Apple App Store Google Play Store Google Play Store YouTube

မော်ဂျူး (၁) - ဆရာများအတွက် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ်

  Certified      5  hour(s)      120 enrollment(s)      4 lecture(s)      4 quizz(es)      3355 view(s)   
 (7)
မော်ဂျူး (၁) - ဆရာများအတွက် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ်
Course Description

ဤသင်တန်းသည် "လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း" ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ 

ဤ တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်းတွင်

  • မော်ဂျူး ၁။ ၂၁ ရာစု ပညာရေး
  • မော်ဂျူး ၂။ သင်နည်းဗေဒ သဘောတရားနှင့် လက်တွေ့ ကျင့်သုံးမှုကို ခိုင်မာစွာ နားလည်စေခြင်း
  • မော်ဂျူး ၃။ ပညာရေး စိတ်ပညာ 
  • မော်ဂျူး ၄။ ထိရောက်သော သင်ယူမှုအတွက် နည်းဗျူဟာများ
  • မော်ဂျူး ၅။ အဓိပ္ပာယ်ရှိသော သင်ယူမှု အတွေ့အကြုံများ ဖန်တီးခြင်း

ဟူ၍ မော်ဂျူး (၅) ခုပါဝင်ရာ ယခု သင်တန်းတွင် မော်ဂျူး (၁)  ကို အသေးစိတ် လေ့လာရမည်ဖြစ်ပါသည်။ မော်ဂျူး (၁) တွင် လေ့လာရမည့် အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

မော်ဂျူး (၁)

  • မော်ဂျူး (၁.၁) တတိယနှစ်အတွက် သင်ယူမှုပန်းတိုင်များ
    • လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အစီအစဉ်၏ ဖွဲ့စည်းမှု ပုံစံသစ်နှင့် ဘာသာရပ် အထူးပြု လမ်းကြောင်း နှစ်ရပ်
    • မူလတန်းနှင့် အလယ်တန်းပြဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF) ကို ပြန်လည်ဆန်းစစ်ခြင်း

    • မော်ဂျူး (၁.၂) ပညာရေးနှင့် လူ့အဖွဲ့အစည်း
      • ပညာရေးနှင့် လူ့အဖွဲ့အစည်းကြား ဆက်နွှယ်မှု
      • ပညာရေးကို လူသားအမြင်ဖြင့် ဘက်စုံလွှမ်းခြုံပါဝင်မှု ရှုထောင့်မှ ချဉ်းကပ်နည်း
      • ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုမှ ရရှိသည့် သင်ခန်းစာများ
      • ကျောင်းသားများ၏ ကျန်းမာသုခနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး လူတိုင်းအကျုံးဝင်သော ပညာရေးစနစ်များ

      • မော်ဂျူး (၁.၃) ဆရာများကို ခေါင်းဆောင်များအဖြစ် ရှုမြင်ခြင်း
        • သင်ကြားသင်ယူရေး ဆိုင်ရာ ခေါင်းဆောင်မှု
        • တာဝန်ခွဲဝေ ခေါင်းဆောင်မှု
        • ကျောင်းနှင့် ရပ်ရွာ လူမှုအသိုက်အဝန်းများအကြား ဆက်ဆံရေး

      Course Objectives

      ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမတို့အနေဖြင့် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာအစီအစဉ် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် သင်ရိုးညွှန်းတမ်းကို ထိရောက်စွာ သင်ကြားပေးနိုင်မည့် တတ်ကျွမ်းမှုများ ပိုမိုရရှိလာရန် ဖြစ်ပါသည်။

