အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

မော်ဂျူး (၅) လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် ဒုတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း

0

(0 မှတ်ချက်)

Certified

40 hour(s)

27 စာရင်းသွင်းထားသူဦးရေ

301 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ဤသင်တန်းသည် "လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် ဒုတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း" ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ 

ဤ ပထမနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်းတွင်

  • မော်ဂျူး ၁။ မြန်မာနိုင်ငံ၏ ပညာရေးစနစ်နှင့် သင်ရိုးညွှန်းတမ်းလုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ခြင်း
  • မော်ဂျူး ၂။ ပညာရေးသဘောတရားနှင့် ပညာရေးသီအိုရီ
  • မော်ဂျူး ၃။ စစ်ဆေးအကဲဖြတ်ခြင်း
  • မော်ဂျူး ၄။ ပံ့ပိုးကူညီမှုနှင့် ဘေးကင်းလုံခြုံမှုရှိသော ပတ်ဝန်းကျင်
  • မော်ဂျူး ၅။ ဆရာအတတ်ပညာ ကျွမ်းကျင်မှု

ဟူ၍ မော်ဂျူး (၅) ခုပါဝင်ရာ ယခု သင်တန်းတွင် မော်ဂျူး (၅)  ကို အသေးစိတ် လေ့လာရမည်ဖြစ်ပါသည်။ မော်ဂျူး (၅) တွင် လေ့လာရမည့် အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

မော်ဂျူး (၅)

  • မော်ဂျူး (၅.၁) ဆရာအတတ်ပညာဆိုင်ရာ စံသတ်မှတ်ချက်များ၊ တန်ဖိုးထားမှုများနှင့် သဘောထားခံယူချက်များ
    • ဆရာအတတ်ပညာဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ရာထူးတိုးမြှင့်ရေး
    • ဆရာအတတ်ပညာဆိုင်ရာ တန်ဖိုးထားမှုများနှင့် သဘောထားခံယူချက်များ
    • ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်အညွှန်းဘောင် (TCSF) နှင့် တတ်ကျွမ်းမှုစံသတ်မှတ်ချက်များ
  • မော်ဂျူး  (၅.၂) ဆရာအတတ်ပညာဆိုင်ရာ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှု
    • ပြန်လည်သုံးသပ်ခြင်းအလေ့အကျင့် - ဆရာသည် ပြန်လည်သုံးသပ်တတ်သူဖြစ်ရန် လိုအပ်ခြင်း
    • ပူးပေါင်းဆောင်ရွက်သင်ယူခြင်း - ဆရာအတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး
    • သုတေသနလုပ်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုများ

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမများအနေဖြင့် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် ဒုတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် သင်ရိုးညွှန်းတမ်းကို ထိရောက်စွာ သင်ကြားပေးနိုင်မည့် တတ်ကျွမ်းမှုများ ပိုမိုရရှိလာစေရန် ဖြစ်ပါသည်။

သင်ယူမှုရလဒ်များ

ဤမော်ဂျူးအပြီးတွင် ဆရာများသည်_

  • လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာသင်ယူမှုနှင့် လုပ်ငန်းခွင်အတွင်း ဆရာအတတ်ပညာသင်ယူမှုတို့အကြား ချိတ်ဆက်မှုတစ်ခုအဖြစ် TCSF ကို ပြန်လည်သုံးသပ်တတ်မည်။
  • မြန်မာနိုင်ငံပညာရေးစနစ်တွင် ရာထူးတိုးမြှင့်ရေးအတွက် အရည်အချင်းများနှင့် လိုအပ်ချက်များ ကို နားလည်သဘောပေါက်လာကြောင်း ပြသတတ်မည်။
  • မြန်မာကျောင်းဆရာတစ်ယောက်၏ ပညာရေးကျင့်ဝတ်ငါးပါးနှင့် ဆရာ့တာဝန်ဝတ္တရားများကို ထင်ဟပ်စေမည့် အခြေခံမူများ သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်အညွှန်းဘောင် (TCSF)၊ TCFS အကဲဖြတ်ဇယားတို့နှင့်အညီ သင်ယူမှုလုပ်ငန်းများကိုပြီးမြောက်အောင် လေ့ကျင့်လုပ်ဆောင်နိုင်မည်။
  • ဆရာအတတ်ပညာဆိုင်ရာ သင်ယူမှုကွန်ရက်များ၏ ဝိသေသလက္ခဏာများကို အကြမ်းဖျင်း ဖော်ပြတတ်မည်။
  • ဆရာအတတ်ပညာဆိုင်ရာ သင်ယူမှုကွန်ရက်တစ်ခုတည်ဆောက်ရန်အတွက် လက်တွေ့ လုပ်ငန်းဖော်ဆောင်ချက်အစီအစဉ်တစ်ခုကို ရေးဆွဲတတ်မည်။
  • သင်၏သင်ယူမှုကွန်ရက်ကို အထောက်အကူဖြစ်စေရန်အတွက် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနစာတမ်းငယ်၏ တွေ့ရှိချက်ရလဒ်များကို မည်သို့မျှဝေနိုင်သည်ကို သတ်မှတ်‌ဖော်ထုတ်တတ်မည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင် (TCSF)

တတ်ကျွမ်းမှုစံသတ်မှတ်ချက်များ၊ အနိမ့်ဆုံးလိုအပ်ချက်များနှင့် အညွှန်းကိန်းများ

ဆရာအတတ်ပညာဆိုင်ရာ တန်ဖိုးထားမှုများနှင့် သဘောထားခံယူချက်များ

ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်အညွှန်းဘောင် (TCSF) နှင့် တတ်ကျွမ်းမှုစံသတ်မှတ် ချက်များ

မော်ဂျူး (၅.၁) ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၅.၁) အနှစ်ချုပ်

မော်ဂျူး (၅.၁) အတွက် ပို့ချချက်အပြည့်အစုံ

ပြန်လည်သုံးသပ်ခြင်း - မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းနှင့် အုပ်စုလိုက်/ အတန်းဖော်အချင်းချင်း ပြန်လည်သုံးသပ်ခြင်း

ပူးပေါင်းဆောင်ရွက်သင်ယူခြင်း - ဆရာအတတ်ပညာဆိုင်ရာ စဉ်ဆက်မပြတ် တိုးတက်စေရေး

ပူးပေါင်းဆောင်ရွက်မှုဖြစ်ရပ်များအဖြစ် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနစာတမ်းငယ်လုပ်ဆောင်ချက်

မော်ဂျူး (၅.၂) ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၅.၂) ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၅.၂) အနှစ်ချုပ်

မော်ဂျူး (၅.၂) အတွက် ပို့ချချက်အပြည့်အစုံ

မော်ဂျူး (၅) အနှစ်ချုပ်

ဒုတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် သင်တန်းအနှစ်ချုပ်

သက်ဆိုင်သော သင်တန်းများ

chatGPTicon