အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

မော်ဂျူး ၁ - ပညာရေးကဏ္ဍ လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု အွန်လိုင်းသင်ခန်းစာ

4.8

(30 မှတ်ချက်)

Certified

3 hour(s)

826 စာရင်းသွင်းထားသူဦးရေ

12729 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

လူမှုစိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခ (Psychosocial Well-being) သည် လူသားတိုင်းအတွက် ပျော်စရာကောင်းသော အနာဂတ်များ ပိုင်ဆိုင်နိုင်စေရန် နှင့် ကျန်းမာပျော်ရွှင်သော ဘဝနေထိုင်မှုအတွက် မရှိမဖြစ် လိုအပ်ပါသည်။ လူမှုစိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခ ပြည့်စုံနေမှသာ လူတစ်ယောက်က မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ အလေးအမြတ်ထားခြင်း နှင့် ဘေးကင်းလုံခြုံမှုကို ခံစားရပြီး ၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ဆုံးဖြတ်ချက်များကို ခိုင်ခိုင်မာမာချနိုင်ခြင်း နှင့် ပဋိပက္ခများကို အပြုသဘောဖြင့် ပူးပေါင်းအဖြေရှာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

ကလေးတိုင်းတွင် အသက်အရွယ်၊ မိသားစုအခြေအနေ နှင့် ဘဝအတွေ့အကြုံများအလိုက် လူမှုစိတ်ပိုင်းဆိုင်ရာ လိုအင်များ ရှိကြပါသည်။ ကျောင်း၊ သင်ယူမှုပတ်ဝန်းကျင်နှင့် ဆရာ၊ တပည့် ဆက်ဆံရေးက ကလေးများ၏ လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုကို များစွာပံ့ပိုးပေးနိုင်ပါသည်။ အခက်အခဲ အကျပ်အတည်းကာလတွင် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်ရှိ ကလေးများကို လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးကဏ္ဍ လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးမှု အွန်လိုင်းသင်ခန်းစာကို ဆရာ၊ဆရာမများ နှင့် အခြားစိတ်ဝင်စားသူများအတွက် ရည်ရွယ်ရေးဆွဲထားပါသည်။ ကျောင်းသူကျောင်းသားများကို လူမှုစိတ်ပိုင်းဆိုင်ရာကူညီပံ့ပိုးမှုပေးရာတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန်၊ ကျောင်းသူ ကျောင်းသားများ၏ ကြံ့ကြံ့ခံနိုင်စွမ်း ၊ စိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခ နှင့် အလုံးစုံဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ရည်ရွယ်ပါသည်။

မော်ဂျုး (၁) တွင် လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု မိတ်ဆက်သင်ခန်းစာကို လေ့လာရမည်ဖြစ်ပြီး၊ လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှု၏ အဓိပ္ပါယ်၊ အခြေခံမူများ၊ နည်းလမ်းများနှင့် ပညာရေးကဏ္ဍမှတဆင့် လူမှုစိတ်ပိုင်းဆိုင်ရာကူညီ ထောက်ပံ့ပေးနိုင်သည့် နည်းလမ်းများနှင့် ဆရာ၊ဆရာမများ၏ အခန်းကဏ္ဍ ပါဝင်ပါသည်။ ဤအွန်လိုင်းသင်ခန်းစာတွင် သီအိုရီပိုင်းဆိုင်ရာ သဘောတရားများ၊ လက်တွေ့လုပ်ဆောင်နိုင်သည့်နည်းလမ်းများနှင့် ဖြစ်ရပ်လေ့လာမှုများဖြင့် ဆရာ၊ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် အလုံးစုံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် သင်ယူမှုဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ရန် ပံ့ပိုးပေးထားပါသည်။ထို့ကြောင့်  ဤသင်ခန်းစာသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ပြဌာန်းခဲ့သော ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်(Teacher Competencies Standard Framework)၏ အချို့သော အညွှန်းကိန်းများကိုအခြေခံထားပါသည်။ထိုအညွှန်းကိန်းများမှာ-

  • (ခ) (၁.၁) ဘာသာရပ်ဆိုင်ရာအသိသညာများနှင့် အကြောင်းအရာများကို ရှင်းလင်းစွာနှင့် ကလေးများအား ကိုယ်ရောစိတ်ပါ ပါဝင်ဆောင်ရွက်မှုရှိအောင် သင်ကြားနိုင်စွမ်းရှိကြောင်း ပြသည်။
  • (ဂ) (၁.၃) ‌ဒေသန္တရ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများနှင့် ဆက်စပ်အခြေအနေများသည် ကျောင်းသားများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအပေါ်တွင်အကျိုးသက်ရောက် နိုင်ဖွယ်ရှိကြောင်းကို နားလည်သဘောပေါက်ကြောင်းပြသသည်။

  • (ဂ) (၂.၁) ကျောင်းနှင့် ရပ်ရွာကိစ္စများ၌ ဆရာအတတ်ပညာအသိုင်းအဝိုင်းဝင် ဆရာတစ်ဦးအနေဖြင့် တာဝန်ခံဆောင်ရွက်နိုင်ကြောင်း ပြသသည်။
  • Image