      Learning Outcomes

      ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမများသည်-

      • ပညာရေးနှင့် လူ့အဖွဲ့အစည်းအကြား အပြန်အလှန်ဆက်နွှယ်မှု၊ ပညာရေးကို အဓိက ပံ့ပိုးပေးသည့်အရာများနှင့် မတူကွဲပြားသော သင်ယူသူများနှင့် ရပ်ရွာအဖွဲ့အစည်းများ၏ မျှော်မှန်းချက်များနှင့် လိုအင်များကို ဖြည့်ဆည်းပေးနိုင်မည့် သင်ရိုးညွှန်းတမ်းတစ်ခု ပြုစုရေးဆွဲရာတွင် အဓိကကျသည့် ဘက်စုံကိုက်ညီမှုရှိခြင်းတို့အကြောင်း သိရှိနားလည်လာမည်။
      • ဆရာအတတ်ပညာအစီအစဉ်၊ တတိယနှစ်၊ ဘာသာရပ်အထူးပြုလမ်းကြောင်း နှစ်ရပ်စလုံး၏ သင်ယူမှုပန်းတိုင်များ ပြည့်မီစေရန်အတွက် နည်းပညာ၊ သင်နည်းဗေဒနှင့် ဘာသာရပ် အကြောင်းအရာ ပေါင်းစပ်အသိပညာ (TPACK) အညွှန်းဘောင်၊ ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာ သင်ယူမှုပုံစံ (UDL)၊ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်သော ပညာရေး (EPSD) နှင့် လူ့အခွင့်အရေးဆိုင်ရာ ပညာရေး (HRE) စသော သင်နည်းဗေဒအညွှန်းဘောင်များကို အသုံးပြုသင်ကြားတတ်မည်။
      • တတိယနှစ်၊ ပထမစာသင်နှစ်ဝက်၊ ဘာသာရပ်အထူးပြုလမ်းကြောင်းအသီးသီးတွင်ပါဝင်သည့် ဘာသာရပ်များ/သင်ယူမှုနယ်ပယ်များကို သင်ကြားရာတွင် အဓိကကျသည့် ပညာရေးစိတ်ပညာ၊ ပညာရေးအတွေးအခေါ်များနှင့် ပညာရေးသဘောတရားများကို သိရှိနားလည်လာမည်။
      • စာသင်ခန်းများရှိ ကွဲပြားစုံလင်သော သင်ယူသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် သင်ကြားမှုနည်းလမ်းများနှင့် စစ်ဆေးအကဲဖြတ်မှုနည်းလမ်းအမျိုးမျိုးကို လက်တွေ့အသုံးချ၍ တတိယနှစ်၊ ပထမစာသင်နှစ်ဝက်တွင် ပါဝင်သည့် ဘာသာရပ်/သင်ယူမှုနယ်ပယ်များကို စီစဉ်ရေးဆွဲခြင်း၊ ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် သင်ကြားပို့ချခြင်းများ လုပ်ဆောင်တတ်မည်။

      Assessment and Certification

      In order to get the certification, you need to finish all the course work, quizzes and final assessment.

      Rating & Reviews (5 - Best, 1 - Worst)

      Excellent

      By Aun********  at 2024-01-15 19:31:22

      5

      By May*********  at 2024-01-17 14:49:11

      5

      By May*********  at 2024-01-17 14:49:13

      5

      By May*********  at 2024-01-17 14:50:02

      good! I got a lot of knowledge

      By yay*  at 2024-02-19 10:31:41

      Thanks

      By Yi ********  at 2024-04-14 17:53:05

      Thanks

      By Yi ********  at 2024-04-14 17:53:55

      Please login and take the course to rate and review.
      Login
      Please login to view the discussion and chat with the course takers.
      Login
      Take This Course

      There will be evaluation session before certification!

      There is no live session planned yet!
      Please login to take the course and join the live sessions!
      Login
      Related Resources
      EDC Year 2 Semester 2 Educational Studies Student Teacher Textbook (English version)

      EDC Year 2 Semester 2 Educat...

      This module will prepare student teachers with the competencies required to teach vario...

      Learn More
      EDC Year 1 Semester 1 Educational Studies Student Teacher Textbook (Myanmar version)

      EDC Year 1 Semester 1 Educat...

      ဤသင်ရိုး၏အဓိက ရည်ရွယ်ချက်မှာ-ကျောင်းသားများအား ပညာရေးသီအိုရီ၊ ပညာရေးနည်းပညာ၊ ပညာရေးစီမံ...

      Learn More
      EDC Year 2 Semester 2 Educational Studies Teacher Educator Guide (English version)

      EDC Year 2 Semester 2 Educat...

      This module will prepare student teachers with the competencies required to teach vario...

      Learn More
      Back To Top