မူလတန်းအထူးပြု စာရိတ္တနှင့်ပြည်သူ့နီတိ အဆင့်မြင့်သင်ကြားနည်း
4
(1 မှတ်ချက်)
Certified
6 hour(s)
168 စာရင်းသွင်းထားသူဦးရေ
1561 ကြည့်ရှုထားသူဦးရေ

Share On :
သင်တန်းအကြောင်းအရာ ဖော်ပြချက်
သင်တန်းရည်ရွယ်ချက်များ
- စာရိတ္တဆိုင်ရာ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် မှန်ကန်သော ဆုံးဖြတ်ချက်နှင့် မှန်ကန်သော အပြုအမူကို ရရှိခြင်းဖြင့် သိမြင်နှံ့စပ်၊ တာဝန်ကျေသော နိုင်ငံသားတစ်ဦး ဖြစ်လာစေရန်
- လူ့အခွင့်အရေး၏ တန်ဖိုးကို လေးစားစေရန်နှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ယူမှုကို သရုပ်ပြရန်
- တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်
- ဒေသဆိုင်ရာ နိုးကြားသိရှိမှုသာမက ကမ္ဘာလုံးဆိုင်ရာ ရှုထောင့်များကိုပါ သိမြင်နှံ့စပ်သော နိုင်ငံသားကောင်းများ ဖြစ်စေရန်
သင်ယူမှုရလဒ်များ
- မြန်မာအမျိုးသားသင်ရိုးညွှန်းတမ်းအညွှန်းဘောင် (ဆဋ္ဌမအကြိမ်) အရ စာရိတ္တ နှင့် ပြည်သူ့နီတိနှင့်စပ်လျဉ်းသော “မူလတန်းပညာရေး ရည်မှန်းချက်များ”ကို ဆွေးနွေးတတ်မည်။
- စာရိတ္တနှင့် ပြည်သူ့နီတိ ပညာရေးနှင့် ဆက်စပ်နေသော ဆရာများအတွက် တတ်ကျွမ်းမှုဆိုင်ရာ စံသတ်မှတ်ချက်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- မျှော်မှန်းထားသည့် ဆရာများအတွက် တတ်ကျွမ်းမှုများနှင့် မူလတန်းပညာရေး ရည်မှန်းချက်များအကြား ဆက်နွှယ်မှုကို ပုံဖော်ခြင်းဖြင့် ဆရာ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
- မူလတန်းကျောင်းတွင် စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြား၊သင်ယူမှုအတွက် ဆီလျော်သော သင်နည်းဗေဒဆိုင်ရာ နည်းလမ်းများကို ဆွေးနွေးတတ်မည်။
- မူလတန်းအောက်ဆင့်တွင် စာရိတ္တနှင့် ပြည်သူ့နီတိဆိုင်ရာ အယူအဆအား နားလည်သဘောပေါက်မှု တိုးလာစေရန်အတွက် ရွေးချယ်ထားသော သင်နည်းဗေဒဆိုင်ရာ နည်းလမ်း၏ အကျိုးကျေးဇူးများကို ရှင်းပြတတ်မည်။
- တန်ဖိုးထားမှုများ၊ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်ဟူသည့် ဝေါဟာရများကို နှိုင်းယှဉ်တတ်မည်။
- တန်ဖိုးထားမှုများ၊ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်များမှ တစ်မျိုးမျိုးဖြစ်စေ၊ သုံးမျိုးစလုံးဖြစ်စေ ပြုမူပုံ (သို့မဟုတ်) ဆောင်ရွက်ပုံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးလျက်ရှိသည့် အတွေ့အကြုံတစ်ခုကို ပြန်လည် သုံးသပ်တတ်မည်။
- ‘နောက်ခံသင်ရိုး’ နှင့် ဆက်နွှယ်နေသည့် ၎င်းတို့၏ ကိုယ်ပိုင်တန်ဖိုးထားမှုများ၊ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်တို့ကို နားလည်ရန် အဘယ်ကြောင့် အရေးကြီးကြောင်း ရှင်းပြတတ်မည်။
