ပညာရေးဆိုင်ရာ ခေါင်းဆောင်မှု သင်တန်း။ မော်ဂျူး (၄) - ကျောင်းသားများ၏ ကိုယ်စိတ်နှစ်ဖြာကျန်းမာမှုကို ထောက်ပံ့အားပေးခြင်းအတွက် မရှိမဖြစ် ကျွမ်းကျင်မှုစွမ်းရည်များ
4.5
(2 မှတ်ချက်)
Certified
8 hour(s)
147 စာရင်းသွင်းထားသူဦးရေ
736 ကြည့်ရှုထားသူဦးရေ

Share On :
သင်တန်းအကြောင်းအရာ ဖော်ပြချက်
သင်တန်းရည်ရွယ်ချက်များ
"ကျောင်းသားများ၏ ကိုယ်စိတ်နှစ်ဖြာကျန်းမာမှုကို ထောက်ပံ့အားပေးခြင်းအတွက် မရှိမဖြစ် ကျွမ်းကျင်မှုစွမ်းရည်များ" သင်တန်းသည် ပဋိပက္ခနှင့် အကျပ်အတည်းများကြောင့် ထိခိုက်ခံနေရသည့် ပတ်ဝန်းကျင်များတွင် လုပ်ကိုင်နေကြသည့် ဆရာများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်၍ စနစ်တကျတည်ဆောက်ထားသော လုပ်ငန်းခွင် ကျွမ်းကျင်မှုဖွံ့ဖြိုးရေး အစီအစဉ်တစ်ခု ဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်များတွင် ကျောင်းသားများ ကြုံတွေ့နေရသည့် စိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ တိုးပွားလာခြင်းကို အသိအမှတ်ပြုကာ၊ ဤသင်တန်းသည် ဆရာများကို လက်တွေ့ကျသော၊ ယဉ်ကျေးမှုနှင့်ကိုက်ညီသည့် ကြားဝင်ဆောင်ရွက်မှုနည်းဗျူဟာများ တပ်ဆင်ပေးစဉ်တွင် စိတ်ဒဏ်ရာ၊ စိတ်ဖိစီးမှုနှင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာမှုအတွက် အတားအဆီးများအကြောင်းကို ပြည့်စုံစွာ နားလည်စေရန် ရည်ရွယ်သည်။ ထိုသို့ဖြင့် ဘေးကင်းလုံခြုံမှုရှိသော၊ လူတိုင်းအကျုံးဝင်သော၊ စိတ်ခံစားချက်ပိုင်းအရ အထောက်အကူပြုသော သင်ယူမှုပတ်ဝန်းကျင်များကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ဤသင်တန်းကို အဓိကအပိုင်း (၄) ပိုင်း ခွဲခြားထားပြီး တစ်ခုချင်းစီသည် ကျောင်းသား၏ ကိုယ်စိတ်နှစ်ဖြာကျန်းမာမှုနှင့် ဆရာ၏ ပြင်ဆင်ထားရှိမှု၏ မရှိမဖြစ်လိုအပ်သည့် ကဏ္ဍများကို ဖော်ပြထားသည်။
- ပဋိပက္ခဒဏ်ခံရသော ဒေသရှိ ကျောင်းသားများ၏ လိုအပ်ချက်ကို နားလည်ခြင်း – ပဋိပက္ခသည် ကျောင်းသားများ၏ ကိုယ်စိတ်နှစ်ဖြာကျန်းမာမှုအပေါ် သက်ရောက်ပုံ၊ သင်ယူမှုကို ထိခိုက်စေသော အဓိကအတားအဆီးများနှင့် ဆရာများကို အထောက်အကူပြုရာတွင် ဆရာအတတ်သင်နည်းပြများ၏ အခန်းကဏ္ဍများကို ဖော်ပြထားသည်။
- ကျောင်းသားများအတွင်း စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာ လက္ခဏာများကို အသိအမှတ်ပြုခြင်း – စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာ အမျိုးအစားအမျိုးမျိုး၊ ၎င်းတို့၏ သိမှုပိုင်းနှင့် စိတ်ခံစားချက်ပိုင်း ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုများနှင့် ထိရောက်သော ကြားဝင်ဆောင်ရွက်မှုနည်းဗျူဟာများကို လေ့လာထားသည်။
