Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် e-portfolio အသုံးပြုခြင်းအကြောင်း မိတ်ဆက်

4

(2 Reviews)

Certified

7 hour(s)

162 Enrollment(s)

1781 View(s)

Share On :

Course Description

'ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အွန်လိုင်း သင်ယူမှုအထောက်အထားမှတ်တမ်းကို မိတ်ဆက်ခြင်း' သင်တန်းသည် e-portfolio ပြုစုရေးသားခြင်း၏ အရေးပါပုံကို အလေးပေး ဖော်ပြထားပါသည်။ အထူးသဖြင့် e-portfolio သည် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရန် နည်းလမ်းတစ်ခုဖြစ်ကြောင်းကို ဖော်ပြထားပါသည်။ 'သင်ယူမှုအထောက်အထား မှတ်တမ်းဖြင့် စစ်ဆေးအကဲဖြတ်ခြင်း' သင်တန်းတွင် သင်ယူခဲ့ရသည့် သင်ယူမှုအထောက်အထားမှတ်တမ်းကဲ့သို့ပင် ဆရာအတတ်ပညာဆိုင်ရာ အထောက်အထားမှတ်တမ်းသည် ဆရာတစ်ဦး၏ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုကို ပြသနိုင်သည့် မှတ်တမ်းတစ်ခုပင် ဖြစ်သည်။ သင်ယူမှု အထောက်အထား မှတ်တမ်းများကို ရေးသားပြုစုရာတွင် များသောအားဖြင့် စာရွက်ကိုသာ အသုံးပြုကြသည်။ သို့သော်လည်း ဒစ်ဂျစ်တယ် သို့မဟုတ် အွန်လိုင်းမှတ်တမ်းများသည် မကြာမီကာလကပင် ပို၍ ရေပန်းစားလာခဲ့သည်။ ဤသင်တန်း၌ အွန်လိုင်းသင်ယူမှုအထောက်အထားမှတ်တမ်း (e-portfolio) တွင် တွေ့ရလေ့ရှိသော အစိတ်အပိုင်းအမျိုးမျိုးနှင့် ထိုအစိတ်အပိုင်းတစ်ခုစီအတွက် အထောက်အထား ရွေးချယ်နည်းတို့ကို အသေးစိတ်ရှင်းပြထားသည်။ ထိုသို့ရွေးချယ်ရာတွင် ဆရာများသည် TCSF စံသတ်မှတ်ချက်များအပေါ် ၎င်းတို့၏ နားလည်သဘောပေါက်မှုနှင့် ထိုစံသတ်မှတ်ချက်များကို အတန်းထဲတွင် မည်သို့အသုံးချမည်ကို အာရုံစိုက်သင့်သည်။ ထို့ပြင် ဤသင်တန်းတွင် ဆရာများအတွက် ၎င်းတို့၏ ကိုယ်ပိုင်ဒစ်ဂျစ်တယ် ဝက်ဘ်ဆိုဒ်ကို မည်သို့တည်ထောင်နိုင်ကြောင်း အထူးသဖြင့် ၎င်းအတွက် သင့်လျော်သော ပလက်ဖောင်း၊ အကြောင်းအရာနှင့် သင့်လျော်ရာရင်းမြစ်များ စသည်တို့ကို မည်သို့ ရွေးချယ်ရမည်ကိုလည်း အသိပေး ဖော်ပြထားပါသည်။ အချုပ်အားဖြင့် ဆိုရသော် အခြားဆရာများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ဆရာများသည် ၎င်းတို့၏ ဆရာအတတ်ပညာမှတ်တမ်းကို နည်းလမ်းတစ်ခု အဖြစ် အသုံးပြုနိုင်သည်။ သင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်သည် -

မော်ဂျုး (၁) အွန်လိုင်း သင်ယူမှုအထောက်အထားမှတ်တမ်း (e-portfolio) ကို မိတ်ဆက်ခြင်း

(၁.၁) e-portfolio ရေးသားပြုစုခြင်း၏ အကျိုးကျေးဇူးများ

(၁.၂) e-portfolio တွင် ပါဝင်သော အကြောင်းအရာများ

မော်ဂျူး (၂) ဒစ်ဂျစ်တယ် ဝက်ဘ်ဆိုက်ဒ်တစ်ခု တည်ထောင်ခြင်း

(၂.၁) သင့်လျော်သော ပလက်ဖောင်း ရွေးချယ်ခြင်း

(၂.၂) အကြောင်းအရာ ရွေးချယ်ခြင်းနှင့် ဝက်ဘ်ဆိုက်ဒ်ဒီဇိုင်း

(၂.၃) မျှဝေခြင်းနှင့် ကွန်ရက်ချိတ်ဆက်ခြင်း

အဓိက အသုံးအနှုန်းများ

သင်ယူမှုအထောက်အထားမှတ်တမ်း အကြောင်းအရာ၊ မြန်မာနိုင်ငံ TCSF စံသတ်မှတ်ချက်များ၊ သင်ကြားရေးအတွေးအခေါ်များ၊ ဆရာအတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည်သုံးသပ်ခြင်း ဂျာနယ်၊ ဝက်ဘ်ဆိုက်ဒ် တည်ဆောက်သည့် ပလက်ဖောင်း၊ အချက်အလက်ရှာဖွေရေး လမ်းညွှန်၊ အကြောင်းအရာ၊ ဒီဇိုင်း၊ ကွန်ရက်ချိတ်ဆက်မှု၊ လုပ်ငန်းအလေ့အထတူ အသိုက်အဝန်း (community of practice)။

