Apple App Store Google Play Store YouTube

မော်ဂျူး ၂ - ကိုယ်အင်္ဂါချို့ယွင်းချက်ရှိသော မသန်စွမ်းကလေးများအား လူတိုင်းအကျုံးဝင်နည်းဖြင့် လေ့ကျင့်သင်ကြားပေးခြင်း အွန်လိုင်းသင်ခန်းစာ

  သင်ယူပြီးမြောက်ကြောင်းလက်မှတ်ပေးမည့် သင်တန်း      4  week(s)      112 စာရင်းသွင်းထားသူ      14 ပို့ချချက်/ပို့ချချက်များ      13 မေးခွန်းများ      1239 ကြည့်ရှုသူစုစုပေါင်း   
 (3)
မော်ဂျူး ၂ - ကိုယ်အင်္ဂါချို့ယွင်းချက်ရှိသော မသန်စွမ်းကလေးများအား လူတိုင်းအကျုံးဝင်နည်းဖြင့် လေ့ကျင့်သင်ကြားပေးခြင်း အွန်လိုင်းသင်ခန်းစာ
သင်တန်းအကြောင်းအရာ ဖော်ပြချက်

မသန်စွမ်းကလေးများသည်မသန်စွမ်းမဟုတ်သောကလေးများနှင့်အတူတူသင်ကြားမှု၊သင်ယူမှု ဖြစ် စဉ်တွင်ပါဝင်ခွင့်ရှိကြောင်းနိုင်ငံတကာလူ့အခွင့်အရေးကြေငြာချက်စာတမ်းများတွင် ဖော်ပြထားကြ ပါသည်။သို့ပါသော်လည်းမသန်စွမ်းကလေးများသည်မသန်စွမ်းမှုကိုဖြစ်စေသော အတားအဆီးများ ကြောင့်ပညာသင်ယူခွင့်များဆုံးရှုံးနေကြပါသည်။ထိုအတားအဆီးများထဲတွင်မသန်စွမ်းကလေး များ ၏မတူကွဲပြားသောခန္ဓာကိုယ်ပိုင်းဆိုင်ရာလုပ်ဆောင်မှု အခြေအနေများကြောင့် ပေါ်ပေါက်လာသော သီးခြားလိုအပ်ချက်ပေါ်မူတည်၍မသင်ကြားပေးနိုင်ခြင်းသည်မသန်စွမ်းကလေးများနှင့်ဆရာ၊ ဆရာ မများကြုံတွေ့နေရသောအတားအဆီးတစ်ခုဖြစ်သည်။မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သော မသန်စွမ်းမှု ဆိုင်ရာလူတိုင်းအကျုံးဝင်ပညာရေးသုတေသနစာတမ်းများတွင်လည်းမသန်စွမ်း ကလေးများ ကို လေ့ကျင့်သင်ကြားပေးရာတွင် ဆရာ၊ ဆရာမများအနေဖြင့် အခက်အခဲရှိကြောင်း တွေ့ရှိရပါသည်။ 

ဤ“ကိုယ်အင်္ဂါချို့ယွင်းချက်ရှိသောမသန်စွမ်းကလေးများအားလူတိုင်းအကျုံးဝင်နည်းဖြင့် လေ့ကျင့် သင်ကြားပေးခြင်းအွန်လိုင်းသင်ခန်းစာ” သည် မသန်စွမ်းကလေးများနှင့် ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားပေးခြင်းနှင့်သင်ယူမှုဖြစ်စဥ်တွင်ကြုံတွေ့နေရသောအတားအဆီး၊အခက်အခဲများကို တစ် စိတ်တစ်ပိုင်းကျော်လွှားဖြေရှင်းရန်ရည်ရွယ်သည်။ ဤသင်ခန်းစာတွင် ပင်ပစာသင်ကျောင်းများတွင် အတွေ့များသောချို့ယွင်းမှုအမျိုးအစားများဖြစ်သည့်သူငယ်နာအကြောတင်း(စီပီ)၊ မွေးရာပါကိုယ် အင်္ဂါ ပုံပျက်ယွင်းမှုနှင့် အခြားကိုယ်အင်္ဂါမသန်စွမ်း ကလေးများအား လူတိုင်းအကျုံးဝင်နည်းဖြင့် ပင်မစာသင် ခန်းများတွင် သင်ကြားရမည့် နည်းလမ်းအချို့ကို မျှဝေထားပါသည်။ 

