Apple App Store Google Play Store Google Play Store YouTube

စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများနှင့် သင်ယူမှုအတွက် နည်းကိရိယာများ

  Certified      5  hour(s)      45 enrollment(s)      29 lecture(s)      4 quizz(es)      485 view(s)   
 (6)
စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများနှင့် သင်ယူမှုအတွက် နည်းကိရိယာများ
Course Description

ဤ “စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများနှင့် သင်ယူမှုအတွက် နည်းကိရိယာများ” ဟူသည့်  သင်တန်းတွင် လုပ်ငန်းခွင်၌ စတင်တာဝန်ထမ်းဆောင်သော ဆရာများအတွက် စစ်ဆေးအကဲဖြတ်နည်းများ အကြောင်းကို တင်ပြထားပါသည်။ စစ်ဆေးအကဲဖြတ်ခြင်းဆိုသည်မှာ သင်ခန်းစာ (သို့မဟုတ်) သင်တန်းတစ်ခုပြီးသွားပြီးနောက် ကျောင်းသားများရရှိသည့် သင်ယူတိုးတက်မှုများအား တိုင်းတာခြင်းကိုဆိုလိုပါသည်။ ထိုသို့စစ်ဆေးအကဲဖြတ်ခြင်းသည် ဆရာများ၏ သင်ကြားမှု နည်းဗျူဟာများကိုလည်း သုံးသပ်၍ ရစေသလို ကျောင်းသားများ၏ သင်ယူမှု အတွေ့အကြုံများကိုလည်း တိုးတက်စေပါသည်။ ဤသင်တန်းတွင် အောက်ပါမော်ဂျူးများကို လေ့လာရပါမည်။
 
မော်ဂျူး (၁) - အပိတ်စစ်ဆေးအကဲဖြတ်ခြင်းနှင့် အဖွင့်စစ်ဆေးအကဲဖြတ်ခြင်း 

(၁.၁) စစ်ဆေးအကဲဖြတ်နည်းအသွယ်သွယ်ကို ရွေးချယ်ခြင်း

(၁.၂) အပိတ်စစ်ဆေးအကဲဖြတ်ခြင်း

(၁.၃) အဖွင့်စစ်ဆေးအကဲဖြတ်ခြင်း


မော်ဂျူး (၂) - စစ်ဆေးအကဲဖြတ်မှုပုံစံ ရေးဆွဲခြင်း 

(၂.၁) စစ်ဆေးအကဲဖြတ်ရသည့် အကြောင်းအရင်းနှင့် စစ်ဆေးအကဲဖြတ်ရမည့် အချိန်အခါ

(၂.) စစ်ဆေးအကဲဖြတ်နည်းများကို ချိန်ညှိလုပ်ဆောင်ခြင်း

(၂.၃) လိုအပ်ချက်အလိုက် ပြောင်းလဲစစ်ဆေးခြင်း


မော်ဂျူး (၃) - စစ်ဆေးအကဲဖြတ်မှုအား အမှတ်ပေးခြင်း

(၃.၁) အကဲဖြတ်ရန်သတ်မှတ်ချက်ဇယားများကိုရေးဆွဲပြုစုခြင်း


အဓိကအသုံးအနှုန်းများ

စစ်ဆေးအကဲဖြတ်ခြင်း နည်းပညာများ၊ အပိတ်စစ်ဆေးအကဲဖြတ်ခြင်း၊ အဖွင့်စစ်ဆေးအကဲဖြတ်ခြင်း၊ ပုဂ္ဂလဓိဌာန်ကျသော၊ ဓမ္မဓိဠာန်ကျသော၊ အကဲဖြတ်ရန် သတ်မှတ်ချက်ဇယား၊ စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများ၊ သင်ယူမှုအတွက် စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူမှုကို စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူမှုအဖြစ် စစ်ဆေးအကဲဖြတ်ခြင်း၊ အမှတ်ပေးစံ၊ မျှော်မှန်းထားသော ရလဒ်များ၊ သင်ယူမှု ရည်ရွယ်ချက်များ၊ အားနည်းချက် စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း၊ အချင်းချင်းစစ်ဆေးအကဲဖြတ်ခြင်း၊ စောင့်ကြည့်လေ့လာသည်၊ အကဲဖြတ်သုံးသပ်သည်။

