အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF)

4.3

(6 မှတ်ချက်)

Certified

7 hour(s)

481 စာရင်းသွင်းထားသူဦးရေ

3956 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ဤသင်တန်းတွင် မြန်မာနိုင်ငံ ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင် (TCSF) ကို ဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးပြုနိုင်သော နည်းကိရိယာတစ်ခုအဖြစ် ခြုံငုံမိတ်ဆက်ပေးထားပါသည်။ ဤသင်တန်းတွင် TCSF အညွှန်းဘောင် ဆိုင်ရာ အခြေခံသဘောတရားများ၊ တတ်ကျွမ်းမှု စံသတ်မှတ်ချက် နယ်ပယ် (၄) ခု၊ ထိုစံသတ်မှတ်ချက်များကို ပြည့်နိုင်ရန်လိုအပ်သည့် အနိမ့်ဆုံးလိုအပ်ချက်များနှင့် အညွန်းကိန်းများ စသည်တို့ကို လေ့လာရမည်ဖြစ်သည်။ ထို့ပြင် ဤသင်တန်းမှတစ်ဆင့် သင်ကြားရေး အလေ့အကျင့်များသည်  “အရှေ့တောင်အာရှနိုင်ငံများမှ ဆရာများအတွက် တတ်ကျွမ်းမှု အညွှန်းဘောင် (SEA-TCF)” တွင် ဖော်ပြထားသည့် ဒေသတွင်းနှင့် နိုင်ငံတွင်း စံသတ်မှတ်ချက်များနှင့် ကိုက်ညီရန် အရေးကြီးကြောင်းကိုလည်း အထူးအလေးပေးဖော်ပြထားသည်။ ဆရာများ၏ ဆရာအတတ်ပညာဆိုင်ရာ သင်ယူမှု အထောက်အထားမှတ်တမ်း (professional portfolio) ကို ရေးသားပြုစုရာတွင်လည်း (TCSF) နှင့်အညီ ပြုစုနိုင်ရန်အတွက် လိုအပ်သည့်အရာများနှင့် အခြေခံအချက်များကို အကြံပြုထားပါသည်။ သင်တန်းတွင် အောက်ပါမော်ဂျူးများ ပါဝင်ပါသည် -

မော်ဂျူး (၁) ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF) မိတ်ဆက်

 (၁.၁) TCSF ကို အဓိပ္ပာယ်သတ်မှတ်ခြင်း

 (၁.၂) TCSF ၏ အဓိက အခြေခံသဘောတရားများ

မော်ဂျူး (၂) ဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ရေးအတွက် TCSF

(၂.၁) TCSF မှ သတ်မှတ်ထားသော ဆရာအတတ်ပညာ ဖွံဖြိုးတိုးတက်မှု အဆင့်များ

(၂.၂) ထိရောက်သောရလဒ်များ ရရှိရန်အတွက် TCSF ကို လမ်းညွှန်မှုတစ်ခုအနေဖြင့်  အသုံးပြုခြင်း

မော်ဂျူး (၃) ဒေသတွင်း (အရှေ့တောင်အာရှ) TCF နှင့် မြန်မာနိုင်ငံ TCSF အညွှန်းဘောင် 

 (၃.၁) SEA-TCF ၏ တတ်ကျွမ်းမှုများ

 (၃.၂) မြန်မာနိုင်ငံ TCSF ၏ တတ်ကျွမ်းမှု စံသတ်မှတ်ချက် နယ်ပယ် (၄) ခု

မော်ဂျူး (၄) ဆရာအတတ်ပညာဆိုင်ရာ သင်ယူမှုအထောက်အထားမှတ်တမ်း (professional portfolio) တစ်ခု ပုံဖော်ဖန်တီးခြင်း

 (၄.၁) ဆရာအတတ်ပညာဆိုင်ရာ သင်ယူမှုအထောက်အထားမှတ်တမ်း (professional portfolio)  ဆိုသည်မှာ အဘယ်နည်း။

 (၄.၂) ဆရာအတတ်ပညာဆိုင်ရာ သင်ယူမှု အထောက်အထားမှတ်တမ်း (professional portfolio) တွင် ပါဝင်ရမည့် အချက်များကို TCSF နှင့် ချိန်ညှိခြင်း

အဓိကအသုံးအနှုန်းများ

အရှေ့တောင်အာရှနိုင်ငံများမှ ဆရာများအတွက် တတ်ကျွမ်းမှုအညွှန်းဘောင် (SEA-TCF)၊ မြန်မာနိုင်ငံရှိ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF)၊ တတ်ကျွမ်းမှု စံသတ်မှတ်ချက်၊  တတ်ကျွမ်းမှု ဧရိယာ၊  အနိမ့်ဆုံး လိုအပ်ချက်၊ အညွှန်းကိန်းများ၊ ဆရာအတတ်ပညာ ဖွံဖြိုးတိုးတက်မှု၊ ဆရာအတတ်ပညာဆိုင်ရာ သင်ယူမှုအထောက်အထား မှတ်တမ်းတွင် ပါဝင်ရမည့် အချက်များ။

