စာသင်ခန်းတွင်း သုတေသနကို ကိုယ်တိုင်လုပ်ဆောင်ခြင်း
0
(0 မှတ်ချက်)
Certified
5 hour(s)
193 စာရင်းသွင်းထားသူဦးရေ
2674 ကြည့်ရှုထားသူဦးရေ

Share On :
သင်တန်းအကြောင်းအရာ ဖော်ပြချက်
မော်ဂျူး (၃) ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန
အဓိကအသုံးအနှုန်းများ
ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန ၊ နောက်ခံအခြေအနေ၊ ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနစက်ဝန်း၊ ပြန်လည်ဖြစ်ပေါ်နေသည့် စက်ဝန်းဖြစ်စဉ်၊ ပြဿနာများကို သတ်မှတ် ဖော်ထုတ်ခြင်း၊ ဖြေရှင်းဆောင်ရွက်ပေးသည့်အစီအစဉ်၊ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အချက်အလက်ကောင်ယူခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း၊ SMART အစီအစဉ်၊ ဆရာအတတ်ပညာဆိုင်ရာတိုးတက်မှု၊ ဆရာအတတ်ပညာဆိုင်ရာ သင်ယူမှုအထောက်အထား မှတ်တမ်း (professional portfolio) ၊ လက်တွေ့တန်းပြလေ့ကျင့်ခြင်းဆိုင်ရာ သင်ယူမှုအထောက်အထား မှတ်တမ်း (Practicum portfolio)
သင်တန်းရည်ရွယ်ချက်များ
စာသင်ခန်းတွင်း ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနဆိုသည်မှာ ပညာရေးကဏ္ဍတွင် လက်တွေ့ကျသော ပြန်လည်သုံးသပ်သော ဖြစ်စဉ်တစ်ခုဖြစ်ကြောင်းကို ဆရာများက ပြီးပြည့်စုံစွာ နားလည်ကြစေရန် ဤသင်တန်းက ရည်ရွယ်ပါသည်။ ကျောင်းသားများ စိတ်ဝင်တစား ပါဝင်သင်ယူစေပြီး ပံ့ပိုးမှုအားကောင်းသည့် သင်ယူမှုဝန်းကျင်တစ်ခုကို ဖန်တီး၍ ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ဆရာများတွင် လိုအပ်သည့် ကျွမ်းကျင်မှုများကို ရရှိစေခြင်းဖြင့် သင်ကြားမှုနှင့် သင်ယူမှုကြားတွင်ရှိတတ်သည့် ကွာဟချက်များကို ဖြည့်ဆည်းနိုင်ရန်ရည်ရွယ်ပါသည်။ SMART ပန်းတိုင်နှင့် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနစက်ဝန်းကို အသုံးပြု၍ အခြေအနေပေါ်မူတည်သည့် သုတေသနတစ်ခုကို မိမိကိုယ်တိုင် ရေးဆွဲ၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လေ့လာရမည် ဖြစ်ပါသည်။ သင်တန်းအဆုံးတွင် ဆရာများအနေဖြင့် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနကို လက်တွေ့တန်းပြ လေ့ကျင့်သည့် portfolio (သင်ယူမှုအထောက်အထားမှတ်တမ်း)တွင် ထည့်သွင်း နိုင်ရန်အတွက် စိတ်ကူးအကြံဉာဏ်များရရှိပါလိမ့်မည်။
သင်ယူမှုရလဒ်များ
ဤသင်တန်းကိုသင်ယူပြီးချိန်တွင် သင်သည် -
- ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန၏ရည်ရွယ်ချက်သည် သင်ကြားရေးအလေ့အကျင့်များ တိုးတက်စေရန်အတွက် ပြန်လည်သုံးသပ်သည့် နည်းလမ်းကိရိယာတစ်ခုဖြစ်သည်ကို နားလည်တတ်မည်။
- ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနကို ထိရောက်မှုရှိစေရန်အတွက် မရှိမဖြစ် အရေးကြီးသည့် ကျွမ်းကျင်မှုများဖြစ်သော ပြန်လည်သုံးသပ်နိုင်မှု၊ မိမိကိုယ်ကို သိရှိနားလည်နိုင်မှု၊ ခွဲခြမ်းစိတ်ဖြာနိုင်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှုစသည့် ကျွမ်းကျင်မှုများ တိုးတက်လာမည်။