သင်တန်းရည်ရွယ်ချက်များ

သင်ခန်းစာရည်ရွယ်ချက် 

  • ပင်မကျောင်းများတွင် အတွေ့ရအများဆုံးဖြစ်သည့် သူငယ်နာအကြောတင်းကလေးများနှင့် မွေးရာပါကိုယ်အင်္ဂါပုံပျက်ယွင်းမှုရှိသောမသန်စွမ်းကလေးများအားလူတိုင်းအကျုံး ဝင်နည်း ဖြင့် ပင်မစာသင် ခန်းများတွင် သင်ကြားရမည့် နည်းလမ်းများကို သိရှိစေရန်။

သင်ယူမှုရည်ရွယ်ချက်များ

  • ကိုယ်အင်္ဂါချို့ယွင်းမှုအမျိုးအစားများနှင့် ၎င်းတို့၏ ပုံစံအနေအထားများကို သိရှိစေရန်။
  • သူငယ်နာအကြောတင်းဆိုင်ရာ ချို့ယွင်းမှုအမျိုးအစားများ၊ ၎င်းတို့၏ ပုံစံအနေအထားများ၊ ၎င်းတို့၏ပင်မစာသင်ကျောင်းများခက်ခဲမှုများ၊ခက်ခဲမှုအလိုက် လေ့ကျင့်သင်ကြားပေးနည်း များ သိရှိစေရန်။ (သင်ခန်းစာ ၂ နှင့် သင်ခန်းစာ ၃ အတွက်)
  • မွေးရာပါကိုယ်အင်္ဂါပုံပျက်ယွင်းမှုဆိုင်ရာချို့ယွင်းမှုအမျိုးအစားများ၊၎င်းတို့၏ပုံစံအနေ အ ထားများ၊၎င်းတို့၏ပင်မစာသင်ကျောင်းများခက်ခဲမှုများ၊ခက်ခဲမှုအလိုက်လေ့ကျင့်သင် ကြား ပေးနည်းများ သိရှိစေရန်။ (သင်ခန်းစာ ၄)
  • ဆရာတစ်ဦး၏ အတွေ့အကြုံမျှဝေမှုမှ မိမိတို့ပြန်လည်အသုံးပြုနိုင်မည့် နည်းလမ်းများ၊ စိတ်ဓါတ် ခွန်အားများရရှိစေရန်။ (သင်ခန်းစာ ၅ အတွက်)

အကဲဖြတ်ခြင်းနှင့် သင်ယူပြီးမြောက်ကြောင်းလက်မှတ်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန်၊ သင်ခန်းစာများ၊ ပဟေဋ္ဌိများနှင့် အကဲဖြတ်မှုအားလုံးကို ပြီးဆုံးအောင်လုပ်ဆောင်ရန် လိုအပ်သည်။

အဆင့်သတ်မှတ်ခြင်းနှင့် သုံးသပ်ချက်များ (5 - Best, 1 - Worst)

5

By San*******  at 2024-01-20 19:56:37

5

By San*******  at 2024-01-21 19:27:03

5

By Pan********  at 2024-03-24 09:52:46

အဆင့်သတ်မှတ်ရန်နှင့် ပြန်လည်သုံးသပ်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဆွေးနွေးမှုများကို ကြည့်ရှုရန်နှင့် ဆွေးနွေးမှုတွင် ပါဝင်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဤသင်တန်းကိုတက်ရောက်မည်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်မပေးမီ သင်တန်းအားအကဲဖြတ်ပေးရန် လိုအပ်ပါသည်။

There is no live session planned yet!
Please login to take the course and join the live sessions!
စနစ်သို့ ဝင်ရန်
သက်ဆိုင်သော အရင်းအမြစ်များ
Understanding and Responding to Children’s Needs in Inclusive Classrooms- A Guide

Understanding and Responding...

This Guide can be used in addition to the UNESCO TeacherEducation Resource Pack: Special...

ပိုမိုလေ့လာမည်
Toolkit for Creating inclusive, learning-friendly Environments

Toolkit for Creating inclusi...

Toolkit for Creating inclusive, learning-friendly Environments

ပိုမိုလေ့လာမည်
Inclusive Student Assessment.

Inclusive Student Assessment...

The Inclusive Student Assessment Module is intended to support the training of teachers,...

ပိုမိုလေ့လာမည်
Back To Top