အခြေခံပညာအလယ်တန်း သင်္ချာ သင်ကြားခြင်း
0
(0 Reviews)
Certified
6 hour(s)
629 Enrollment(s)
3830 View(s)

Share On :
Course Description
Course Objectives
Learning Outcomes
- သင်္ချာဘာသာရပ် အကြောင်းကို ဖော်ပြတတ်မည်။
- သင်္ချာဘာရပ်၏ အခွဲများကို သတ်မှတ်ဖော်ပြတတ်မည်။ (ဥပမာ - အက္ခရာသင်္ချာ၊ ဂျီသြမေတြီ၊ စာရင်းအင်းသင်္ချာ အစရှိသဖြင့်)
- သင်္ချာ၊ သိပ္ပံနှင့် နည်းပညာတို့၏ ခိုင်မာသော ဆက်စပ်မှုကို ရှင်းပြတတ်မည်။
- အလယ်တန်းကျောင်းသားများအား သင်္ချာ၊ ခေတ်ပေါ်သိပ္ပံနှင့် နည်းပညာတို့၏ ဆက်စပ်မှုကို သိရှိနားလည်အောင် မည်သို့သင်ကြားရမည်နှင့် ပတ်သက်၍ စိတ်ကူးအကြံဉာဏ်များ ဖွံ့ဖြိုးလာမည်။
- အလယ်တန်းကျောင်းသားများအား သင်္ချာအတွေးအခေါ် တိုးတက်လာစေမည့် စိတ်ကူးအကြံဉာဏ်များ ဖွံ့ဖြိုးလာမည်။
- သင်္ချာပညာရှင်များနှင့် မြန်မာနိုင်ငံ သင်္ချာသင်ရိုးတွင်ပါသည့် သင်္ချာပညာရပ်များဖြစ်သည့် (အက္ခရာသင်္ချာ၊ ဂျီသြမေတြီ၊ စာရင်းအင်းသင်္ချာ) တို့၏ တန်ဖိုးကို အသိအမှတ်ပြု တန်ဖိုးထားတတ်မည်။
- အလယ်တန်းကျောင်းသားများအား သင်္ချာသင်ကြားရသော အကြောင်းကို ရှင်းပြတတ်မည်။
- အလယ်တန်းကျောင်းသားများအား ၎င်းတို့၏ဘဝတွင် သင်္ချာအား မည်ကဲ့သို့ သုံးရမည်ကို ရှင်းပြတတ်မည်။
- အလယ်တန်းသင်္ချာ၏ ရည်မှန်းချက်များနှင့် အလယ်တန်းသင်္ချာ၏ အတန်းစဉ်အလိုက် ပါဝင်သည့် အစီအစဉ်များ၏ ကွင်းဆက်ကို ရှင်းပြတတ်မည်။
- အလယ်တန်းကျောင်းသားများကို သင်္ချာသင်သည့်အခါတွင် သင်္ချာဘာသာစကား အရေးပါပုံကို ဖော်ပြတတ်မည်။
- အလယ်တန်းကျောင်းသားများကို သင်္ချာသင်သည့်အခါ ပြဿနာဖြေရှင်းခြင်း ကျွမ်းကျင်မှုများ တိုးတက်လာမည်ကို ရှင်းပြတတ်မည်။
- ဆဋ္ဌမတန်း၊ သတ္တမတန်းနှင့် အဋ္ဌမတန်း ကျောင်းသားများအတွက် အသုံးဝင်သည့် သင်္ချာအတွေးအခေါ် ပိုမိုကောင်းမွန်စေသော ပြဿနာဖြေရှင်းခြင်းမေးခွန်း အမျိုးအစားများကို ဖော်ပြတတ်မည်။
- အလယ်တန်းသင်္ချာ သင်ရိုးညွှန်းတမ်း၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် သင်ယူရမည့် အခန်းများတွင် ပါဝင်သော အကြောင်းအရာများကို ဖော်ပြတတ်မည်။
- အဓိက သင်ယူမှုနယ်ပယ်များအား မည်သို့ ဆက်သွယ်စီစဉ်ထားသည်ကို ဘာသာရပ် ရည်မှန်းချက်များနှင့် ခြုံငုံချိတ်ဆက်၍ ရှင်းပြတတ်မည်။
- သင်္ချာသင်ယူခြင်းတွင် တွေးခေါ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ စိန်ခေါ်မှု အခက်အခဲများကို ဖော်ပြတတ်မည်။
