
5
(2 Reviews)
Certified
6 hour(s)
318 Enrollment(s)
5796 View(s)

Share On :
Course Description
ဤသင်တန်းသည် မူလတန်းအဆင့် မြန်မာစာဘာသာရပ်တွင် ပါဝင်သော သင်ရိုးအကြောင်းအရာများကို သင်ကြားနိုင်သော ဆရာများအဖြစ် ပြင်ဆင်လေ့ကျင့်ပေးရန် ရည်ရွယ်ပါသည်။ ဆရာများအတွက် မြန်မာဘာသာရပ်ဆိုင်ရာ သင်ကြားနည်းများကို နားလည်သဘောပေါက်စေရန်နှင့် စနစ်တကျအသုံးချနိုင်စေရန် ဤသင်တန်းမှ ပြင်ဆင်ပေးထားပါသည်။ ဤသင်တန်းတွင် ဘာသာရပ်ဆိုင်ရာ အကြောင်းအရာဗဟုသုတများ၊ ဘာသာစကား ကျွမ်းကျင်မှုများ ရရှိစေမည့် သင်ကြားသင်ယူမှု နည်းဗျူဟာများနှင့် အကဲဖြတ်စစ်ဆေးခြင်း နည်းလမ်းများ ပါဝင်ပါသည်။ သင်ခန်းစာမော်ဂျူးများမှာ အောက်ပါအတိုင်း ဖြစ်သည် -
- မော်ဂျူး (၁) မြန်မာစာဘာသာရပ် မိတ်ဆက်
- မော်ဂျူး (၂) ဘာသာစကားဖွံ့ဖြိုးမှုနှင့် သင်ယူမှု
- မော်ဂျူး (၃) မြန်မာစာ မြန်မာစကား
- မော်ဂျူး (၄) အပြောဘာသာစကားကျွမ်းကျင်မှုများ
- မော်ဂျူး (၅) မြန်မာစာ အရေးအဖတ်ကျွမ်းကျင်မှုများ
- မော်ဂျူး (၆) မြန်မာစာပေသင်ကြားခြင်း
- မော်ဂျူး (၇) စစ်ဆေးအကဲဖြတ်ခြင်း
အဓိကအသုံးအနှုန်းများ
ဘာသာစကား၊ ဘာသာစကားဖွံ့ဖြိုးမှုသီအိုရီ၊ ဒုတိယဘာသာစကား တတ်မြောက်မှု အခြေခံသီအိုရီများ၊ လူမှုဆက်ဆံရေးဘာသာစကား၊ ပညာသင်ယူရေးဘာသာစကား၊ အသံစနစ်၊ စကားလုံးဖွဲ့ပုံဆိုင်ရာစနစ်၊ ဝါကျဖွဲ့ထုံးဆိုင်ရာစနစ်၊ အသွင်ကွဲမြန်မာဘာသာစကား၊ စကားအဆင်တန်ဆာ၊ အနာအကြားနှင့် အပြောအဆိုစွမ်းရည်များ၊ စာရေးစာဖတ်ဖွံ့ဖြိုးမှုအဆင့်များ၊ အောက်-အထက်နှင့် အထက်-အောက် ချဉ်းကပ်နည်းများ၊ အဖတ်အရွတ်ဖွံ့ဖြိုးမှု၊ စာအရေးအသားဖွံ့ဖြိုးမှု၊ မြန်မာစာပေသမိုင်းအကျဉ်း၊ မြန်မာကဗျာ၊ မြန်မာစကားပြေ၊ စစ်ဆေးအကဲဖြတ်ခြင်း။
Course Objectives
ဤသင်တန်းသည် အခြေခံပညာမူလတန်းအဆင့်တွင် မြန်မာစာကို ထိရောက်စွာ သင်ကြားနိုင်ရန် ဘာသာစကား သင်ယူတတ်မြောက်မှုဆိုင်ရာ အသိပညာများ၊ မူလတန်းပြဆရာများအတွက် မြန်မာ ဘာသာစကားနှင့် စာပေဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အနာအကြား၊ အပြောအဆို၊ အဖတ်အရွတ်နှင့် အရေးအသား ကျွမ်းကျင်မှုများအတွက် သင်ကြားခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများကို ပံ့ပိုးပေးသွားမည် ဖြစ်သည်။
Learning Outcomes
ဤသင်တန်းကို တက်ရောက်ပြီးချိန်တွင် သင်ယူသူများသည် -
- ကျောင်းများတွင် မြန်မာစာသင်ကြားရသည့် အကြောင်းရင်းများကို ပြောပြတတ်မည်။
