အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

သင်ယူမှုအထောက်အထားမှတ်တမ်းဖြင့် စစ်ဆေးအကဲဖြတ်ခြင်း

5

(2 မှတ်ချက်)

Certified

5 hour(s)

82 စာရင်းသွင်းထားသူဦးရေ

1649 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

သမားရိုးကျ အတန်းတွင်း စစ်ဆေးမှုများနှင့် နှိုင်းယှဉ်ကြည့်ပါက  သင်ယူမှုအထောက်အထား မှတ်တမ်းများ (portfolios) သည် ပိုမို၍စစ်မှန်သော စစ်ဆေးအကဲဖြတ်မှုမျိုးကို ပေးစွမ်းနိုင်သည်ဟု ယူဆလေ့ရှိကြသည်။ portfolio တစ်ခုသည် ကျောင်းသားတစ်ဦးက သင်ယူလိုက်သည့်  အကြောင်းအရာကို နားလည်ကြောင်း သက်သေပြပေးရုံသာမဟုတ်ဘဲ  ၎င်းတို့အား ပြန်လည်အသုံးချနိုင်သည့် စွမ်းရည်ကို ဖော်ပြပေးသည်။ ဥပမာ စာမေးပွဲတစ်ခုသည် ဝတ္ထုတိုတစ်ခုတွင် ပါဝင်သော အစိတ်အပိုင်းများအပေါ် ကျောင်းသားများ၏ နားလည်မှုကို အကဲဖြတ်နိုင်သော်လည်း portfolio တစ်ခုတွင်မူ ဝတ္ထုတိုတစ်ပုဒ် ဖန်တီးရေးသားနိုင်သည့် ကျောင်းသားများ၏ စွမ်းရည်ကို ပြသနိုင်သည်။ ယခင် “ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် TCSF (TCSF for Teacher Professional Development)” ဟူသည့် သင်တန်းတွင် သင်ယူခဲ့သည့်အတိုင်း သင်ကြားရေး အတတ်ပညာတွင် ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်  (Teacher Competency Standards Framework-TCSF) ကဲ့သို့သော အညွှန်းဘောင်အပေါ် အခြေခံ၍ လုပ်ငန်းခွင်ဝင်စ ဆရာများကို အကဲဖြတ်နိုင်မည့်အပြင် ၎င်းတို့၏ တတ်ကျွမ်းမှုများကိုပြသနိုင်ရန်အတွက် သင်ကြားရေးအတတ်ပညာ အထောက်အထားမှတ်တမ်း (professional portfolio) တစ်ခုကို ရေးဆွဲနိုင်မည်ဖြစ်သည်။  ရှေ့တွင် ပို့ချခဲ့ပြီးသော “ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် TCSF (TCSF for Teacher Professional Development)” ဟူသည့် သင်တန်းအပေါ် အခြေခံပြီး ဤသင်တန်းကို ရေးဆွဲထားသည်။ ထို့ပြင် ဆရာများသည် portfolio ကို စစ်ဆေးအကဲဖြတ်သည့် နည်းကိရိယာအဖြစ် အသုံးပြုရသည့် အကြောင်းရင်းနှင့် အသုံးပြုပုံကို ပိုမိုစူးစမ်းလေ့လာနိုင်မည်။ ထို့နောက် လုပ်ငန်းခွင်၌ တာဝန်ထမ်းဆောင်စ ဆရာများသည် ၎င်းတို့၏ သင်ကြားရေးစွမ်းရည်ကို ပြန်လည်သုံးသပ်ရန် professional portfolio ကို အသုံးပြုသည့် နမူနာများကို ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။ ဤသင်တန်းတွင် အောက်ပါ မော်ဂျူးများကို လေ့လာရပါမည်။

မော်ဂျူး (၁) သင်ယူမှုအထောက်အထားမှတ်တမ်း (portfolio) ဖြင့် စစ်ဆေးအကဲဖြတ်ခြင်းကို မိတ်ဆက်ခြင်း

(၁.၁) ‘သင်ယူမှုကို စစ်ဆေးအကဲဖြတ်ခြင်း’နှင့် ‘သင်ယူမှုအတွက် စစ်ဆေးအကဲဖြတ်ခြင်း’ တို့တွင် portfolio ကို အသုံးပြုခြင်း

