Apple App Store Google Play Store Google Play Store YouTube

မော်ဂျူး ၃ - ကျောင်းနှင့်စာသင်ခန်းများတွင် လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့ရေးလှုပ်ရှားမှုများ

  သင်ယူပြီးမြောက်ကြောင်းလက်မှတ်ပေးမည့် သင်တန်း      3  hour(s)      144 စာရင်းသွင်းထားသူ      7 ပို့ချချက်/ပို့ချချက်များ      14 မေးခွန်းများ      37265 ကြည့်ရှုသူစုစုပေါင်း   
 (3)
မော်ဂျူး ၃ - ကျောင်းနှင့်စာသင်ခန်းများတွင် လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့ရေးလှုပ်ရှားမှုများ
သင်တန်းအကြောင်းအရာ ဖော်ပြချက်

စိတ်ဒဏ်ရာ၊ စိတ်ဖိစီးမှု၊ စိုးရိမ်စိတ် သို့မဟုတ် အခြားသော စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများ အပါအဝင် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို တွေ့ကြုံနေရသည့် ကလေးများသည် အထူးပံ့ပိုးကူညီမှုလိုအပ်လေ့ရှိသည်။ ဤစိန်ခေါ်မှုများသည် မိသားစုပြဿနာများ၊ ရပ်ရွာအကြမ်းဖက်မှု၊ သဘာဝဘေးအန္တရာယ်များ သို့မဟုတ် ကိုယ်ရေးကိုယ်တာအတွေ့အကြုံများကဲ့သို့သော အရင်းအမြစ်အမျိုးမျိုးမှ ဖြစ်ပေါ်လာနိုင်သည်။ ဆရာ၊ဆရာမများသည် ကလေးများ၏စိတ်ခံစားမှုများကို နားလည်သိရှိရန်နှင့် ကလေးများ ခံနိုင်ရည်ရှိလာစေရန် ကူညီပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။
မော်ဂျူး (၃) တွင် ဆရာ၊ဆရာမများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ နွေးထွေးလုံခြုံသော ပတ်ဝန်းကျင် တစ်ခု ဖန်တီးရန် အတွက် မရှိမဖြစ်လိုအပ်သော အသိပညာ၊ နည်းလမ်းများနှင့် လက်တွေ့ကျသောစွမ်းရည်များကို လေ့လာ သင်ယူရမှာ ဖြစ်ပါသည်။ မသေချာမရေရာမှု များသောကာလတွင် စိန်ခေါ်မှုအမျိုးမျိုးနှင့်ရင်ဆိုင်နေရသောကလေးများ၏ စိတ်ပိုင်းဆိုင်ရာချမ်းသာသုခ၊ ခံနိုင်ရည်ရှိမှုနှင့် အလုံးစုံဖွံ့ဖြိုးတိုးတက်မှုတို့ကို ပံ့ပိုးကူညီပေးနိုင်သော နွေးထွေးလုံခြုံသော သင်ယူမှုပတ်ဝန်းကျင်တစ်ခု တည်ဆောက်ရန် အရေးကြီးပါသည်။ ထို့ကြောင့်  ဤသင်ခန်းစာသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ပြဌာန်းခဲ့သော ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်(Teacher Competencies Standard Framework) အချို့သော အညွှန်းကိန်းများကိုအခြေခံထားပါသည်။ထိုအညွှန်းကိန်းများမှာ-
  • () (.) သင်ကြား၊ သင်ယူမှုတွင်ပညာရေးဆိုင်ရာနည်းပညာများနှင့် နည်းဗျူဟာအမျိုးမျိုးကို အသုံးပြု သင်ကြားနိုင်စွမ်းရှိကြောင်းပြသည်။
  • (ခ) (၃.၁) ကျောင်းသားအားလုံးအတွက် ဘေးကင်းလုံခြုံမှုရှိပြီး ထိရောက်မှုရှိသောသင်ယူမှု ၀န်းကျင်ကိုဖန်တီးနိုင်စွမ်းရှိကြောင်းပြသည်။
  • () (.) ကျောင်းသားများ၏အပြုအမူများကို စီမံခန့်ခွဲရန်နည်းဗျူဟာများသုံး၍ဖြေရှင်းနိုင်စွမ်းရှိကြောင်း ပြသည်။
  • () (-) ကျောင်းသားများအတွက် သင်ယူမှုပတ်ဝန်းကျင်ကောင်း တိုးတက်ဖြစ်ပေါ်လာစေရန် အခြားဆရာများ၊ မိဘများ၊ ဒေသန္တရရပ်ရွာလူထုအဖွဲ့ဝင်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် နည်းဗျူဟာများကိုအသုံးပြုနိုင်စွမ်းရှိကြောင်း ပြသည်။

