အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

မော်ဂျူး(၄)အကြားအာရုံချို့ယွင်းချက်ရှိသောမသန်စွမ်းကလေးများအားလူတိုင်းအကျုံးဝင်နည်းဖြင့်လေ့ကျင့်သင်ကြားပေးခြင်းအွန်လိုင်းသင်ခန်းစာ

0

(0 မှတ်ချက်)

Certified

4 week(s)

266 စာရင်းသွင်းထားသူဦးရေ

6104 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ပညာရေးသည်ကလေးတိုင်းရရှိရမည့်မွေးရာပါအခွင့်အရေးဖြစ်သည်။သန်စွမ်းခြင်း၊မသန်စွမ်း ခြင်း၊ ကလေးများ၏အမျိုးမျိုးသောနောက်ခံအရာများနှင့်မသက်ဆိုင်ပါ။မွေးရာပါအခွင့်အရေးတစ်ရပ် ဖြစ်သောအ သက်ရှင်သန်ခွင့်၊ဖွံ့ဖြိုးတိုးတက်ခွင့်၊ကာကွယ်စောင့်ရှောက်မှုရယူပိုင်ခွင့်နှင့်ပူးပေါင်းပါဝင်ခွင့်စသောအခွင့် အရေး များကိုအကြားအာရုံမသန်စွမ်းသူများလည်းရရှိသင့်ပါသည်။မွေးရာပါအခွင့်အရေးတစ်ခုဖြစ်သော သက်တူ ရွယ်တူ ကလေးများနှင့်အတူတကွ ပညာ သင်ယူပိုင်ခွင့်ကို ချန်လပ်ထားခြင်း၊ငြင်းပယ်ခြင်း၊ လျစ်လျူရှုခြင်း မပြုသင့်ပါ။

သို့ပါသော်လည်းမြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သောမသန်စွမ်းမှုဆိုင်ရာလူတိုင်းအကျုံးဝင်ပညာရေးသုတေသနစာ တမ်း များတွင်မသန်စွမ်းကလေးများအားလေ့ကျင့်သင်ကြားပေးရာတွင်ဆရာ၊ဆရာမများအနေဖြင့် အခက် အခဲရှိကြောင်း တွေ့ရှိရပါ သည်။ မသန်စွမ်းမှုရှိသောကလေးများနှင့် ပံ့ပိုးသည့်ဆရာများ အကြား ကြုံတွေ့ရသော အတားအဆီးကိုဖြေရှင်းရန်ဆရာများအနေဖြင့် လုံလောက်သည့် နည်းပညာတတ်ကျွမ်းမှု အားနည်းခြင်းကြောင့် ဖြစ်ပါသည်။ဤအကြားအာရုံချို့ယွင်းသောမသန်စွမ်းသောကလေးများအတွက်လူတိုင်းအကျုံးဝင်ပညာ ရေး လေ့ကျင့်သင်ကြားပေးခြင်း၊အွန်လိုင်းသင်ခန်းစာသည်အကြားအာရုံမသန်စွမ်းသောကလေးများနှင့် ဆရာများ အကြား တွေ့ကြုံရသော အခက်အခဲများကို ကျော်လွှားသွားနိုင်ရန်နှင့် လွတ်လပ်သော လူ့အဖွဲ့အစည်းအတွင်း ပါဝင် လာနိုင်မည့် လူတိုင်းအကျုံးဝင် သင်ယူပျော်ဝန်းကျင်နှင့် စာသင်ခန်းများဖြစ်လာရန်အတွက် အကြားအာရုံ ချို့ယွင်းသောကလေးများအားသင်ကြားထောက်ပံ့ပေးနိုင်ရန်နည်းလည်းအချို့ကိုမျှဝေထားပါသည်။ထို့အပြင်ဤသင်ခန်းစာသည်၂၀၂၀ပြည့်နှစ်စက်တင်ဘာလတွင်ပြဌာန်းခဲ့သောဆရာများအတွက်တတ်ကျွမ်းမှုစံသတ်မှတ်ချက်အညွှန်းဘောင်  (Teacher Competencies Standard Framework) နှင့်ကိုက်ညီမှုရှိသည့်အချို့သော အညွှန်းကိန်းများကို အခြေခံထားပါသည်။ထို အညွှန်းကိန်းများမှာ-