- ထိုစိန်ခေါ်မှုများကို ပြန်လည်သုံးသပ်၍ အလယ်တန်းသင်္ချာတွင် တွေးခေါ်မှုစွမ်းရည်များကို ပျိုးထောင်ပေးနိုင်သည့် နည်းလမ်းများကို ကြံဆတတ်မည်။
- အလယ်တန်းကျောင်းများတွင် ပြဿနာအခြေပြုသင်ယူခြင်း၏ အဆင့်များကို ရှင်းပြတတ်မည်။
- ထိုအဆင့်များကို အသုံးပြု၍ အလယ်တန်းကျောင်းသားများ၏ သင်္ချာအတွေးအခေါ် စွမ်းရည်များကို မြှင့်တင်ပေးနိုင်မည့် စိတ်ကူးအကြံဉာဏ်များ ဖွံ့ဖြိုးလာမည်။
- ပြဿနာအခြေပြု သင်ခန်းစာတစ်ခုကို သရုပ်ပြ သင်ကြားတတ်မည်။
- အက္ခရာသင်္ချာ၏တွေ့ရလေ့ရှိသော အမှားများနှင့် အယူအဆလွဲမှားခြင်းများကို ဖော်ပြတတ်မည်။
- တွေ့ရလေ့ရှိသော အမှားများနှင့် အယူအဆလွဲမှားခြင်းများကို သင်ကြားမှုအထောက်အကူ ပစ္စည်းများအဖြစ် အသုံးချနိုင်ရန် ဥပမာများပေးတတ်မည်။
- သင်ကြားခြင်းနှင့်သင်ယူခြင်းတွင် မိမိကိုယ်ကို ပြန်လည်သုံးသပ်တတ်မည်။
- အလယ်တန်းကျောင်းသားများ အတူတကွ ပူးပေါင်းဆောင်ရွက်သင်ယူခြင်း ဖြစ်မြောက်စေရန် စိတ်ကူးအကြံဉာဏ်များ ဖွံ့ဖြိုးလာမည်။
- အလယ်တန်းကျောင်းသားများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ရန် သရုပ်ပြ သင်ကြားတတ်မည်။
- ကိန်းစစ်စနစ် (ရာရှင်နယ်ကိန်းများနှင့် အီရာရှင်နယ်ကိန်းများ) ၏ ဖွဲ့စည်းပုံကို အကျဉ်းချုံး ဖော်ပြတတ်မည်။
- ကိန်းစစ်စနစ် (ရာရှင်နယ်နှင့် အီရာရှင်နယ်ကိန်းများ) ကို သင်ကြားရန် လက်တွေ့ကျသော အတွေးအခေါ် အကြံဉာဏ်များကို သရုပ်ပြ သင်ကြားတတ်မည်။
- အကြီးဆုံးဘုံဆခွဲကိန်းနှင့် အငယ်ဆုံးဘုံဆတိုးကိန်း အယူအဆကို အကျဉ်းချုံး ဖော်ပြတတ်မည်။
- အကြီးဆုံးဘုံဆခွဲကိန်းနှင့် အငယ်ဆုံးဘုံဆတိုးကိန်းကို သင်ကြားရန် လက်တွေ့ကျသော အတွေးအခေါ် အကြံဉာဏ်များကို သရုပ်ပြ သင်ကြားတတ်မည်။
- ထပ်ညွှန်းကိန်းနှင့် ရာဒီကယ်များ၏ ဥပဒေသများကို ရှင်းပြတတ်မည်။
- အပေါင်းကိန်းပြည့်များ၊ သုညနှင့် အနုတ်ကိန်းပြည့်များ၏ ထပ်ညွှန်းညီမျှခြင်းများကို မည်ကဲ့သို့ ဖြေရှင်းနိုင်သည်ကို သရုပ်ပြ သင်ကြားတတ်မည်။
- အချိုး၊ အချိုးတူနှင့် ရာခိုင်နှုန်းများ၏ အယူအဆကို ရှင်းပြတတ်မည်။
- အချိုး၊ အချိုးတူနှင့် ရာခိုင်နှုန်းများကို သင်ကြားရန် အတွေးအခေါ် အကြံအစည်များ စူးစမ်းလေ့လာတတ်မည်။
- အစုများ၏ အခြေခံအယူအဆများ (အစုပိုင်း၊ ကန့်သတ်ရှိအစု၊ ကန့်သတ်မဲ့အစု၊ ဗလာအစုနှင့် တူညီသော အစု) ကို ဖော်ပြတတ်မည်။
- ဗင်းသရုပ်ပြပုံ (Venn diagrams) နှင့် ကိန်းမျဉ်းများ အသုံးပြု၍ အစုလုပ်ထုံးများကို မည်ကဲ့သို့ သင်ကြားမည့်အကြောင်း နားလည်ခြင်းကို သရုပ်ပြ သင်ကြားတတ်မည်။
- ပုံစံများနှင့် ကိန်းစဉ်များ ဆက်နွှယ်မှုကို ရှင်းပြတတ်မည်။
