အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

မော်ဂျူး (၁) ဆရာ၏ အခန်းကဏ္ဍနှင့် ဆရာ၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း - ရပ်ရွာအခြေပြု ဆရာ၊ဆရာမများအတွက် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး ကိုယ်တိုင်လမ်းညွှန်သင်ယူမှု

4.6

(28 မှတ်ချက်)

Certified

6 hour(s)

2047 စာရင်းသွင်းထားသူဦးရေ

3934 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ဤသင်တန်းသည် မြန်မာနိုင်ငံအတွင်း စိန်ခေါ်မှုများသော အခြေအနေများတွင် တာဝန်ထမ်းဆောင်နေကြသည့် ရပ်ရွာ ဆရာ၊ ဆရာမများ/ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများအတွက် ရည်ရွယ်ပြီး ရေးဆွဲပြုစုထားသော ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်ရေး သင်တန်း အစီအစဉ်တစ်ခု ဖြစ်သည်။ ဤသင်တန်းတွင် ယနေ့​ မြန်မာနိုင်ငံရှိ ရပ်ရွာအခြေပြုဆရာများ၏ အခန်းကဏ္ဍ၊ ဆရာများ၏ လုပ်ငန်းကျင့်ဝတ်များ၊ ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်းနှင့် စိတ်ဖိစီးမှု စီမံခန့် ခွဲခြင်းတို့ကို လေ့လာပါမည်။

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်းသည် သမားရိုးကျ ဆရာအတတ်ပညာ သင်တန်းများကို တက်ရောက်ခဲ့ဖူးခြင်းမရှိသည့် ဆရာ၊ဆရာမများအတွက် အခြေခံကျွမ်းကျင်မှုများကို ဘက်စုံပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပါသည်။ ဤသင်တန်းတွင် ပါရှိသော အခန်းများနှင့် သင်တန်းချိန်များကို ဆရာ၊ဆရာမများ၏ လိုအပ်ချက်နှင့်အညီ ပြောင်းလွယ်ပြင်လွယ် အသုံးချနိုင်ပါသည်။

သင်ယူမှုရလဒ်များ

ဤသင်တန်းပြီးမြောက်ချိန်တွင် သင်တန်းတက်ရောက်သူများသည် အောက်ပါတို့ကို လုပ်ဆောင်နိုင်မည် ဖြစ်သည် -

  • ဆရာတစ်ဦးအနေဖြင့် သင့်ကို မည်သည့်အရာက စိတ်အားတက်ကြွစေသည်ကို ဖော်ထုတ်နိုင်မည်။
  • ပညာရေးသည်် သင်၏ ရပ်ရွာအသိုင်းအဝိုင်းတွင် အဘယ်ကြောင့် အရေးကြီးသည်ကို ရှင်းပြနိုင်မည်။
  • ဆရာကောင်းတစ်ဦး၏ ဂုဏ်အင်္ဂါရပ်များကို သတ်မှတ်နိုင်မည်။
  • ပြန်လည်သုံးသပ်ခြင်းသည် သင်ကြားမှုအတွက် အဘယ်ကြောင့် အရေးကြီးသည်ကို ရှင်းပြနိုင်ပြီး မကြာမီက သင်ကြားခဲ့သော သင်ခန်းစာတစ်ခုကို ပြန်လည်သုံးသပ်နိုင်မည်။
  • ဆရာများ၏ လုပ်ငန်းကျင့်ဝတ်များကို အဓိပ္ပာယ် သတ်မှတ်နိုင်၍ သင်၏အချိန်ကို စီမံခန့်ခွဲနိုင်ပြီး လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်မည်။
  • ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်တစ်ခုကို အသုံးပြုပြီး ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပန်းတိုင်တစ်ခုကို ဖန်တီးနိုင်မည်။
  • ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး သင်၏ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်းကို အားကောင်းစေနိုင်သော နည်းလမ်းများကို ဖော်ထုတ်နိုင်မည်။
  • မတူညီသော စိတ်ဖိစီးမှုအမျိုးအစားများကို ဖော်ပြနိုင်၍ စိတ်ဖိစီးမှုသည် ကျွန်ုပ်တို့၏ ဦးနှောက်အပေါ် မည်ကဲ့သို့ သက်ရောက်မှုရှိသည်ကို နားလည်ပြီး  စိတ်ဖိစီးမှုအဆင့်ကို သင်ကိုယ်တိုင် စစ်ဆေးနိုင်မည်။ 
  • သင်၏ စိတ်ဖိစီးမှုနှင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်းကို စီမံခန့်ခွဲနိုင်ရန်အတွက် အပြုသဘောဆောင်သော ရင်ဆိုင်ဖြေရှင်းသည့် ယန္တရားနှင့် အပျက်သဘောဆောင်သော ရင်ဆိုင်ဖြေရှင်းသည့် ယန္တရားများကို ဖော်ထုတ်ပြီး သင်၏ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်းအတွက် MAGIC စစ်ဆေးသည့်စာရင်းကို ဖန်တီးနိုင်မည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

မော်ဂျူး (၁) - မိတ်ဆက်

သင်ခန်းစာ (၁) ကျွန်ုပ်တို့ အဘယ်ကြောင့် စာသင်ကြားကြသနည်း။

ကျွန်ုပ်တို့၏ ဘုံအသိုင်းအဝိုင်းနှင့် ကျွန်ုပ်တို့ အများစုရင်ဆိုင်ရသော စိန်ခေါ်မှုများ

