Apple App Store Google Play Store Google Play Store YouTube

အရပ်ဘက်လှုမှု အဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြု အဖွဲ့အစည်းများအတွက် မီဒီယာဆက်ဆံရေး

  သင်ယူပြီးမြောက်ကြောင်းလက်မှတ်ပေးမည့် သင်တန်း      3  hour(s)      15 စာရင်းသွင်းထားသူ      6 ပို့ချချက်/ပို့ချချက်များ      6 မေးခွန်းများ      140 ကြည့်ရှုသူစုစုပေါင်း   
 (1)
အရပ်ဘက်လှုမှု အဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြု
အဖွဲ့အစည်းများအတွက် မီဒီယာဆက်ဆံရေး
သင်တန်းအကြောင်းအရာ ဖော်ပြချက်

ယခုသင်ခန်းစာတွင် မီဒီယာဆက်ဆံရေး၏ အခြေခံသဘောတရားတွေဖြစ်သည့် မီဒီယာများရဲ့ အလုပ်လုပ်ပုံ၊ မီဒီယာအမျိုးအစားများ၊ မိမိအဖွဲ့အစည်းက ပေးပို့သော သတင်းအချက်အလက်များ သတင်းစကားများအား မီဒီယာတွင် ဖော်ပြပေးရန် အတွက် မီဒီယာဆက်ဆံရေး အစီအစဥ် ရေးဆွဲသည့်အခါ သိထားရမည့် အချက် ၆ ချက် စသည်တို့ကို မိတ်ဆက်သင်ကြားပေးမှာ ဖြစ်ပါသည်။ 

မိမိအဖွဲ့အစည်းရဲ့  သတင်းထုတ်ပြန်ချက် (Press Release)များ ရေးသားတဲ့အခါ ပိုပြီးထိရောက်တဲ့ သတင်းထုတ်ပြန်ချက် ဖြစ်စေရန် ရေးသားရမည့် နည်းလမ်းများ၊ မီဒီယာများနှင့် အင်တာဗျူး ဆက်သွယ်ဖြေကြားပုံ နှင့် မီဒီယာတွင် မိမိအဖွဲ့အစည်းနှင့် ပတ်သက်သည့် သတင်းစကားများပါလာသည့်အခါ လုပ်ဆောင်ရမည့် Monitoring and Evaluation အကြောင်းအရာတွေကို နားလည်လာမည် ဖြစ်ပါသည်။ 

မီဒီယာ ဆက်ဆံရေး (Media Relations) ဆိုသည်မှာ မီဒီယာနှင့် ထိတွေ့ဆက်ဆံပြောဆိုရာမှာ ကောင်းမွန်စွာ ပြောဆိုဆက်သွယ်နိုင်ခြင်း၊ မိမိတို့ အသိပေးလိုသည့် အဖွဲ့အစည်း၏ ရည်ရွယ်ချက်၊ မူဝါဒ၊ လုပ်ဆောင်မှုတွေကို  ဦးတည် ပရိသတ်နှင့် အများပရိသတ်ထံ မီဒီယာမှ တဆင့်  ချောမွေ့စွာ ရောက်ရှိစေခြင်း၊ မိမိတို့အဖွဲ့အစည်း၏ ကောင်းမွန်သော ပုံရိပ်ကို မြှင့်တင်နိုင်ရန် ရည်ရွယ်လျှက် မိမိတို့ အဖွဲ့အစည်း နှင့် သတင်းမီဒီယာများအကြား အပြန်အလှန် ဆက်ဆံရေးနည်းလမ်း၊ ထိရောက်၍ အကျိုးရှိသည့် ပြောဆိုဆက်သွယ်မှုဆိုင်ရာ ရှောင်ရန်၊  ဆောင်ရန် လမ်းညွှန်မှုများ အစရှိသည့်  “မီဒီယာဆက်ဆံရေး” အကြောင်း ကို နားလည်လာမှာ ဖြစ်ပါသည်။ 

မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ လုပ်ငန်းကြီးများ၊  သံတမန် အဖွဲ့အစည်းများသည် မီဒီယာဆက်ဆံရေး နှင့် ပတ်သက်၍ ကျွမ်းကျင်နားလည်သူများ သို့မဟုတ် မီဒီယာ ဆက်ဆံရေးကုမ္ပဏီများကို တာဝန်ပေး ဆောင်ရွက်စေသည်ကို တွေ့ရပါမည်။ သို့သော် အရပ်ဖက် အဖွဲ့အစည်းများ၊ အကျိုးအမြတ်အတွက် ဦးတည်လုပ်ကိုင်ခြင်း မရှိသော အသင်းအဖွဲ့များ၌ ကျွမ်းကျင်သူများ၊ မီဒီယာဆက်ဆံရေး ကုမ္ပဏီများကို ခန့်အပ်ငှားရမ်းဖို့ရာ ကုန်ကျစရိတ်၊ အရင်းအမြစ်များ အကန့်အသတ် ရှိနိုင်ပါသည်။ အဆိုပါ အဖွဲ့အစည်းများသည် မီဒီယာဆက်ဆံရေး နှင့် ပတ်သက်သော တာဝန်ယူထားကြသူများ အနေနှင့် မီဒီယာဆက်ဆံရေးနှင့် ပတ်သက်သည့် သိသင့်သိထိုက်သော လမ်းညွှန်ချက်များ၊ ဆောင်ရန် ရှောင်ရန်များကို လေ့လာကာ မိမိတို့အဖွဲ့အတွက် အကျိုးရှိအောင် ကျင့်သုံး လုပ်ဆောင်ကြတာမျိုးလည်း တွေ့ရှိလာရပါသည်။ ယခု မီဒီယာဆက်ဆံရေး သင်ခန်းစာများသည် အထက်ဖော်ပြပါ အဖွဲ့အစည်းမျိုးအတွက် လေ့လာသင်ယူ၍ လက်တွေ့ မီဒီယာ ဆက်ဆံရေး ဆိုင်ရာ လုပ်ဆောင်မှုများ၌ အထောက်အကူရစေရန် ရည်ရွယ်ပြုစုထားခြင်း ဖြစ်ပါသည်။

သင်တန်းရည်ရွယ်ချက်များ

၁။ သင်ယူလေ့လာသူများသည် မီဒီယာတွင် သတင်းတစ်ပုဒ် (သို့မဟုတ်) သတင်းစကားတစ်ခုပါလာရန်အတွက် မီဒီယာအဖွဲ့အစည်းများ၏ အဆင့်ဆင့် အလုပ်လုပ်ပုံ အကြောင်းကို သေချာနားလည်လာမှာ ဖြစ်ပါသည်။ ထို့ပြင် မီဒီယာများတွင် ဖော်ပြနေသော သတင်းများကို မည်သည့်စံနှုန်းနှင့် သတ်မှတ်ဖော်ပြကြသည်ကိုလည်း သိရှိနားလည်လာပါမည်။

၂။ ယနေ့ သတင်းမီဒီယာတွေရဲ့ အဓိကအမျိုးအစား ၄ မျိုးဖြစ်သည့် ပုံနှိပ်၊ ရုပ်သံ၊ ရေဒီယို၊ အွန်လိုင်းစသည့် မီဒီယာအမျိုးအစား အကြောင်းတွေကို နားလည်လာမှာဖြစ်ပြီး ဒေသတွင်းမီဒီယာ၊ တိုင်းရင်းသားမီဒီယာ၊ Mainstream မီဒီယာစသည့် မီဒီယာ အခေါ်အ၀ေါ်များကိုလည်း သိရှိလာမည်ဖြစ်သည်။

၃။ မိမိအဖွဲ့အစည်းက ပြည်သူလူထုဆီသို့ ပေးပို့ချင်သော သတင်းစကားများ၊ သတင်းအချက်အလက်များ မီဒီယာတွင်  ပါလာရန်အတွက် မီဒီယာဆက်ဆံရေး အစီအစဥ်အား စနစ်တကျရေးဆွဲနည်း ကိုလည်း နားလည်သဘောပေါက်လာမည်ဖြစ်သည်။