- ပေးထားသော ကိန်းစဉ်တွင် n အကြိမ်မြောက်ကိန်းအား မည်သို့ရှာမည်ကို ရှင်းပြတတ်မည်။
- ပုံစံများ၊ ကိန်းစဉ်များနှင့် n အကြိမ်မြောက်ကိန်းအား မည်သို့ သင်ကြားရမည့်အကြောင်း နားလည်ခြင်းကို သရုပ်ပြ သင်ကြားတတ်မည်။
- အမှားများခန့်မှန်းခြင်း အကြောင်းကို ရှင်းပြတတ်မည်။
- အမှားများ (ပကတိအမှား၊ နှိုင်းရအမှား) ခန့်မှန်းခြင်းကို သုံး၍ ပုစ္ဆာများကို မည်သို့ဖြေရှင်းမည်ကို ရှင်းပြတတ်မည်။
- ရေတွက်နည်းအမျိုးမျိုးကို အကျဉ်းချုံး ဖော်ပြတတ်မည်။
- ဆယ်လီစနစ် (အခြေ ၁၀ စနစ်) နှင့် နှစ်လီဆကိန်းစနစ် (အခြေ ၂ စနစ်) တို့အကြား မည်ကဲ့သို့ ပြောင်းလဲရမည်ကို ရှင်းပြတတ်မည်။
- ရေတွက်ခြင်း နည်းအမျိုးမျိုးကို မည်ကဲ့သို့ သင်ကြားမည်နှင့် ဆယ်လီစနစ် (အခြေ ၁၀ စနစ်) နှင့် နှစ်လီဆကိန်းစနစ် (အခြေ ၂ စနစ်) တို့အကြား ပြောင်းလဲခြင်းအား မည်ကဲ့သို့ သင်ကြားမည်ကို သရုပ်ပြ သင်ကြားတတ်မည်။
- ကွန်ပါတစ်စုံ၊ သုံးထောင့်ကျင်တွယ်များ၊ ထောင့်တိုင်းစက်ဝိုင်းခြမ်းတို့ကို သုံး၍ အခြေခံ ဆောက်လုပ်ချက်များ (ထောင့်မှန်ကျမျဉ်းများနှင့် ထောင့်များ) အား မည်သို့ သင်ကြားရ မည်ကို ရှင်းပြတတ်မည်။
- ထောင့်မှန်ကျမျဉ်းများနှင့် ထောင့်များ ဆွဲခြင်းအား မည်သို့ သင်ကြားရမည်ကို ရှင်းပြတတ်မည်။
- ထောင့်မှန်ကျ ထက်ဝက်ပိုင်းမျဉ်းနှင့် ထောင့်ထက်ဝက်ပိုင်းမျဉ်းဆွဲခြင်းအား မည်သို့ သင်ကြားရမည်ကို ရှင်းပြတတ်မည်။
- ညွှန်ထောင့်များ၊ ပုံမှန်ညွှန်ထောင့်၊ မြင့်ထောင့်နှင့် နိမ့်ထောင့်တို့အား မည်သို့ သင်ကြားရမည်ကို ရှင်းပြတတ်မည်။
- မြေအတိုင်းအတာများ၊ မြေတိုင်းခြင်း၊ မြေပုံများဆွဲခြင်းတို့အား မည်သို့ သင်ကြားရမည်ကို ရှင်းပြတတ်မည်။
- မက်ထရစ်စနစ်၊ ဗြိတိသျှစနစ်တို့၏ ဗဟုသုတများဖြင့် အလျား၊ အလေးချိန်၊ ထုထည်၊ ပမာဏ တိုင်းခြင်းတို့ကို စူးစမ်းလေ့လာတတ်မည်။
- ဤဗဟုသုတများသုံး၍ လက်တွေ့ဘဝပြဿနာများကို ဖြေရှင်းသည့်နည်းများ သင်ကြားပုံ ကို ဖော်ပြတတ်မည်။
- ဝယ်ယူသော ပစ္စည်းစာရင်း၊ အမြတ်နှင့်အရှုံး၊ စတော့များနှင့် ရှယ်ယာများကို လေ့လာတတ်မည်။
- ဤဗဟုသုတများသုံး၍ လက်တွေ့ဘဝပြဿနာများကို ဖြေရှင်းသည့်နည်းများ သင်ကြားပုံကို ဖော်ပြတတ်မည်။
- သက်ဆိုင်သော သင်ခန်းစာများ (ဥပမာ - အားကစားကွင်း တစ်ခုစီမံခြင်း) ကို စီစဉ်ရန် မက်ထရစ်၊ ဗြိတိသျှစနစ် (အလျား၊ အလေးချိန်၊ ထုထည်၊ ပမာဏ) တို့ကို သုံးတတ်မည်။
- ဝယ်ယူသောပစ္စည်းစာရင်း၊ အမြတ်နှင့်အရှုံး၊ စတော့များနှင့် ရှယ်ယာတို့ကို အသုံးပြုသည့် သင့်လျော်သောပုစ္ဆာများကို ပုံစံထုတ်ပြတတ်မည်။
