အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

မော်ဂျူး (၂)- ဆရာများအတွက် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ်

5

(3 မှတ်ချက်)

Certified

10 hour(s)

85 စာရင်းသွင်းထားသူဦးရေ

1755 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ဤသင်တန်းသည် "လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း" ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ 

ဤ တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်းတွင်

  • မော်ဂျူး ၁။ ၂၁ ရာစု ပညာရေး
  • မော်ဂျူး ၂။ သင်နည်းဗေဒ သဘောတရားနှင့် လက်တွေ့ ကျင့်သုံးမှုကို ခိုင်မာစွာ နားလည်စေခြင်း
  • မော်ဂျူး ၃။ ပညာရေး စိတ်ပညာ 
  • မော်ဂျူး ၄။ ထိရောက်သော သင်ယူမှုအတွက် နည်းဗျူဟာများ
  • မော်ဂျူး ၅။ အဓိပ္ပာယ်ရှိသော သင်ယူမှု အတွေ့အကြုံများ ဖန်တီးခြင်း

ဟူ၍ မော်ဂျူး (၅) ခုပါဝင်ရာ ယခု သင်တန်းတွင် မော်ဂျူး (၂)  ကို အသေးစိတ် လေ့လာရမည်ဖြစ်ပါသည်။ မော်ဂျူး (၂) တွင် လေ့လာရမည့် အကြောင်းအရာများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -

မော်ဂျူး (၂)

  • မော်ဂျူး (၂.၁) နည်းပညာပေါင်းစပ်ထည့်သွင်းခြင်းအတွက် TPACK အညွှန်းဘောင်
    • သင်ရိုးညွှန်းတမ်းတွင် နည်းပညာကို ပေါင်းစပ်ထည့်သွင်းခြင်း
    • ပညာရေးဆိုင်ရာ နည်းပညာအမျိုးမျိုးကို လက်တွေ့အသုံးချခြင်း

    • မော်ဂျူး (၂.၂) လူတိုင်းအကျုံးဝင်ပညာရေးအတွက် ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာ သင်ယူမှုပုံစံ (UDL)
      • လိုအပ်ချက်အလိုက် ပြောင်းလဲပြင်ဆင် လုပ်ဆောင်ခြင်းနှင့် ပြောင်းလွယ်ပြင်လွယ်ရှိခြင်းတို့ကို ဖော်ဆောင်နိုင်မည့် ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာ သင်ယူမှုပုံစံ (UDL)
      • မတူကွဲပြားသော ကျောင်းသားအုပ်စုများကို သင်ကြားခြင်း၊ သင်ယူခြင်းနှင့် စစ်ဆေး အကဲဖြတ်ခြင်းတို့ လုပ်ဆောင်ရန် ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာ သင်ယူမှုပုံစံ (UDL) 

      • မော်ဂျူး (၂.၃) မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် EPSD နှင့် HRE အကောင်အထည်ဖော်မှုဆိုင်ရာ ဖော်ပြချက်များ
        • ငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေး (EPSD) အတွက် တစ်ကျောင်းလုံးလွှမ်းခြုံချဉ်းကပ်နည်း
        • လူ့အခွင့်အရေးဆိုင်ရာ ပညာရေး (HRE) အတွက် တစ်ကျောင်းလုံး လွှမ်းခြုံချဉ်းကပ်နည်း
        • ဘက်စုံပေါင်းစပ်ထားသော သင်ရိုးညွှန်းတမ်း

      သင်တန်းရည်ရွယ်ချက်များ

      ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမတို့အနေဖြင့် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာအစီအစဉ် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် သင်ရိုးညွှန်းတမ်းကို ထိရောက်စွာ သင်ကြားပေးနိုင်မည့် တတ်ကျွမ်းမှုများ ပိုမိုရရှိလာရန် ဖြစ်ပါသည်။

