Apple App Store Google Play Store Google Play Store YouTube

သင်ယူသူများကို သိရှိနားလည်ခြင်း

  သင်ယူပြီးမြောက်ကြောင်းလက်မှတ်ပေးမည့် သင်တန်း      5  hour(s)      58 စာရင်းသွင်းထားသူ      18 ပို့ချချက်/ပို့ချချက်များ      6 မေးခွန်းများ      895 ကြည့်ရှုသူစုစုပေါင်း   
 (4)
သင်ယူသူများကို သိရှိနားလည်ခြင်း
သင်တန်းအကြောင်းအရာ ဖော်ပြချက်

ဆရာများအနေဖြင့် ဘေးကင်းပြီး လူတိုင်းအကျုံးဝင်သော သင်ယူမှုဝန်းကျင်များကို ဖန်တီးပေးရာတွင် ၎င်းတို့၏ ရရှိပြီးသား တတ်ကျွမ်းမှုများနှင့် သင်ကြားရေး အသိပညာများကို အသုံးပြုနိုင်ရန်၊ သင်ယူသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော စိတ်ဝင်စားဖွယ် သင်ခန်းစာများကို သင်ကြားပို့ချပေးနိုင်ရန်နှင့် သင်ယူမှုဦးတည်ချက်များ ပြည့်မီရေးအတွက် ကူညီပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ သင်ယူသူများကို သိရှိနားလည်ခြင်းသင်တန်းကို ပြုစုရေးဆွဲထားပါသည်။ ဤသင်ခန်းစာ၌ အောက်ပါ မော်ဂျူးများ ပါဝင်ပါသည်။

မော်ဂျူး (၁) သင်ယူသူများကို သိရှိနားလည်ပါ။ 

၁.၁။ သင်ယူမှု သဘောတရားများ 

၁.၂။ ကိုယ်တိုင်ဦးဆောင်သင်ယူမှုနှင့် ဆရာဦးဆောင်သင်ယူမှု 

၁.၃။ သင်ယူမှုလိုအပ်ချက်များနှင့် အားသာချက်များ 

မော်ဂျူး (၂) စိန်ခေါ်မှုများသည့်ကာလများ၌ သင်ယူသူများ၏ အဆင်သင့်ဖြစ်မှု

၂.၁။ စိတ်ဖိစီးမှုအမျိုးအစားများနှင့် အခက်အခဲကို ရင်ဆိုင်ဖြေရှင်းခြင်း

၂.၂။ မားစ်လိုး၏ လိုအင်အဆင့်ဆင့် သီအိုရီ

၂.၃။ သင်ယူမှုဆိုင်ရာ အတားအဆီးများကို ဖြေရှင်းခြင်း 

အဓိက အသုံးအနှုန်းများ

ကိုယ်တိုင်ဦးဆောင်သင်ယူမှု၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ သင်ယူမှုအတားအဆီးများ၊ ပူးပေါင်းပါဝင်မှုရှိသည့်သင်ယူမှု၊ လိုအပ်သလိုပြောင်းလဲလွယ်ခြင်း၊ ထိရောက်သောသင်ယူမှု၊ ခံစားမှုဆိုင်ရာ ချမ်းသာသုခ၊ လေးစားခံလိုမှုလိုအင်၊ ဖယ်ကြဉ်ခြင်း၊  တုံ့ပြန်ချက်ပေးခြင်း၊ အကျုံးဝင်မှု၊  အသိဉာဏ်ဆိုင်ရာ ချမ်းသာသုခ၊ သင်ယူမှုသဘောတရားများ၊ သင်ယူသူဗဟိုပြုချဉ်းကပ်နည်း၊ ချစ်ခင်ယုယခံလိုမှုနှင့် ပိုင်ဆိုင်လိုမှုလိုအင်၊ ဆရာဦးဆောင်သင်ယူမှု၊ ဇီဝကမ္မဗေဒလိုအင်များ၊ အပြုသဘောဆောင်သည့် အပြန်အလှန်မှီခိုမှု၊ ပြန်လည်သုံးသပ်တတ်မှု၊ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိမှု၊ သင်ယူမှုရင်းမြစ်များကြွယ်ဝမှု၊ လုံခြုံဘေးကင်းလိုမှုလိုအင်၊ မိမိအစွမ်းအစတို့ကို အမြင့်ဆုံးသို့ ရောက်လိုမှုလိုအင်၊ လှုံ့ဆော်မှုအားကောင်းပြီး အားပေးထောက်ပံ့သော သင်ယူမှုဝန်းကျင်၊ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသောအရာများ၊ အဆိပ်အတောက် သို့မဟုတ် အပျက်သဘောဆောင်သည့် စိတ်ဖိစီးမှု၊ ချမ်းသာသုခ

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်းသည် ဆရာများအား မိမိတို့၏ကျောင်းသားများကို သိရှိနားလည်ရန်ကူညီပေးမည့် သဘောတရားများ၊ ချဉ်းကပ်မှုများနှင့် နည်းဗျူဟာများကို နားလည်ရန်နှင့် ကျင့်သုံးနိုင်ရန် ကူညီပေးပါလိမ့်မည်။