၄။ သတင်းထုတ်ပြန်ချက် (Press Release ) ရေးသားသည့်အခါ ခေါင်းစဥ်နှင့် အနှစ်ချုပ်စာပိုဒ် ရေးသားနည်းများ၊ ကိုးကားစကားထည့်ခြင်းက အရေးကြီးကြောင်း၊ မိမိအဖွဲ့အစည်းထံသို့ ဆက်သွယ်ရန်အတွက် မည်သည့်အချက်များအား မပါမဖြစ်ထည့်ရန် လိုအပ်သည်ကို သိလာပါမည်။  

၅။ မီဒီယာအင်တာဗျူးများအား ဖြေကြားသည့်အခါ အင်တာဗျူး မတိုင်ခင် မေးလာနိုင်မည့် မေးခွန်းများနှင့် အဖြေများအတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်ကြောင်း၊ အင်တာဗျူးအတွင်း မေးခွန်းများ မရှင်းလင်းသည့် အခါ ရှင်းလင်းအောင် ပြန်မေးရန် အရေးကြီးကြောင်းကိုလည်း နားလည်လာမည်ဖြစ်သည်။

၆။ မိမိအဖွဲ့အစည်း၏ သတင်းများ၊ သတင်းစကားများ မီဒီယာတွင် ပါလာသည့်အခါ ခြေရာခံ စုဆောင်းလို့ရသည့် Monitoring and Evaluation  လုပ်ဆောင်၍ရသော နည်းလမ်းများ ကိုလည်း သိရှိလာပါမည်။

သင်ယူမှုရလဒ်များ

မီဒီယာများ၏ သဘောသဘာ၀နှင့် အလုပ်လုပ်ပုံအကြောင်း၊ မိမိအဖွဲ့အစည်း၏ သတင်းစကားများအား မီဒီယာတွင် ဖော်ပြစေရန်အတွက် မီဒီယာများထံ ချဉ်းကပ်ဆောင်ရွက်လာနိုင်ပါမည်။ Press Releases (သတင်းထုတ်ပြန်ချက်) များကို ပိုပြီးထိရောက်စွာ ရေးသားလာနိုင်မည့်အပြင်  မီဒီယာအင်တာဗျူးများ ကိုလည်း  စနစ်တကျ ကိုင်တွယ်ဖြေကြားလာနိုင်ပါမည်။ မီဒီယာတွေက မိမိအဖွဲ့အစည်းအကြောင်း ပရိသတ်ထံ ပေးပို့တင်ဆက်ထားသော သတင်းစကားများကိုလည်း ခြေရာခံစုဆောင်းလို့ရသည့် Monitoring and Evaluation လုပ်ဆောင်နိုင်သော စွမ်းရည်လည်းရရှိလာပါမည်။

အကဲဖြတ်ခြင်းနှင့် သင်ယူပြီးမြောက်ကြောင်းလက်မှတ်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန်၊ သင်ခန်းစာများ၊ ပဟေဋ္ဌိများနှင့် အကဲဖြတ်မှုအားလုံးကို ပြီးဆုံးအောင်လုပ်ဆောင်ရန် လိုအပ်သည်။

အဆင့်သတ်မှတ်ခြင်းနှင့် သုံးသပ်ချက်များ (5 - Best, 1 - Worst)

ကောင်းတယ်

By San*********  at 2024-04-04 22:26:04

အဆင့်သတ်မှတ်ရန်နှင့် ပြန်လည်သုံးသပ်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဆွေးနွေးမှုများကို ကြည့်ရှုရန်နှင့် ဆွေးနွေးမှုတွင် ပါဝင်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဤသင်တန်းကိုတက်ရောက်မည်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်မပေးမီ သင်တန်းအားအကဲဖြတ်ပေးရန် လိုအပ်ပါသည်။

There is no live session planned yet!
Please login to take the course and join the live sessions!
စနစ်သို့ ဝင်ရန်
Back To Top