- ဘေးကင်းလုံခြုံပြီး လူတိုင်းအကျုံးဝင်သော သင်ယူမှု ပတ်ဝန်းကျင် ဖန်တီးခြင်း – ကာကွယ်စောင့်ရှောက်မှု အစီအမံများ၊ စိတ်ဒဏ်ရာကို ထည့်သွင်းစဉ်းစားသော သင်ကြားရေးကျင့်ထုံးများ၊ အချင်းချင်း အထောက်အကူပြုရေး ယန္တရားများနှင့် ယဉ်ကျေးမှုနှင့်ကိုက်ညီသော ချဉ်းကပ်ပုံများကို အဓိကထားသည်။
- စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုမှု (PFA) နှင့် တက်ကြွစွာ နားထောင်ခြင်း ကျွမ်းကျင်မှုများကို တည်ဆောက်ခြင်း – စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုမှုဆိုင်ရာမူများ၊ တက်ကြွစွာ နားထောင်ခြင်း နည်းစနစ်များနှင့် စာသင်ခန်းအတွင်း ယုံကြည်မှုနှင့် ဆက်သွယ်မှုကို တည်ဆောက်ရန် နည်းဗျူဟာများကို မိတ်ဆက်ပေးထားသည်။
ဤသင်တန်းသည် ပါဝင်ဆောင်ရွက်မှုနှင့် လက်တွေ့အသုံးချနိုင်မှုကို မြှင့်တင်ရန်အတွက် နည်းစနစ်အမျိုးမျိုးနှင့် သင်ယူမှုလုပ်ငန်းများကို ပေါင်းစပ်ထားသည်။ အကြောင်းအရာတစ်ခုစီကို စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာ၊ ကာကွယ်စောင့်ရှောက်မှုအစီအမံများနှင့် စိတ်ဒဏ်ရာကို ထည့်သွင်းစဉ်းစားသော သင်ကြားရေးနည်းဗျူဟာများဆိုင်ရာ အခြေခံအသိပညာပေးသည့် သဘောတရားပိုင်းကဏ္ဍဖြင့် အကျုံးဝင်စေပါသည်။
သင်ယူမှုရလဒ်များ
ဤသင်တန်းပြီးဆုံးပြီးနောက် သင်သည် အောက်ပါတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည် -
- ကိုယ်စိတ်နှစ်ဖြာကျန်းမာမှု၊ စိတ်ဒဏ်ရာ၊ စိတ်ဖိစီးမှုနှင့် ၎င်းတို့၏ ကျောင်းသားများ၏ သိမှု၊ စိတ်ခံစားမှုနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်ပုံတို့ကို နားလည်ကြောင်း သရုပ်ပြနိုင်မည်။
- ကျောင်းသားများအတွင်းရှိ စိတ်ဒဏ်ရာနှင့် စိတ်သောက၏ အစောပိုင်း သတိပေးလက္ခဏာများကို ဖော်ထုတ်ကာ သင့်လျော်သော ကြားဝင်ဆောင်ရွက်မှု နည်းစနစ်များကို အသုံးချနိုင်မည်။
- ကျောင်းသားများတွင် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် ပညာရေးဆိုင်ရာ ပါဝင်ပတ်သက်မှုကို မွေးမြူပေးသည့် စိတ်ဒဏ်ရာကို ထည့်သွင်းစဉ်းစားသော သင်ကြားရေးနည်းဗျူဟာများကို အကောင်အထည်ဖော်နိုင်မည်။
- စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာကို ကိုင်တွယ်ဖြေရှင်းနေရသော ကျောင်းသားများကို အထောက်အကူပြုရန် ပညာရေးပတ်ဝန်းကျင်များတွင် စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုမှု (PFA) ကို အသုံးချနိုင်မည်။
- ဆက်သွယ်မှု၊ ကျောင်းသားယုံကြည်မှုနှင့် စာသင်ခန်းလူတိုင်းအကျုံးဝင်မှုကို မြှင့်တင်ပေးသော တက်ကြွစွာ နားထောင်ခြင်းနည်းစနစ်များကို ကျင့်သုံးနိုင်မည်။
- စနစ်တကျရှိသော လုပ်ရိုးလုပ်စဉ်များ၊ အချင်းချင်းအထောက်အကူပြုရေးယန္တရားများနှင့် ဘေးကင်းသော သင်ယူမှုပတ်ဝန်းကျင်များကဲ့သို့သော ကာကွယ်စောင့်ရှောက်မှု အစီအမံများကို ပေါင်းစပ်ထည့်သွင်းရန် လုပ်ဆောင်ချက် အစီအစဉ်များကို တည်ဆောက်နိုင်မည်။