      သင်ယူမှုရလဒ်များ

      ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမများသည်-

      • ပညာရေးနှင့် လူ့အဖွဲ့အစည်းအကြား အပြန်အလှန်ဆက်နွှယ်မှု၊ ပညာရေးကို အဓိက ပံ့ပိုးပေးသည့်အရာများနှင့် မတူကွဲပြားသော သင်ယူသူများနှင့် ရပ်ရွာအဖွဲ့အစည်းများ၏ မျှော်မှန်းချက်များနှင့် လိုအင်များကို ဖြည့်ဆည်းပေးနိုင်မည့် သင်ရိုးညွှန်းတမ်းတစ်ခု ပြုစုရေးဆွဲရာတွင် အဓိကကျသည့် ဘက်စုံကိုက်ညီမှုရှိခြင်းတို့အကြောင်း သိရှိနားလည်လာမည်။
      • ဆရာအတတ်ပညာအစီအစီအစဉ်၊ တတိယနှစ်၊ ဘာသာရပ်အထူးပြုလမ်းကြောင်း နှစ်ရပ်စလုံး၏ သင်ယူမှုပန်းတိုင်များ ပြည့်မီစေရန်အတွက် နည်းပညာ၊ သင်နည်းဗေဒနှင့် ဘာသာရပ် အကြောင်းအရာ ပေါင်းစပ်အသိပညာ (TPACK) အညွှန်းဘောင်၊ ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာ သင်ယူမှုပုံစံ (UDL)၊ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်သော ပညာရေး (EPSD) နှင့် လူ့အခွင့်အရေးဆိုင်ရာ ပညာရေး (HRE) စသော သင်နည်းဗေဒအညွှန်းဘောင်များကို အသုံးပြုသင်ကြားတတ်မည်။
      • တတိယနှစ်၊ ပထမစာသင်နှစ်ဝက်၊ ဘာသာရပ်အထူးပြုလမ်းကြောင်းအသီးသီးတွင်ပါဝင်သည့် ဘာသာရပ်များ/သင်ယူမှုနယ်ပယ်များကို သင်ကြားရာတွင် အဓိကကျသည့် ပညာရေးစိတ်ပညာ၊ ပညာရေးအတွေးအခေါ်များနှင့် ပညာရေးသဘောတရားများကို သိရှိနားလည်လာမည်။
      • စာသင်ခန်းများရှိ ကွဲပြားစုံလင်သော သင်ယူသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် သင်ကြားမှုနည်းလမ်းများနှင့် စစ်ဆေးအကဲဖြတ်မှုနည်းလမ်းအမျိုးမျိုးကို လက်တွေ့အသုံးချ၍ တတိယနှစ်၊ ပထမစာသင်နှစ်ဝက်တွင် ပါဝင်သည့် ဘာသာရပ်/သင်ယူမှုနယ်ပယ်များကို စီစဉ်ရေးဆွဲခြင်း၊ ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် သင်ကြားပို့ချခြင်းများ လုပ်ဆောင်တတ်မည်။

      ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

      သင်ရိုးညွှန်းတမ်းတွင် နည်းပညာကို ပေါင်းစပ်အသုံးပြုခြင်း - TPACK အညွှန်းဘောင်

      နည်းပညာဆိုင်ရာအသိပညာ (TK) နှင့် နည်းပညာ၊ သင်နည်းဗေဒနှင့် ဘာသာရပ် အကြောင်းအရာ ပေါင်းစပ် အသိပညာ (TPACK) တို့၏  နှိုင်းယှဉ်ချက်

      မူလတန်းနှင့် အလယ်တန်းကျောင်းအဆင့်များတွင် TPACK ကို အသုံးပြုခြင်း

      မူလတန်းနှင့် အလယ်တန်းကျောင်းအဆင့်များတွင် TPACK ကို အသုံးပြုပုံ လေ့ကျင့်ခန်းများ

      ပညာရေးဆိုင်ရာ နည်းပညာများကို လက်တွေ့အသုံးပြုခြင်း - SAMR ပုံစံ

      မော်ဂျူး (၂.၁) ဉာဏ်စမ်းမေးခွန်း

      မော်ဂျူး (၂.၁) အနှစ်ချုပ်

      မော်ဂျူး (၂.၁) အတွက် ပို့ချချက် အပြည့်အစုံ

      လိုအပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်၍ လုပ်ဆောင်ခြင်းနှင့် ပြောင်းလွယ်ပြင်လွယ်ရှိခြင်းအတွက် UDL

      ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာ သင်ယူမှုပုံစံ (UDL) ဆိုင်ရာ လမ်းညွှန်ချက်များ

      လိုအပ်ချက်အလိုက်ပြောင်းလဲပြင်ဆင် သင်ကြားခြင်း၏ အကျိုးကျေးဇူးများ

      မတူကွဲပြားသော ကျောင်းသားအုပ်စုများကို သင်ကြားခြင်း၊ သင်ယူခြင်းနှင့် စစ်ဆေး အကဲဖြတ်ခြင်းတို့ လုပ်ဆောင်ရန် UDL

      သင်ကြားသင်ယူမှုဆိုင်ရာ ပင်မအခြေခံမူများအား အသုံးချရန် နည်းလမ်းများ

      သင်ကြားသင်ယူမှုတွင် UDL ကို အသုံးပြခြင်းဆိုင်ရာ လေ့ကျင့်ခန်းများ

      စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ UDL အခြေခံမူများကို အသုံးပြုခြင်း

      မော်ဂျူး (၂.၂) ဉာဏ်စမ်းမေးခွန်း

      မော်ဂျူး (၂.၂) အနှစ်ချုပ်

      မော်ဂျူး (၂.၂) အတွက် ပို့ချချက် အပြည့်အစုံ

      ငြိမ်းချမ်းရေးနှင့် ရေရှည်တည်သောတံ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေး (EPSD) အတွက် တစ်ကျောင်းလုံးလွှမ်းခြုံချဉ်းကပ်နည်း

      'EPSD ပညာရေးဖြင့် ၂၁ ရာစု ကျွမ်းကျင်မှုများကို ဖွံ့ဖြိုးစေခြင်း' ဆောင်းပါးကောက်နုတ်ချက်မှ အမေးအဖြေများ ပြုလုပ်ခြင်း

      အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် သင်ရိုးညွှန်းတမ်းများတွင် EPSD ကို ထည့်သွင်းနိုင်မည့် အခွင့်အလမ်းများ

      EPSD အတွက် အသုံးပြုနိုင်သည့် သင်ကြား၊ သင်ယူမှုဆိုင်ရာ ချဉ်းကပ်နည်းများ

       ESD/EPSD အပေါ် တစ်ကျောင်းလုံးလွှမ်းခြုံ ချဉ်းကပ်နည်း၏ အခြေခံအစိတ်အပိုင်းများ

      မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် EPSD ကို ဖော်‌ဆောင်သည့် တစ်ကျောင်းလုံးလွှမ်းခြုံ ချဉ်းကပ်နည်း

      လူ့အခွင့်အရေးဆိုင်ရာ ပညာရေး (HRE) အတွက် တစ်ကျောင်းလုံးလွှမ်းခြုံ ချဉ်းကပ်နည်း

      HRE အတွက် တစ်ကျောင်းလုံး လွှမ်းခြုံချဉ်းကပ်နည်း၏ အခြေခံ အစိတ်အပိုင်းများ 

      မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် HRE ကို ဖော်‌ဆောင်သည့် တစ်ကျောင်းလုံးလွှမ်းခြုံ ချဉ်းကပ်နည်း

      HRE ဆိုင်ရာ နမူနာ သင်ယူမှု လုပ်ငန်းများကို လေ့ကျင့်ရန်

      HRE ဆိုင်ရာ အတွေးအမြင်နှီးနှောဖလှယ်ခြင်း

      ဘက်စုံပေါင်းစပ်ထားသော သင်ရိုးညွှန်းတမ်း

      မော်ဂျူး (၂.၃) ဉာဏ်စမ်းမေးခွန်း

      မော်ဂျူး (၂.၃) ဉာဏ်စမ်းမေးခွန်း

      မော်ဂျူး (၂.၃) အနှစ်ချုပ်

      မော်ဂျူး (၂.၃) အတွက် ပို့ချချက် အပြည့်အစုံ

      မော်ဂျူး (၂) အနှစ်ချုပ်

      သက်ဆိုင်သော သင်တန်းများ

      chatGPTicon