  • (က) (၃.၂.၁) စာသင်ခန်းအတွင်း လုပ်ငန်းများတွင် ကျောင်းသားများအားလုံးပူးပေါင်း ပါဝင် ဆောင်ရွက်မှု၊ ကိုယ်ရော စိတ်ပါ ပါဝင်ဆောင်ရွက်မှု အတွက် အားလုံးပါဝင်သည့် ဆက်သွယ် မှု (Inclusive Communication)ကို အထောက်အကူပြုသည်။ ဉပမာများပေး၍ ဖော်ပြသည်။
  • (ခ)(၃.၁.၁) သင်ယူမှု လုပ်ငန်းများတွင် ကျောင်းသားအားလုံး ပါဝင် ဆောင်ရွက်မှုအသေ အချာ ရှိစေရေးအတွက်စာသင်ခန်းနေရာအနေအထား၊အတန်းတွင်းရှိပစ္စည်းများနှင့်အရင်းအမြစ် များ ကို စီမံ အသုံးပြုသည်။
  • (ဂ)(၃.၁.၂) ကျောင်းသားများ၏ ကွဲပြားခြားနားသော လူမှုအခြေအနေများနှင့် နောက်ခံအကြောင်းများကို အသိအမှတ်ပြုပြီး ကျောင်းသားအားလုံးအား တန်းတူညီမျှ ဆက်ဆံသည်။
  • (ဂ)(၃.၂.၃)ကျောင်းသားတစ်ဦးချင်းစီ၏ နောက်ခံ အကြောင်းအရင်းများနှင့် လိုအပ်ချက်များ ကိုသိရှိရန် လေ့လာသင်ယူသည်။ကျောင်းသားအားလုံးနှင့်အပြန်အလှန် ပြောဆိုဆက်သွယ်သည်။ တို့ ဖြစ်ကြပါသည်။

အကြားအာရုံမသန်စွမ်းသောသူများမှသင်ယူနိုင်သည့်နည်းလမ်းကိုရှာဖွေပြီးထိုနည်းလမ်းဖြင့်သင်ပေး နိုင် ရန်အတွက်ပံ့ပိုးဆောင်ရွက် ပေးရန်လိုအပ်ပါသည်။ လူတိုင်းအကျုံးဝင်ပညာရေးအယူအဆသည် မသန်စွမ်းမှု အမြင်သစ် တစ်နည်းအားဖြင့် လူမှုရေးအမြင်တို့ကိုပညာရေး ကဏ္ဍတွင် အသုံးချခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အကြားအာရုံမသန်စွမ်းကလေးများ တစ်ဦးတစ်ယောက်မကျန် လူတိုင်းအကျုံးဝင်ပညာရေးကို ရရှိအောင်ပံ့ပိုးကူညီ သင့်ပါသည်။

သင်တန်းရည်ရွယ်ချက်များ

  • အကြားအာရုံချို့ယွင်းမှု အမျိုးအစားများ၊ ဖြစ်ပွါးရသော အကြောင်းအရင်းများ နှင့် ကလေးများအား သုံးစွဲရန် သင့်တော်သောစကားလုံးများနှင့် သုံးစွဲရန်မ သင့် သော စကားလုံး၊ ဝေါဟာရများ နှင့် အဓိပ္ပါယ်ဖွင့် ဆိုချက်များကိုသိရှိစေရန်။
  • အကြားအာရုံချို့ ယွင်းမှု နှင့် ပက်သက်သော မသန်စွမ်းမှု ဆိုင်ရာအယူအဆများနှင့် အကြားအာရုံ ချို့ယွင်း မှု ရှိ၊ မရှိ ရှာဖွေ ဖော်ထုတ်ခြင်းနည်းလမ်းများကို သိရှိစေရန်။
  • အကြားအာရုံချို့ယွင်းသောကလေးများ၏ သွင်ပြင် လက္ခဏာများ ၊ ပင်မ စာသင်ခန်း များ တွင် ကြုံတွေ့ ရနိုင်သည့် အတား အဆီးများ နှင့် စာသင်ခန်းအတွင်း ပံ့ပိုး ကူညီ သင်ကြားရမည့် နည်းလမ်းများကိုသိရှိစေရန်။
  • အကြားအာရုံချို့ယွင်းသောကလေးများ၏ဘာသာစကားဆိုင်ရာဖွံ့ဖြိုးမှုနှင့်စာသင်ခန်းအတွင်း အသုံး ပြုနိုင်သောပေါင်းစပ်ဆက်သွယ်ရေးစနစ်(Total Comunication)နည်းလမ်းများ များကိုအသုံးချနိုင် စေရန်။
  • အကြားအာရုံချို့ယွင်းသော ကလေးများအား ပင်မ စာသင်ခန်းအတွင်းလူတိုင်း အကျုံးဝင်နည်းဖြင့်  သင်ကြားရမည့် နည်းလမ်းများကိုသိရှိစေရန် နှင့် မသန်စွမ်းကလေးများသည် လည်း သင်ယူနိုင်သော အရည်အသွေးရှိကြောင်း ကိုဆရာ၊ဆရာမများသိရှိပြီး စိတ်ခွန်အားရစေရန်။ 