- ဘေးကင်းပြီး လူတိုင်းအကျုံးဝင်သော သင်ယူမှုပတ်ဝန်းကျင် ဖန်တီးရန်နှင့် ကွဲပြားသော ပညာရေးဆိုင်ရာ အခြေအနေများတွင် ဆီလျော်မှုနှင့် ထိရောက်မှုကို သေချာစေရန်အတွက် "ဘေးမဖြစ်စေရေး (DO NO HARM)" မူကို လိုက်နာကာ နည်းဗျူဟာများကို လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲနိုင်မည်။
- ကျောင်းသားများ၏ ယဉ်ကျေးမှုနောက်ခံကို လေးစားလိုက်နာခြင်းဖြင့် ယဉ်ကျေးမှုနှင့်ကိုက်ညီသော အထောက်အကူပြုမှုများကို ပေးအပ်နိုင်မည်။
ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ
သင်ကြားပို့ချချက်များ
မိတ်ဆက်
၁။ ပဋိပက္ခဒေသရှိ ကျောင်းသားများ၏ လိုအပ်ချက်များကို နားလည်ခြင်း
ကျောင်းသား၏ ကိုယ်စိတ်နှစ်ဖြာကျန်းမာမှုအပေါ် ပဋိပက္ခ၏ သက်ရောက်မှု
ပဋိပက္ခဒေသများရှိ ကျောင်းသားများ၏ စိတ်ပိုင်းဆိုင်ရာ အတားအဆီးများ
ကိုယ်စိတ်နှစ်ဖြာကျန်းမာမှုဆိုင်ရာ အတားအဆီးများ၏ ကျောင်းသားများ သင်ယူမှုအပေါ် သက်ရောက်မှု
စိတ်ဒဏ်ရာ၏ သက်ရောက်မှုများ လေ့လာခြင်း
ဆရာအတတ်သင်နည်းပြများ၏ အခန်းကဏ္ဍ
ဖြစ်ရပ်လေ့လာမှု လုပ်ငန်း
အခန်း (၁) - ဉာဏ်စမ်းမေးခွန်းများ (၁)
အခန်း (၁) - ဉာဏ်စမ်းမေးခွန်းများ (၂)
အခန်း (၁) - ဉာဏ်စမ်းမေးခွန်းများ (၃)
၂။ ကျောင်းသားများ၏ စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာဆိုင်ရာ လက္ခဏာများကို သတိထား သိရှိခြင်း
စိတ်ဖိစီးမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အမျိုးအစားများ
စိတ်ဒဏ်ရာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
စိတ်ဒဏ်ရာနှင့် စိတ်ဖိစီးမှု ကွာခြားချက်များ
ကျောင်းသားများ၏ သိမြင်မှု ဖွံ့ဖြိုးတိုးတက်မှုအပေါ် စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာ၏ သက်ရောက်မှု
စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာ ခံစားနေရသော ကျောင်းသားများကို ပံ့ပိုးကူညီခြင်း- ဆရာများအတွက် လမ်းညွှန်
စိတ်ဒဏ်ရာ ခံစားခဲ့ရသော ကျောင်းသားများအား စိတ်ဒဏ်ရာကို ထည့်သွင်းစဉ်းစားသော ကြားဝင်ဆောင်ရွက်မှုများဖြင့် ပံ့ပိုးခြင်း
ဖြစ်ရပ်လေ့လာမှု လုပ်ငန်း
ပြန်လည်ဆန်းစစ်ခြင်း
အခန်း (၂) - ဉာဏ်စမ်းမေးခွန်းများ (၁)
အခန်း (၂) - ဉာဏ်စမ်းမေးခွန်းများ (၂)
အခန်း (၂) - ဉာဏ်စမ်းမေးခွန်းများ (၃)
၃။ ဘေးကင်းလုံခြုံပြီး လူတိုင်းအကျုံးဝင်မှုရှိသော သင်ယူမှု ပတ်ဝန်းကျင် ဖန်တီးခြင်း
ပညာရေးတွင် ပံ့ပိုးမှုပေးနိုင်သည့် အချက်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အမျိုးအစားများ
ပညာရေးတွင် ပံ့ပိုးမှုပေးနိုင်သည့် အချက်များ၏ အရေးပါမှု
လက်တွေ့အကောင်အထည်ဖော်မှု နည်းဗျူဟာများ
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများနှင့် ကိုင်တွယ်ဖြေရှင်းမှုဆိုင်ရာ နည်းဗျူဟာများ