သင်တန်းရည်ရွယ်ချက်များ

မော်ဂျုး (၃) သင်ခန်းစာလေ့လာမှုအပြီးတွင်

  • ဆရာ၊ဆရာမများအနေဖြင့် နွေးထွေးလုံခြုံသော စာသင်ခန်း၏ အရေးပါပုံနှင့် နေ့စဉ်လုပ်ရိုးလုပ်စဉ်များကို ချမှတ်တတ်လာမည်။
  • စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကို အားပေးရန် ထိရောက်သော အပြုသဘောဆောင်သော စည်းကမ်းနည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်တတ်လာမည်။
  • ကလေးများကို ကြံ့ကြံ့ခံနိုင်စွမ်းရည်ရှိအောင် ပြုစုပျိုးထောင်ပေးနိုင်သော နည်းလမ်းများကို သိရှိနားလည်အသုံးချတတ်လာမည်။
  • လူမှုဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာဖော်ပြမှုအတွက် အားကစား၊ ဂိမ်းများနှင့် ကစားခြင်းကို ပေါင်းစပ်အသုံးပြုတတ်လာမည်။
  • ကလေးများ၏ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုအတွက် ခွန်အားဖြစ်စေသော ဘဝတွက်တာ ကျွမ်းကျင်စရာ သင်ခန်းစာများ၏ အရေးပါပုံကို သိရှိလာမည်။
  • ကလေးများ၏ စိတ်ခံစားမှုနှင့် စိတ်ဖိစီးမှုများကို စီမံခန့်ခွဲရာတွင် အထောက်အကူဖြစ်စေရန် ထုတ်ဖော်ပြောဆိုမှုနှင့် စိတ်အပန်းဖြေလှုပ်ရှားမှုများကို အသုံးပြုတတ်လာမည်။
  • စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်းများ၏ သဘောတရားများနှင့် နည်းလမ်းများကို သိရှိနားလည်ပြီး အသုံးပြုတတ်လာမည်။

အကဲဖြတ်ခြင်းနှင့် သင်ယူပြီးမြောက်ကြောင်းလက်မှတ်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန်၊ သင်ခန်းစာများ၊ ပဟေဋ္ဌိများနှင့် အကဲဖြတ်မှုအားလုံးကို ပြီးဆုံးအောင်လုပ်ဆောင်ရန် လိုအပ်သည်။

အဆင့်သတ်မှတ်ခြင်းနှင့် သုံးသပ်ချက်များ (5 - Best, 1 - Worst)

ကောင်းမွန်သော ပြည့်စုံသော ပညာရေး တစ်ခု တည်ဆောက်ရာတွင် အလွန်လိုအပ်သည်။

By Mya***********  at 2024-04-02 13:30:42

ုင

By Nyi******  at 2024-05-27 12:04:45

Nice

By Hni**************  at 2024-05-28 13:38:25

အဆင့်သတ်မှတ်ရန်နှင့် ပြန်လည်သုံးသပ်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဆွေးနွေးမှုများကို ကြည့်ရှုရန်နှင့် ဆွေးနွေးမှုတွင် ပါဝင်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဤသင်တန်းကိုတက်ရောက်မည်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်မပေးမီ သင်တန်းအားအကဲဖြတ်ပေးရန် လိုအပ်ပါသည်။

There is no live session planned yet!
Please login to take the course and join the live sessions!
စနစ်သို့ ဝင်ရန်
Back To Top