သင်ယူမှုရလဒ်များ

ဤသင်ခန်းစာ အပြီးတွင် သင်ယူများသည်- 

  • စာသင်ခန်းများတွင် အတွေ့ရ များသော အကြားအာရုံချို့ယွင်းသော ကလေးများ၏ အမျိုးအစားများ၊ ဖြစ်ပွါး ရသောအကြောင်းအရာများကိုသိရှိလာပြီး အခေါ် အဝေါ်များကို မှန်ကန် စွာ သုံးစွဲ တတ်စေရန်နှင့်ကလေးများပင်မကျောင်းတွင်ပညာသင်ကြားနိုင်ရေးကိုထဲထဲဝင်ဝင် လုပ်ဆောင်လာ နိုင်မည်။(သင်ခန်းစာ ၁ အတွက်)
  • မြန်မာနိုင်ငံနှင့်ကမ္ဘာရှိအကြားအာရုံချို့ယွင်းသူလူဦးရေကိုသိရှိနိုင်လာ ပြီး အဆိုပါကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့်စွမ်းဆောင်မှုများကိုအသိအမှတ်ပြုတတ်စေရန်နှင့် ကလေးများ၏ပုံမှန် အကြားအာရုံဖွံ့ဖြိုးမှူမိုင်တိုင်များကိုထပ်မံသိရှိပြီးကလေးများတွင်အကြားအာရုံ ချို့ယွင်းမှု ရှိ၊မရှိစောစီးစွာ ရှာဖွေဖော်ထုတ်တတ်လာမည်။ (သင်ခန်းစာ ၂ အတွက်)
  • စာသင်ခန်းအတွင်းရှိအကြားအာရုံချို့ယွင်းသောကလေးများ၏သွင်ပြင်လက္ခဏာများ၊စာသင်ခန်း အ တွင်းကြုံတွေ့ရနိုင်သောအတားအဆီးများကိုသိရှိလာကာကလေးဗဟိုပြု သင်ကြားနည်းများကိုအသုံး ပြုပြီး သင် ကြားလာနိုင်မည်။  (သင်ခန်းစာ ၃ အတွက်)
  • ဆရာများသည်စာသင်ခန်းများအတွင်းအကြားအာရုံချို့ယွင်းသောကလေးများ၏ကိုယ်ပိုင်ဘာသာ စကား ဖွံ့ဖြိုးလာပုံကိုသိရှိလာပြီးလက်ဟန်ခြေဟန်ပြဆက်သွယ်ရေးနည်းလမ်းများကိုအသုံးပြုကာ ကလေး များ နှင့် ဆက်သွယ်လာနိုင်မည်။ (သင်ခန်းစာ ၄ အတွက်)
  • အကြားအာရုံချို့ယွင်းသောကလေးများအားလူတိုင်းအကျုံးဝင်သင်ကြားရေးနည်းလမ်းအမျိုးမျိုးကိုအ သုံးပြုပြီးပင်မကျောင်းတွင်လူတိုင်းအကျုံးဝင်သင်ယူပျော်ပတ်ဝန်းကျင်တစ်ခုဖန်တီးလာနိုင်မည်။ (သင်ခန်းစာ ၅ အတွက်)