- စနစ်ကျသော အစီစဥ်ဖြင့် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန တစ်ခုကို ရေးဆွဲနိုင်မည်။
- စာသင်ခန်းအတွင်းကြုံတွေ့ရလေ့ရှိသော စိန်ခေါ်မှုများကိုဖော်ထုတ်ရန်နှင့် ကျောင်းသားများ၏ သင်ယူမှုကိုတိုးမြင့်နိုင်သည့် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန၏ အဓိက အကျိုးကျေးဇူးကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- ကိုယ်တိုင် လုပ်ဆောင်သည့် သုတေသနသည် နောက်ခံ အခြေအနေပေါ်တွင် မူတည်သည် ဆိုသော သဘောသဘာဝအားသိမြင်၍ ၎င်းကို ထိရောက်စွာ အသုံးပြုနိုင်သော အခြေအနေများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနစက်ဝန်းကို နားလည် သဘောပေါက်၍ ဖော်ပြတတ်မည်။
- ပညာရေးဆိုင်ရာ အလေ့အကျင့်များ တိုးတက်စေရန် အလေးပေးသည့် စူးစမ်းလေ့လာမှုဖြစ်စဉ်များကို ပုံဖော်ရန်အတွက် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန စက်ဝန်းကို အသုံးပြုတတ်မည်။
- ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန အစီအစဉ်တွင် ရှင်းလင်းပြတ်သား၍ အောင်မြင်နိုင်ခြေရှိသော ဦးတည်ချက်များ သတ်မှတ်နိုင်ရန်အတွက် SMART ပန်းတိုင်များကို အသုံးပြုတတ်မည်။
- ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန အစီအစဉ်၏ အစိတ်အပိုင်းများကို စနစ်ကျသောပုံစံဖြင့် ရေးဆွဲပုံဖော်တတ်မည်။
- လက်တွေ့လုပ်ဆောင်နိုင်သော အစီအစဉ်တစ်ခု ရေးဆွဲရန်အတွက် ကိုယ်တိုင်လုပ်ဆောင်နိုင်သည့် သုတေသန၏ အခြေခံအသိပညာများကို အသုံးချတတ်မည်။
- မိမိ၏သင်ကြားရေး အလေ့အကျင့်များနှင့်ပတ်သက်၍ မိမိကိုယ်ကို သိရှိနားလည်စေရန် အားပေးခြင်းဖြင့် ရွေးချယ်ထားသော သုတေသနခေါင်းစဉ်များကို နက်နက်နဲနဲ ပြန်လည်သုံးသပ်တတ်မည်။
- တိကျသော သင်ကြားရေးအလေ့အကျင့်ဆိုင်ရာ နယ်ပယ်တစ်ခုကို စူးစမ်းလေ့လာ၍ တိုးတက်အောင် လုပ်ဆောင်နိုင်မည်။
- ဆရာအတတ်ပညာတိုးတက်မှုကို ပြသသော/ လက်တွေ့တန်းပြ လေ့ကျင့်ခြင်းဆိုင်ရာ သင်ယူမှုအထောက်အထား မှတ်တမ်း (professional portfolio/practicum portfolio) ၏ အစိတ်အပိုင်းဖြစ်သည့် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနစာတမ်းငယ်တင်ပြမှု ပိုစတာများ ဖန်တီးရန် စိတ်ကူးအယူအဆများ ဖွံ့ဖြိုးတိုးတက်လာမည်။
ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ
သင်ကြားပို့ချချက်များ
သင်တန်းမိတ်ဆက်
မော်ဂျူး ၁။ ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနမိတ်ဆက်
မော်ဂျူး (၁) မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ
၁.၁။ ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန ရှုထောင့်များ
မော်ဂျူး ၁.၁ ဉာဏ်စမ်းမေးခွန်း။ အောက်တွင်ပေးထားသော ဖော်ပြချက်များကို မှား/မှန် ဆုံးဖြတ်ပါ။ မှားသောဖော်ပြချက်များအတွက် အဘယ်ကြောင့်မှားရသည့် အကြောင်းရင်းကို စဥ်းစားပါ။