- လက်တွေ့ဘဝအခြေအနေများတွင် သင်္ချာအတွေးအခေါ်နှင့် ကိန်းဂဏန်းဆိုင်ရာ ကျွမ်းကျင်မှုများကို ဖော်ထုတ်သော အလားတူလက်တွေ့သင်ခန်းစာများကို တိုးတက် ပြုလုပ်တတ်မည်။
- အချက်အလက်ကောက်ယူခြင်း/ စုဆောင်းခြင်းနှင့် ဗဟိုပြုတိုင်းတာချက်များ (သမတ်ကိန်း၊ အလယ်ကိန်း၊ ကြိမ်များကိန်း) ဆိုင်ရာ အသိသညာများကို မည်သို့သင်ကြားရကြောင်း ရှင်းပြတတ်မည်။
- မျဉ်းဂရပ်များ၊ ဟစ္စတိုဂရမ်များနှင့် ထပ်ကြိမ်ဗဟုဂံများကို ခွဲခြားဖော်ပြတတ်မည်။
- မျဉ်းဂရပ်များ၊ ဟစ္စတိုဂရမ်များ၊ ထပ်ကြိမ်ဗဟုဂံများဆွဲသားခြင်းနှင့် အဓိပ္ပာယ်ကောက်ယူ ခြင်းတို့ကို မည်သို့သင်ကြားရကြောင်း သရုပ်ပြသင်ကြားတတ်မည်။
- အက္ခရာကိန်းတန်းများနှင့် ပုံသေနည်းများ၏ အခြေခံအသိသညာများကို မည်သို့ သင်ကြားရကြောင်း ရှင်းပြတတ်မည်။
- အက္ခရာကိန်းတန်းများ၏ ဆခွဲကိန်းခွဲခြင်းနှင့်ထပ်တူညီခြင်းတို့ကို မည်သို့သင်ကြားရ ကြောင်း ရှင်းပြတတ်မည်။
- တစ်ထပ်ကိန်းညီမျှခြင်းနှင့် မညီမျှခြင်းများကို မည်သို့သင်ကြားရကြောင်း ရှင်းပြတတ်မည်။
- တစ်ထပ်ကိန်းညီမျှခြင်းများနှင့် မညီမျှခြင်းများ ဖြေရှင်းခြင်းကို မည်သို့သင်ကြားရကြောင်း ရှင်းပြတတ်မည်။
- နှစ်ထပ်ကိန်းညီမျှခြင်းများအား နှစ်ထပ်ကိန်းပုံသေနည်းအသုံးပြု၍ ဖြေရှင်းခြင်းနှင့် ပါရာဗိုလာဂရပ်များ ဆွဲသား၍ ဖြေရှင်းခြင်းတို့ကို မည်သို့သင်ကြားရကြောင်း ရှင်းပြတတ်မည်။
- ပြင်ညီပုံများ၏ ဂုဏ်သတ္တိများကို ရှင်းပြတတ်မည်။
- မျဉ်းပြိုင်များနှင့် ဖြတ်မျဉ်းများ၏ ဂုဏ်သတ္တိများကို မည်သို့ သင်ကြားရကြောင်း သရုပ်ပြ သင်ကြားတတ်မည်။
- တြိဂံ၏ဂုဏ်သတ္တိများကို ရှင်းပြတတ်မည်။
- မျဉ်းပြိုင်များနှင့် ဖြတ်မျဉ်းများ၏ ဂုဏ်သတ္တိများကို မည်သို့သင်ကြားရကြောင်း သရုပ်ပြ သင်ကြားတတ်မည်။
- စတုဂံများ၏ဂုဏ်သတ္တိများကို ရှင်းပြတတ်မည်။
- အလယ်တန်းကျောင်းတွင် အသုံးပြုနိုင်သော စတုဂံဧရိယာပုံသေနည်း ဖော်ထုတ်ရန် သင်ယူမှုလုပ်ငန်းများကို သရုပ်ပြသင်ကြားတတ်မည်။
- စက်ဝိုင်းနှင့်ပတ်သက်သော ပညာရပ်ဆိုင်ရာ ဝေါဟာရများကို ရှင်းပြတတ်မည်။
- စက်ဝိုင်းတစ်ခု၏ စက်ဝန်းအလျားနှင့် အဝန်းပိုင်းတစ်ခု၏ အလျားရှာဖွေခြင်းကို မည်သို့ သင်ကြားရကြောင်း ရှင်းပြတတ်မည်။
- စက်ဝိုင်းတစ်ခု၏ အခြေခံသီအိုရမ်များကို သင်ကြားရန် စိတ်ကူးအကြံဉာဏ်များကို ဖော်ထုတ်တတ်မည်။
- ဒုပုံများကို အမျိုးအစားခွဲခြားတတ်ရန်မည်သို့သင်ကြားရကြောင်း ရှင်းပြတတ်မည်။