Course Objectives

ဤသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ ဆရာများအား ၎င်းတို့၏ ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် အတတ်ပညာဆိုင်ရာ အွန်လိုင်းသင်ယူမှုအထောက်အထား မှတ်တမ်း (e-portfolio) တစ်ခုတည်ဆောက်ရာတွင် လိုအပ်မည့် ကိရိယာများ ကူညီထောက်ပံ့ပေးရန် ဖြစ်သည်။

Learning Outcomes

ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -

  • အွန်လိုင်း သင်ယူမှုအထောက်အထားမှတ်တမ်း (e-portfolio) ဖန်တီးခြင်း၏ အကျိုးကျေးဇူးများကို စာရင်းပြုစုတတ်မည်။
  • အွန်လိုင်း သင်ယူမှုအထောက်အထားမှတ်တမ်း (e-portfolio) တွင် ထည့်သွင်းနိုင်သည့် အစိတ်အပိုင်းအမျိုးမျိုးကို ရှင်းပြတတ်မည်။
  • 'သင်ယူ - အသုံးချ - ပြန်လည်သုံးသပ်' လုပ်ငန်းစဉ်ကို အသုံးချတတ်မည်။
  • ဂစ်ဘ် ၏ ပြန်လည်သုံးသပ်မှု လုပ်ငန်းစဉ် အဆင့်များကို ခွဲခြားသတ်မှတ်တတ်မည်။
  • ဆရာများနှင့် ကျောင်းသားများအတွက် ပြန်လည်သုံးသပ်ခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးတတ်မည်။
  • အွန်လိုင်းသင်ယူမှု အထောက်အထားမှတ်တမ်းတစ်ခုဖန်တီးရန်အတွက် အသုံးပြုနိုင်သည့် ပလက်ဖောင်းအမျိုးမျိုးကို ခွဲခြားသတ်မှတ်တတ်မည်။
  • အွန်လိုင်းသင်ယူမှု အထောက်အထားမှတ်တမ်းတစ်ခုတွင် ထည့်သွင်းနိုင်သည့် အကြောင်းအရာကို အကဲဖြတ်သုံးသပ်တတ်မည်။
  • ကောင်းမွန်သော ဝက်ဘ်ဆိုဒ်ဒီဇိုင်း ပုံစံကို အကဲဖြတ်တတ်မည်။
  • အွန်လိုင်းသင်ယူမှု အထောက်အထားမှတ်တမ်းတစ်ခုတွင် ထည့်သွင်းနိုင်သော မာလ်တီမီဒီယာ ပစ္စည်းများကို စာရင်းပြုစုတတ်မည်။
  • လုပ်ဖော်ကိုင်ဖက်များ/အခြားဆရာများနှင့် ပူးပေါင်းလုပ်ဆောင်ရန် e-portfolio ကို မည်သို့အသုံးပြုနိုင်ကြောင်း ဖော်ပြတတ်မည်။

Please login to take this course

သင်တန်းမိတ်ဆက်

မော်ဂျူး ၁။ အွန်လိုင်းသင်ယူမှုအထောက်အထားမှတ်တမ်း (e-portfolio) ကို မိတ်ဆက်ခြင်း

မော်ဂျူး (၁) မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ

မော်ဂျူး (၁) ၏ အဆက်

၁.၁။ e-portfolio ရေးသားပြုစုခြင်း၏ အကျိုးကျေးဇူးများ

မော်ဂျူး (၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၁.၂။ e-portfolio တွင်ပါဝင်သော အကြောင်းအရာများ

မော်ဂျူး (၁.၂) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၁.၂) ၏ အဆက်

မြန်မာနိုင်ငံ၏ သင်ကြားရေး စံသတ်မှတ်ချက်များအပေါ် သင်၏နားလည်သဘောပေါက်မှု

မော်ဂျူး (၁.၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း (၁)

မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

ပြန်လည်သုံးသပ်မှု ဂျာနယ်

မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

ထိရောက်သော စီစဥ်မှု အထောက်အထား

ထိရောက်သော သင်ကြားမှု အထောက်အထား

မော်ဂျူး (၁.၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း (၂)

ထိရောက်သော အတန်းစီမံခန့်ခွဲမှုဆိုင်ရာ အထောက်အထား

သင်ယူမှုကို ထိရောက်စွာ စောင့်ကြည့်လေ့လာခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အထောက်အထား

မော်ဂျူး (၁.၂) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး ၂။ ဒစ်ဂျစ်တယ်ဝက်ဘ်ဆိုက်ဒ်တစ်ခု တည်ထောင်ခြင်း

မော်ဂျူး (၂) မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ

၂.၁။ သင့်လျော်သော ပလက်ဖောင်း ရွေးချယ်ခြင်း

မော်ဂျူး (၂.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း

၂.၂။ အကြောင်းအရာ ရွေးချယ်ခြင်းနှင့် ဝက်ဘ်ဆိုက်ဒ်ဒီဇိုင်း

မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မာလ်တီမီဒီယာ

ဝက်ဘ်ဆိုဒ် ဒီဇိုင်း

မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

အွန်လိုင်းသင်ယူမှု အထောက်အထားမှတ်တမ်းအတွက် အကဲဖြတ်ရန် သတ်မှတ်ချက်ဇယား

၂.၃။ မျှဝေခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း

ပူးပေါင်းဆောင်ရွက်ခြင်း

မော်ဂျူး (၂.၃) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၂) အနှစ်ချုပ်

သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများ/ထပ်ဆောင်းရင်းမြစ်များ

Related Courses

chatGPTicon
;