Apple App Store Google Play Store Google Play Store YouTube

အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအား သတင်းရေးသားခြင်း

  Certified      3  hour(s)      73 enrollment(s)      7 lecture(s)      5 quizz(es)      325 view(s)   
 (7)
အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအား သတင်းရေးသားခြင်း
Course Description

သင်တန်းအကြောင်းအရာသည် ကျား၊ မရေးရာအခြေပြုအကြမ်းဖက်မှုအား ထိထိရောက်ရောက်နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ  ရေးသားတင်ဆက်ခြင်းကို အလေးပေးထားပြီး သတင်းသမားများနှင့် မီဒီယာပညာရှင်များအတွက် အသေးစိတ်ကျသော သင်တန်းတစ်ခုဖြစ်ပါသည်။ သင်တန်း တက်ရောက်သူများသည် အသိပညာ မျှဝေမှုနှင့် အပြုသဘောဆောင်သော ပြောင်းလဲမှုများကို တက်ကြွစွာ လုပ်‌ဆောင်ရင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပေါ် အကြမ်းဖက်မှု ပြဿနာများကို တာဝန်သိစွာ၊ တိကျစွာနှင့် သတိရှိရှိဖြင့် ရေးသားတင်ဆက်နိုင်မည့် အသိပညာနှင့် ကျွမ်းကျင်မှုများကို လေ့လာရရှိမည်ဖြစ်ပါသည်။

Course Objectives

သင်တန်းပြီးဆုံးပါက သင်တန်းတက်‌ရောက်သူများသည် အောက်ပါတို့ကို နားလည်လာနိုင်မည်။

  • ရပ်ရွာအဖွဲ့အစည်းအတွင်း ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု၏ နောက်ခံအကြောင်းတရားများကို ဆန်းစစ်နိုင်ရန်။
  • အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်ခြင်းနှင့် ပတ်သက်ပြီး လူမှုအသိုင်းအဝိုင်းအတွင်း တည်ရှိနေသည့် သို့မဟုတ် ပြောင်းလဲလာသည့် သဘောထားအပြုအမူများကို လေ့လာစူးစမ်းနိုင်စေရန်။ 
  • ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှုအကြောင်း ဇာတ်လမ်းများ ရေးသားခြင်းသို့မဟုတ် ထုတ်လုပ်ရာတွင် ပရော်ဖက်ရှင်နယ် အလေ့အကျင့်များကို ကျင့်သုံးနိုင်ရန်။ 
  • ကျား၊ မရေးရာ အခြေပြုအကြမ်းဖက်မှုအကြောင်း မီဒီယာတင်ဆက်ချက်သည် ကျား၊ မရေးရာ တန်းတူညီမျှမှု၊ တရားမျှတမှု နှင့် ဘက်လိုက်မှုကင်းစင်ရေး တို့ကို မည်သို့မြှင့်တင်နိုင်ပုံကို ပြသပေးနိုင်ရန်။ 
  • သင်တန်းတက်ရောက်သူများသည် ၎င်းတို့၏ သတင်းရေးသားအစီရင်ခံတင်ပြမှုကို ဂရုဏာ နှင့် လေးစားမှုဖြင့် ချဉ်းကပ်ကာ ကျား၊ မရေးရာ အခြေပြုအကြမ်းဖက်မှုမှ ရှင်သန်လွတ်မြောက်လာသူများအပေါ် နားလည်စာနာမှုတို့ကို  ပြုစုပျိုးထောင်စေနိုင်ရန်။
  • လှုမှုပတ်ဝန်းကျင်အပြောင်းအလဲအတွက် အထောက်အကူတစ်ခုအနေဖြင့် ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှုအကြောင်း သတင်းတင်ဆက်ခြင်း၏ အရေးပါမှုကို အသိအမှတ်ပြုရန်။ 
  • ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှုနှင့် ပတ်သက်၍ တင်ဆက်ရေးသားသည့်အခါ ၎င်းတို့ကိုယ်တိုင်နှင့် ရှင်သန်လွတ်မြောက်သူများ၏ ဘေးကင်းလုံခြုံရေးကို အလေးထားနိုင်စေရန် ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများနှင့် ကြိုတင်သတိထားချက်များဖြင့် ရင်းနှီးကျွမ်းဝင်ရှိရန်။