သင်ယူမှုရလဒ်များ

ဤသင်ခန်းစာကို သင်ယူပြီးချိန်တွင် -

  • သင်ယူမှုသဘောတရားများနှင့် ထိရောက်သောသင်ယူမှုကို ဆက်စပ်တတ်မည်။
  • ထိရောက်သော သင်ယူမှုသဘောတရားများကို စာသင်ခန်းတွင်းမှ ဥပမာများဖြင့် ဖော်ထုတ်တတ်မည်။
  • ကိုယ်တိုင်ဦးဆောင်သင်ယူမှုနှင့် ဆရာဦးဆောင်သင်ယူမှုအကြား ခွဲခြားတတ်ပြီး သင်ယူမှုအမျိုးအစားတစ်ခုစီကို ပြန်လည်သုံးသပ်နိုင်သော လုပ်ငန်းများကို ဖော်ထုတ်တတ်မည်။
  • ထိရောက်သော သင်ယူမှုဖြစ်စဉ်၊ စာသင်ခန်းတွင်း၌ ကျောင်းသားတစ်ဦးစီက မည်သို့ သင်ယူမှုပြုသည်ကို သိရှိနားလည်ခြင်းနှင့် ၎င်းတို့၏သင်ယူမှုတွင် အောင်မြင်ရန် လိုအပ်ချက်များအကြား ချိတ်ဆက်တတ်မည်။
  • သင်ယူမှုအားသာချက်များနှင့် သင်ယူမှုအဆင်သင့်ဖြစ်မှုကို ဥပမာပေးထားသော ဖြစ်ရပ်တစ်ခုတွင် ဖော်ထုတ်တတ်မည်။
  • စာသင်ခန်းအတွင်း ကျောင်းသားများအပေါ်သက်ရောက်နိုင်သော မကောင်းသော စိတ်ဖိစီးမှုဒဏ်ကို ဖြစ်စေသော အကြောင်းရင်းများကို ဖော်ထုတ်တတ်မည်။ 
  • ဆရာ၏ ကျောင်းသားများအပေါ် စောင့်ကြည့်လေ့လာမှုနှင့် အာရုံစိုက်၍ နားထောင်မှုတို့၏ အရေးပါပုံကို ဆန်းစစ်တတ်မည်။  
  • သင်ယူမှုဆိုင်ရာ အတားအဆီးများနှင့် ကျောင်းသားစိတ်ဖိစီးမှုတို့ကို စီမံဖြေရှင်းပေးနိုင်ရန်အတွက် မားစ်လိုး၏ လိုအင်အဆင့်ဆင့် (Maslow’s Hieracy of Needs) သီအိုရီ၏ အကျိုးသက်ရောက်မှုကို ဆန်းစစ်တတ်မည်။  
  • အရေးပေါ် သို့မဟုတ် ကျရောက်နေသော အကျပ်အတည်း အခြေအနေထက်ပို၍ ထပ်ဆောင်းလိုအပ်သော သင်ယူမှုဆိုင်ရာ အတားအဆီးများကို ဖော်ထုတ်တတ်မည်။  
  • လှုံ့ဆော်မှုအားကောင်းပြီး ထောက်ပံ့ကူညီပေးသော သင်ယူမှုဝန်းကျင်များ၏ အင်္ဂါရပ်များကို ဖော်ပြတတ်မည်။  
  • လူမှုစိတ်ခံစားမှုဆိုင်ရာ သင်ယူမှုလုပ်ငန်းများ၏ အဓိက အစိတ်အပိုင်းများနှင့် အဆိုပါလုပ်ငန်းများက အခက်အခဲအကျပ်အတည်းများကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းနိုင်သည့် စွမ်းရည်များဖွံ့ဖြိုးလာခြင်းအပေါ် မည်သို့ ထောက်ပံ့ပေးနိုင်ကြောင်း ဖော်ထုတ်တတ်မည်။

အကဲဖြတ်ခြင်းနှင့် သင်ယူပြီးမြောက်ကြောင်းလက်မှတ်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန်၊ သင်ခန်းစာများ၊ ပဟေဋ္ဌိများနှင့် အကဲဖြတ်မှုအားလုံးကို ပြီးဆုံးအောင်လုပ်ဆောင်ရန် လိုအပ်သည်။

အဆင့်သတ်မှတ်ခြင်းနှင့် သုံးသပ်ချက်များ (5 - Best, 1 - Worst)

Very Good

By NiL*****  at 2024-07-30 19:02:44

good

By NiL*****  at 2024-07-30 19:03:02

very good

By NiL*****  at 2024-07-30 19:15:34

good course

By lin********  at 2024-08-03 21:56:27

အဆင့်သတ်မှတ်ရန်နှင့် ပြန်လည်သုံးသပ်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဆွေးနွေးမှုများကို ကြည့်ရှုရန်နှင့် ဆွေးနွေးမှုတွင် ပါဝင်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဤသင်တန်းကိုတက်ရောက်မည်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်မပေးမီ သင်တန်းအားအကဲဖြတ်ပေးရန် လိုအပ်ပါသည်။

There is no live session planned yet!
Please login to take the course and join the live sessions!
စနစ်သို့ ဝင်ရန်
သက်ဆိုင်သော အရင်းအမြစ်များ
EDC Year 2 Semester 1 Local Curriculum Teacher Educator Guide (Myanmar version)

EDC Year 2 Semester 1 Local...

ဤသင်ခန်းစာ၏ ရည်ရွယ်ချက်မှာ ကျောင်းသားများအတွက် အခြေခံပညာရေးသင်ရိုးညွှန်းတမ်းအသစ်ရှိ ဒေသ...

ပိုမိုလေ့လာမည်
EDC Year 1 Local Curriculum Syllabus (Myanmar version)

EDC Year 1 Local Curriculum...

ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းဘာသာရပ်သည် ပညာရေးဒီဂရီကောလိပ်  သင်ရိုးညွှန်းတမ်းတွင် ပါဝ...

ပိုမိုလေ့လာမည်
EDC Year 1 Semester 2 Local Curriculum Teacher Educator Guide (English version)

EDC Year 1 Semester 2 Local...

The purpose of this course is for student teachers to be familiar with the concept of L...

ပိုမိုလေ့လာမည်
<
Back To Top