အမုန်းစကားနှင့် လူ့အဖွဲ့အစည်းများ၊ ရပ်ရွာအထူးသဖြင့် ပဋိပက္ခ ဖြစ်လွယ်ကြုံလွယ်သည့် ရပ်ရွာများအပေါ် ၎င်း၏ သက်ရောက်မှုများကို အကျယ်တဝင့် အသေးစိတ် ရှင်းလင်းဖော်ပြခြင်းသည် အဆိုပါ အဖျက်ဆန်သော ဖြစ်စဉ်များကို တိုက်ဖျက်ခြင်းအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) နှင့် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး (CSE) တတ်ကျွမ်းမှုများ၏ အချက်အချာကျသော ကဏ္ဍကို နားလည်ခြင်းအတွက် အလွန်အရေးကြီးပါသည်။ အမုန်းစကားဟု ဆိုသည်မှာ လူတစ်ဦးတစ်ယောက်ချင်းကို ဖြစ်စေ၊ လူအစုအဖွဲ့များကို ဖြစ်စေ ၎င်း၏ လူမျိုး၊ ကိုးကွယ်ရာ ဘာသာ၊ လူမျိုးစုဖြစ်မှု၊ ဂျန်ဒါ (ကျား-မရေးရာ) သို့မဟုတ် အခြား ဝိသေသလက္ခဏာများအပေါ် အခြေခံသော ခွဲခြားဆက်ဆံမှု၊ ရန်လိုမှု သို့မဟုတ် အကြမ်းဖက်မှု ပုံစံအားလုံးကို ဆိုလိုပါသည်။ ၎င်းသည် ရပ်ရွာများကို ဖြိုခွဲကာ ရှိထားပြီးသား တင်းမာမှုများကို ပိုဆိုးစေ၍ လူ့အသိုင်းအဝိုင်းများ၏ အခြေခံအုတ်မြစ်ကို တိုက်စားသော အဆိပ်အတောက်တစ်ခု ဖြစ်သည်။ ပဋိပက္ခဖြစ်လွယ်ကြုံလွယ်သော ဒေသများတွင် အမုန်းစကားသည် ရန်လိုမှုများကို ကြီးထွားစေကာ စိတ်ဝမ်းကွဲမှုများကို ပိုမိုနက်ရှိုင်းစေ၍ ပြင်းထန်မှု မြင့်တက်စေသော ဓာတ်ကူပစ္စည်းတစ်ခု ဖြစ််နိုင်ပြီး အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုနှင့် ကာလရှည် စိတ်ဒဏ်ရာတို့ထံ ဦးတည်စေတတ်သည်။
MIL နှင့် CSE တတ်ကျွမ်းမှုများသည် မိမိကြည့်ရှုသုံးစွဲသော မီဒီယာနှင့် သတင်းအချက်အလက်များကို ကျိုးကြောင်း ဆန်းစစ်ဝေဖန်မှုရှိစွာ ခွဲခြမ်းစိတ်ဖြာရန် နည်းလမ်းကိရိယာများကို လူတို့အား ပေးနိုင်သောကြောင့် အမုန်းစကားကို ကိုင်တွယ်ဖြေရှင်းရာတွင် မရှိမဖြစ် အရေးပါပါသည်။ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသည် ယုံကြည်စိတ်ချရသော သတင်းအချက်အလက်ရင်းမြစ်များနှင့် ဘက်လိုက်သော သတင်းအချက်အလက်ရင်းမြစ်များကို ပိုင်းခြားချင့်ချိန်နိုင်ရန် လူတို့အား ကူညီကာ အချက်အလက်မှန်များကို အတည်ပြုစစ်ဆေးနိုင်ရန် နှင့် အမုန်းစကား ဖြန့်ဝေရာတွင် သုံးလေ့ရှိသည့် ကြိုးကိုင်ခြယ်လှယ်နည်းများအား သိမြင်နိုင်ရန် သင်ကြားပေးပါသည်။ တစ်ဖက်တွင် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေးကမူ ဆွေးနွေးဖလှယ်ခြင်း၏ အရေးပါပုံ၊ ကွဲပြားစုံလင်သော ရှုထောင့်အမြင်များကို နားလည်ရန် အရေးကြီးပုံတို့ကို မီးမောင်းထိုးပြကာ ပဋိပက္ခဖြေရှင်းမှုဆိုင်ရာ ကျွမ်းကျင်မှုများကို လူတို့အတွက်ပြည့်စုံစွာ ပြင်ဆင်ပေးပါသည်။ ဤတတ်ကျွမ်းမှုများသည် လူတို့အား အမုန်းစကားကို သတ်မှတ်ဖော်ထုတ်နိုင်ရန် ကူညီရုံမျှမက ၎င်း၏ အန္တရာယ်ဖြစ်စေနိုင်သော အကျိုးသက်ရောက်မှုများကိုလည်း အပြုသဘောဆောင်စွာ တုံ့ပြန်နိုင်စေပါသည်။