- မူလတန်းအောက်ဆင့် ကျောင်းသားတစ်ဦး၏ ပညာရေးအပေါ် လွှမ်းမိုးမှုရှိသော သမားရိုးကျ ဩဇာလွှမ်းမိုးမှုများနှင့် အလွတ်သဘော ဩဇာလွှမ်းမိုးမှုများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- အပြိုင်ဖြစ်နေသော လွှမ်းမိုးမှုများ၊ စိတ်လှုပ်ရှားမှုများ၊ အတွေးများနှင့် လူမှုတန်ဖိုးများသည် ကျောင်းသားတစ်ယောက်၏ အပြုအမူအပေါ်တွင် ဖြစ်စေ၊ သင်ယူမှုသဘောထားအပေါ်တွင် ဖြစ်စေ၊ နှစ်မျိုးစလုံးအပေါ်တွင်ဖြစ်စေ မည်သို့ အကျိုးသက်ရောက်မှုရှိကြောင်း သတ်မှတ်ဖော်ထုတ်တတ်မည်။
- ‘မြန်မာကျောင်းဆရာ’ တစ်ယောက်အဖြစ် မိမိ၏အခန်းကဏ္ဍတွင် ရှိနေနိုင်သည့် အပြိုင်ဖြစ်နေသော လွှမ်းမိုးမှုများ၊ စိတ်လှုပ်ရှားမှုများ၊ အတွေးများနှင့် လူမှုတန်ဖိုးများ၏ အကျိုးသက်ရောက်မှုကို ပြန်လည်သုံးသပ်တတ်မည်။
- ‘လူမှုရေးအသိရှိမှု’ အကြောင်းကို ကွဲပြားစုံလင်မှုကို အသိအမှတ်ပြုခြင်း၊ အခြားသူများကို လေးစားခြင်းနှင့် လူတိုင်းအကျုံးဝင်မှုရှိခြင်း စသည်တို့နှင့် ဆက်စပ်၍ အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။ • လူမှုရေးအသိရှိမှုနှင့် မျှဝေတွေးခေါ်စာနာမှုတို့၏ ဆက်နွှယ်မှုကို ရှင်းပြတတ်မည်။
- လူမှုရေးကျင့်ဝတ်များအရ စံပြုထိုက်သည့် ဆရာတစ်ယောက်၏ အပြုအမူနှင့် လုပ်ဆောင်ချက်များသည် ၎င်းတို့၏ ပညာရေးအပေါ်မည်သို့လွှမ်းမိုးမှုရှိကြောင်း ဖွင့်ဆိုရှင်းပြတတ်မည်။
- မိမိ၊ အခြားသူများ၊ အုပ်စုများနှင့် လူ့အဖွဲ့အစည်း၊ သဘာဝတရားနှင့် ကမ္ဘာလုံးဆိုင်ရာ ဟူသော နယ်ပယ် လေးမျိုးမှတစ်ဆင့် မူလတန်း သင်ရိုးညွှန်းတမ်းရှိ ‘ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ” သင်ယူမှုနယ်ပယ်ကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- ရပိုင်ခွင့်များ၊ တာဝန်ဝတ္တရားများနှင့် စပ်လျဉ်း၍ မူလတန်းကျောင်းသားများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်မည့် အဓိကအယူအဆများ၊ ကျွမ်းကျင်မှုများနှင့် ပင်ကိုစရိုက်များ၊ တန်ဖိုးထားမှုများကို ဆန်းစစ်တတ်မည်။
- ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများအကြောင်း သင်ယူရာတွင် လေးနက်စွာ ဆန်းစစ် ဝေဖန်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အရေးပါပုံကို ဆွေးနွေးတတ်မည်။
- ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို လေ့လာဖော်ထုတ်နိုင်သည့် လုပ်ငန်းတစ်ရပ် ဖန်တီးခြင်းအတွက် သင်နည်းဗေဒဆိုင်ရာနည်းလမ်း ရွေးချယ်မှုကို ကျိုးကြောင်းသင့် ရှင်းပြတတ်မည်။
- “ကလေးသူငယ်တိုင်း ပညာသင်ယူပိုင်ခွင့်ရှိသည်” ဟူသော ထုတ်ပြန်ချက်၏ အရေးပါပုံကို ရှင်းပြတတ်မည်။
- သင်ယူမှုဆိုင်ရာ အတားအဆီးများကို ဖြေရှင်းရန် ‘သာတူညီမျှမှု’နှင့် ‘တန်းတူညီမျှမှု’တို့၏ ကွဲပြားခြားနားချက်ကို ပုံဖော်ပြသနိုင်သည့် သာဓကများ ပေးတတ်မည်။
- ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ဆောင်ရာတွင် အများဆန္ဒအတိုင်း ဖြစ်သော “ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ” ရေးဆွဲခြင်းအတွက် နည်းလမ်းတစ်ရပ်ကို လက်တွေ့ကျင့်သုံးတတ်မည်။
- ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်နှင့် “ပညာရေး ကျင့်ဝတ်ငါးသွယ်” အရ ဆရာ၏ တာဝန်များကို ပြန်လည်ဆန်းစစ်တတ်မည်။
- စာသင်ခန်း နောက်ခံအခြေအနေတွင် ကျောင်းသားနှင့် ဆရာ၏ ရပိုင်ခွင့်၊ တာဝန်ဝတ္တရားများနှင့် ပတ်သက်သော ကိစ္စရပ်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- စိတ်မှန်းဖြစ်ရပ်ကို ဆန်းစစ်လေ့လာမှုနှင့် တာဝန်ယူမှုရှိသော မြန်မာကျောင်းဆရာ တစ်ဦးဖြစ်လာခြင်းအပေါ် နောက်ဆက်တွဲ သက်ရောက်မှုတို့နှင့် သက်ဆိုင်သော မိမိ၏ ဘက်လိုက်မှုများကို ဆန်းစစ်ဝေဖန်တတ်မည်။
- သင်ခန်းစာများတစ်လျှောက် လေ့လာဖော်ထုတ်ထားသည့် ဘာသာရပ် အကြောင်းအရာနှင့် သင်နည်းဗေဒဆိုင်ရာ နည်းလမ်းများကို ပြန်လည်သုံးသပ် တတ်မည်ဖြစ်ပြီး မူလတန်းအောက်ဆင့်တွင် စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားခြင်းအတွက် သင်နည်းဗေဒဆိုင်ရာ အသိပညာများ နောက်ဆက်တွဲ ဖွံ့ဖြိုးတိုးတက်လာမှုကို ရှင်းပြတတ်မည်။
- အခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်း မူဝါဒကို ဆွေးနွေးခြင်းဖြင့် မူလတန်းအောက်ဆင့်တွင် စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြား၊ သင်ယူခြင်းနှင့် သက်ဆိုင်သော စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- သူငယ်တန်းကျောင်းသားများ၏ လူမှုစိတ်လှုပ်ရှားမှုနှင့် ကိုယ်ကျင့်တရား ဖွံ့ဖြိုးတိုးတက်မှု၊ ဆက်သွယ်ပြောဆိုမှုဆိုင်ရာ ကျွမ်းကျင်မှုများ၊ စာရိတ္တနှင့် ပြည်သူ့နီတိ သင်ယူလေ့လာမှုနှင့် ဆက်စပ်နေသော အကြောင်းအရာများကို မည်သို့ စစ်ဆေးအကဲဖြတ်ရကြောင်း ဖော်ပြတတ်မည်။
- စာရိတ္တနှင့် ပြည်သူ့နီတိ သင်ယူရာတွင် ပထမတန်းနှင့် ဒုတိယတန်းကျောင်းသားများ၏ လေးနက်စွာ ဆန်းစစ်ဝေဖန်မှု၊ နိုင်ငံသားဖြစ်မှု၊ ဆက်သွယ်ပြောဆိုမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တီထွင်ဖန်တီးမှုများကို စစ်ဆေးအကဲဖြတ်ခြင်းအတွက် အခွင့်အလမ်းများ သတ်မှတ်ဖော်ထုတ်တတ်မည်။
- မူလတန်းအောက်ဆင့်အတွက် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများနှင့် ဓလေ့ထုံးတမ်းများ (ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ သို့မဟုတ် လူမှုရေးဆိုင်ရာ အုပ်စုများ) အကြား ကွဲပြားခြားနားချက်ကို ဖော်ပြတတ်မည်။
- စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများနှင့် ဓလေ့ထုံးတမ်းများ (ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ သို့မဟုတ် လူမှုရေးဆိုင်ရာ အုပ်စုများ) ၏ ကွဲပြား ခြားနားချက်များကို နားလည်မှုသည် ကျောင်းသားများအတွက် အဘယ်ကြောင့် အရေးပါကြောင်းကို ရှင်းပြတတ်မည်။
- ဒီမိုကရေစီ၏ အခြေခံသဘောတရားများကို ခေါင်းဆောင်မှုပုံစံ တစ်ခုအဖြစ် ဖော်ပြတတ်မည်။
- အတန်းတွင်း စည်းမျဉ်းစည်းကမ်းများ (ရပိုင်ခွင့်များ၊ တာဝန်ဝတ္တရားများနှင့် အကျိုးဆက်များ) ကို ချမှတ်ခြင်းအတွက် ဒီမိုကရေစီဝါဒ အခြေခံသော လုပ်ငန်းစဉ်တစ်ရပ်ကို ရေးဆွဲတတ်မည်။
- ခေါင်းဆောင်ကောင်းများနှင့် နောက်လိုက်ကောင်းများ ဖြစ်ပေါ်လာနိုင်စွမ်းရှိသည့် ဒီမိုကရေစီဝါဒ အခြေခံသော လုပ်ငန်းစဉ်တစ်ရပ်ကို အကဲဖြတ်သုံးသပ်တတ်မည်။
- မူလတန်းအောက်ဆင့် ကျောင်းသားများအတွက် စာသင်ခန်း၊ ကျောင်း၊ ရပ်ရွာနှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ဖော်ထုတ်သည့် လုပ်ငန်းတစ်ရပ်ကို ရေးဆွဲတတ်မည်။
- ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို အဘယ်ကြောင့် ရေးဆွဲထားကြောင်း ဆွေးနွေးတတ်မည်ဖြစ်ပြီး ဆရာကျင့်ဝတ်ငါးပါးမှ သာဓကများ ပေးတတ်မည်။
- သူငယ်တန်းမှ ဒုတိယတန်းအထိ ကျောင်းသားများအတွက် အွန်လိုင်း ပတ်ဝန်းကျင်များတွင် ဘေးကင်းလုံခြုံစွာ နေထိုင်ခြင်းမှာ မည်သည်ကို ဆိုလိုကြောင်း ဆွေးနွေးတတ်မည်။
- မူလတန်းအောက်ဆင့် ကျောင်းသားများသည် ဘေးကင်းလုံခြုံမှု မရှိကြောင်း ခံစားရလျှင် မည်သူကို ပြောပြသင့်ကြောင်း သတ်မှတ်ဖော်ထုတ်နိုင်သည့် လုပ်ငန်းတစ်ရပ်ကို ရေးဆွဲတတ်မည်။
- ဆရာများနှင့် မူလတန်း ကျောင်းသားများအတွက် ဘေးကင်းလုံခြုံပြီး စိတ်ချယုံကြည်ရသော အွန်လိုင်းလုပ်ဆောင်ပုံများကို လမ်းညွှန်ပေးသည့် ရင်းမြစ်များကို စုစည်းတတ်မည်။
- မူလတန်းအောက်ဆင့် စာသင်ခန်းတွင် ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားစုံလင်မှုသည် မည်သည်ကို ဆိုလိုကြောင်း သရုပ်ပြသင်ကြားတတ်မည်။
- လူများနှင့် လူအုပ်စုများ၏ ကွဲပြားခြားနားချက်များနှင့် တူညီချက်များကို တန်ဖိုးထားခြင်းသည် မည်သည်ကို ဆိုလိုကြောင်း သရုပ်ပြသင်ကြားတတ်မည်။
- ပဋိပက္ခများကို ငြိမ်းချမ်းသောနည်းဖြင့် ညှိနှိုင်းဖြေရှင်းရန် အချင်းချင်း၏ အမြင်များကို နားထောင်ရန် အဘယ်ကြောင့် လိုအပ်ကြောင်း ဖော်ပြတတ်မည်။
- ငြိမ်းချမ်းသော နည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းသူတစ်ဦး၏ထူးခြားသော လက္ခဏာများကို နမူနာလုပ်ပြရန် အရုပ်ငယ်များအသုံးပြု၍ လုပ်ဆောင်သည့် လုပ်ငန်းတစ်ခုကို ပြင်ဆင်တတ်မည်။
- ‘အပြုသဘောဆောင်သော’ တုံ့ပြန်မှုများနှင့် ‘အပျက်သဘောဆောင်သော’ တုံ့ပြန်မှုများကို သရုပ်ပြသင်ကြားရန် လုပ်ငန်းတစ်ရပ်တွင် ရည်ရွယ်ချက်ရှိရှိ ရွေးချယ်အသုံးပြုထားသော ဘာသာစကားကို ညွှန်ပြတတ်မည်။