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်းသည် ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင် (TCSF) ၏ အဓိပ္ပာယ်နှင့် ၎င်း၏ အခြေခံသဘောတရားများအကြောင်း လွှမ်းခြုံနားလည်သွားစေရန် ရည်ရွယ်ပါသည်။ ထို့ပြင် “အရှေ့တောင်အာရှနိုင်ငံများရှိ ဆရာများအတွက် တတ်ကျွမ်းမှု အညွှန်းဘောင် (SEA-TCF)”နှင့်  မြန်မာနိုင်ငံ “ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF)” တို့ကို သိရှိပြီး ၎င်းတို့အကြား ဆက်နွှယ်မှုကို သိရှိသွားစေရန် ရည်ရွယ်ပါသည်။ ထို့ပြင် ဆရာများအနေဖြင့် ဆရာအတတ်ပညာဆိုင်ရာ သင်ယူမှုအထောက်အထား မှတ်တမ်း (professional portfolio) တစ်ခုကို ပြင်ဆင်ရေးဆွဲသွားတတ်စေရန်လည်း ရည်ရွယ်ပါသည်။ ဤသင်တန်းအပြီးတွင် ဆရာများသည် “သင်ယူ - အသုံးချ - ပြန်လည်သုံးသပ်” ချဉ်းကပ်နည်းကို အသုံးပြု၍ မိမိတို့၏ ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်တိုင် လုပ်ဆောင်တတ်လာစေရန် ရည်ရွယ်ပါသည်။

သင်ယူမှုရလဒ်များ

ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -

  • TCSF ၏ အဓိပ္ပာယ်နှင့် ပညာရေးတွင် TCSF ၏ အရေးပါပုံကို သိရှိနားလည်သွားမည်။
  • TCSF တွင် အဓိကဖော်ပြထားသည့် တတ်ကျွမ်းမှု ဧရိယာနှစ်မျိုးကို သတ်မှတ်ဖော်ထုတ်၍ ရှင်းပြတတ်မည်။ 
  • TCSF တွင် ပါဝင်သည့် အဓိက အခြေခံသဘောတရားများကို သိရှိသွားမည်။
  • ဆရာအတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတွင် စိတ်ပါဝင်စားစွာ ပါဝင်လုပ်ဆောင်ရန် အရေးကြီးကြောင်း နားလည်သဘောပေါက်သွားမည်။
  • လုပ်ငန်းခွင်အကြိုဆရာများဖြစ်စေ၊ လုပ်ငန်းခွင်တွင်းဆရာများဖြစ်စေ မိမိတို့၏ လက်ရှိ အခြေအနေပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်ရမည့် ဆရာအတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်နေသော နယ်ပယ်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • TCSF ကို အသုံးပြု၍ သင်ကြားမှုအဆင့်အမျိုးမျိုးအတွက် အားသာချက်များနှင့် ပိုမိုကောင်းမွန်ရန် လိုအပ်နေသည့် နယ်ပယ်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • နယ်ပယ်တစ်ခုချင်းစီအတွက် ထိရောက်သော ရလဒ်များကို ရရှိဖွံ့ဖြိုးစေနိုင်မည်။
  • မိမိကိုယ်ကို ယုံကြည်မှုတိုးတက်စေခြင်း၊ ဆရာအတတ်ပညာပိုင်းဆိုင်ရာတွင် စိတ်ကျေနပ်မှုရရှိပြီး မျက်မှောက်ခေတ် ပညာရေးအလေ့အကျင့်များနှင့်အညီ လက်လှမ်းမှီဆောင်ရွက်နိုင်သည့် စွမ်းရည်များ ရရှိနိုင်မည်။
  • အရှေ့တောင်အာရှနိုင်ငံများမှ ဆရာများအတွက် တတ်ကျွမ်းမှုအညွှန်းဘောင် (SEA-TCF) တွင် ပါဝင်သော စံသတ်မှတ်ချက်များနှင့် မြန်မာနိုင်ငံရှိဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF) တွင်ပါဝင်သော နယ်ပယ် (၄) ခုရှိ စံသတ်မှတ်ချက်များကို ဆက်စပ်နားလည်သွားမည်။
  • အသိပညာ၊ ကျွမ်းကျင်မှုများ၊ တန်ဖိုးထားမှုများ နှင့် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်များတွင် ဆရာအတတ်ပညာ စွမ်းဆောင်ရည်အတွက် သတ်မှတ်ထားသော အနိမ့်ဆုံးလိုအပ်ချက်များကို သတ်မှတ်ဖော်ထုတ်၍ ၎င်းလိုအပ်ချက်များကို ပြည့်မီအောင် လုပ်ဆောင်နိုင်မည်။
  • ဒေသတွင်း စံသတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် ‘သင်ကြားရေး တတ်ကျွမ်းမှု’ နှင့် ‘ဆရာ တတ်ကျွမ်းမှု’ ဆိုင်ရာ စံသတ်မှတ်ချက်များကို အသုံးပြုနိုင်မည်။
  • မိမိကိုယ်ကို စစ်ဆေးအကဲဖြတ်ခြင်း၊ မိမိ၏တိုးတက်မှုနှင့် ပန်းတိုင်များ ချမှတ်ခြင်း တို့အတွက် သင်ယူမှုအထောက်အထားမှတ်တမ်း (Portfolio) ကို ကိရိယာတစ်ခု အဖြစ် အသုံးပြုခြင်းဖြင့် မိမိ၏သင်ကြားရေးအလေ့အကျင့်များအပေါ် ပြန်လည်သုံးသပ်နိုင်သော စွမ်းရည်ကို ရရှိနိုင်မည်။
  • မြန်မာနိုင်ငံ၏ သင်ကြားရေးဆိုင်ရာ စံသတ်မှတ်ချက်များ သို့မဟုတ် TCSF အညွှန်းဘောင်တို့နှင့် ကိုက်ညီသည့် ဆရာအတတ်ပညာဆိုင်ရာ သင်ယူမှုအထောက်အထား မှတ်တမ်း (Professional portfolio) ကို မည်သို့စနစ်တကျ ပြင်ဆင်ရေးဆွဲရမည်ကို သင်ယူနိုင်မည်။ 
  • သင်ယူမှုအထောက်အထားမှတ်တမ်း (Portfolio) အတွက် သင့်လျော်သော အကြောင်းအရာများကို သတ်မှတ်ဖော်ထုတ် ရွေးချယ်တတ်မည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