ဤသင်ရ်ိုးတွင် MIL နှင့် CSE တတ်ကျွမ်းမှုများကို အသုံးချခြင်းက ပုံသေကားကျအယူအစွဲများနှင့် ခွဲခြားဆက်ဆံမှုများကို အသက်ဆက်စေသော အယူအဆများ၊ တွေးခေါ်ပုံများကို မေးခွန်းထုတ်ရန် လူတို့ကို အားပေးကာ အမုန်းစကား ပျံနှံ့မှု လျှော့ချပေးနိုင်ပုံကို အကျယ်တဝင့် အသေးစိတ် ရှင်လင်းဖော်ပြထားပါသည်။ ဤမော်ဂျူးတွင် မတူညီသော ယဉ်ကျေးမှုများနှင့် ဝိသေသများအပေါ် စာနာနားလည်တတ်မှုနှင့် လေးစားမှု ရှိအောင် သင်ကြားပုံ၊ အသိအမှတ်ပြုနားလည်တတ်မှုနှင့် အားလုံးအကျုံးဝင်မှု မြှင့်တင်ပုံ၊ အမုန်းတရားနှင့် အစွန်းရောက်ဝါဒတို့ ပေါက်ဖွားရာ ဇာစ်မြစ်များအား ကိုင်တွယ်ဖြေရှင်းပုံတို့ကို သရုပ်ဖော်ပြသသော ဥပမာလုပ်ငန်းစဉ်များ ပါဝင်သည်။ သတင်းအချက်အလက်များကို တာဝန်သိစွာ ကြည့်ရှုသုံးစွဲသူများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုတွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူများ ဖြစ်လာစေရန် လူတို့အား အသိပညာပေးခြင်းဖြင့် နယ်လှည့် ဆရာ အတတ်သင်နည်းပြများသည် အမုန်းစကား တိုက်ဖျက်ခြင်းနှင့် ပို၍ သဟဇာတပိုဖြစ်သော လူ့အသိုင်းအဝိုင်းများ တည်ဆောက်ခြင်းတွင် အချက်အချာကျသော အခန်းကဏ္ဍမှ ပါဝင်နိုင်ပါသည်။ အနှစ်သာရအားဖြင့် ဤတတ်ကျွမ်းမှုများသည် လူတို့အား အမုန်းစကားများကို တိုက်ဖျက်ခြင်းနှင့် အသိအမှတ်ပြုနားလည်တတ်ပြီး ငြိမ်းချမ်းသော ကမ္ဘာကို အားပေးမြှင့်တင်ခြင်းတွင် ပါဝင်ဖြည့်ကူကာ အပြောင်းအလဲကို ကိုယ်တိုင်ကိုယ်ကျ ဖော်ဆောင်သူများအဖြစ် စွမ်းဆောင်နိုင်စေမည် ဖြစ်သည်။
ဤမော်ဂျူး ပြီးမြောက်ချိန်တွင် တက်ရောက်သူများသည် -
In order to get the certification, you need to finish all the course work, quizzes and final assessment.
- ဘက်လိုက်မှု၊ မီဒီယာတွင် ဖြစ်တတ်သော ပဋိပက္ခများကို သိရှိလာခြင်း
By Nan******** at 2024-10-30 15:33:42
Thanks
By Law****** at 2024-10-30 16:46:50
စိတ်ဝင်စားပါသည်
By Roi***** at 2024-10-30 23:49:59
Thanks
By Min******* at 2024-11-19 23:51:52
There will be evaluation session before certification!
Media and Information Literacy through Conflict Sensitive Education (MIL-CSE) Module 3.1...
Learn MoreMedia and Information Literacy through Conflict Sensitive Education (MIL-CSE)MODULE 2.1M...
Learn MoreMedia and Information Literacy through Conflict Sensitive Education (MIL-CSE)MODULE 1.1M...
Learn More