- ဒုပုံများ၏ မျက်နှာပြင်ဧရိယာရှာဖွေခြင်းကို မည်သို့သင်ကြားရကြောင်း ရှင်းပြတတ်မည်။
- ဒုပုံများ၏ထုထည်ပုံသေနည်းများကို မည်သို့သင်ကြားရကြောင်းရှင်းပြတတ်မည်။
- ဂျီဩမေတြီပညာရပ်ရှိ သက်သေပြခြင်းနည်းလမ်းအမျိုးမျိုးကို အမျိုးအစားခွဲခြား တတ်မည်။
- ဂျီဩမေတြီဆိုင်ရာ ပုစ္ဆာ၊ ပြဿနာဖြေရှင်းခြင်းတွင် ၎င်းနည်းလမ်းများကို မည်သို့ အသုံးပြု၍ မည်သို့တွက်ချက်ရကြောင်း ဖော်ပြတတ်မည်။
- အလယ်တန်းသင်္ချာသင်ရိုးညွှန်းတမ်း၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် သင်ယူရမည့် အခန်းများတွင် ပါဝင်သော အကြောင်းအရာများကို ဖော်ပြတတ်မည်။
- အဓိကသင်ယူမှုနယ်ပယ်များအား မည်သို့ဆက်သွယ်စီစဉ်ထားသည်ကို ဘာသာရပ် ရည်မှန်းချက်များနှင့် ခြုံငုံချိတ်ဆက်၍ ရှင်းပြတတ်မည်။
- သင်္ချာသင်ကြား၊သင်ယူမှုလုပ်ငန်းများနှင့် အလယ်တန်းအဆင့်နှင့် ဆီလျော်သော သင်ကြားမှု ကြားခံပစ္စည်းများအတွက် စိတ်ကူးအကြံဉာဏ်များကို စူးစမ်းလေ့လာဖော်ထုတ်တတ်မည်။
- သင်္ချာသင်ကြားရာတွင် ဆီလျော်သော သင်ကြားမှုကြားခံပစ္စည်းများနှင့် လုပ်ငန်းများအား အသုံးပြုမည့်စိတ်ကူးအကြံဉာဏ်များကို သရုပ်ပြသင်ကြားတတ်မည်။
- သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်း (သို့မဟုတ်) သင်ယူမှုအတွက် စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ယူမှုအားစစ်ဆေးအကဲဖြတ်ခြင်းတို့ကို ရှင်းပြတတ်မည်။
Please login to take this course
Lectures
သင်ယူမှုမျှော်မှန်းချက်များ
မော်ဂျူး ၁။ သင်္ချာဘာသာရပ်ကို မိတ်ဆက်ခြင်း
၁.၁။ သင်္ချာဘာသာရပ်၏ သဘောသဘာဝလုပ်ငန်း - သိပ္ပံ၊ နည်းပညာနှင့် သင်္ချာ၏ဆက်စပ်မှုကို လေ့လာခြင်း
မော်ဂျူး (၁) ခေတ္တရပ်၍ စဉ်းစားပါ (၁)
မော်ဂျူး (၁) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၁) ခေတ္တရပ်၍ စဉ်းစားပါ (၂)
မော်ဂျူး (၁) အတွက် သင်ယူမှုလုပ်ငန်း (၁)
အဖြေမှန်ကို ရွေးချယ်ပါ။
၁.၂။ သင်္ချာပညာရပ်ဆိုင်ရာ ဘာသာစကား၊ ရည်ရွယ်ချက်နှင့် အလယ်တန်း ကျောင်းသားများအတွက် ပြဿနာဖြေရှင်းခြင်း
မော်ဂျူး (၁) ခေတ္တရပ်၍ စဉ်းစားပါ (၃)
မော်ဂျူး (၁) အတွက် သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)
မော်ဂျူး (၁) ခေတ္တရပ်၍ စဉ်းစားပါ (၄)
မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)
မော်ဂျူး (၁) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူး ၂။ ပြဿနာဖြေရှင်းခြင်းနှင့် အယူအဆလွဲမှားခြင်း
မော်ဂျူး (၂) ခေတ္တရပ်၍ စဉ်းစားပါ (၁)
၂.၁။ ပြဿနာအခြေပြု သင်ယူခြင်း