- အခြေခံပညာမူလတန်းအဆင့် မြန်မာစာသင်ရိုးညွှန်းတမ်း၏ ရည်ရွယ်ချက်များနှင့်ဖွဲ့စည်းပုံ တို့ကို ရှင်းပြတတ်မည်။
- ဘာသာစကားဆိုသည်မှာ မည်ကဲ့သို့သောအရာဖြစ်သည်ကို ရှင်းပြတတ်မည်။
- ဘာသာစကားဖွံ့ဖြိုးမှု သီအိုရီများကို နှိုင်းယှဉ်ပြတတ်မည်။
- ဘာသာစကားဖွံ့ဖြိုးမှုနှင့် ဦးနှောက် ဆက်စပ်ပုံကိုပြောပြတတ်မည်။
- ဘာသာစကားဖွံ့ဖြိုးမှုအဆင့်များကို ပြောပြတတ်မည်။
- ဒုတိယဘာသာစကား တတ်မြောက်မှု အခြေခံသီအိုရီများကို ရှင်းပြတတ်မည်။
- လူမှုဆက်ဆံရေးဘာသာစကားနှင့် ပညာသင်ယူရေးဘာသာစကားတို့ကို ခွဲခြားပြတတ်မည်။
- အိမ်တွင် မြန်မာစကားပြောသောကလေးများနှင့် မြန်မာစကားမပြောသောကလေးများအကြား မတူသော မြန်မာဘာသာစကား သင်ယူတတ်မြောက်မှု ဖြစ်စဉ်ကို ခွဲခြားပြတတ်မည်။
- ဘာသာစကားဖွံ့ဖြိုးမှုကို အိမ်နှင့် ကျောင်းတွင် မည်သို့ပံ့ပိုးပေးနိုင်ကြောင်း နှင့် မြန်မာဘာသာစကားပြဆရာတစ်ဦး၏ အရည်အသွေးများကို ဖော်ထုတ်တတ်မည်။
- မြန်မာဘာသာစကား၏ သမိုင်းကြောင်းကို ရှင်းပြတတ်မည်။
- မြန်မာဘာသာစကား၏ အသံစနစ်၊ စကားလုံးဖွဲ့ပုံဆိုင်ရာ စနစ်များနှင့် ဝါကျဖွဲ့ထုံးဆိုင်ရာ စနစ်များအကြောင်း ရှင်းပြတတ်မည်။
- အသွင်ကွဲမြန်မာဘာသာစကားများအကြောင်း ရှင်းပြတတ်မည်။
- မြန်မာဘာသာစကားရှိ အနက်အဓိပ္ပာယ်ဆိုင်ရာနှင့် လက်တွေ့အသုံးဆိုင်ရာ စနစ်များ အကြောင်း ရှင်းပြတတ်မည်။
- မြန်မာဘာသာစကားတွင် နေ့စဉ်သုံးစကားများ၌ တွေ့ရသည့် စကားအဆင်တန်ဆာများကို ဖော်ထုတ်တတ်မည်။
- ကလေးများ သင်ယူရသည့် မြန်မာစကား၏ အဆင်တန်ဆာများနှင့် ၎င်းတို့ကို သင်ယူရာတွင် ကလေးများအား ပံ့ပိုးနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်တတ်မည်။
- မြန်မာစာအရေးအသားစနစ်၏ ထူးခြားချက်များကို ဖော်ထုတ်တတ်မည်။
- ကလေးများ၏ အနာအကြားနှင့် အပြောအဆိုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သင်ကြားလေ့ကျင့်ပေးနိုင်သည့် နည်းလမ်းများကို ရှင်းပြတတ်မည်။
- အပြောဘာသာစကားသင်ယူခြင်းကို အထောက်အပံ့ပြုသည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်သည့် နည်းလမ်းများ၊ သင်ကြားခြင်းနှင့် စောင့်ကြည့် လေ့လာခြင်းဆိုင်ရာ လုပ်ငန်းများကို ဖော်ထုတ်တတ်မည်။
- အိမ်တွင် မြန်မာစကားမပြောသောကလေးများကို အထောက်အပံ့ပြုသည့် နည်းလမ်းများကို ဖော်ထုတ်တတ်မည်။
- မူလတန်းကလေးများ၏ အပြောဘာသာစကားဖွံ့ဖြိုးမှုကို အထောက်အပံ့ပြုသည့် သင်ခန်းစာတစ်ခုကို ပြင်ဆင်တတ်ပြီး လက်တွေ့သင်ပြတတ်မည်။
- စာရေးစာဖတ်ဖွံ့ဖြိုးမှုအဆင့်များနှင့် စာဖတ်ခြင်းမဏ္ဍိုင် ၅ ရပ်ကို သိရှိလာမည်။