ကျွန်ုပ်တို့ အနှစ်သက်ဆုံး ဆရာများအကြောင်းကို ပြန်လည်သတိရခြင်း

သုတေသနများမှ ပြောသော ဆရာကောင်းတစ်ဦးဆိုသည်မှာ အဘယ်နည်း။

ပြန်လည်သုံးသပ်တွေးတောခြင်းအကြောင်း စာပိုဒ်ကို ဖတ်ပြီး ပေးထားချက်များသည် မှားသည် (သို့မဟုတ်) မှန်သည်ကို ဆုံးဖြတ်ပါ။

ဖြစ်စဉ်အတွင်းပြန်လည်သုံးသပ်ခြင်းနှင့် ဖြစ်စဉ်အပေါ်ပြန်လည်သုံးသပ်ခြင်း

အခန်း (၁) ကျောင်းနှင့် ရပ်ရွာအသိုင်းအဝိုင်းအတွင်း ဆရာများ၏ အခန်းကဏ္ဍ - အနှစ်ချုပ်

အခန်း (၁) ကျောင်းနှင့် ရပ်ရွာအသိုင်းအဝိုင်းအတွင်း ဆရာများ၏ အခန်းကဏ္ဍ အနှစ်ချုပ် - ဆက်ရန်

အောက်တွင် ပေးထားသော ဖော်ပြချက်များကို ဖတ်၍ မှားသည် (သို့မဟုတ်) မှန်သည်ကို ဆုံးဖြတ်ပါ။

အောက်ပါပေးထားသော အကြံပြုချက်များကို မှန်ကန်သော ခေါင်းစဉ်နှင့် ယှဉ်တွဲပါ။

သင်ခန်းစာ (၁) အနှစ်ချုပ် - ဗီဒီယို သင်ခန်းစာ

ဆရာများ၏ လုပ်ငန်းကျင့်ဝတ်များကို မိတ်ဆက်ခြင်း

အခြေခံကျင့်ဝတ်စည်းကမ်းများ၏ အဓိက ရည်မှန်းချက် (၅) ချက်

မြန်မာနိုင်ငံမှ အခြေခံကျင့်ဝတ်စည်းကမ်း နမူနာတစ်ခု

ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ အဘယ်နည်း။

ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှု ၏ ‌အကျိုးကျေးဇူးများမှာ အဘယ်နည်း။

ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်ဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့သည် အဘယ်ကြောင့် အရေးကြီးရသနည်း။

ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာပန်းတိုင်ကို မည်ကဲ့သို့ ဖန်တီးနိုင်သနည်း။

အခန်း (၂) ဆရာများ၏ လုပ်ငန်းကျင့်ဝတ်များ - အနှစ်ချုပ်

အခန်း (၂) ဆရာများ၏ လုပ်ငန်းကျင့်ဝတ်များ အနှစ်ချုပ် - ဆက်ရန်

အခန်း (၂) ဆရာများ၏ လုပ်ငန်းကျင့်ဝတ်များ အနှစ်ချုပ် - ဆက်ရန်

အောက်တွင် ပေးထားသော ဖော်ပြချက်များကို ဖတ်၍ မှားသည် (သို့မဟုတ်) မှန်သည်ကို ဆုံးဖြတ်ပါ။

၂။ ကျင့်ဝတ်ချိုးဖောက်မှု နမူနာများကိုကြည့်ပါ။ ၎င်းကိစ္စရပ်များကို ဆရာများ၏ အခြေခံ ကျင့်ဝတ် စည်းကမ်းတစ်ခုတွင် ထည့်သွင်းရန် အဘယ်ကြောင့် အရေးကြီးသနည်း။ အဖြေမှန်ကို ရွေးပါ။

၃။ အောက်တွင် ပေးထားသော ဖော်ပြချက်များကို ဖတ်၍ မှားသည် (သို့မဟုတ်) မှန်သည်ကို ဆုံးဖြတ်ပါ။

သင်ခန်းစာ (၂) အနှစ်ချုပ် - ဗီဒီယို သင်ခန်းစာ

ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်း၏ မဏ္ဍိုင် (၄) ခု

ထိန်းချုပ်မှု စက်ဝန်းများ

စိတ်ဖိစီးမှုဆိုသည်မှာအဘယ်နည်း။

စိတ်ဖိစီးမှုဆိုသည်မှာအဘယ်နည်း။ - ဆက်ရန်

စိတ်ဒဏ်ရာ (Trauma)

စိတ်ဒဏ်ရာကို ထည့်သွင်းစဉ်းစားသော စာသင်ခန်းများ ဖော်ဆောင်ခြင်း

ရင်ဆိုင်ဖြေရှင်းသည့် ယန္တရားများ

ရပ်တန့်ပါ - တွေးတောပါ - ‌ဆောင်ရွက်ပါ။

အသိကပ်သိမှတ်ခြင်းကိုကျင့်သုံးမှု

၁။ အောက်တွင် ပေးထားသော ဖော်ပြချက်များကို ဖတ်၍ မှားသည် (သို့မဟုတ်) မှန်သည်ကို ဆုံးဖြတ်ပါ။

သင်ခန်းစာ (၃) အနှစ်ချုပ် - ဗီဒီယို သင်ခန်းစာ

စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာအထောက်အပံ့ (Mental Health and Psychosocial Support (MHPSS)) - ဆက်ရန်

အခန်း (၃) ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်းနှင့် စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း - အနှစ်ချုပ်

အခန်း (၃) ဆရာများ၏ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်းနှင့် စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း အနှစ်ချုပ် - ဆက်ရန်

စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာအထောက်အပံ့ (MHPSS) - ဗီဒီယို သင်ခန်းစာ

သင်တန်း အနှစ်ချုပ်

သက်ဆိုင်သော သင်တန်းများ

chatGPTicon
;