အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

မော်ဂျူး (၃) လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် ပထမနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း

0

(0 မှတ်ချက်)

Certified

10 hour(s)

43 စာရင်းသွင်းထားသူဦးရေ

1699 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ဤသင်တန်းသည် "လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် ပထမနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း"၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် ပထမနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်းတွင် အောက်ပါမော်ဂျူးများ ပါဝင်ပါသည်။

  • မော်ဂျူး (၁) လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ သင်ရိုးညွှန်းတမ်း အကျဉ်းချုပ်
  • မော်ဂျူး (၂) လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ သင်ရိုးညွှန်းတမ်း၏ အဓိကသဘောတရားများ
  • မော်ဂျူး (၃) လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ သင်ရိုးညွှန်းတမ်း၏ သင်ယူမှုနယ်ပယ်များ
  • မော်ဂျူး (၄) သင်ကြား၊ သင်ယူမှုနည်းလမ်းများ
  • မော်ဂျူး (၅) စစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းများ

ဤသင်တန်းတွင် ကျွန်ုပ်တို့သည် မော်ဂျူး (၃) ကို လေ့လာကြမည်ဖြစ်ပြီး ယင်းတွင် အောက်ပါတို့ ပါဝင်သည်။

မော်ဂျူး (၃)

မော်ဂျူး (၃.၁) လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ သင်ရိုးညွှန်းတမ်း၏ သင်ယူမှုနယ်ပယ် (၄) ခု

  • ပညာရေး၏ အဓိကလုပ်ဆောင်ချက်များ
  • သင်ကြားရေး၊ သင်ယူခြင်း၊ ကျောင်းကြား ဆက်စပ်မှု
  • ပညာရေးဘာသာ
  • သင်ရိုးညွှန်းတမ်းနှင့် သင်နည်းဗေဒ
  • လက်တွေ့တန်းပြ (Practicum) နှင့် ပြန်လည်သုံးသပ်ခြင်းအလေ့အကျင့်နှင့် မရှိမဖြစ်သည့် ကျွမ်းကျင်မှုများ (RPES)

မော်ဂျူး (၃.၂) အခြေခံသင်ယူမှုသီအိုရီများနှင့် သင်နည်းဗေဒ

  • အပြုအမူဆိုင်ရာ သင်ယူမှုနှင့် အရေးပါသော အပြုအမူဆိုင်ရာ သင်ယူမှုသီအိုရီပညာရှင်များ
  • သိမှုဆိုင်ရာ သင်ယူမှုနှင့် အရေးပါသော သိမှုဆိုင်ရာ သင်ယူမှုသီအိုရီပညာရှင်များ
  • ကိုယ်တိုင်အသိပညာတည်ဆောက်ခြင်းဆိုင်ရာ သင်ယူမှုနှင့် အရေးပါသော ကိုယ်တိုင်အသိပညာတည်ဆောက်ခြင်းဆိုင်ရာ သင်ယူမှုသီအိုရီပညာရှင်များ
  • ဘလွန်း၏ သင်ယူမှုအဆင့်များ

မော်ဂျူး (၃.၃) သင်ယူမှုသဘောတရားများနှင့် သင်ယူဟန်များ

  • သင်ယူမှုသဘောတရားများနှင့် သင်ယူဟန်များ
  • ကျွမ်းကျင်မှုအခြေပြု သင်ယူမှုပုံစံ
  • စူးစမ်းလေ့လာမှုအခြေပြု သင်ယူမှုပုံစံ
  • ပြဿနာအခြေပြု သင်ယူမှုပုံစံ

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမများအနေဖြင့် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် ပထမနှစ်၊ ပထမစာသင်နှစ်ဝက် သင်ရိုးညွှန်းတမ်းကို ထိရောက်စွာ သင်ကြားပေးနိုင်မည့် တတ်ကျွမ်းမှုများ ပိုမိုရရှိလာစေရန် ဖြစ်ပါသည်။