(၁.၂) Portfolio ဖြင့် စစ်ဆေးအကဲဖြတ်ခြင်း အမျိုးအစားများ၊ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများ

(၁.၃) Portfolio ကို အမှတ်ပေးခြင်း

မော်ဂျူး (၂) သင်ကြားရေး အတတ်ပညာ အထောက်အထားမှတ်တမ်း (professional portfolio)

(၂.၁) 'သင်ယူခြင်း၊ အသုံးချခြင်း၊ ပြန်လည်သုံးသပ်ခြင်း' လုပ်ငန်းစဉ်

(၂.၂) Professional portfolio တစ်ခုကို တည်ဆောက်ခြင်း

အဓိကအသုံးအနှုန်းများ

သင်ယူမှုကို စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူမှုအတွက် စစ်ဆေးအကဲဖြတ်ခြင်း၊ မြန်မာနိုင်ငံ ဆရာ့တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF) ၊ တတ်ကျွမ်းမှု စံနှုန်းများ၊ အပိုင်းအခြားများ၊ အနိမ့်ဆုံးလိုအပ်ချက်များ၊ အညွှန်းကိန်းများ၊ အတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ သင်ယူမှုအထောက်အထားမှတ်တမ်းတွင်ပါရှိသည့် အကြောင်းအရာများ၊ သင်ကြားရေး အဆိုပြုချက်/သဘောတရား၊ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် အကဲဖြတ်ဇယား (TCSF Tracker)

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်းတွင် ဆရာများသည် ကျောင်းသားများ၏ စွမ်းဆောင်ရည်ကို စစ်ဆေးအကဲဖြတ်ရန်နှင့် ဆရာတစ်ယောက်အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်တိုးတက်မှုကို စစ်ဆေးအကဲဖြတ်ရန်အတွက် နည်းကိရိယာများအဖြစ် portfolio များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်စေရန် ရည်ရွယ်ပါသည်။

သင်ယူမှုရလဒ်များ

ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -

  • သင်ယူမှုအထောက်အထားမှတ်တမ်း (portfolio) အမျိုးအစား နှစ်ခုကို ခွဲခြားတတ်မည်။
  • Portfolio ဖြင့် စစ်ဆေးအကဲဖြတ်ရာတွင် ‘သင်ယူမှုကို စစ်ဆေးအကဲဖြတ်ခြင်း’နှင့် ‘သင်ယူမှုအတွက် စစ်ဆေးအကဲဖြတ်ခြင်း’ ချဉ်းကပ်မှုနှစ်ခုစလုံးကို မည်သို့ ထည့်သွင်းလုပ်ဆောင်နိုင်ကြောင်းကို ရှင်းပြတတ်မည်။
  • စစ်ဆေးအကဲဖြတ်ခြင်းအတွက်  portfolio များကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများကို စာရင်းပြုစုတတ်မည်။
  • Portfolio များကို အဆင့်သတ်မှတ်ရာတွင် အသုံးပြုသော အမှတ်ပေးသည့် နည်းကိရိယာများကို ခွဲခြားသတ်မှတ်တတ်မည်။
  • သင်ယူခြင်း-အသုံးချခြင်း-ပြန်လည်သုံးသပ်ခြင်း' လုပ်ငန်းစဉ်ကို စုံစမ်းလေ့လာတတ်မည်။
  • ဂစ်ဘ် (Gibb) ၏ ပြန်လည်သုံးသပ်မှုလုပ်ငန်းစဉ် အဆင့်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ဆရာများနှင့် ကျောင်းသားများအတွက် ပြန်လည်သုံးသပ်ခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးတတ်မည်။
  • မြန်မာနိုင်ငံ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်မှ ဖော်ပြထားရှိသည့် တတ်ကျွမ်းမှု နယ်ပယ်များကို ပြန်လည်ဆန်းစစ်နိုင်မည်။
  • မြန်မာနိုင်ငံ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် အကဲဖြတ်ဇယား (TCSF tracker) နှင့်သက်ဆိုင်သည့် professional portfolio တွင် ထည့်သွင်းနိုင်သော အထောက်အထား အမျိုးအစားများကို ခွဲခြားသတ်မှတ်နိုင်မည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