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

နိဒါန်း

(ဗီဒီယိုသင်ခန်းစာ)အကြားအာရုံချို့ယွင်းမှုအဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အကြားအာရုံချို့ယွင်းမှုအမျိုးအစားများ

အကြားအာရုံချို့ယွင်းမှုတွင်တည်နေရာနှင့်လုပ်ဆောင်ချက်ပေါ်မူတည်၍ထပ်မံကွဲပြားသောအမျိုးအစားများ

Quiz 2 နား၏ တည်နေရာပေါ် မူတည်၍ အဓိကအားဖြင့် အကြားအာရုံချို့ယွင်းခြင်း အမျိုးအစားမည်မျှ ရှိသနည်း။

Quiz3အပြင်နားနှင့်အလယ်နားအသံသယ်ဆောင်သောအပိုင်း ချို့ယွင်း ခြင်း သည်-

Quiz 4အတွင်းနားနှင့် ဦးနှောက်ကိုဆက်သွယ်သောအပိုင်း ချို့ယွင်းခြင်းသည်-

Quiz5အောက်ပါ ကျောင်းသား လေးယောက်၏ အကြားအာရုံချို့ယွင်းမှု အမျိုးအစားများကို သတ်မှတ်ကြည့်ပါ။

အပြင်နားနှင့်အလယ်နားအသံသယ်ဆောင်သောအပိုင်းချို့ယွင်းခြင်း(Conductive Hearing Loss)ဖြစ်ပွါးရသောအကြောင်းအရင်းများ

အတွင်းနားနှင့် ဦးနှောက်ကိုဆက်သွယ်သောအပိုင်းချို့ယွင်းခြင်း(Sensorineural Hearing Loss)ဖြစ်ပွါးရသောအကြောင်းအရင်းများ

ရောနှောအကြားအာရုံချို့ယွင်းခြင်း(Mixed Hearing Loss)ဖြစ်ပွါးရသောအကြောင်းအရင်းများ

Quiz 6 Quizလေးတွေ ဖြေကြည့်ကြမယ်နော်။

Quiz 7ကိုယ်ဝန်ဆောင်စဉ်ကာလတွင်ကလေး၏ အကြားအာရုံချို့ယွင်းမှု ကို ဖြစ်စေသော အကြောင်းရင်းများကိုရွေးချယ်ပါ။

(ဗီဒီယိုသင်ခန်းစာ)အကြားအာရုံချို့ယွင်းမှုဆိုင်ရာအခေါ်အဝေါ်များ

Quiz 8နားမကြားသူများသည်မည်သည့်အသံများကိုအခြားသူများနည်းတူအသံထွက်နိုင်ကြသနည်း။

Quiz 9 မှန်၊ မှားစဉ်းစားရွေးချယ်ကြည့်ရအောင်။

မြန်မာနိုင်ငံနှင့်ကမ္ဘာအလိုက်အကြားအာရုံချို့ယွင်းသောသူများ၏အချက်အလက်တွေကဘာတွေဖြစ်မလဲလေ့လာကြည့်မယ်နော်။

Quiz 11 အချက်အလက်တွေသိသွားပြီဆိုတော့ဘယ်လောက်မှတ်မိလဲပြန်ဖြေကြည့်ရအောင်နော်။

Quiz 12စဉ်းစားကြည့်ပါ။

(ဗီဒီယို သင်ခန်းစာ) အကြားအာရုံချို့ယွင်းမှု ဆိုင်ရာအမြင်ဟောင်းနှင့်အမြင်သစ်

Quiz 13 ယှဉ်တွဲပါ။

Quiz 14 စဉ်းစားကြည့်ပါ။

အကြားအာရုံချို့ယွင်းသောကလေးများအတွက် ပညာရေး (၃) မျိုးနှင့် လုပ်ဆောင်ချက်များ

Quiz 15 မှန်၊ မှား ဖြေကြည့်ရအောင်။

Quiz 16ရွေးချယ်စဉ်းစားကာဖြေကြည့်ပါ။

Quiz 17 ယှဉ်တွဲပါ။

ကလေးငယ်များ၏ပုံမှန်အကြားအာရုံဖွံ့ဖြိုးမှုများ

Quiz 18 ယှဉ်တွဲပါ။

(ဗီဒီယိုသင်ခန်းစာ)ကျောင်းနေအရွယ်ကလေးများအကြားအာရုံချို့ယွင်းမှုရှိ၊မရှိစမ်းသပ်စစ်ဆေးမှုများ။