- ကျောင်းသားအားလုံး၏ အတွေးအခေါ်များကို တန်ဖိုးထားသည့် စာသင်ခန်း အတွင်း “အဖွဲ့ဝင်ဖြစ်သည်ဟူသော ခံစားချက်” ကို မည်သို့ဖန်တီးရကြောင်း ရှင်းပြတတ်မည်။
- ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်း၊ ပူဆွေးသောကရောက်ခြင်းနှင့် ပျော်ရွှင် ဝမ်းမြောက်ခြင်း ကဲ့သို့သော စိတ်လှုပ်ရှားမှုများအကြောင်း ဆွေးနွေးမှုကို အဆင့်ဆင့် ပံ့ပိုးကူညီသည့် လုပ်ငန်းတစ်ရပ်ကို ပြင်ဆင်တတ်မည်။
- စိတ်လှုပ်ရှားမှုဆိုင်ရာ တုံ့ပြန်မှုများကို ထိန်းကျောင်းသည့် နည်းလမ်းများကို ကျောင်းသားများ သင်ယူရာတွင် အထောက်အကူ ဖြစ်စေရန် စိတ်လှုပ်ရှားမှုများကို သတ်မှတ်ဖော်ထုတ်ခြင်းနှင့် ပတ်သက်သော ထပ်ဆောင်းလုပ်ငန်းတစ်ရပ်အား မည်သို့ လုပ်ဆောင်ရကြောင်းကို ရှင်းပြတတ်မည်။
- လူမှုကျင့်ဝတ်များ၊ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ၊ စည်းကမ်းရှိခြင်းနှင့် ငြိမ်းချမ်းစွာ နေထိုင်ခြင်း၏ အဓိကအကြောင်းအရာများကို ပေါင်းစပ်ထားသော ပိုစတာတစ်ခုကို ရေးဆွဲတတ်မည်။
- စာရိတ္တနှင့်ပြည်သူ့နီတိတွင် လေ့လာဖော်ထုတ်ထားသည့် အဓိကအကြောင်းအရာများကို ပြန်လည်သုံးသပ်တတ်ပြီး မြန်မာကျောင်းဆရာဖြစ်လာရန် ဤနားလည်သဘောပေါက်မှုက မည်သို့ပံ့ပိုးပေးကြောင်း ဆွေးနွေးတတ်မည်။
ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ
သင်ကြားပို့ချချက်များ
သင်တန်းမိတ်ဆက်
မော်ဂျူး(၁)။ စာရိတ္တနှင့် ပြည်သူ့နီတိ အသိပညာကို စုစည်းခိုင်မာစေခြင်း
၁.၁။ စာရိတ္တနှင့် ပြည်သူ့နီတိပညာရေး
၁.၁.၁။ မူလတန်းအောက်ဆင့် စာရိတ္တနှင့် ပြည်သူ့နီတိဆိုင်ရာ တတ်ကျွမ်းမှုများ
ကမ္ဘာ့နိုင်ငံသားနီတိ
ဆရာများ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ
သင်ယူမှုလုပ်ငန်းစဉ်တွင် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း
စာရိတ္တနှင့် ပြည်သူ့နီတိဆိုင်ရာ တန်ဖိုးထားမှုနှင့် နယ်ပယ်များ
စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားမည့်အကြောင်းအရာများနှင့် အစီအစဉ်များ
မြန်မာနိုင်ငံ၏ အခြေခံပညာသင်ရိုးညွှန်းတမ်းဆိုင်ရာ လမ်းညွှန်မူများ
မော်ဂျူး (၁.၁)အတွက် သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၁.၁) အိမ်စာလုပ်ငန်း
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
၁.၂။ မူလတန်းအောက်ဆင့်တွင် စာရိတ္တနှင့် ပြည်သူ့နီတိကို သင်ကြားခြင်း
၁.၂.၁။ မူလတန်း အောက်ဆင့်တွင် စာရိတ္တနှင့် ပြည်သူ့နီတိပညာရေးအတွက် သင်နည်းဗေဒဆိုင်ရာ အသိပညာ၏ အရေးပါပုံ
ယဉ်ကျေးမှုနှင့် ဆက်နွှယ်သော သင်နည်းဗေဒ
ကိုးကားမှုအညွှန်းဘောင် သို့မဟုတ် “အဓိပ္ပာယ်ဖွင့်ဆိုသည့် ရှုထောင့်”
အသွင်ပြောင်းသင်နည်းဗေဒ (Transformative Learning Approach)