မှန် (True)၊ မှား (False) ရွေးချယ်ပါ။
မော်ဂျူး (၂) အတွက် သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၂) ခေတ္တရပ်၍ စဉ်းစားပါ (၂)
၂.၂။ သင်္ချာ သင်ကြားခြင်းတွင် လူတိုင်းအကျုံးဝင် ပါဝင်နိုင်သည့် ချည်းကပ်နည်း
အဖြေမှန်များကို ယှဉ်တွဲပါ။
မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)
မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
မော်ဂျူး (၂) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၂) အနှစ်ချုပ်
မော်ဂျူး ၃။ ကိန်းများ
၃.၁။ ကိန်းစုများ
မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)
မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
၃.၂။ ဆခွဲကိန်းများ၊ ဆတိုးကိန်းများ
အဖြေမှန်(များ) ကို ယှဉ်တွဲပါ။
မော်ဂျူး (၃.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
၃.၃။ ထပ်ညွှန်းကိန်းများ နှင့် ရာဒီကယ် (ထပ်ရင်းကိန်းများ)
မော်ဂျူး (၃) ခေတ္တရပ်၍ စဉ်းစားပါ (၁)
မော်ဂျူး (၃.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁) နှင့် (၂)
မော်ဂျူး (၃.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)
မော်ဂျူး (၃) ခေတ္တရပ်၍ စဉ်းစားပါ (၂)
၃.၄။ အစုများ
မော်ဂျူး (၃) ခေတ္တရပ်၍ စဉ်းစားပါ (၃)
မော်ဂျူး (၃.၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မှန် (True)၊ မှား (False) ရွေးချယ်ပါ။
၃.၅။ ပုံစံများနှင့် ကိန်းစဉ်များ
မော်ဂျူး (၃) ခေတ္တရပ်၍ စဉ်းစားပါ (၄)
မော်ဂျူး (၃) ခေတ္တရပ်၍ စဉ်းစားပါ (၅)
မော်ဂျူး (၃) အတွက် သင်ယူမှုလုပ်ငန်း (၁) နှင့် (၂)
မော်ဂျူး (၃) ခေတ္တရပ်၍ စဉ်းစားပါ (၆)
၃.၆။ အမှားများခန့်မှန်းခြင်း
မော်ဂျူး (၃) ခေတ္တရပ်၍ စဉ်းစားပါ (၇)
မော်ဂျူး (၃) အတွက် သင်ယူမှုလုပ်ငန်း (၃)
မော်ဂျူး (၃) အတွက် သင်ယူမှုလုပ်ငန်း (၄)
၃.၇။ ရေတွက်ခြင်းစနစ်
အဖြေမှန်(များ)ရွေးပါ။
မော်ဂျူး (၃) အတွက် သင်ယူမှုလုပ်ငန်း (၅)
မော်ဂျူး (၃) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၃) အနှစ်ချုပ်
မော်ဂျူး ၄။ အတိုင်းအတာ
မော်ဂျူး (၄) ခေတ္တရပ်၍ စဉ်းစားပါ (၁)
၄.၁။ အခြေခံဆောက်လုပ်ချက်များ
မော်ဂျူး (၄) ခေတ္တရပ်၍ စဉ်းစားပါ (၂)
မော်ဂျူး (၄) အတွက် သင်ယူမှုလုပ်ငန်း (၁) နှင့် (၂)
မော်ဂျူး (၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
၄.၂။ ညွှန်ထောင့်များနှင့် မြေအတိုင်းအတာ
မြေတိုင်းတာခြင်းနှင့်ပတ်သက်သည့် အခြေခံအသိသညာများ