Learning Outcomes

  • ကျားမရေးရာအခြေပြုအကြမ်းဖက်မှုသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် လှုမှုရေးစသည်ဖြင့် ပုံစံအမျိုးမျိုးပါဝင်ပြီး လူ့အခွင့်အ‌ရေးကို ဆိုးရွားစွာ ချိုးဖောက်မှုကို ကိုယ်စားပြုသည်။ ၎င်း၏သက်ရောက်မှုသည် လူတစ်ဦးချင်းစီထက်ကျော်လွန်၍ မိသားစုများနှင့် လှုမှုအသိုင်းအဝိုင်း များကိုပါ သိသိသာသာ အကျိုးသက်ရောက်စေပါသည်။ 
  • အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ကျားမရေးရာအခြေပြုအကြမ်းဖက်မှုဆိုင်ရာ မီဒီယာ ဖော်ပြမှုတွင် လူ့အခွင့်အရေး၊ ကျား၊ မ ရေးရာတန်းတူညီမျှမှုနှင့် လှုမှုတရားမျှတမှုဆိုင်ရာ ရှုထောင့်မှတဆင့် ပြဿနာ၏ စနစ်ကျသော သဘောသဘာဝကို မီးမောင်းထိုးပြသင့်ပါသည်။ 
  • ၎င်းတို့၏ ဇာတ်လမ်းများကို မျှဝေခြင်းနှင့် ၎င်းတို့၏အသံများကို ထုတ်ဖော်ခြင်းတွင် မိန်းကလေးငယ် များနှင့် အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုနှင့် ၎င်းတို့ကို အားပေးခြင်းသည် အထူးသဖြင့် ကျား၊ မရေးရာ အခွင့်အရေးနှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရာတွင် အလွန်အရေးကြီးပါသည်။
  • သင်တန်းတက်ရောက်သူများသည် ကျား၊ မရေးရာအခြေပြုအကြမ်းဖက်မှု၏ ပုံစံအမျိုးမျိုး၏ အရင်းခံအကြောင်းတရားများ၊ လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့ အစည်းအတွက် ၎င်း၏အကျိုးဆက်များ အပါအဝင် ၎င်း၏ ရှုပ်ထွေးမှုများ နှင့် အကျိုးသက်ရောက်မှုများကို ပိုမိုနားလည် သဘောပေါက်လာမည်ဖြစ်ပါသည်။ 
  • သင်တန်းသားများသည် ကျား၊ မရေးရာအခြေပြုအကြမ်းဖက်မှုကိစ္စများနှင့် ပတ်သက်သည့် အချက်အလက် များကို စုဆောင်းခြင်းနှင့် စိစစ်ခြင်းအတွက် ထိရောက်သော နည်းနာများကို လေ့လာနိုင်ပြီး ရှင်သန်ကျန်ရစ်သူများ၏ ကိုယ်ရေးကိုယ်တာနှင့် ဂုဏ်သိက္ခာကို လေးစားကာ တိကျမှုရှိမှုကို သေချာစေနိုင်မည် ဖြစ်သည်။ 

Resource Link

https://unesdoc.unesco.org/ark:/48223/pf0000385460

Assessment and Certification

In order to get the certification, you need to finish all the course work, quizzes and final assessment.

Rating & Reviews (5 - Best, 1 - Worst)

.

By kha************  at 2024-07-22 21:58:37

ဤသင်ခန်းစာကြောင့်အတွေ့အကြုံကောင်းများရပါသည်။

By khi*********  at 2024-07-26 14:33:07

အတွေ့ကြုခသဒ်များရရှိပါတယ်

By NiL*****  at 2024-07-31 04:15:54

ဘာသာစကား အခက်အခဲရှိသူတွေ စာတတ်မြောက်မူမရှိသူတွေ ပါနားလည်သိရှိနိုင်ရန် နှင့်ငယ်ရွယ်သောမိန်းကလေးငယ်များနားလည်နိုင်ရန်ပိုမိုကောင်းမွန်သော နည်းလမ်းတွေနဲ့အသိပေးစေလိုပါသည်

By lin********  at 2024-08-02 04:13:56

ဗဟုသုတ များရရှိပါသည်

By kha**************  at 2024-08-03 21:16:41

အလွန်ကောင်းမွန်ပါသည်

By Yar********  at 2024-08-13 15:25:59

အလွန်ကောင်းပါသည်

By Yar********  at 2024-08-13 15:27:37

Please login and take the course to rate and review.
Login
Please login to view the discussion and chat with the course takers.
Login
Take This Course
Related Resources
Adrian Underhill on Successful Pronunciation 1 (Macmillan)

Adrian Underhill on Successf...

Adrian Underhill takes a practical approach to teaching pronunciation in this vid...

Learn More
<
Back To Top