Quiz 19 အဖြေမှန်ရွေးပါ။

Quiz 20 သင့်လျော်ရာယှဉ်တွဲပါ။

(ဗီဒီယို သင်ခန်းစာ) အကြားအာရုံချို့ယွင်းသောကလေးများ၏သွင်ပြင်လက္ခဏာများ၊ပင်မစာသင်ခန်းများတွင်ကြုံတွေ့ရနိုင်သည့်အတားအဆီးများ။

(ထပ်ဆောင်းလေ့လာဖတ်ရှုရန်)အကြားအာရုံချို့ယွင်းသောကလေးများစာသင်ခန်းတွင်းနှင့်မိသားစုတွင်းဆက်သွယ်မှုများတွင်တွေ့ ကြုံရနိုင်သောအခက်အခဲများ။

Quiz 22မှန်၊ မှား ရွေးချယ်ပါ။

Quiz 23စဉ်းစားရွေးချယ်ပြီးဖြေကြည့်ရအောင်။

(ဗီဒီယို သင်ခန်းစာ)အကြားအာရုံချို့ယွင်းသောကလေးများအားစာသင်ခန်းအတွင်းပံ့ပိုးကူညီသင်ကြားရမည့်နည်းလမ်းများ။

(ထပ်ဆောင်းလေ့လာဖတ်ရှုရန်)သင်ခန်းစာအပြင်ထပ်မံပံ့ပိုးရမည့်နည်းလမ်းများ

Quiz 24 Quizလေးတွေဖြေကြည့်ရအောင်နော်။

ပေါင်းစပ်ဆက်သွယ်ရေးနည်းလမ်းများ(Total Communication)ဆိုတာဘာလဲ။

ပေါင်းစပ်ဆက်သွယ်ရေးနည်းလမ်းများ(Total Communication)ချဉ်းကပ်နည်းလမ်းများ

Quiz 26မှန်၊မှားရွေးချယ်ဖြေကြည့်ပါ။

Quiz 27သင့်လျော်ရာရွေးချယ်ပါ။

Quiz 28ယှဉ်တွဲပါ။

Sign Language ဆိုတာကြားဖူးသလား။ လေ့လာကြည့်ရအောင်နော်။

Quiz 29 ရွေးချယ်ပါ။

(ဗီဒီယို သင်ခန်းစာ)ပေါင်းစပ် ဆက်သွယ်ရေး (Total Communication) သင်ကြားနည်းဗျူဟာများ

Quiz 30 Quiz လေးတွေ ဖြေကြည့်ရအောင်နော်။

အကြားအာရုံချို့ယွင်းသောကလေးများသုံးသောအဆင့်မြင့်နည်းပညာအထောက်အကူပစ္စည်းများနှင့်အသုံးဝင်ပုံများ

(ဗီဒီယိုသင်ခန်းစာ)ဆရာတစ်ဦးအနေဖြင့်ပုံမှန်ကျောင်းစာသင်ခန်းတွင်အကြားအာရုံချို့ယွင်းသောကလေးများအားသင်ကြားပို့ချရာတွင်အောင်မြင်သည့်အတွေ့အကြုံကို မျှဝေခြင်း။

(ဗီဒီယိုသင်ခန်းစာ)ဆရာတစ်ဦးအနေဖြင့်ပုံမှန်ကျောင်းစာသင်ခန်းတွင်အကြားအာရုံချို့ယွင်းသောကလေးများအားသင်ကြားပို့ချရာတွင်အောင်မြင်သည့်အတွေ့အကြုံကိုမျှဝေခြင်း။

Quiz 31 ပြန်လှန်စဉ်းစားကြည့်ရအောင်။

စဉ်းစားကြည့်ရအောင်။

Quiz 32 ဖြေကြည့်ပါ။

ထပ်မံစဉ်းစားကြည့်ရအောင်နော်။

သက်ဆိုင်သော သင်တန်းများ

chatGPTicon