အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

တိုင်းရင်းသား ပညာရေးအဖွဲ့မှ ဆရာ၊ ဆရာမများအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) ဆရာဖြစ်သင်တန်း

3.7

(3 မှတ်ချက်)

Certified

2 week(s)

111 စာရင်းသွင်းထားသူဦးရေ

1324 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

တိုင်းရင်းသားပညာရေးအဖွဲ့မှ ဆရာ/မများအတွက် သင်ယူမှု နယ်ပယ်များတွင် အောက်ပါတို့ ပါဝင်သည်။ 

  • MIL အကြောင်း ခြုံငုံဖော်ပြချက် 
  • ယဉ်ကျေးမှုပေါင်းစုံ၊ ယုံကြည်မှုပေါင်းစုံနှင့် ဘာသာပေါင်းစုံ ဆွေးနွေးဖလှယ်မှုတွင် MIL ၏ ဆီလျော်သက်ဆိုင်မှု 
  • ယဉ်ကျေးမှုတစ်ခုအတွင်း၊ ယဉ်ကျေးမှုများအတွင်းက ပြဿနာများ၊ စိုးရိမ်မှုများကို ဖြေရှင်းရာတွင် MIL ကျွမ်းကျင်မှုများ 
  • အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုများအပါအဝင် သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှုကို ကိုင်တွယ်ခြင်း
  • ယဉ်ကျေးမှုတစ်ခုအတွင်း၊ ယဉ်ကျေးမှုမျိုးစုံအတွင်း ဆွေးနွေးဖလှယ်ခြင်းတွင် ယဉ်ကျေးမှုဆိုင်ရာ၊ တိုင်းရင်းသားဆိုင်ရာ အသိရှိခြင်း 
  • တိုင်းရင်းသားပညာရေး မူဝါဒများ၊ အစီအစဉ်များနှင့် သင်ကြား-သင်ယူမှု မဟာဗျူဟာများတွင် MIL ကို ပေါင်းစပ် ထည့်သွင်းခြင်း
  • တိုင်းရင်းသားကျောင်းများအတွက် ယဉ်ကျေးမှု အသိရှိသော သင်ကြား-သင်ယူမှုမဟာဗျူဟာများနှင့် ကိရိယာများ

သင်တန်းရည်ရွယ်ချက်များ

သင်တန်းပြီးဆုံးချိန်တွင် သင်တန်းတက်ရောက်သူများသည် အောက်ပါတို့ကို တတ်ကျွမ်းလာကြမည်ဖြစ်သည်။ 

၁။ ယဉ်ကျေးမှုပေါင်းစုံ၊ ယုံကြည်မှုပေါင်းစုံနှင့် ဘာသာပေါင်းစုံ ဆွေးနွေးဖလှယ်မှု နောက်ခံ အကြောင်းအရာတွင် MIL အယူအဆကို ဆွေးနွေးခြင်း၊

၂။ MIL စည်းမျဉ်းသဘောတရားများ၊ နည်းဗျူဟာများနှင့် ကိရိယာများက ယဉ်ကျေးမှုပေါင်းစုံ၊ ယုံကြည်မှုပေါင်းစုံနှင့် ဘာသာပေါင်းစုံ ဆွေးနွေးဖလှယ်မှုများကို ဖြစ်ပေါ်စေကြောင်း ဖော်ပြနိုင်ခြင်း၊

၃။ ဘုန်းတော်ကြီးသင်ပညာရေးနှင့် တိုင်းရင်းသားပညာရေး နောက်ခံအခြေအနေတွင် MIL ၏ ဆီလျော် သက်ဆိုင်မှုရှိပုံကို သုံးသပ်နိုင်ခြင်း၊

၄။ ယဉ်ကျေးမှုပေါင်းစုံ၊ ယုံကြည်မှုပေါင်းစုံနှင့် ဘာသာပေါင်းစုံ ဆက်ဆံရေးတွင် သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှု၊ အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုတို့အကြောင်း ရှင်းပြနိုင်ခြင်း၊

၅။ ဘုန်းတော်ကြီးသင်ပညာရေးနှင့် တိုင်းရင်းသားပညာရေး မူဝါဒများ၊ အစီအစဉ်များနှင့် သင်ကြား-သင်ယူခြင်းမဟာဗျူဟာများတွင် MIL ကို မည်သို့ပေါင်းစပ်နိုင်ပုံကို ဖော်ပြနိုင်ခြင်း၊

၆။ ဘုန်းတော်ကြီးသင်ကျောင်းနှင့် တိုင်းရင်းသားကျောင်းများအတွက် ယဉ်ကျေးမှုအသိရှိသော သင်ကြား-သင်ယူခြင်း မဟာဗျူဟာများ ရေးဆွဲရာတွင် လမ်းညွှန်ချက်များ ရေးဆွဲအသုံးပြုနိုင်ခြင်း။

သင်ယူမှုရလဒ်များ

  • ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် တိုင်းရင်းသားပညာရေးကျောင်းများ၏ ပြဌာန်းစာများတွင် MIL ဘာသာရပ် သို့မဟုတ် MIL သဘောတရားနှင့် မဟာဗျူဟာများပေါင်းစပ်ထည့်သွင်းခြင်းဆိုင်ရာ ကျောင်းမူဝါဒများ ရေးဆွဲခြင်း 
  • သင်ကြား-သင်ယူမှု လုပ်ငန်းစဉ်များနှင့် ကိရိယာ နမူနာထုတ်ခြင်း 
  • ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် တိုင်းရင်းသားပညာရေးကျောင်း များအတွက် ယဉ်ကျေးမှု အသိရှိသော သင်ကြား-သင်ယူမှု မဟာဗျူဟာများနှင့် ကိရိယာများ ချမှတ်ခြင်းအတွက် လမ်းညွှန်ချက်များ ရေးဆွဲခြင်း 
  • ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာ/မများနှင့် တိုင်းရင်းသား ပညာရေးအဖွဲ့မှ ဆရာ/မများအတွက် MIL သင်ကြား-သင်ယူမှု သင်ထောက်ကူ ပစ္စည်းများ မြေပုံထုတ်ခြင်း

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

သင်ခန်းစာအကျဉ်းချုပ်

MIL ဆိုသည်မှာ အဘယ်နည်း။ ပေါင်းစပ်သဘောတရားရှိသည့် MIL နှင့် MIL ပညာရေး ဘာကြောင့်အရေးကြီးသလဲ။

ယူနက်စကို MIL ၏ အကြောင်းအရာ နယ်ပယ်များ

ယဉ်ကျေးမှု အချင်းချင်းကြား/ ဘာသာရေး အချင်းချင်းကြား ဆွေးနွေးမှုများတွင် MIL ၏ ကိုက်ညီမှုရှိမှု

သတင်းအချက်အလက် ဖရိုဖရဲ ဖြစ်မှုကို နားလည်ခြင်း

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အမုန်းစကား၊ ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှုဆိုင်ရာ အရေးကိစ္စများ

တိုင်းရင်းသားပညာရေး သင်ရိုးတွင် MIL တတ်ကျွမ်းမှုများကို ပေါင်းစပ်ထည့်သွင်းခြင်း

တိုင်းရင်းသားကျောင်းများတွင် MIL ကို သင်ကြား/သင်ယူနိုင်ပုံ

သက်ဆိုင်သော သင်တန်းများ

chatGPTicon