ဖြစ်ရပ်လေ့လာမှု လုပ်ငန်း
စိတ်ဒဏ်ရာကို အလေးထားသော သင်ကြားမှု - လုံခြုံသော သင်ယူမှု ပတ်ဝန်းကျင် ဖန်တီးရန် ဘက်စုံချဉ်းကပ်ပုံ
စိတ်ဒဏ်ရာကို အလေးထားသော သင်ကြားမှုနှင့် သမားရိုးကျချဉ်းကပ်မှုများအကြား ကွာခြားချက်များ
စိတ်ဒဏ်ရာကို အလေးထားသော သင်ကြားမှု၏ အဓိက အင်္ဂါရပ်များ
စိတ်ဒဏ်ရာကို အလေးထားသော သင်ကြားမှု၏ ဆောင်ရန်/ရှောင်ရန် အဓိကအချက်များ
စိတ်ဒဏ်ရာကို အလေးထားသော သင်ကြားမှုအတွက် အဆင့် (၅) ဆင့်ချဉ်းကပ်ပုံ
စိတ်ဒဏ်ရာကို အလေးထားသော နည်းစနစ်အဖြစ် သရုပ်ဆောင် သင်ကြားသင်ယူခြင်း(Role-Play) ကို အသုံးပြုခြင်း
စိတ်ဒဏ်ရာကို အလေးထားသော နည်းစနစ်အဖြစ် ပုံပြင်ပြောခြင်း (Storytelling) ကို အသုံးပြုခြင်း
ပုံပြင် ဥပမာ - သန္တာနှင့် သူမ၏ မီးအိမ်ငယ်လေး
စိတ်ဒဏ်ရာကို အလေးထားသော နည်းစနစ်အဖြစ် ရွယ်တူချင်း ပံ့ပိုးမှု (Peer Support) ကို အသုံးပြုခြင်း
စိတ်ဒဏ်ရာကို အလေးထားသော နည်းစနစ်အဖြစ် အမြင်ဖလှယ်ခြင်း (Perspective-Taking) ကို အသုံးပြုခြင်း
ဖြစ်ရပ်လေ့လာမှု လုပ်ငန်း
အခန်း (၃) - ဉာဏ်စမ်းမေးခွန်းများ (၁)
အခန်း (၃) - ဉာဏ်စမ်းမေးခွန်းများ (၂)
အခန်း (၃) - ဉာဏ်စမ်းမေးခွန်းများ (၃)
၄။ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း (PFA) နှင့် တက်ကြွစွာ နားထောင်ခြင်း စွမ်းရည်များကို မြှင့်တင်ခြင်း
သင်ယူမှု ပတ်ဝန်းကျင်များတွင် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း (PFA)
စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းနှင့် ကျွမ်းကျင်သူများ၏စိတ်ပိုင်းဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုများအကြား ကွာခြားချက်
သင်ယူမှု ပတ်ဝန်းကျင်များတွင် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း လိုအပ်သည့် အချိန်နှင့် နေရာ
PFA ၏ အဓိက လုပ်ဆောင်ချက် သုံးခု
'ထိခိုက်မှု မဖြစ်စေရေး' မူဘောင်နှင့်အညီ ချဉ်းကပ်ပုံ (The 'DO NO HARM' Approach)
ယဉ်ကျေးမှုကို ထည့်သွင်းစဉ်းစားသည့် PFA ကို အကောင်အထည်ဖော်ခြင်း
ဘေးကင်းပြီး လူတိုင်းအကျုံးဝင်သော သင်ယူမှု ပတ်ဝန်းကျင်များအတွက် အားတက်သရော နားထောင်ပေးခြင်း
ဆရာများအတွက် အားတက်သရော နားထောင်ပေးခြင်းဆိုင်ရာ မိမိကိုယ်ကို အကဲဖြတ်စစ်ဆေးရန် စာရင်း
ဆရာများ၏ 'အားတက်သရော နားထောင်ပေးခြင်း ကျွမ်းကျင်မှုများ' ကို မြှင့်တင်ရန် လက်တွေ့ လုပ်ငန်းများ
ဖြစ်ရပ်လေ့လာမှု လုပ်ငန်း - အားတက်သရော နားထောင်ပေးခြင်း လုပ်ဆောင်မှု
အခန်း (၄) - ဉာဏ်စမ်းမေးခွန်းများ (၁)
အခန်း (၄) - ဉာဏ်စမ်းမေးခွန်းများ (၂)
အခန်း (၄) - ဉာဏ်စမ်းမေးခွန်းများ (၃)
အခန်း (၄) - ဉာဏ်စမ်းမေးခွန်းများ (၄)
ပြန်လည်ဆန်းစစ်ခြင်း
အကျဉ်းချုပ်
သင်တန်းအနှစ်ချုပ်
သက်ဆိုင်သော သင်တန်းများ