မော်ဂျူး (၄) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၄) အနှစ်ချုပ်
မော်ဂျူး ၅။ နေ့စဉ်ဘဝ၌ အရေးပါသော သင်္ချာ
မော်ဂျူး (၅) ခေတ္တရပ်၍ စဉ်းစားပါ (၁)
မော်ဂျူး (၅) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၅) ခေတ္တရပ်၍ စဉ်းစားပါ (၂)
မော်ဂျူး (၅) အတွက် သင်ယူမှုလုပ်ငန်း (၁) နှင့် (၂)
အဖြေမှန်(များ)ရွေးပါ။
မော်ဂျူး (၅) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)
မော်ဂျူး (၅) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
မော်ဂျူး (၅) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၅) အနှစ်ချုပ်
မော်ဂျူး ၆။ အက္ခရာသင်္ချာ
မော်ဂျူး (၆) ခေတ္တရပ်၍ စဉ်းစားပါ (၁)
၆.၁။ အက္ခရာကိန်းတန်း၊ ပုံသေနည်းများ၊ ဆခွဲကိန်းခွဲခြင်းနှင့် ထပ်တူညီခြင်း
မော်ဂျူး (၆) ခေတ္တရပ်၍ စဉ်းစားပါ (၂)
မှန် (True)၊ မှား (False) ရွေးချယ်ပါ။
မော်ဂျူး (၆) အတွက် သင်ယူမှုလုပ်ငန်း (၁)
၆.၂။ အမှတ်များ နေရာချခြင်း
၆.၃။ ညီမျှခြင်းနှင့် မညီမျှခြင်းများ
မော်ဂျူး (၆) အတွက် သင်ယူမှုလုပ်ငန်း (၃)
မော်ဂျူး (၆) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၆) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၆) အနှစ်ချုပ်
မော်ဂျူး ၇။ ဂျီဩမေတြီ
မော်ဂျူး (၇) ခေတ္တရပ်၍ စဉ်းစားပါ (၁)
၇.၁။ ပြင်ညီဂျီဩမေတြီ
မော်ဂျူး (၇) ခေတ္တရပ်၍ စဉ်းစားပါ (၂)
မော်ဂျူး (၇) အတွက် သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၇) အတွက် သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၇) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)
မော်ဂျူး (၇) အတွက် သင်ယူမှုလုပ်ငန်း (၃)
၇.၂။ သုံးဖက်မြင် ဂျီဩမေတြီ
၇.၃။ ဂျီဩမေတြီပညာရပ်ရှိ သက်သေပြနည်းများ
မော်ဂျူး (၇) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၇) အနှစ်ချုပ်
မော်ဂျူး ၈။ အလယ်တန်း သင်္ချာသင်ရိုးညွှန်းတမ်း
မော်ဂျူး (၈) ခေတ္တရပ်၍ စဉ်းစားပါ (၁)
မော်ဂျူး (၈) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၈) ခေတ္တရပ်၍ စဉ်းစားပါ (၂)
မော်ဂျူး (၈) အတွက် သင်ယူမှုလုပ်ငန်း (၁)
အဖြေမှန်(များ)ရွေးပါ။
မော်ဂျူး (၈) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၈) ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၈) အနှစ်ချုပ်
Summary
သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်
ဆက်လက်ဖတ်မှတ်စရာများနှင့် ရင်းမြစ်များ
Related Courses
