အောဖ့်လိုင်းအလုပ်လုပ်ပုံ
အဆင့် ၁။ Offline ခလုတ်အား ဖွင့်ထားမှသာလျှင် မိမိယူထားသော သင်တန်းများအား ဖုန်းထဲတွင် သိမ်းဆည်းပေးမည် ဖြစ်ပါသည်။ ထို့ကြောင့် ပထမဉီးစွာ “Offline” ခလုတ်အားဖွင့်ထားရန်လိုအပ်ပါသည်။ “Offline” ခလုတ်အား ဖွင့်လိုက်သည်နှင့်တစ်ပြုင်နက် “My Courses”တွင် ဖော်ပြထားသော သင်တန်းများ၏ အချက်အလက်(အကျဉ်းချုပ်/သင်တန်း၏ အခြေခံအချက်အလက်)များကို အလိုအလျာက် သိမ်းဆည်းပေးမည်ဖြစ်ပါသည်။
အဆင့် ၂။ သင်တန်းတစ်ခုချင်းစီ၏ အသေးစိတ် အချက်အလက်များအား ပြန်လည်ကြည့်ရှုလိုပါက ထိုသင်တန်းတွင် ပါဝင်သော အပိုင်းများအားလုံးကို အင်တာနက်ဖွင့်ထားပြီး ကြည့်ခဲ့ပေးရန် လိုအပ်ပါသည်။ စစ်ဆေးအကဲဖြတ်ခြင်း(Assessment)များပါရှိသော သင်တန်းဖြစ်ပါက ၎င်းတို့ကို အလိုအလျောက်သိမ်းဆည်းပေးမည် ဖြစ်ပါသည်။ အခြားအပိုင်းများကိုမူ အင်တာနက်ဖွင့်ထားပြီး ကြည့်ခဲ့ပေးရန် လိုအပ်ပြီး ဗွီဒီယိုများနှင့်အခြားဖိုင်များကို ဒေါင်းလုဒ်(download) လုပ်ခဲ့ပေးရန် လိုအပ်ပါသည်။
အဆင့် ၃။ စစ်ဆေးအကဲဖြတ်ခြင်း(Assessment)များပါရှိသော သင်တန်းဖြစ်ပါက ၎င်းမတိုင်ခင် အပိုင်းများကို ကြည့်ရှုပြီးနောက် အင်တာနက်ကို ဖြတ်တောက်လိုက်ပါ။ ထို့နောက် MTP အက်ပ်အား ပိတ်(kill)လိုကိပြီး ပြန်လည်ဖွင့်ပေးပါ။ “My Courses” သို့ သွားရောက်ကြည့်ရှုပါက ယူထားသော သင်တန်းများကို တွေ့ရမည် ဖြစ်ပြီး ၎င်းတို့အနက်မှ အင်တာနက်ရှိစဉ်က ကြည့်ထားသော သင်တန်းများကို ပြန်လည်ကြည့်ရှုနိုင်ပြီး “Previous” သို့ “Next” နှိပ်ပါက ထိုအပိုင်းအား ဖုန်းတွင်သိမ်းဆည်းပေးပြီး မိမိ၏တိုးတက်မှုရာခိုင်နှုန်းတိုးတက်လာသည်ကို တွေ့ရမှာ ဖြစ်ပါတယ်။ သင်တန်းတွင်ပါဝင်သော အပိုင်းများအားလုံးပြီးစီးသွားပါက စစ်ဆေးအကဲဖြတ်သည့် မေးခွန်းများအားဖြေဆိုကာ အဖြေများကို ဖုန်းတွင်မှတ်သားထားမည် ဖြစ်ပါသည်။ နောက်ဆုံးတင်သွင်းသည့် အဆင့်တွင် အင်တာနက်နှင့် ပြန်လည်ချိတ်ဆက်ရန် လိုအပ်ပါသည်။
အဆင့် ၄။ အင်တာနက်နှင့် ပြန်လည်ချိတ်ဆက်ပါက ဖုန်းတွင်သိမ်းဆည်းထားသော မိမိ၏တိုးတက်မှု ရာခိုင်နှုန်းများနှင့် ပြီးစီးထားသောအပိုင်းများကို ဆာဗာပေါ်တွင် အလိုအလျောက်သွားရောက် သိမ်းဆည်းမည် ဖြစ်ပါသည်။