မော်ဂျူး (၂) လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် ဒုတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း
0
(0 မှတ်ချက်)
Certified
40 hour(s)
34 စာရင်းသွင်းထားသူဦးရေ
707 ကြည့်ရှုထားသူဦးရေ

Share On :
သင်တန်းအကြောင်းအရာ ဖော်ပြချက်
ဤသင်တန်းသည် "လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် ဒုတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း" ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ဤ ပထမနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်းတွင်
- မော်ဂျူး ၁။ မြန်မာနိုင်ငံ၏ ပညာရေးစနစ်နှင့် သင်ရိုးညွှန်းတမ်းလုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ခြင်း
- မော်ဂျူး ၂။ ပညာရေးသဘောတရားနှင့် ပညာရေးသီအိုရီ
- မော်ဂျူး ၃။ စစ်ဆေးအကဲဖြတ်ခြင်း
- မော်ဂျူး ၄။ ပံ့ပိုးကူညီမှုနှင့် ဘေးကင်းလုံခြုံမှုရှိသော ပတ်ဝန်းကျင်
- မော်ဂျူး ၅။ ဆရာအတတ်ပညာ ကျွမ်းကျင်မှု
ဟူ၍ မော်ဂျူး (၅) ခုပါဝင်ရာ ယခု သင်တန်းတွင် မော်ဂျူး (၂) ကို အသေးစိတ် လေ့လာရမည်ဖြစ်ပါသည်။ မော်ဂျူး (၂) တွင် လေ့လာရမည့် အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
မော်ဂျူး (၂)
- မော်ဂျူး (၂.၁) အဓိကကျသော ပညာရေးသဘောတရားများနှင့် ပညာရေးသီအိုရီများ
- ပညာရေးသဘောတရား၏ အရေးပါပုံ
- အဓိကကျသော ပညာရေးသဘောတရားများ၊ ပညာရေးသီအိုရီများနှင့် ၎င်းတို့ကို စာသင်ခန်းထဲတွင်အသုံးချပုံများ
- စာသင်ခန်းအတွင်း ခေါင်းဆောင်မှု
- မော်ဂျူး (၂.၂) ကိုယ်ပိုင်သင်ကြားရေးအတွေးအခေါ်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း
- မိမိ၏ ကိုယ်ပိုင်သင်ကြားရေးအတွေးအခေါ်ကို ရေးသားပြုစုခြင်း
သင်တန်းရည်ရွယ်ချက်များ
ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမများအနေဖြင့် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် ဒုတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် သင်ရိုးညွှန်းတမ်းကို ထိရောက်စွာ သင်ကြားပေးနိုင်မည့် တတ်ကျွမ်းမှုများ ပိုမိုရရှိလာစေရန် ဖြစ်ပါသည်။
သင်ယူမှုရလဒ်များ
ဤမော်ဂျူးအပြီးတွင် ဆရာများသည်_
- ပညာရေးကဏ္ဍအတွင်း ပညာရေးအတွေးအခေါ်/ သဘောတရားများ၏ အရေးပါပုံအပေါ် အလေးအနက် ဆင်ခြင်သုံးသပ်နိုင်မည်။
- အဓိက အတွေးအခေါ်/သဘောတရားများ၊ ပညာရေးသီအိုရီများနှင့် ၎င်းတို့ကို စာသင်ခန်းတွင်း အလေ့အထများတွင် မည်သို့ပြန်လည်အသုံးချနိုင်မည်ကို အကျဉ်းချုပ်ဖော်ပြတတ်မည်။
- ပညာရေးကဏ္ဍအတွင်းရှိ ခေါင်းဆောင်များအကြား အများဆုံးမြင်တွေ့ရလေ့ရှိသည့် အရည်အသွေးများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- စာသင်ခန်းအတွင်း ခေါင်းဆောင်သူတစ်ဦးအနေနှင့် အသုံးပြုရမည့် မတူကွဲပြားသော နည်းဗျူဟာများနှင့် ၎င်းနည်းဗျူဟာများကို အခြေပြုဖန်တီးထားသည့် ပညာရေးသီအိုရီများကို စူးစမ်းလေ့လာနိုင်မည်။
- ပညာရေးဆိုင်ရာ အတွေးအခေါ်ပညာရှင်များနှင့် ၎င်းတို့မျှဝေပံ့ပိုးပေးခဲ့သော အတွေးအခေါ်များအကြောင်း သင်သိထားသည်များကို ပြန်လည်စုစည်းသုံးသပ်တတ်မည်။
- သင်၏ကိုယ်ပိုင်သင်ကြားရေးအတွေးအခေါ်ကို ပုံဖော်ရာတွင် အထောက်အကူပြုရန်အတွက် မိမိကိုယ်ကို ပြန်လည်သုံးသပ်မေးမြန်းသည့် မေးခွန်းများကို ပြန်လည်ဆန်းစစ်တတ်မည်။
- မိမိ၏ကိုယ်ပိုင်သင်ကြားရေးအတွေးအခေါ်ကို ရေးသားတတ်မည်။
ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ
သင်ကြားပို့ချချက်များ
မော်ဂျူး (၂.၁) အဓိကကျသော ပညာရေးသဘောတရားများနှင့် ပညာရေးသီအိုရီများ
ပညာရေးသဘောတရားများ
ဆရာဗဟိုပြု နှင့် ကျောင်းသားဗဟိုပြုသဘောတရားများ
လူ့အဖွဲ့အစည်းဗဟိုပြု သဘောတရားများ
ခေါင်းဆောင်မှုနည်းဗျူဟာများ
ခေါင်းဆောင်မှုလုပ်ငန်း/ ပုံစံ
မော်ဂျူး (၂.၁) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၂.၁) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၂.၁) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၂.၁ - က) အနှစ်ချုပ်
မော်ဂျူး (၂.၁ - ခ) အနှစ်ချုပ်
မော်ဂျူး (၂..၁) အတွက် ပို့ချချက်အပြည့်အစုံ
မော်ဂျူး (၂.၂) ကိုယ်ပိုင်သင်ကြားရေးအတွေးအခေါ်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း
ပညာရေးသဘောတရား
ကိုယ်ပိုင်သင်ကြားရေးအတွေးအခေါ်များ
မော်ဂျူး (၂.၂) အတွက် ပို့ချချက်အပြည့်အစုံ
သင်တန်း ဉာဏ်စမ်း မေးခွန်းများ
မော်ဂျူး (၂.၂) ဉာဏ်စမ်းမေးခွန်း
အကျဉ်းချုပ်
မော်ဂျူး (၂) အနှစ်ချုပ်
သက်ဆိုင်သော သင်တန်းများ