- အောက်-အထက်နှင့် အထက်-အောက် ချဉ်းကပ်နည်းများကို ခွဲခြားပြတတ်မည်။
- ၂၁ ရာစုတွင် မီဒီယာတတ်ကျွမ်းမှု၏ အရေးပါပုံကို သိရှိလာမည်။
- မူလတန်းအဆင့် ကလေးများအတွက် စာဖတ်သွက်စေရန်၊ စာဖတ်ပြီး နားလည် သဘောပေါက်မှုဖွံ့ဖြိုးစေရန်၊ ဝေါဟာရဖွံ့ဖြိုးစေရန် စသည့် ကျွမ်းကျင်မှုများ ရရှိအောင် သင်ကြားနည်းများကို သိရှိလာမည်။
- မူလတန်းကလေးများ၏ အဖတ်အရွတ်ဖွံ့ဖြိုးမှုကို အထောက်အပံ့ပြုသည့် သင်ခန်းစာတစ်ခုကို ပြင်ဆင်တတ်ပြီး လက်တွေ့သင်ပြတတ်မည်။
- စာအရေးအသားကျွမ်းကျင်မှုများ၏ အရေးကြီးပုံ၊ ကလေးများစာရေးသားခြင်းတွင် ပျော်ရွှင်စေမည့်နည်းလမ်းများနှင့် စာအရေးအသားကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုအဆင့်များကို နားလည်လာမည်။
- လက်ရေးကျွမ်းကျင်မှု၊ စာလုံးပေါင်းကျွမ်းကျင်မှု ဖွံ့ဖြိုးရေးအတွက် ပျော်ရွှင်ဖွယ် သင်ယူမှုဖြစ်စေမည့် နည်းလမ်းများကို ဖော်ထုတ်တတ်ပြီး မူလတန်းကလေးများ၏ စိတ်ကူးဖြင့် ဖန်တီးရေးသားခြင်းကို မြှင့်တင်ပေးရန် ဆီလျော်သည့် သင်ယူမှုလုပ်ငန်း နမူနာများကို သိရှိလာမည်။
- မူလတန်းကလေးများ၏ စာအရေးအသားဖွံ့ဖြိုးမှုကို အထောက်အပံ့ပြုသည့် သင်ခန်းစာတစ်ခုကို ပြင်ဆင်တတ်ပြီး လက်တွေ့သင်ပြတတ်မည်။
- ဘာသာစကားနှင့် စာပေဆက်စပ်ပုံကို ရှင်းပြတတ်မည်။
- မြန်မာစာပေသမိုင်းအကျဉ်း (ခေတ်ဟောင်းပိုင်း) နှင့် (ခေတ်သစ်ပိုင်း) ကို ပြောပြတတ်မည်။
- မြန်မာကဗျာအမျိုးအစားများ၊ မြန်မာစကားပြေအမျိုးအစားများနှင့် ၎င်းတို့၏ သဘောသဘာဝများကို ဖော်ပြတတ်မည်။
- မူလတန်ကလေးများအား ကဗျာ သို့မဟုတ် စကားပြေသင်ခန်းစာတစ်ခုကို သင်ကြားရန် ပြင်ဆင်တတ်ပြီး လက်တွေ့သင်ပြတတ်မည်။
- မြန်မာစာသင်ယူမှုကို စစ်ဆေးအကဲဖြတ်ရာတွင် အသုံးပြုနိုင်သော ချဉ်းကပ်နည်း အမျိုးမျိုးကို ရှင်းပြတတ်မည်။
- အပြောဘာသာစကား ကျွမ်းကျင်မှုများ၊ စာဖတ်ကျွမ်းကျင်မှုများ၊ စာအရေးကျွမ်းကျင်မှုများ ဖွံ့ဖြိုးခြင်းကို စစ်ဆေးအကဲဖြတ်သည့် နည်းအမျိုးမျိုး ကို ဖော်ထုတ်တတ်မည်။
Please login to take this course
Lectures
သင်ယူမှုမျှော်မှန်းချက်များ
မော်ဂျူး (၁) မြန်မာစာဘာသာရပ် မိတ်ဆက်
မော်ဂျူး (၁.၁) မြန်မာစာသင်ကြားရေး
မော်ဂျူး (၁) ရပ်တန့်၍ စဉ်းစားပါ (၁)
မော်ဂျူး (၁) သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၁) ရပ်တန့်၍ စဉ်းစားပါ (၂)
မော်ဂျူး (၁) သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၁) သင်ယူမှုလုပ်ငန်း (၃)