သင်ယူမှုရလဒ်များ

ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမများသည်-

  • ပညာရေး၏ အဓိကလုပ်ဆောင်ချက်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ပညာရေးဘာသာ၊ သင်ရိုးညွှန်းတမ်းနှင့် သင်နည်းဗေဒဆိုင်ရာလေ့လာမှုများ၊ လက်တွေ့တန်းပြလေ့ကျင့်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းအလေ့အကျင့်နှင့် မရှိမဖြစ်သည့် ကျွမ်းကျင်မှုများ (RPES) ၏ အခန်းကဏ္ဍတို့ကို နားလည်လာမည်။
  • ပညာရေးသီအိုရီ ၃ ခု ဖြစ်သော အပြုအမူဆိုင်ရာ သင်ယူမှုသီအိုရီ (Behaviourism)၊ သိမှုဆိုင်ရာ သင်ယူမှုသီအိုရီ (Cognitivism) နှင့် ကိုယ်တိုင်အသိပညာတည်ဆောက်ခြင်းဆိုင်ရာသင်ယူမှုသီအိုရီ (Constructivism) တို့ကို သတ်မှတ်ဖော်ထုတ်နိုင်လာမည်။
  • အခြေခံကျသော သင်ယူမှုသီအိုရီများနှင့် သင်နည်းဗေဒကို အသုံးချနိုင်လာမည်။
  • သင်ယူမှုရည်မှန်းချက်များကို ချမှတ်ရာတွင် ဘလွန်း၏ သင်ယူမှုအဆင့်များ (Bloom’s Taxonomy) ၏ အခန်းကဏ္ဍကို နားလည်လာမည်။
  • ကျောင်းသားများအတွက် အဓိပ္ပာယ်ပြည့်ဝသော သင်ယူမှုအတွေ့အကြုံများကို ဖန်တီးရာတွင် သင်ယူမှုသဘောတရားများနှင့် သင်ယူဟန်များကို လမ်းညွှန်သဖွယ် မည်သို့အသုံးပြုနိုင်ကြောင်း နားလည်လာမည်။
  • အမျိုးမျိုးသော သင်ယူမှုပုံစံများကို စာသင်ခန်းအတွင်း သင်ကြားနည်းများနှင့် မည်သို့ ချိတ်ဆက်ရမည်ကို နားလည်လာမည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

ပညာရေး၏ အဓိကလုပ်ဆောင်ချက်များ

လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ သင်ရိုးညွှန်းတမ်း၏ သင်ယူမှုနယ်ပယ် လေးခု

မော်ဂျူး (၃.၁) ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၃.၁) အနှစ်ချုပ်

မော်ဂျူး (၃.၁) အတွက် ပို့ချချက်အပြည့်အစုံ

သင်ယူမှုသီအိုရီများ

ဘလွန်း၏ သင်ယူမှုအဆင့်များ (Bloom’s Taxonomy)

မော်ဂျူး (၃.၂) အနှစ်ချုပ်

မော်ဂျူး (၃.၂) အတွက် ပို့ချချက်အပြည့်အစုံ

ထိရောက်သောသင်ယူမှုအတွက် သင်ယူမှုသဘောတရားများနှင့် နမူနာပုံစံများ

သင်ယူဟန်ဆိုသည်မှာ အဘယ်နည်း။

သင်ယူမှုပုံစံ (Learning Model) ဆိုသည်မှာ အဘယ်နည်း။

သင်ကြားရေးနည်းလမ်းများသည် သင်ယူဟန်များ၊ သင်ယူမှုပုံစံများနှင့် မည်သို့ဆက်စပ်နေသနည်း။

မော်ဂျူး (၃.၃) ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၃.၃) အနှစ်ချုပ်

မော်ဂျူး (၃.၃) အတွက် ပို့ချချက်အပြည့်အစုံ

မော်ဂျူး (၃) အနှစ်ချုပ်

သက်ဆိုင်သော သင်တန်းများ

chatGPTicon
;