သင်နည်းဗေဒ နည်းလမ်းလေးမျိုး
မော်ဂျူး (၁.၂)အတွက် သင်ယူမှုလုပ်ငန်း (၁)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
မော်ဂျူး (၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူး (၁) အဆုံး ပြန်လည်သုံးသပ်ချက်
မော်ဂျူး (၂)။ လူမှုရေးကျင့်ဝတ်
၂.၁။ စာရိတ္တ ကောင်းမွန်သော ဆရာတစ်ဦး ဖြစ်လာရန် လူမှုရေးကျင့်ဝတ်များကို ကျင့်သုံးခြင်း
၂.၁.၁။ လူသားတန်ဖိုးများနှင့် လူမှုရေးကျင့်ဝတ်များ
ကျင့်ဝတ်/ပြုမူဆောင်ရွက်မှုဆိုင်ရာ စည်းကမ်း
မော်ဂျူး (၂.၁)အတွက် သင်ယူမှုလုပ်ငန်း (၁)
အဖြေမှန်ရွေးပါ။
၅။ အဖြေမှန်များကိုယှဉ်တွဲပါ။
၂.၁.၂။ လူမှုရေးကျင့်ဝတ် သင်ကြားခြင်း
ဩဇာလွှမ်းမိုးသူများနှင့် လွှမ်းမိုးမှုများ
လူမှုတန်ဖိုးများ
မော်ဂျူး (၂.၁)အတွက် သင်ယူမှုလုပ်ငန်း (၂)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
၂.၁.၃။ မူလတန်းအောက်ဆင့်တွင် လူမှုရေးကျင့်ဝတ်များ သင်ကြားခြင်း
သိမှုဆိုင်ရာကျွမ်းကျင်မှုနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာကျွမ်းကျင်မှု
လူမှုစိတ်ခံစားချက်များ ကိုင်တွယ်နည်းကို သင်ယူခြင်း အဆင့် (၃) ဆင့်
မျှဝေတွေးခေါ်စာနာခြင်း နှင့် သတိရှိခြင်း
မော်ဂျူး (၂.၁)အတွက် သင်ယူမှုလုပ်ငန်း (၃)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
၂.၁.၄။ လူမှုရေးကျင့်ဝတ်များနှင့် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းကို တန်ဖိုးထားခြင်း
သင်ယူမှုပတ်ဝန်းကျင် ဖန်တီးခြင်း
ထိရောက်သော ဆက်သွယ်ပြောဆိုမှု
သင်ယူမှုကို မြှင့်တင်ပေးခြင်း
မော်ဂျူး (၂.၁)အတွက် သင်ယူမှုလုပ်ငန်း (၄)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
မော်ဂျူး (၂) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၂) အနှစ်ချုပ်
မော်ဂျူး (၂) အဆုံး ပြန်လည်သုံးသပ်ချက်
မော်ဂျူး (၃)။ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ
၃.၁။ မူလတန်းအဆင့်ရှိ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ
၃.၁.၁။ မူလတန်းကျောင်းတွင် ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ
မော်ဂျူး (၃.၁)အတွက် သင်ယူမှုလုပ်ငန်း (၁)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
၃.၁.၂။ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို သင်ကြားခြင်း
သင်ယူသူကိုယ်တိုင် တက်ကြွစွာ ဦးဆောင်ပါဝင်သည့် သင်ယူမှု
စည်းမျဉ်းများနှင့် နည်းလမ်းများ
မော်ဂျူး (၃.၁)အတွက် သင်ယူမှုလုပ်ငန်း (၂)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
၃.၁.၃။ မူလတန်းအောက်ဆင့်တွင် ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို သင်ကြားခြင်း