မော်ဂျူး (၁) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၁) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများ နှင့် နမူနာအဖြေများ
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူး (၂) ဘာသာစကားဖွံ့ဖြိုးမှုနှင့် သင်ယူမှု
မော်ဂျူး (၂.၁) ဘာသာစကားဖွံ့ဖြိုးမှု
မော်ဂျူး (၂.၁) ဘာသာစကားဖွံ့ဖြိုးမှု - အဆက်
မော်ဂျူး (၂) သင်ယူမှုလုပ်ငန်း (၁) နှင့် (၂)
ဘာသာစကားဖွံ့ဖြိုးမှုအဆင့်များ
မူကြိုအရွယ်ကလေးများ၏ ဘာသာစကားဖွံ့ဖြိုးမှုနှင့်ပတ်သက်သည့် အရေးကြီးအချက်နှစ်ချက်
မော်ဂျူး (၂) ရပ်တန့်၍ စဉ်းစားပါ
မော်ဂျူး (၂.၁)ဉာဏ်စမ်းမေးခွန်း (၁)
မော်ဂျူး (၂.၁)ဉာဏ်စမ်းမေးခွန်း (၂)
မော်ဂျူး (၂.၁) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများ နှင့် နမူနာအဖြေများ
မော်ဂျူး (၂.၂) ဒုတိယဘာသာစကားတတ်မြောက်မှု
မော်ဂျူး (၂.၂) သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၂.၂) သင်ယူမှုလုပ်ငန်း (၂)၊ (၃)၊ (၄) နှင့် (၅)
မော်ဂျူး (၂.၂)ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၂.၂) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများ နှင့် နမူနာအဖြေများ
မော်ဂျူး (၂.၃) ဘာသာစကားသင်ယူမှုကို ပံ့ပိုးခြင်း
မော်ဂျူး (၂.၃) ရပ်တန့်၍ စဉ်းစားပါ (၁)
ဘာသာစကားဖွံ့ဖြိုးမှုကို ကျောင်းတွင် ပံ့ပိုးခြင်း
မော်ဂျူး (၂.၃) ရပ်တန့်၍ စဉ်းစားပါ (၂)
မော်ဂျူး (၂.၃) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၂) အနှစ်ချုပ်
မော်ဂျူး (၃) မြန်မာစာ မြန်မာစကား
မော်ဂျူး (၃.၁) မြန်မာဘာသာစကားဖြစ်ထွန်းတိုးတက်ပြောင်းလဲလာပုံ
မော်ဂျူး (၃.၁)ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၃.၁) ပြန်လည်ဆန်းစစ်ရန် မေးခွန်း နှင့် နမူနာအဖြေ
မော်ဂျူး (၃.၂) မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာများ (၁)
မော်ဂျူး (၃.၂) ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၃.၂) သင်ယူမှုလုပ်ငန်း (၁)၊ (၂) နှင့် (၃)
မြန်မာဘာသာစကား၏ စကားလုံးဖွဲ့ပုံနှင့် ဝါကျဖွဲ့ထုံး
မော်ဂျူး (၃.၂) သင်ယူမှုလုပ်ငန်း (၄)၊ (၅)၊ (၆)၊ (၇)၊ (၈) နှင့် (၉)
မော်ဂျူး (၃.၂) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၃.၂) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများ နှင့် နမူနာအဖြေများ
မော်ဂျူး (၃.၃) မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာများ (၂)
