မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှု အထူးပြု)
3.5
(16 မှတ်ချက်)
Certified
6 hour(s)
620 စာရင်းသွင်းထားသူဦးရေ
12486 ကြည့်ရှုထားသူဦးရေ

Share On :
သင်တန်းအကြောင်းအရာ ဖော်ပြချက်
MIL Competency Framework for Myanmar[၁] သည် ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှုကို အင်တာနက် (သို့) အွန်လိုင်းပေါ်တွင် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုနိုင်ခြင်း၊ အချက်အလက်များ ရှာဖွေနိုင်ခြင်းအဖြစ် သတ်မှတ်ပါသည်။ ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှုသည် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ ပါဝင်သည် သာမက ထပ်တူအရေးကြီးသော အများအကျိုးအတွက် ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှုကို ကျင့်သုံးကြောင်းသေချာစေသည့် သင့်လျော်သောသဘောထားများနှင့် တန်ဖိုးများ ပါဝင်ပါသည်။ သင်ယူသူများသည် ၎င်းတို့၏ ဝေဖန်ပိုင်းခြားနိုင်သော အသိစိတ်[၂] ကို ရရှိနိုင်ပါသည်။ ဆိုလိုသည်မှာ ဒစ်ဂျစ်တယ်ဖြစ်ရပ်မှန်များ၏ ဖိနှိပ်ချုပ်ချယ်သော အရာများကို ဖော်ထုတ်ရန်။ အောက်ပါ ပုံ (၁) သည် Media and Information Literate Citizens: Think Critically, Click Wisely! (UNESCO၊ 2021, စာမျက်နှာ ၉) မှကောက်နှုတ်ထား၍ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု သင်ရိုးများတွင် သင်ယူသူများအတွက် အဓိကရလဒ်များကို ဖော်ပြထားပါသည်။
မြန်မာနိုင်ငံရှိ ဆရာများအကြား ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှု လိုအပ်ချက်ကို အသိအမှတ်ပြုသည့် အနေဖြင့် UNESCO သည် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှု အကြောင်း မော်ဂျူးငါးခု ပါ၀င်သော ပက်ကေ့ခ်ျကို MOOC (အွန်လိုင်းသင်တန်းများ) အဖြစ် သီးသန့် ပံ့ပိုးပေးခဲ့ပါသည်။ အဆိုပြုထားသော ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှု အွန်လိုင်း သင်တန်းများအတွက် အဓိကရည်ရွယ်သူများသည် နိုင်ငံတစ်ဝှမ်းရှိ မတူညီသော စာသင်ခန်း အခြေအနေများတွင် ပညာသင်ကြားပေးသူများဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု ဖွဲ့စည်းမှု၏ ဦးစားပေးကဏ္ဍတစ်ခုစီတွင် အသိပညာ၊ ကျွမ်းကျင်မှု၊ သဘောထားများနှင့် ၎င်းတို့၏ ထိရောက်သောအသုံးချမှုဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အလေးထားသောကြောင့် အွန်လိုင်းသင်တန်းများကို အတွေ့အကြုံကို အခြေခံသောသင်ယူမှုမူများနှင့်အညီ ရေးဆွဲထားပါသည်။ ထို့ကြောင့် အယူအဆသစ်များကို သင်ယူသောအခါ၊ ၎င်းတို့ကို သင်ကြားရေးနှင့် သင်ယူမှု အခြေအနေတစ်ခု၏ ဆက်စပ်မှုတွင် အသုံးချကာ ဆင်ခြင်သုံးသပ်ရပါသည်။
[1] UNESCO Yangon Project Office.
(2020). Towards a Media and Information Literacy Competency Framework.
Retrieved from: https://unesdoc.unesco.org/ark:/48223/pf0000374230
[၂] Freire, P. (1970). Pedagogy of the Oppressed. New York: Continuum.
သင်တန်းရည်ရွယ်ချက်များ
မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှု မော်ဂျူးငါးခုသည် သင်ယူသူများကို မီဒီယာနှင့် သတင်းအချက်အလက်များကိုသိနားလည်၍ အွန်လိုင်းပေါ်မှအကြောင်းအရာနှင့် ရရှိသော အချက်အလက်တို့ကို ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်ပြီး တာဝန်သိသောဒစ်ဂျစ်တယ်နိုင်ငံသားများဖြစ်လာစေရန် ရည်ရွယ်ပါသည်။ UNESCO မြန်မာမှ ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲ နှစ်ခုတွင် မြန်မာနိုင်ငံအတွက် MIL Framework ရေးဆွဲမှုကို အသိပေး၍ အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် MIL ဖွဲ့စည်းမှု၏ အစိတ်အပိုင်းငါးခုကို ဦးစားပေးဆောင်ရွက်ခဲ့ပါသည်။[၁] ဆိုရှယ်မီဒီယာဆိုင်ရာ သိနားလည်မှု၊ မီဒီယာဆိုင်ရာ သိနားလည်မှု၊ သတင်းဆိုင်ရာ သိနားလည်မှု၊ ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှု၊ နှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုတို့ ပါဝင်ပါသည်။

[၁] Digital Literacy in Media and
Information Literacy by Ramon R. Tuazon, UNESCO Myanmar Office