မော်ဂျူး ၁.၁ ဉာဏ်စမ်းမေးခွန်း။
၁.၂။ ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန၏ အကျိုးကျေးဇူးများ
ထိရောက်သော ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနစီမံချက်တစ်ခု ဖြစ်စေရန်အတွက် မေးခွန်းအဆင့်ဆင့်
မော်ဂျူး ၁.၂ ဉာဏ်စမ်းမေးခွန်း
မော်ဂျူး ၁.၂ ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူး ၂။ ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနဆိုင်ရာ အခြေခံအချက်များ
မော်ဂျူး (၂) မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ
၂.၁။ သုတေသနကို ကိုယ်တိုင်လုပ်ဆောင်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အခြေအနေများ
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် - သုတေသနကို ကိုယ်တိုင်လုပ်ဆောင်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အခြေအနေများ
မော်ဂျူး (၂.၁) ဉာဏ်စမ်းမေးခွန်း
လေ့ကျင့်ရန် - နောက်ခံအခြေအနေ အသီးသီးတို့တွင် ဆရာများ၏ ပြန်လည်သုံးသပ်ချက်များ
၂.၂။ ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန စက်ဝန်း
မော်ဂျူး ၂.၂ ဉာဏ်စမ်းမေးခွန်း
၂.၃။ လက်တွေ့ပြဿနာတစ်ခုကို ဖြေရှင်းရာတွင် SMART ပန်းတိုင်ကို အသုံးပြုခြင်း
လေ့ကျင့်ရန် - SMART ပန်းတိုင်ကို အသုံးပြုခြင်း
SMART ပန်းတိုင်ကို အသုံးပြု၍ ခေါင်းစဥ်ရွေးချယ်ခြင်း
မော်ဂျူး ၂.၃ ဉာဏ်စမ်းမေးခွန်း
မော်ဂျူး ၂.၃ ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၂) အနှစ်ချုပ်
မော်ဂျူး ၃။ ဆရာလုပ်ငန်းအတတ်ပညာဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန
မော်ဂျူး (၃) မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ
၃.၁။ ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနတစ်ခု စီစဉ်ရေးဆွဲခြင်း
ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန စီစဉ်ရေးဆွဲသည့် အဆင့်များ
သုတေသန စီစဉ်ရေးဆွဲသည့် အဆင့်များတွင် အထောက်အကူပြုမည့် မေးခွန်းများ
မော်ဂျူး ၃.၁ ဉာဏ်စမ်းမေးခွန်း
လေ့ကျင့်ရန် - ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန စီစဉ်ရေးဆွဲသည့် အဆင့်များ
၃.၂။ လက်တွေ့တန်းပြလေ့ကျင့်ခြင်းဆိုင်ရာ portfolio အတွက် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန
လေ့ကျင့်ရန် - ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန (Video)
မော်ဂျူး ၃.၂ ဉာဏ်စမ်းမေးခွန်း
ဆရာမ မာလာ၏ ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန အစီအစဉ်
မော်ဂျူး (၃) အနှစ်ချုပ်
အကျဉ်းချုပ်
သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်များ
သင်တန်းအနှစ်ချုပ်
ဆက်လက်ဖတ်မှတ်စရာများ/ထပ်ဆောင်းရင်းမြစ်များ
သက်ဆိုင်သော သင်တန်းများ