တန်းတူညီမျှမှု နှင့် သာတူညီမျှမှု
ကလေးအလုပ်သမားဆိုင်ရာ အတားအဆီးများ
လုပ်ငန်းအလေ့အထတူ အသိုက်အဝန်း ဖန်တီးခြင်း
စာသင်ခန်းတွင်း ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ ဥပမာ
သူငယ်တန်းကျောင်းသားများအတွက် ချဉ်းကပ်မှု
မော်ဂျူး (၃.၁) အတွက် သင်ယူမှုလုပ်ငန်း (၃)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
၃.၁.၄။ တာဝန်ယူမှုရှိသော မြန်မာကျောင်းဆရာတစ်ဦးဖြစ်လာခြင်း
ဆရာ၏ ကျင့်ဝတ်ဆိုင်ရာ တာဝန်ဝတ္တရားများ
စဉ်ဆက်မပြတ် တိုးတက်မှုနှင့် ကိုယ်တိုင်ဆန်းစစ်ခြင်း
မော်ဂျူး (၃.၁)အတွက် သင်ယူမှုလုပ်ငန်း (၄)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
မော်ဂျူး (၃) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၃) အနှစ်ချုပ်
မော်ဂျူး (၃) အဆုံး ပြန်လည်သုံးသပ်ချက်
မော်ဂျူး (၄)။ သင်ကြား၊ သင်ယူမှု နည်းလမ်းများနှင့် စစ်ဆေးအကဲဖြတ်မှု ချဉ်းကပ်နည်းများကို ပြန်လည်သုံးသပ်ခြင်း
၄.၁။ စာရိတ္တနှင့် ပြည်သူ့နီတိအတွက် သင်ကြားခြင်း၊ သင်ယူခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများ
၄.၁.၁။ မူလတန်းအောက်ဆင့် စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားခြင်း၊ သင်ယူခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများ
သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်း
ကြည့်ရှုလေ့လာခြင်း
စာသင်ခန်းအဆင့် စစ်ဆေးအကဲဖြတ်ခြင်း
ထိရောက်သော တုံ့ပြန်အကြံပြုချက်
မော်ဂျူး (၄.၁)အတွက် သင်ယူမှုလုပ်ငန်း (၁)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
၄.၁.၂။ မူလတန်းအောက်ဆင့် စာရိတ္တနှင့် ပြည်သူ့နီတိအတွက် စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများ
အဓိကသဘောတရားများ
မော်ဂျူး (၄.၁)အတွက် သင်ယူမှုလုပ်ငန်း (၂)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
မော်ဂျူး (၄) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၄) အနှစ်ချုပ်
မော်ဂျူး (၄) အဆုံး ပြန်လည်သုံးသပ်ချက်
မော်ဂျူး (၅)။ စည်းကမ်း
၅.၁။ မူလတန်းအောက်ဆင့်ရှိ စည်းကမ်း
၅.၁.၁။ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများ၊ ဓလေ့ထုံးတမ်းများနှင့်အညီ စည်းကမ်းလိုက်နာခြင်း
စည်းမျဉ်းစည်းကမ်းများ
ဓလေ့ထုံးတမ်းများ
ဥပဒေများ
ဓလေ့ထုံးတမ်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေများအကြား ဆက်စပ်မှု
မော်ဂျူး (၅.၁)အတွက် သင်ယူမှုလုပ်ငန်း (၁)
အဖြေမှန်များကိုယှဉ်တွဲပါ။
၅.၁.၂။ 'စည်းကမ်း' အခန်းကို သင်ကြားခြင်း
ဒီမိုကရေစီ၏ အခြေခံသဘောတရားများ
တရားမျှတမှု အမျိုးအစားများ
စာသင်ခန်းအသိုက်အဝန်း တည်ဆောက်ရန် ထည့်သွင်းစဉ်းစားမှုများ