မိတ်ဆက်

မော်ဂျူး ၁။ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF) မိတ်ဆက်

မော်ဂျူး (၁) မျှော်မှန်းထားသော သင်ယူမှုရလဒ်များ နှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ

၁.၁။ TCSF ကို အဓိပ္ပာယ်သတ်မှတ်ခြင်း

မော်ဂျူး (၁.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်းလုပ်ငန်း

မော်ဂျူး (၁.၁) အတွက် ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၁.၂။ TCSF ၏ အဓိက အခြေခံသဘောတရားများ

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး ၂။ ဆရာအတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် TCSF

မော်ဂျူး (၂) မျှော်မှန်းထားသော သင်ယူမှုရလဒ်များ နှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ

၂.၁။ TCSF မှ သတ်မှတ်ထားသော ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှု အဆင့်များ

မော်ဂျူး (၂.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်းလုပ်ငန်း

မော်ဂျူး (၂.၁) အတွက် ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

၂.၂။ ထိရောက်သောရလဒ်များအတွက် TCSF ကို လမ်းညွှန်မှုတစ်ခုအနေဖြင့် အသုံးပြုခြင်း

မော်ဂျူး (၂.၂) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူး ၃။ ဒေသတွင်း (အရှေ့တောင်အာရှ) TCF နှင့် မြန်မာနိုင်ငံ TCSF အညွှန်းဘောင်

မော်ဂျူး (၃) မျှော်မှန်းထားသော သင်ယူမှုရလဒ်များ နှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ

မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၃.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း

၃.၂။ မြန်မာနိုင်ငံ TCSF မှ သတ်မှတ်ထားသော တတ်ကျွမ်းမှု စံသတ်မှတ်ချက် နယ်ပယ် (၄) ခု

မော်ဂျူး (၃.၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်းလုပ်ငန်း

တိုးတက်မှုကိုသိရှိနိုင်ရန်အတွက် အသုံးပြုသော တတ်ကျွမ်းမှုစံသတ်မှတ်ချက်များ၊ အနိမ့်ဆုံး လိုအပ်ချက်များ၊ အညွှန်းကိန်းများ

မော်ဂျူး (၃.၂) အတွက် ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူး ၄။ ဆရာအတတ်ပညာဆိုင်ရာ သင်ယူမှုအထောက်အထား မှတ်တမ်း (professional portfolio) တစ်ခု ပုံဖော်ဖန်တီးခြင်း

မော်ဂျူး (၄) မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ

၄.၁။ ဆရာအတတ်ပညာဆိုင်ရာ သင်ယူမှုအထောက်အထားမှတ်တမ်း (Professional portfolio) ဆိုသည်မှာ အဘယ်နည်း။

မော်ဂျူး (၄.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၄.၂။ ဆရာအတတ်ပညာဆိုင်ရာ သင်ယူမှုအထောက်အထားမှတ်တမ်း (Professional portfolio) တွင် ပါဝင်ရမည့် အချက်များကို TCSF နှင့် ချိန်ညှိခြင်း

မော်ဂျူး (၄.၂) ၏ အဆက်

မော်ဂျူး (၄.၂) အတွက် ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၄.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၄.၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်းလုပ်ငန်း (၁)

မော်ဂျူး (၄.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၄.၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်းလုပ်ငန်း (၂)

မော်ဂျူး (၄) အနှစ်ချုပ်

သင်တန်းအဆုံးပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများနှင့် ထပ်ဆောင်းရင်းမြစ်များ

သက်ဆိုင်သော သင်တန်းများ

chatGPTicon