သင်တန်းမိတ်ဆက်

မော်ဂျူး ၁။ သင်ယူမှုအထောက်အထားမှတ်တမ်းဖြင့် စစ်ဆေးအကဲဖြတ်ခြင်းကို မိတ်ဆက်ခြင်း

မော်ဂျူး ၁။ မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ

၁.၁။ ‘သင်ယူမှုကို စစ်ဆေးအကဲဖြတ်ခြင်း’နှင့် ‘သင်ယူမှုအတွက် စစ်ဆေးအကဲဖြတ်ခြင်း’တို့တွင် portfolio ကို အသုံးပြုခြင်း

မော်ဂျူး (၁.၂) အတွက် ဉာဏ်စမ်းမေးခွန်း

လေ့ကျင့်ရန် - Portfolio ဖြင့် စစ်ဆေးအကဲဖြတ်ခြင်း အမျိုးအစားများ

Portfolio ၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများ

၁.၃။ Portfolio ကို အမှတ်ပေးခြင်း

လေ့ကျင့်ရန် - portfolio တစ်ခုကို ဖန်တီးပြုစုခြင်းအတွက် သင်ယူမှုရလဒ်များ

မော်ဂျူး (၁.၃) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး ၂။ သင်ကြားရေး အတတ်ပညာ အထောက်အထားမှတ်တမ်း (Teaching professional portfolio)

မော်ဂျူး ၂။ မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ

၂.၁။ 'သင်ယူခြင်း၊ အသုံးချခြင်း၊ ပြန်လည်သုံးသပ်ခြင်း' လုပ်ငန်းစဉ်

သင်ယူခြင်း-အသုံးချခြင်း-ပြန်လည်သုံးသပ်ခြင်း 

သင်ယူ-အသုံးချ-ပြန်လည်သုံးသပ်’ သည့် သင်နည်းဗေဒဆိုင်ရာ ချည်းကပ်နည်းများကို  ဒုတိယတန်းတွင် ကျင့်သုံးခြင်း 

လေ့ကျင့်ရန် - ဆရာကျော်ဝင်း၏ စိတ်မှန်းဖြစ်ရပ်အတွက် ပုံကြမ်းကို ဖြည့်စွက်ခြင်း

လေ့ကျင့်ရန် - ဂစ်ဘ်၏ ပြန်လည်သုံးသပ်မှုဖြစ်စဉ်

သင်ကြား၊ သင်ယူမှုအတွက် ပြန်လည်သုံးသပ်ခြင်း အလေ့အကျင့်၏ အကျိုးကျေးဇူးများ

မော်ဂျူး (၂.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၂.၂။ သင်ကြားရေးအတတ်ပညာ အထောက်အထားမှတ်တမ်း (Teacher professional portfolio) တစ်ခုကို တည်ဆောက်ခြင်း

လေ့ကျင့်ရန် - ဆရာကျော်ဝင်း၏ သင်ခန်းစာမှ ရရှိနိုင်မည့် တတ်ကျွမ်းမှုများ

professional portfolio ၏ အတွေ့ရများသော အစိတ်အပိုင်းများ

လေ့ကျင့်ရန် - ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် -သင်ယူမှုအထောက်အထားမှတ်တမ်း (TCSF Portfolio)

လေ့ကျင့်ရန် - စတုထ္တတန်း လက်တွေ့တန်းပြစာသင်ခန်းတစ်ခု၏ စိတ်မှန်းဖြစ်ရပ်

လေ့ကျင့်ရန် - စတုထ္တတန်း လက်တွေ့တန်းပြစာသင်ခန်းတစ်ခု၏ စိတ်မှန်းဖြစ်ရပ် (အဆက်)

ဒေါ်ချိုချိုလွင်၏ လက်တွေ့တန်းပြစာသင်ခန်းအတွက် ဗီဒီယိုကိုကြည့်ပါ။ (To insert video)

လေ့ကျင့်ရန် - တန်း သိပ္ပံအတန်းတစ်ခု၏ စိတ်မှန်းဖြစ်ရပ်

မော်ဂျူး (၂.၂) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၂) အနှစ်ချုပ်

သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများ/ထပ်ဆောင်းရင်းမြစ်များ

သက်ဆိုင်သော သင်တန်းများ

chatGPTicon