မော်ဂျူး (၃.၃) သင်ယူမှုလုပ်ငန်းများ
မော်ဂျူး (၃.၃) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၃.၃) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများ နှင့် နမူနာအဖြေများ
မော်ဂျူး (၃.၄) မြန်မာစကားအဆင်တန်ဆာ
စကားအဆင်တန်ဆာများကို သင်ယူခြင်း
မော်ဂျူး (၃.၄) ရပ်တန့်၍စဉ်းစားပါ
မော်ဂျူး (၃.၄) သင်ယူမှုလုပ်ငန်း
မော်ဂျူး (၃.၄) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၃.၄) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၃.၅) မြန်မာစာအရေးအသားစနစ်
မော်ဂျူး (၃.၅) ရပ်တန့်၍ စဉ်းစားပါ။
မော်ဂျူး (၃.၅) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၃.၅) ပြန်လည်ဆန်းစစ်ရန်မေးခွန်းနှင့် နမူနာအဖြေ
မော်ဂျူး (၃) အနှစ်ချုပ်
မော်ဂျူး (၄) အပြောဘာသာစကား ကျွမ်းကျင်မှုများ
မော်ဂျူ (၄.၁) အပြောဘာသာစကားဖွံ့ဖြိုးမှု
မော်ဂျူး (၄.၁) ရပ်တန့်၍ စဉ်းစားပါ (၁) နှင့် (၂)
မော်ဂျူး (၄.၁) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၄.၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၄.၂) အပြောဘာသာစကားစွမ်းရည်များကို သင်ကြား၊ သင်ယူခြင်း
မော်ဂျူး (၄.၂) ရပ်တန့်၍ စဉ်းစားပါ (၁) နှင့် (၂)
မော်ဂျူး (၄.၂) သင်ယူမှုလုပ်ငန်း (၁)
အိမ်တွင် မြန်မာစကားမပြောသော ကလေးများ၏ အပြောဘာသာစကား သင်ယူခြင်း
အိမ်တွင် မြန်မာစကားမပြောသော ကလေးများ၏ အပြောဘာသာစကား သင်ယူခြင်း - ရပ်တန့်၍ စဉ်းစားပါ
သင်ခန်းစာပြင်ဆင်ခြင်းနှင့် လက်တွေ့သင်ကြားခြင်း - ရပ်တန့်၍ စဉ်းစားပါ (၁)
သင်ခန်းစာပြင်ဆင်ခြင်းနှင့် လက်တွေ့သင်ကြားခြင်း - ရပ်တန့်၍ စဉ်းစားပါ (၂)
မော်ဂျူး (၄.၂)ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၄.၂) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၄) အနှစ်ချုပ်
မော်ဂျူး (၅) မြန်မာစာ အရေးအဖတ်ကျွမ်းကျင်မှုများ
မော်ဂျူး (၅.၁) စာဖတ်ကျွမ်းကျင်မှုများနှင့် စာဖတ်ကျွမ်းကျင်မှုများကို သင်ကြားခြင်း
မော်ဂျူး (၅.၁) ရပ်တန့်၍ စဉ်းစားပါ (၁)
မော်ဂျူး (၅.၁) ယူမှုလုပ်ငန်း (၁)
အက္ခရာများကို သိခြင်း၊ စာလုံးများကို ဖတ်ခြင်းနှင့် စကားလုံးများကို ဖတ်ခြင်း
မော်ဂျူး (၅.၁) ရပ်တန့်၍ စဉ်းစားပါ (၂)
မော်ဂျူး (၅.၁) သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၅.၁) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၅.၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၅.၂) စာအရေးအသားကျွမ်းကျင်မှုများနှင့် စာအရေးအသားကျွမ်းကျင်မှုများကို သင်ကြားခြင်း