မော်ဂျူး (၅.၁)အတွက် သင်ယူမှုလုပ်ငန်း (၂)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
၅.၁.၃။ မူလတန်းအောက်ဆင့်တွင် ‘စည်းကမ်း’ အခန်းကို သင်ကြားခြင်း
စည်းမျဉ်းဆိုသည်မှာ အဘယ်နည်း။
မိမိကိုယ်ကို ထိန်းကျောင်းခြင်း
ဆရာကျင့်ဝတ်နှင့် စည်းကမ်း
မော်ဂျူး (၅.၁)အတွက် သင်ယူမှုလုပ်ငန်း (၃)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
၅.၁.၄။ အွန်လိုင်းပတ်ဝန်းကျင်များတွင် ဘေးကင်းလုံခြုံမှု
ဆိုက်ဘာအနိုင်ကျင့်ခြင်း
ဘေးကင်းလုံခြုံရေးကွန်ရက် ဆိုသည်မှာ အဘယ်နည်း။
မော်ဂျူး (၅.၁)အတွက် သင်ယူမှုလုပ်ငန်း (၄)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
မော်ဂျူး (၅) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၅) အနှစ်ချုပ်
မော်ဂျူး (၅) အဆုံး ပြန်လည်သုံးသပ်ချက်
မော်ဂျူး (၆)။ ငြိမ်းချမ်းစွာနေထိုင်ခြင်း
၆.၁။ ကွဲပြားစုံလင်သော လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစွာ နေထိုင်ခြင်း
၆.၁.၁။ မူလတန်းအောက်ဆင့်တွင် ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားစုံလင်ပြီး ငြိမ်းချမ်းသော ပတ်ဝန်းကျင်တစ်ခုကို မြှင့်တင်ခြင်း
ဆရာများ၏ အခန်းကဏ္ဍနှင့် လေးစားမှု
ယဉ်ကျေးမှု မတူကွဲပြားသော လူမှုအဖွဲ့အစည်းများ
ယဉ်ကျေးမှု၏ စီးဆင်းမှုနှင့် ပြောင်းလဲနိုင်စွမ်း
သင်ကြားမှုနည်းဗျူဟာနှင့် လက်တွေ့ကျင့်သုံးခြင်း
မော်ဂျူး (၆.၁)အတွက် သင်ယူမှုလုပ်ငန်း (၁)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
၆.၁.၂။ 'ငြိမ်းချမ်းစွာနေထိုင်ခြင်း' အခန်းကို သင်ကြားခြင်း
ဆရာ့တာဝန်
အပြုသဘောဆောင်သော အပြုအမူများနှင့် အပျက်သဘောဆောင်သော အပြုအမူများ
မော်ဂျူး (၆.၁)အတွက် သင်ယူမှုလုပ်ငန်း (၂)
အဖြေမှန်များကိုယှဉ်တွဲပါ။
အဖြေမှန်ရွေးပါ။
အဖွဲ့ဝင်ဖြစ်သည်ဟူသော ခံစားချက်ကို ဖန်တီးခြင်း
စာသင်ခန်းအတွင်း အဖွဲ့ဝင်ဖြစ်သည်ဟူသော ခံစားချက်ကို ဖန်တီးခြင်း
စိတ်လှုပ်ရှားမှုများကို သတိပြုမိခြင်းနှင့် ထိန်းကျောင်းခြင်း
မော်ဂျူး (၆.၁)အတွက် သင်ယူမှုလုပ်ငန်း (၃)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
အဓိကအကြောင်းအရာများ ပေါင်းစပ်ခြင်း
မြန်မာကျောင်းဆရာ
စာရိတ္တနှင့် ပြည်သူ့နီတိဆိုင်ရာ အရည်အချင်းရှိသော ဆရာများ
မော်ဂျူး (၆.၁)အတွက် သင်ယူမှုလုပ်ငန်း (၄)
အဖြေမှန်ရွေးပါ။
အဖြေမှန်များကိုယှဉ်တွဲပါ။
မော်ဂျူး (၆) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၆) အနှစ်ချုပ်
မော်ဂျူး (၆) အဆုံး ပြန်လည်သုံးသပ်ချက်
အကျဉ်းချုပ်
သင်တန်းအကျဉ်းချုပ်
သင်တန်းအဆုံးပြန်လည်သုံးသပ်ခြင်း
ဆက်လက်ဖတ်မှတ်စရာများ
သက်ဆိုင်သော သင်တန်းများ