Course Objectives

ဤမော်ဂျူးသည် ဆရာများအနေဖြင့် စစ်ဆေးအကဲဖြတ်ခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုတတ်စေရန်နှင့် အကဲဖြတ်နည်းလမ်းများကို အသုံးပြုတတ်စေရန် ကူညီပေးခြင်းအားဖြင့် ဆရာတို့သည် ကျောင်းသားများ၏ တိုးတက်မှုဖြစ်စဉ်များကို အကဲဖြတ်နိုင်မည့် နည်းလမ်းများကို ခွဲခြားဖော်ထုတ်တတ်လာပြီး မိမိတို့၏ သင်ကြားနည်းများကိုလည်း သုံးသပ်တတ်လာမည်။

Learning Outcomes

ဤမော်ဂျူးကို သင်ယူပြီးချိန်တွင် သင်သည် - 
  • အပိတ်စစ်ဆေးအကဲဖြတ်ခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။ 
  • အဖွင့်စစ်ဆေးအကဲဖြတ်ခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
  • အပိတ်စစ်ဆေးအကဲဖြတ်ခြင်းနှင့် အဖွင့်စစ်ဆေးအကဲဖြတ်ခြင်းအကြား ကွဲပြားခြားနားချက်ကို သိရှိမည်။ 
  • အပိတ်စစ်ဆေးအကဲဖြတ်ခြင်းနှင့် အဖွင့်စစ်ဆေးအကဲဖြတ်ခြင်းအား အသုံးချနည်းများကို ဖော်ပြတတ်လာမည်။
  • ကျောင်းသားများကို မည်သည့်အချိန်တွင် မည်သည်ကြောင့် စစ်ဆေးအကဲဖြတ်ရန် လိုအပ်ကြောင်း ဖော်ပြနိုင်မည်။ 
  • စစ်ဆေးအကဲဖြတ်နည်းဗျူဟာများကို လိုအပ်သလိုပြုပြင်နိုင်သည်။ 
  • စစ်ဆေးအကဲဖြတ်မှု အမျိုးအစားများကို အဘယ်ကြောင့် ချိန်ညှိလုပ်ဆောင်သင့်သည့် အကြောင်းကို နားလည်သဘောပေါက်လာမည်။ 
  • စစ်ဆေးအကဲဖြတ်မှုအား အမှတ်ပေးခြင်းကို ရှင်းပြနိုင်မည်။
  • အကဲဖြတ်ရန်သတ်မှတ်ချက်ဇယားများနှင့် စံသတ်မှတ်ချက်များကို ရှင်းပြနိုင်မည်။
  • အကဲဖြတ်ရန်သတ်မှတ်ချက်ဇယားများကို ရေးဆွဲပြုစုရာတွင် လိုအပ်သော အပိုင်းများကို ဖော်ပြတတ်မည်။

Assessment and Certification

In order to get the certification, you need to finish all the course work, quizzes and final assessment.

Rating & Reviews (5 - Best, 1 - Worst)

Thanks for your sharing knowledge and I expected learning for more.

By May*****  at 2024-10-10 14:24:39

Thanks for your sharing knowledge and I expected learning for more.

By May*****  at 2024-10-10 14:27:54

Thanks for your sharing knowledge

By May*****  at 2024-10-10 15:03:02

Thanks for Sharing knowledge

By May*****  at 2024-10-10 15:04:09

Thanks

By May*****  at 2024-10-10 15:04:42

Thanks

By May*****  at 2024-10-10 15:05:11

Please login and take the course to rate and review.
Login
Please login to view the discussion and chat with the course takers.
Login
Take This Course

There will be evaluation session before certification!

There is no live session planned yet!
Please login to take the course and join the live sessions!
Login
Related Resources
EDC Year 3 Semester 2 Local Curriculum Primary/Middle Track Teacher Educator Guide (Myanmar version)

EDC Year 3 Semester 2 Local...

ဤသင်ခန်းစာ၏ ရည်ရွယ်ချက်မှာ ကျောင်းသားများအတွက် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းအသစ်ရှ...

Learn More
EDC Year 2 Semester 1 Local Curriculum Teacher Educator Guide (Myanmar version)

EDC Year 2 Semester 1 Local...

ဤသင်ခန်းစာ၏ ရည်ရွယ်ချက်မှာ ကျောင်းသားများအတွက် အခြေခံပညာရေးသင်ရိုးညွှန်းတမ်းအသစ်ရှိ ဒေသ...

Learn More
EDC Year 1 Local Curriculum Syllabus (Myanmar version)

EDC Year 1 Local Curriculum...

ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းဘာသာရပ်သည် ပညာရေးဒီဂရီကောလိပ်  သင်ရိုးညွှန်းတမ်းတွင် ပါဝ...

Learn More
<
Back To Top