မော်ဂျူး (၅.၂) ရပ်တန့်၍ စဉ်းစားပါ။
စာအရေးအသားဖွံ့ဖြိုးမှုအဆင့်များ
စာအရေးအသားဖွံ့ဖြိုးမှုအဆင့်များ - ရပ်တန့်၍ စဉ်းစားပါ (၁) နှင့် (၂)
မူလတန်းကလေးများ၏ လက်ရေးကျွမ်းကျင်မှု ဖွံ့ဖြိုးရေးအတွက် ကျောင်းတွင် လက်တွေ့ အကောင်အထည်ဖော်နိုင်သော ပျော်ရွှင်ဖွယ်ရာ သင်ယူမှုလုပ်ငန်းများနှင့် စာလုံးပေါင်းကျွမ်းကျင်အောင် လေ့ကျင့်ခြင်း
မော်ဂျူး (၅.၂) ရပ်တန့်၍ စဉ်းစားပါ (၃)
မော်ဂျူး (၅.၂) သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၅.၂)ဉာဏ်စမ်းမေးခွန်း
အခြေခံကျွမ်းကျင်မှုများကို သင်ကြားခြင်း
မော်ဂျူး (၅.၂) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၅) အနှစ်ချုပ်
မော်ဂျူး (၆) မြန်မာစာပေသင်ကြားခြင်း
မော်ဂျူး (၆.၁) မြန်မာစာပေ
မော်ဂျူး (၆.၁) ရပ်တန့်၍ စဉ်းစားပါ။
မော်ဂျူး (၆.၁) သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၆.၁) ရပ်တန့်၍ စဉ်းစားပါ (၂) နှင့် (၃)
မော်ဂျူး (၆.၁) သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၆.၁) သင်ယူမှုလုပ်ငန်း (၃)
မော်ဂျူး (၆.၁) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၆.၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၆.၂) မြန်မာစာပေ သင်ကြားသင်ယူမှု
အိမ်တွင် မြန်မာစကားပြောဆိုမှုနည်းသော ကျောင်းသားများကို ကဗျာသင်ကြားခြင်းနည်းလမ်း
မော်ဂျူး (၆.၂) သင်ယူမှုလုပ်ငန်း (၁) နှင့် (၂)
သင်ခန်းစာပြင်ဆင်ခြင်း
မော်ဂျူး (၆.၂) ရပ်တန့်၍ စဉ်းစားပါ။
မော်ဂျူး (၆.၂) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၆.၂) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး(၆) အနှစ်ချုပ်
မော်ဂျူး (၇) စစ်ဆေးအကဲဖြတ်ခြင်း
မော်ဂျူး (၇.၁) မူလတန်းကလေးများ၏ မြန်မာစာသင်ယူမှုကို စစ်ဆေးအကဲဖြတ်ခြင်း
မူလတန်းကျောင်းသားများ မြန်မာစာ သင်ယူတတ်မြောက်မှုနှင့် စစ်ဆေးအကဲဖြတ်ခြင်းတွင် သတိပြုရမည့်အချက်များနှင့် အကြံပြုချက်များ
မော်ဂျူး (၇.၁) ရပ်တန့်၍ စဉ်းစားပါ။
မော်ဂျူး (၇) သင်ယူမှုလုပ်ငန်း (၁)၊ (၂)၊ (၃) နှင့် (၄)
မော်ဂျူး (၇.၁)ဉာဏ်စမ်းမေးခွန်း (၁)
မော်ဂျူး (၇.၁)ဉာဏ်စမ်းမေးခွန်း (၂)
မော်ဂျူး (၇.၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၇) အနှစ်ချုပ်
Summary
ဆက်လက်ဖတ်မှတ်လေ့လာစရာများ
သင်တန်းအနှစ်ချုပ်
Related Courses