သင်တန်းရည်ရွယ်ချက်များ

မော်ဂျုး (၁) သင်ခန်းစာ လေ့လာမှုအပြီးတွင် ဆရာ၊ ဆရာမများ အနေဖြင့်

  • လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု၏ အခြေခံသဘောတရားနှင့် အဓိပ္ပါယ်ကို နားလည်လာမည်။
  • လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ ပေးရာတွင် လိုက်နာရမည့် အခြေခံမူများကို ရှင်းပြတတ်မည်။
  • လူမှုစိတ်ပိုင်းဆိုင်ရာ ပိရမစ်၏ အလွှာနှင့် ပံ့ပိုးကူညီနိုင်သည့် နည်းလမ်းများကို နားလည်သဘောပေါက်လာမည်။
  • လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးရာတွင် ပညာရေး၏ အခန်းကဏ္ဍ နှင့် အခြေခံမူများကို နားလည် သဘောပေါက်လာမည်။
  • လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးရာတွင် ဆရာ၊ဆရာမများ၏ အခန်းကဏ္ဍကို ဆန်းစစ်တတ်လာမည်။
  • ကလေးများ၏ လူမှုစိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခပြည့်ဝလာစေရန် စာသင်ခန်းအတွင်းလုပ်ဆောင်နိုင်သည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်မည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

နိဒါန်း

ဖြေကြည့်ပါ။

ဖြေကြည့်ပါ။

ဗွီဒီယိုသင်ခန်းစာ - လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုကို မိတ်ဆက်ခြင်း

အလုံးစုံသော ချမ်းသာသုခ ( Well-being)

ဘေးအန္တရာယ်တစ်ခု၏ ထိခိုက်သက်ရောက်မှုများ

ချမ်းသာသုခကို မြှင့်တင်ခြင်း

အောက်ပါတို့မှ အဖြေမှန် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောအဖြေများကို ရွေးပါ။

စဉ်းစားကြည့်ပါ။

ဖြေကြည့်ပါ။

ဗွီဒီယိုသင်ခန်းစာ - လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု၏ အခြေခံမူများနှင့် ပံ့ပိုးကူညီနိုင်သည့် နည်းလမ်းများ

လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု၏ အခြေခံမူများ

လူမှုစိတ်ပိုင်းဆိုင်ရာ ကုစားမှုခရီးစဥ်

အောက်ပါ လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့သောလုပ်ငန်းတစ်ခုစီအတွက် သက်ဆိုင်ရာမူကို ရွေးချယ်ပေးပါ။

စဥ်းစားကြည့်ပါ။

ဗွီဒီယိုသင်ခန်းစာ - ပညာရေးတွင် လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု

လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုနှင့်ပတ်သက်၍ လွဲမှားသောအယူအဆများ

လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုနှင့်ပတ်သက်၍ လွဲမှားသောအယူအဆများ

လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုနှင့်ပတ်သက်၍ လွဲမှားသောအယူအဆများ

အောက်ဖော်ပြပါ ကူညီထောက်ပံ့ပေးမှုများကို လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု ပိရမစ်၏အလွှာအလိုက် ယှဥ်တွဲပါ။

စဉ်းစားကြည့်ပါ။အောက်ပါကျောင်းအခြေပြု လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု အခြေခံမူများကို သင် သဘောတူလက်ခံပါသလား။

ဗွီဒီယိုသင်ခန်းစာ - ပညာရေးကဏ္ဍမှ လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှု၏ အခြေခံမူများ

ကျောင်းတွင် ဆရာမက ပန်းချီအနုပညာ၊ အားကစား၊ သိပ္ပံပြပွဲနှင့် လေ့လာရေးအစီအစဥ် စသော ကျောင်းတွင်းလှုပ်ရှားမှုပရောဂျက်များကို စီစဥ်ပေးသည်။ ထိုပရောဂျက်များတွင် ကျောင်းသား/သူများအား ဦးဆောင်ဖန်တီးခွင့်ပေးထားပြီး သက်တူရွယ်တူ ပံ့ပိုးကူညီမှုများပေးနိုင်ရန်လည်း စီစဥ်ပေးထားပါသည်။ ကျောင်းသား/သူများက အချင်းချင်းအသိပညာများဖလှယ်ကြယင်း တက်တက်ကြွကြွပါဝင်ဆွေးနွေးကြသဖြင့် ဘက်စုံစုံဖွံ့ဖြိုးတိုးတက်လာသောရလဒ်ကောင်းများလည်းရရှိခဲ့ပြီးချမှတ်ထားသော သင်ယူမှုဦးတည်ချက်များကို ပေါက်မြောက်အောင်မြင်လာခဲ့သည်။

အောက်ပါကျောင်းအခြေပြု လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုအခြေခံမူများကိုလေ့လာပြီး မိမိအနေဖြင့်လုပ်ဆောင်နိုင်သော လှုပ်ရှားမှုများကို ရေးသားဖော်ပြပေးပါ။

စဉ်းစားကြည့်ပါ။ ကလေးများတွင် လိုအင်များပြည့်ဝလာစေရန် အောက်ပါကျောင်းအခြေပြုလှုပ်ရှားမှုများအနက် သင့်အနေဖြင့် မည်သည့်လှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်နိုင်သနည်း။

ဗွီဒီယိုသင်ခန်းစာ - လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးရာတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍ

ကလေးများ၏ အခြေခံလူမှုရေးလိုအပ်ချက်များ

မိမိကိုယ်ကို ဆန်းစစ်ခြင်း

Training Request Form

ဆွေးနွေးကြမယ်

သက်ဆိုင်သော သင်တန်းများ

chatGPTicon