သင်ယူမှုရလဒ်များ
နိုင်ငံတစ်ဝှမ်းရှိ မတူညီသော စာသင်ခန်းအခြေအနေများတွင် ပညာသင်ကြားပေးသူများအတွက် မော်ဂျူး (၅) ခု၏ သင်ယူမှုရည်ရွယ်ချက်များကို အောက်ပါအတိုင်း အကျဥ်းချုပ် ဖော်ပြထားပါသည်။
မော်ဂျူး (၁) - ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှု
- ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှုကို သိရှိနားလည်ရန်
- ဒစ်ဂျစ်တယ် စက်ပစ္စည်းအမျိုးမျိုး၊ နည်းကိရိယာများ၊ အင်တာနက်သုံး ပလက်ဖောင်းများနှင့် အက်ပလီကေးရှင်းများကို အသုံးပြုပြီး ပူးပေါင်း၊ ဆက်သွယ် ဆောင်ရွက်ရန်
- ဒစ်ဂျစ်တယ် အခွင့်အရေးများ နှင့် ဉာဏပစ္စည်းကာကွယ်မှု၏ အရေးကြီးပုံကို သိရှိနားလည်ရန်
မော်ဂျူး (၂) - ဆိုရှယ်မီဒီယာဆိုင်ရာ သိနားလည်မှု
- ဆိုရှယ်မီဒီယာ၏ အထူးပြုမှုသည် ဆက်သွယ်ရေးပတ်ဝန်းကျင်ဖြစ်ကြောင်း နားလည်ရန်
- ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် ဆက်သွယ်ရေးလုပ်ဆောင်ပုံနှင့် လူများပါဝင် ပတ်သက်ပုံကို နားလည်ရန်
- ဆိုရှယ်မီဒီယာကို ဘေးကင်း၍ ကျင့်ဝတ်ညီစွာအသုံးပြုရန်
မော်ဂျူး (၃) - သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှု
- သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှု ဆိုတာ ဘာလဲဆိုသည်ကို နားလည်ရန်
- လုပ်ကြံသတင်းနှင့် မသမာသတင်းများ အကြား ခြားနားချက်ကို နားလည်ရန်
မော်ဂျူး (၄) - သတင်းအချက်အလက်များကို ဆန်းစစ်၀ေဖန် သုံးစွဲခြင်း
- သတင်းအချက်အလက်ကို စိစစ်ခြင်း၏ အရေးပါပုံနှင့် ကျွန်ုပ်တို့ ဘက်လိုက်မှုများက ကျွန်ုပ်တို့ ယုံကြည်မှုများအပေါ် လွှမ်းမိုးမှုရှိသည်ကို နားလည်ရန်
- အတည်ပြုခြင်းနှင့် အချက်အလက်စစ်ဆေးခြင်း နည်းပညာများနှင့် ကိရိယာများ ကို အသုံးပြုရန်
မော်ဂျူး (၅) - ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေး
- အင်တာနက်ကို အသုံးပြုခြင်းနှင့် ချိတ်ဆက်ခြင်း၏ ခြိမ်းခြောက်မှုနှင့် အန္တရာယ်များကို နားလည်ရန်
- ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးအတွက် ကြိုတင်ကာကွယ်နည်းများကို နားလည်ရန်
- ကိုယ်ရေးကိုယ်တာအချက်အလက်များကို စီမံခန့်ခွဲရန်နှင့် အသုံးပြုသူများ အထူးသဖြင့် အရွယ်မရောက်သေးသူများကို ကာကွယ်ရန် အဓိက ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှု လုပ်ဆောင်ချက်များ၏ မဟာဗျူဟာများကို အသုံးပြုရန်
အရေးကြီးသော တန်ဖိုးထားမှုများနှင့် သဘောထားများ တိုးတက်လာရန်နှင့် ပတ်သက်၍ သင်ယူမှုရည်ရွယ်ချက်များသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာပါဝင်ခွင့်၊ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကို နားလည်သဘောပေါက်ခြင်း၊ လက်သင့်ခံနိုင်မှုနှင့် အခြားသူများကို လေးစားမှုပေးခြင်း၊ မိမိကိုယ်ကို သိရှိနားလည်ခြင်းနှင့် ကိုယ်ပိုင် ယုံကြည်ချက်များကို စိန်ခေါ်မှုများကို တန်ဖိုးထားခြင်းတို့ကို အဓိကထားပါသည်။
ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ
သင်ကြားပို့ချချက်များ
မော်ဂျူး (၁) - ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှု
မော်ဂျူးအကျဥ်းချုပ် (၁) - ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှု
မော်ဂျူးအကျဥ်းချုပ် (၂) - ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှု
မော်ဂျူး (၂) - ဆိုရှယ်မီဒီယာဆိုင်ရာ သိနားလည်မှု
မော်ဂျူးအကျဥ်းချုပ် (၁) - ဆိုရှယ်မီဒီယာဆိုင်ရာ သိနားလည်မှု
မော်ဂျူးအကျဥ်းချုပ် (၂) - ဆိုရှယ်မီဒီယာဆိုင်ရာ သိနားလည်မှု
မော်ဂျူး (၃) - သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှု
မော်ဂျူးအကျဥ်းချုပ် - သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှု
မော်ဂျူး (၄) - သတင်းအချက်အလက်များကို ဆန်းစစ်ဝေဖန် သုံးစွဲခြင်း
မော်ဂျူးအကျဥ်းချုပ် - သတင်းအချက်အလက်များကို ဆန်းစစ်ဝေဖန် သုံးစွဲခြင်း
မော်ဂျူး (၅) - ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေး
မော်ဂျူးအကျဥ်းချုပ် - ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေး
သက်ဆိုင်သော သင်တန်းများ